The Farm Homey, Kalaw Tsp, Thayet Pu village.

The Farm Homey, Kalaw Tsp, Thayet Pu village. Vacation homes rental

ယာတောအိမ်က ဧည့်သည်တော်များအတွက် သင့်လျော်သောနှုန်းထားများနဲ့ အမြဲကြိုဆိုလျက်ပါ။ယာတောအိမ်အတွက် လိုအပ်တဲ့ပစ္စည်းပစ္စယလေးမျ...
16/06/2024

ယာတောအိမ်က ဧည့်သည်တော်များအတွက် သင့်လျော်သောနှုန်းထားများနဲ့ အမြဲကြိုဆိုလျက်ပါ။
ယာတောအိမ်အတွက် လိုအပ်တဲ့ပစ္စည်းပစ္စယလေးများ ဝယ်ထည့်ပေးတာ စျေးတွေနှစ်ဆစီ တက်ကြပြီဆိုပေမဲ့ အခန်းခလေးများကတော့ ဖွင့်စကာလ နှုန်းထားများအတိုင်း တည်တံ့တဲ့ပြင် 10% discount promotion ပါ ဆက်လက်ပေးအပ်ထားပါတယ်ခင်ဗျာ။
Family Home 100000 ကို 90000 ks per day.
Double Room 50000 ကို 45000 ks per day.
Stay night စျေးတွေအဖြစ် တန်တန်ရာရာလေး သတ်မှတ်ထားပေးပါတယ်။
Tour season ချိန်မှာ Check in 2.00pm; Check out 12.00pm သတ်မှတ်ထားပေမဲ့ မိုးအခါ ဧည့်ပါးချိန်မို့ ပုံသေသတ်မှတ်မထားဘဲ ဧည့်သည်တော်များ အဆင်ပြေတဲ့အချိန် ဝင်နိုင်ထွက်နိုင်ပါတယ်နော်။
ဧည့်သည်တော်များထံမှ ယခင်နှုန်းထားအတိုင်းကောက်ခံထားပေမဲ့ ဧည့်သည်တော်တို့အတွက်မို့လည်း တဘက်တစ်စုံ ၁၅၀၀၀မှ ၃၀၀၀၀၊ အိပ်ရာခင်းခေါင်းအုံးစွပ် ၆၀၀၀၀မှ ၁၄၀၀၀၀၊ ခေါင်းလျှော်ရည် သွားတိုက်တံ ဆပ်ပြာရည် အရာရာ နှစ်ဆနှုန်းစသည်စသည်ပေးဝယ်ကာ ဝန်ဆောင်မှုမပျက် ဖြည့်တင်းပေးထားလျက်ပါဗျာ။
09452467512 သို့ 7.00am မှ 9.00pm ထိ ဆက်သွယ် booking တင်နိုင်ပါသည်။

ခုလိုထွန်ယက်စိုက်ပျိုးချိန်ဆိုလည်း သိပ်ကိုလှတာပဲပေါ့ဗျာ။ ကျေးလက်သဘာဝအစစ်အမှန်ကို ပက်ပင်းတွေ့မြင်ခံစားငြိမ်းအေးသွားရဖို့မ...
02/06/2024

ခုလိုထွန်ယက်စိုက်ပျိုးချိန်ဆိုလည်း သိပ်ကိုလှတာပဲပေါ့ဗျာ။
ကျေးလက်သဘာဝအစစ်အမှန်ကို ပက်ပင်းတွေ့မြင်ခံစားငြိမ်းအေးသွားရဖို့များ ဝေးလံခေါင်ဖျား မြေလမ်းသဲလမ်းကျောက်လမ်းဖြတ်ကာ သွားအုံးမလို့လားမိတ်ဆွေ၊ အဲသည်လိုထောက်တဲ့ခရီးတွေအတွက် အချိန်မပေးနိုင်သေးရင် နိုင်လွန်ကတ္တရာလေးလမ်းသွားမင်းလမ်းမမှ စက္ကန့်ပိုင်းလေးချိုးဝင်လိုက်စေချင်သဗျာ၊ လမ်းမကြီးမှ ငါးအိမ်ကျော်တာနဲ့ရောက်တာ ဧည့်သည်တော်တို့ရဲ့ ယာတောအိမ်ပါ။
လမ်းမကိုမျက်နှာလွှဲတာနဲ့ ရုတ်ခြည်းပြောင်းလဲသွားမယ့် ရှုမျှော်ခင်းတွေက မြပြအဝေး တစ်နယ်တစ်ကျေး ရောက်သွားသလိုကို ဆိတ်ငြိမ်အေးချမ်းရင်သပ်ရှုမောခံစားရမှာပါ။
ရွာလမ်းမို့လို့လည်း ကြမ်းမည်မထင်ပါနဲ့ဗျား၊ ဟော ဟိုမှာ ယာတောအလယ် ဂျာမနီကတ္တရာလမ်းသွယ်နဲ့၊ ဖုန်းတိုင်နဲ့၊ ဓာတ်တိုင်နဲ့၊ မီးကြိုးသွယ်တဲ့၊ ရိုးရာမပြယ်တဲ့၊ ခေတ်စံချိန်မီ ရွာကလေးပါတကယ်။

ကျေးလက်သဘာဝအစစ်အမှန်များက မင်းလမ်းတစ်ဆစ်ချိုးကစလို့ ခြံဝထိသာမက ခြံတွင်းထိပါ ပေါကြွယ်ဝနေတာမျိုးပါ။ဧည့်သည်တော်တို့ အပန်းဖြ...
29/05/2024

ကျေးလက်သဘာဝအစစ်အမှန်များက မင်းလမ်းတစ်ဆစ်ချိုးကစလို့ ခြံဝထိသာမက ခြံတွင်းထိပါ ပေါကြွယ်ဝနေတာမျိုးပါ။
ဧည့်သည်တော်တို့ အပန်းဖြေနားနေစရာ၊ လမ်းမကြီးမှ ငါးအိမ်​ကျော်သာလှမ်းတဲ့ ယာတောအိမ်ပါ။
ကလော-တောင်ကြီး လေးလမ်းသွားလမ်းမကြီးပေါ်က အမြင့်ဆုံးဒေသ သီခေါင်တောင်ဖျားမှာတည်ရှိပါတယ်။

ယာတောအိမ်အနီး ဆယ်မိနစ်ခရီးက ရပ်ဓလေ့ရွာဓလေ့ လျော်မွေ့ဖွယ်အတိနှင့်မို့ ရှုလှည့်ပါ့ ချစ်ဆွေတို့ရယ်နှစ်သက်ဖွယ် ကောင်းလွန်းလိ...
20/04/2024

ယာတောအိမ်အနီး ဆယ်မိနစ်ခရီးက
ရပ်ဓလေ့ရွာဓလေ့ လျော်မွေ့ဖွယ်အတိနှင့်မို့
ရှုလှည့်ပါ့ ချစ်ဆွေတို့ရယ်
နှစ်သက်ဖွယ် ကောင်းလွန်းလို့လေး။

ယနေ့ ရွာဦးကျောင်းနှစ်စဥ်ပွဲ ရှိပါတယ်။
19/04/2024

ယနေ့ ရွာဦးကျောင်းနှစ်စဥ်ပွဲ ရှိပါတယ်။

ရှမ်းပြည်ကိုလွမ်းသည်လို့များ ဖြစ်နေကြတဲ့စိတ်ကလေးများကို ဆွေးအောင်ဖန်ပါရစေ။တိုင်းပြည်သာမက တိုင်းပြင်ထိပင် သိကြတဲ့ ရှမ်းပြ...
29/03/2024

ရှမ်းပြည်ကိုလွမ်းသည်လို့များ ဖြစ်နေကြတဲ့စိတ်ကလေးများကို ဆွေးအောင်ဖန်ပါရစေ။
တိုင်းပြည်သာမက တိုင်းပြင်ထိပင် သိကြတဲ့ ရှမ်းပြည့်ငါးရက်စျေးလေးပါ။

Address

Germany Road: Thayet Pu-Kanbarni
Kalaw

Telephone

+959452467512

Website

Alerts

Be the first to know and let us send you an email when The Farm Homey, Kalaw Tsp, Thayet Pu village. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Farm Homey, Kalaw Tsp, Thayet Pu village.:

Share


Other Vacation Home Rental in Kalaw

Show All