GDS Travels & Tours

GDS Travels & Tours GDS Travels is operating as a full-service Travel Agency especially arranging Inbound and Outbound package tours. Tour Agency
(7)

Covid-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသော ခရီးသည်များ ၂၀၂၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ စင်ကာပူနိုင်ငံသို့ ဆိုက်...
27/03/2022

Covid-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသော ခရီးသည်များ ၂၀၂၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန် နှင့် Quarantine ဝင်ရန် မလိုတော့ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

သတိပြုရန်
◾ခရီးစဉ်ထွက်ခွာချိန်မတိုင်မှီ (၂)ရက်အတွင်း စစ်ဆေးထားသော PCR (သို့) ART test result ပြသ ရပါမည်။
◾ခရီးစဉ်ထွက်ခွာချိန်မတိုင်မှီ (၃)ရက်အတွင်း Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard အား online မှတစ်ဆင့် ဖြည့်ပေးရပါမည်။
◾မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့သွားရောက်မည့်ခရီးသည်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သက်မှတ်ချက်များ ကိုအတိအကျလိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို အောက်ပါသက်ဆိုင်ရာ Link များတွင် ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။
◾Accepted COVID-19 Vaccinations and Vaccination Certificates: https://safetravel.ica.gov.sg/health/vtsg
◾Vaccinated Travelers and Non-Fully Vaccinated Children: https://safetravel.ica.gov.sg/.../genera.../fully-vaccinated
◾Non-Fully Vaccinated Travelers: https://safetravel.ica.gov.sg/.../non-fully-vaccinated
◾Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard
◾Vaccination Check Portal (VCP): https://eservices.ica.gov.sg/STO1/VCP
◾Recovered Traveler Checker: https://go.gov.sg/recovered-traveller-checker

[English]

Effective 31 March 2022, 2359hrs (Singapore time), all fully-vaccinated travelers can enter Singapore quarantine-free.

Note:
◾PCR, professionally-administered ART, or ART supervised by licensed Singapore providers (including remotely supervised) within 2 days before departure is required.
◾Mandatory to submit Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard before entering Singapore; can submit within 3 days before arrival.
◾Passengers are required to provide the required documents and abide the Covid-19 Restrictions by the respective country.

More information can be found in these links:
◾Accepted COVID-19 Vaccinations and Vaccination Certificates: https://safetravel.ica.gov.sg/health/vtsg
◾Vaccinated Travelers and Non-Fully Vaccinated Children: https://safetravel.ica.gov.sg/.../genera.../fully-vaccinated
◾Non-Fully Vaccinated Travelers: https://safetravel.ica.gov.sg/.../non-fully-vaccinated
◾Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard
◾Vaccination Check Portal (VCP): https://eservices.ica.gov.sg/STO1/VCP
◾Recovered Traveler Checker: https://go.gov.sg/recovered-traveller-checker

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်းခရီးသွားလာရာတွင် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ...
25/11/2021

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်းခရီးသွားလာရာတွင် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး အနည်းဆုံး (၁၄) ရက်ပြည့်မြောက်ပြီးဖြစ်ပါက Rapid Antigen Diagnostic (RDT) Test ထပ်မံစစ်ဆေးရန် မလိုအပ်တော့ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထား၀ယ်၊ မြိတ်၊ ကော့သောင်းနှင့် ကလေးမှ ထွက်ခွာမည့် ခရီးသည်များအတွက် - ခရီးသည်များအနေဖြင့် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း RDT test kit ဖြင့် စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန (MOH) မှထုတ်ပြန်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် COVID-19 စစ်ဆေးနိုင်မည့် နေရာများကို ပုံတွင်ပါသည့် ကြေညာစာများမှတဆင့် ကြည့်ရှုဆောင်ရွက်နိုင်ပါသည်။
ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

⚠️အရေးပေါ်လိုနေသူပတွက်ပါ⚠️Oxygen Concentrator KooFire ( dual flow) 10 liter medical grade*******************************...
03/08/2021

⚠️အရေးပေါ်လိုနေသူပတွက်ပါ⚠️

Oxygen Concentrator KooFire ( dual flow) 10 liter medical grade
**********************************************

🏷_20 သိန်းတိတိ

🌿🌿 #လှူဒါန်း လိုသူများအထူးစီစဉ်ပေးပါမည် 🙏🙏🙏

🌿🌿 ညဘက်များအရေးတကြီးလိုပါက Curfew အချိန်မှလွဲ၍ Store ဖွင့်ကူညီရောင်းပေးပါ့မည် 🙏🙏🙏

🌿🌿 German Branded Medical Grade ! Hospital သုံး! EU ရှိဆေးရုံများတွင်သုံးသော !

Brand

🌿🌿 German Technology ဖြင့် German Import Compressor ဖြင့်ထုတ်လုပ်၍ အသံထူးခြားစွာငြိမ်ပါသည် !

🌿🌿 USA imported molecular sieve နှင့် filter ကိုအသုံးပြုထားပါသည် !

🌿🌿 တောင့်တင်းခိုင်မာသော Body နှင့် Touch Screen type ဖြစ်ပါသည် !!!

✅✅✅ EU Medical Certified ဖြစ်ပါသည် !
EU နိုင်ငံများတွင် အသုံးပြုပါသည် !

လက်ရှိရန်ကုန် ဆေးရုံများမှ အများဆုံးမှာ ယူနေကြပါသည် !

🗝_1 year warranty

10 litre ! Dual Flow ! Both have full 10 litre flow !
level 10 အထိဖွင့်ပါကလည်း 93+ Concentration ရပါသည် !

☎️ 0️⃣9️⃣4️⃣5️⃣6️⃣0️⃣8️⃣2️⃣9️⃣7️⃣0️⃣ သို့ဆက်သွယ်ဝယ်ယူနိုင်ပါပြီ !

🚗🚙 ရန်ကုန် မြို့တွင်း အိမ်အရောက်ပို့ !





ပြည်တွင်းခရီးသွားလာခြင်းဆိုင်ရာ COVID-19 Simplified Travel Policy===================================ယခုကာလအတွင်း Air KBZ...
21/12/2020

ပြည်တွင်းခရီးသွားလာခြင်းဆိုင်ရာ COVID-19 Simplified Travel Policy
===================================

ယခုကာလအတွင်း Air KBZ လေကြောင်းလိုင်းဖြင့် ခရီးသွားလာကြမည့် ခရီးသည်များအနက် လက်မှတ်ဝယ်ယူပြီး COVID RDT TEST POSITIVE ရလာဒ်ထွက်သော ခရီးသည်များအနေဖြင့် Simplified Travel Policy အရ အောက်ပါရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၁။ ခရီးစဉ်ပြေးဆွဲသည့်ရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့တစ်ကြိမ် ရက်အပြောင်းအလဲပြုလုပ်ပေးပါမည်။

၂။ ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးပါမည်။

*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။

ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် တိုင်းနှင့်ပြည်နယ်၏ သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များ၊ လေယာဉ်စီးနင်းရန် စာရင်းသွင်းစဉ်ကာလအတွင်း ခရီးသွားရာဇဝင်ပုံစံအားပြည့်စုံမှန်ကန်စွာဖြည့်စွက်ခြင်းနှင့် ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာကျင့်သုံးကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် ဒေသဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းလိုအပ်သည့်အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာဆောင်ရွက်ကြပါရန်နှင့် လေဆိပ် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း စစ်ဆေးထားသော COVID RDT Test Result ပါရှိရမည်ဖြစ်ကြောင်းလေးနက်စွာအသိပေးအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒေသအာဏာပိုင်များမှထုတ်ပြန်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်သော သတ်မှတ်ပြဌာန်းနေရာလမ်းညွှန်မှုများကို ပူးတွဲပါ link များမှတစ်ဆင့်ဖတ်ရှုနိုင်ပါကြောင်းနှင့် တိကျစွာလိုက်နာပေးပါရန်ပြန်ကြားအပ်ပါသည်။

ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။






☎️ 09 4560 829 70

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲရာ တွင် လေကြောင်းလိုင်း၀န်ထမ်းများ၊ လေဆိပ်၀န်ထမ်းများနှင့် လေယာဉ်စီ...
14/12/2020

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲရာ တွင် လေကြောင်းလိုင်း၀န်ထမ်းများ၊ လေဆိပ်၀န်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures-SOP) (Version 2.1)

🌏ကမ္ဘာလှည့် နှင့် ခါးပိုက်နှိုက်ရန်💸များမကြာမီ ကာကွယ်​ဆေးများ ထွက်ရှိကာ ခရီးသွား လုပ်ငန်း များ ပြန်လည် လည်ပတ်လာနိုင်ပါတယ...
12/12/2020

🌏ကမ္ဘာလှည့် နှင့် ခါးပိုက်နှိုက်ရန်

💸များမကြာမီ ကာကွယ်​ဆေးများ ထွက်ရှိကာ ခရီးသွား လုပ်ငန်း များ ပြန်လည် လည်ပတ်လာနိုင်ပါတယ်
မိတ်​ဆွေတို့တ​တွေ သတိမထားမိတဲ့ အချက်​တွေ​ကြောင့် ခရီးသွားရင်း ခါးပိုက်နှိုက်ခံ ရမှု​တွေ ကြုံဖူးသူ​တွေလဲ ရှိမှာပါ
ခရီးသွားရင် ပိုက်ဆံ အိတ်ကို မိမိ ရင်အုပ်မကွာ စောင့်​​ရှောက်ရမဲ့အပြင် ငွေများအား ခွဲထည့်သင့်ပါတယ်

💸Luggage ထဲမှာတန်ဖိုးကြီး ပစ္စည်းများလုံးဝမထည့်ထားသင့်ပါ ရတနာများ လုံးဝ သယ်​ဆောင်မသွားသင့်ပါ

💸ဝါရင့်ဧည့်လမ်း ညွှန်ဖြင့် အတူလည်ပတ်ပါက
သူတို့ရဲ့ သိန်းငှက်တ​ကောင်ကဲ့သို့ ရဲရင့်လျှင်မြန်​သော အ​တွေ့အကြုံ များ ကြောင့်
သင့်ကို တချိန်လုံး သတိ​ပေး​နေမှာပါ

💸သို့​သော် တခါတရံ ယုံကြည်လွယ်လွန်းတဲ့ ကျွန်​တော်တို့ မြန်မာလူမျိုး​တွေအတွက် ဥ​ရောပသား လူလည် ဂျပိုးတို့ရဲ့ မာယာ လှည့်ကွက်ထဲ အေး​ဆေးစွာ ရောက်ရှိနိုင်ပါတယ်
အာရှ နိုင်ငံ တချို့ မှာ ခါးပိုက်နှိုက်များဟာ စျေး နားတဝိုက် အများဆုံး​တွေ့ရှိရတက်ပါတယ်

💸ဘယ်နိုင်ငံဘဲ ရောက်​ရောက် ခါးပိုက်နှိုက်များဟာ စျေးဝယ်​နေတဲ့ ခရီးသွားဧည့်သည်များ လည်း​ကောင်းတို့ ငွေရှင်း​နေချိန် ပိုက်ဆံအိတ် အဖွင့်ကို သေချာ​စောင့် ကြည့်​နေတက်ပီး ငွေပမာဏများသူ ဆီ ခါးပိုက်နှိုက်အဖွဲ့များ အချင်းချင်း သူတို့ သင်​ကေတ ဖြင့် အချက်ပြကာ ခါးပိုက်နှိုက်ယူ​လေ့ရှိပါတယ်

💸ဥ​ရောပနိုင်ငံ တချို့မှာ​တော့ နေရာ အနှံ့ မှာ ခါးပိုက်နှိုက်များရှိ​နေတက်တာပါ
များ​သောအားဖြင့် ကြုံ​တွေ့တက်ရတဲ့ အချက်က​လေးများ သတိပြု​စေရန် ပြန်လည်မျှ​ဝေပါမယ်

💸အဓိက ကျက်စားတဲ့​နေရာများက​တော့ ဧည့်သည် အများဆုံးလာ​ရောက်လည်ပတ်တဲ့ Effiel မျှော်စင် တဝိုက် နာမည်ကြီး ပြတိုက်များ အနီး ရေပန်းဝန်းကျင် နဲ့ Souvenir ဆိုင်နားတဝိုက်မှာ တွေ့ရှိရတက်ပါတယ်

💸အသက်အရွယ် ၁၈ နှစ်မပြည့်​သော လူငယ် ခါးပိုက်နှိုက်များ အများဆုံး လှုပ်ရှားကြတာကို​တွေ့ရှိရပါတယ် သက်မပြည့် သခိုး​လေးမျာမို့ ရဲများကလဲ ဖမ်းမိရင် ပြန်လွှတ်​ပေးကြတာများပါတယ် ဒီလိုနဲ့ သံသရာလည်

💸တချို့ လူငယ် အဖွဲ့များ က​တော့ သင့်အား ဓါတ်ပုံ အတူ ရိုက်ချင်ပါသည်ဟု ဖိတ်​ခေါ်ကာ ဖိတ်​ခေါ်ခံရသူ အေးရှန်းသည် ဘိုထင်ကြီး​ရောဂါ အခံရှိကာ ဂွင်ထဲ​ရောက်သွားပီး ဘိုလူလိမ်သခိုး ဂျပိုး​လေးများက ခင်မင်​အောင် မိတ်ဖွဲ့ စကားများ​ရေပက်မဝင် ဖောင်ဖွဲ့​ပြောဆိုချိန် သေချာပါတယ် သင့်ပိုက်ဆံအိတ် ပါသွားပီ

💸စပိန်မှာအများဆုံးက​တော့ မျက်လှည့် ခါးပိုက်နှိုက်ပါ သင့် ကို လူတ​ယောက်က မျက်လှည့် ပြသလိုလို လာလုပ်ပြ​နေရင် သေချာပါတယ် အိတ်ကို ကျစ်ကျစ်ပါ​အောင် ဖတ်ထား​ပေ​တော့ သူ့ကို အားမနာပါနဲ့ သခိုးရန်​ကြောက်ပါတယ်ဆိုတဲ့ ဟန်သာပြပါ

💸ဒါ့​ကြောင် နိုင်ငံကြီး​တွေမှာ ရှိတဲ့ လူသား​တွေဟာ တဦးနဲ့ တဦး လုံးဝမသိပါက အေးစက်စက် အပြုအမူရှိ​နေတက်ကြတာပါ

💸ယ​နေ့​​ခေတ်မှာ​တော့ ငွေသား အများကြီး လက်ဝယ် ကိုင်​ဆောင်မထားဘဲ လိုအပ်မှသာ ATM မှ ငွေထုတ်ယူပါတယ် ဒါဟာလဲ နိုင်ငံတကာခါးပိုက်နှိုက်များရဲ့ ခွင်​ကောင်းတခုပါ
ခရီးထွက်ချိန် ATM မှာ ငွေထုတ်ယူမည်ဆိုပါက မိမိ မိတ်​ဆွေများနှင့်အတူ သွားပါ လိုသ​လောက်ဘဲထုတ်ယူပါ လူအရမ်းများ တဲ့ ATM တွေမှာ ချောင်း​​နေတက်ကြပါတယ် ငွေ ဘ​လောက်ထုတ်​နေတယ်ဆိုတာကို ATM ထဲက မှန်​ရောင်ပြန်က​နေ ခိုးပြည့်​နေတက်ကြပါတယ်

💸တချို့က​တော့ လမ်း​ပျောက်​နေတဲ့ ဧည့်သည် ဟန်​ဆောင်တာပါ လမ်းညွှန်​မြေပုံ လက်ညှိုးထိုးပီး လာ​ပြောပါလိမ့်မယ် တခါတ​လေ လူ​တွေဟာ ဆရာအတင်ခံရရင် မာန်ခနတက်တက် ကြပါတယ် အဲ့ဒါ သူတို့ဂွင်ထဲ​ရောက်သွားတာပါ
ဘာဘဲဖြစ်ဖြစ် ခရီးထွက်ပါက မိမိ နှင့်အတူ ပါလာတဲ့ အဖွဲ့ သားများမှလွဲ ပြီး မည်သူ့ကိုမျှမယုံ ကြည်သင့်ပါ

💸အကြံပြု​ပေးပါရ​စေ ခရီးသွားမည်ဆိုပါက ဆောင်ရန် ရှောင်ရန်များစွာရှိသလို ယခုကဲ့သို့ ခါးပိုက်နှိုက်ရန် မှ ကြုံ​တွေ့နိုင်ပီး မိမိ Passport ပါဆုံးရှုံး နိုင်သည့်အတွက် မိမိ Email ထဲ သို့မဟုက် Phone Cloud ထဲသို့ Passport အပြင် Travel Documents များအား ဓါတ်ပုံရိုက်ကာသေချာသိမ်းထား​စေလိုပါတယ်

💸Passports ပုံ (၅) ပုံ​နဲ့ Print Documents များကိုလဲ Luggage အကြီးကြီးထဲ တ​နေရာ ထည့်သွား​စေချင်ပါတယ် ( Luggage လိုက်ကြီး တောင် ဟိုတယ်ထဲ အထိ လာခိုးတဲ့ သခိုး​တေရှိလို့ တည်းခိုမဲ့ အခန်းထဲ မ​ရောက်မခြင်း စိတ်မချရ)

💸လုံခြုံပီး ခလုပ်မထိ ဆူးမညိ တဲ့ ခရီးစဥ်တခု ဖြစ်​စေရန် အလို့ငှာ ဖြစ်​လေ့ရှိတဲ့ အ​ကြောင်းအရာများကို ပြန်လည်မျှ​ဝေလိုက်ပါတယ်

🧳HAVE A SAFE JOURNEY SOON

🙊ချစ်ဖြိုး​လေး (ပါ​လေရာဧည့်လမ်းညွှန်)

29/10/2020

💚 ကြည်နူးပျော်ရွှင်စရာသီတင်းကျွတ်အခါသမယမှာ Covid-19 ကြောင့် အပြင်မထွက်ရပေမယ့် Stay at Home ဆိုတော့ အိမ်မှာဘဲ ချစ်ရသော မိသားစု မောင်နှမတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ GDS Travel အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန် Air KBZ အနေဖြင့် လက်ရှိပျံသန်းပြေးဆွဲနေသော ပြ...
27/10/2020

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန် Air KBZ အနေဖြင့် လက်ရှိပျံသန်းပြေးဆွဲနေသော ပြည်တွင်းခရီးစဉ်များအား ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ပျံသန်းပြေးဆွဲခြင်းအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အဆိုပါ ကန့်သတ်ကာလအတွင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအနေဖြင့် အောက်ပါ (Simplified Travel Policy) ပုံတွင်ဖော်ပြထားသည့် ရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။


Air KBZ ရဲ့ "တစ်ဝက်ပေး၊ အသွားအပြန်ခရီး" *******************************************Air KBZ မှပြေးဆွဲနေသောပြည်တွင်းခရီးစဉ...
15/08/2020

Air KBZ ရဲ့ "တစ်ဝက်ပေး၊ အသွားအပြန်ခရီး"
*******************************************
Air KBZ မှပြေးဆွဲနေသောပြည်တွင်းခရီးစဉ်များအတွက် "တစ်ဝက်ပေး၊ အသွား အပြန်ခရီး" အထူးလက်မှတ်စျေးနှုန်းများရောက်ရှိလာပါပြီ 😇

👉 မြန်မာနိုင်ငံသားများအတွက်သာ

👉 လက်မှတ်ဝယ်ယူရန်ကာလမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ

👉 ခရီးသွားရန်ကာလမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိဖြစ်ပါသည်။

👉 လက်မှတ်စျေးနှုန်းများတွင်လေဆိပ်အခွန်အခများအားထပ်ဆောင်းပေးဆောင်ရမည်ဖြစ်ပါသည်။

👉 အထူးပရိုမိုးရှင်းလေးတွေဖြစ်လို့ *** Terms & Conditions Apply and Limited Seats Available ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေယဉ်လက်မှတ်များကို လူကိုယ်တိုင်လာဝယ်စရာမလိုပဲ
� 09 4560 82970, 09 43030 547 ကို ဖုန်းလေးတစ်ချက်သာ​ဆက်လိုက်ရုံနဲ့ Viber, WhatsApp, email ကနေပို့ပေးနေပါပြီ။





ခရီးသွားမယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ====================================နိုင်ငံတိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆော...
13/08/2020

ခရီးသွားမယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ
====================================
နိုင်ငံတိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် Brand Name လို့ ခေါ်တဲ့ စာသားလေးတွေကို ရေးသားဖန်တီးပြီး နိုင်ငံကိုယ်စားပြုကြော်ငြာတာကို ခရီးသွား လုပ်ငန်းနဲ့ မစိမ်းတဲ့သူတွေ၊ ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားသူတွေဂရုပြုမိကြမှာပါ။ ဥပမာ- မလေးရှားနိုင်ငံဆိုရင် “Malaysia Truly Asia”၊ ထိုင်းနိုင်ငံဆိုရင် “Amazing Thailand” စသည်ဖြင့် Brand Name လေးတွေ ပေးထားကြပါတယ်။

မြန်မာနိုင်ငံဆိုရင် “Myanmar Be Enchanted” လို့ ပေးထားပါတယ်။ ဒီ Brand Name ကို မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းတွေအတွက် အသုံး ပြုကြပါတယ်။ အဓိကအားဖြင့်တော့ မီဒီယာတွေမှာပေါ့။

ကိုဗစ်- ၁၉ ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ ကာလ အတန်ကြာရပ်ဆိုင်းနေတဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုဆိုရင် ပြန်လည်စတင်ဖို့ တာစူနေကြပါပြီ။ ဒီတော့ အိပ်ပျော်နေတဲ့ ခရီးသွားနဂါးကြီးကို လှုပ်နှိုးဖို့အတွက် နိုင်ငံတော်တော်များများဟာ မိမိတို့နိုင်ငံရဲ့ Brand Name ကို ပြန်လည်ပြင်ဆင်လာကြပါတယ်။ အိုက်စလန်နိုင်ငံ ဆိုရင် ကိုဗစ်- ၁၉ ကြောင့် လူတွေအိမ်မှာနေရတာကြာတဲ့ အတွက် မွန်းကျပ်လာမှုတွေကို ဖြေဖျောက်ဖို့အတွက် ခရီးသွားဖို့ကို “Looks Like You Need to Let it Out” “သင့်ကို ကြည့်ရတာ ဖောက်ထွက်ပစ်လိုက်ဖို့ လိုအပ် နေပြီ” ဆိုတဲ့စာသားနဲ့ ဆွဲဆောင်ထားပါတယ်။
ကိုဗစ်- ၁၉ ကြောင့် နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရတာကို ခရီးသွားလုပ်ငန်းနဲ့ ပြန်လည်ကုစားဖို့ ကြိုးစားလာကြတာအပြင် ခရီးသွားလာခြင်းဟာ လူသား တွေရဲ့ လိုအပ်ချက်တစ်ခုဖြစ်တာကြောင့် ခရီးသွား လုပ်ငန်းတွေကို နည်းလမ်းကြံဆ ဖွင့်လှစ်ဖို့ကြိုးပမ်း လာကြတာ ဖြစ်ပါတယ်။ ဥပမာ- Travel Bubble လို့ ခေါ်တဲ့ စိတ်ချရတဲ့ နိုင်ငံအချင်းချင်း အပြန်အလှန် လည်ပတ်ခရီးသွားမှုကို ဖော်ဆောင်တာတွေ၊ ပြည်တွင်း ခရီးသွားတွေနဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် လည်ပတ် စတင်ဖို့ လုပ်ဆောင်လာတာတွေ စသည်ဖြင့်ပေါ့လေ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၇-၇-၂၀၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို အမှာ စကားပေးပို့ရာမှာ “ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကိုသာ ဦးစွာ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဆောင်ရာမှာ ခရီး သွားရော ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းရော ဘေးကင်း လုံခြုံမှုကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း” မှာကြားခဲ့ပါတယ်။ မှန်ပါတယ်။ မြန်မာ စကားပုံတစ်ခုဖြစ်တဲ့ “အစားမတော်တစ်လုတ်၊ အသွား မတော်တစ်လှမ်း” ဆိုသလိုပါပဲ။ ခရီးသွားလာရခြင်းဟာ ကြိုတင်ပြင်ဆင်မှုနဲ့ ဆင်ခြင်သုံးသပ်ခြင်းမရှိရင် ဘေးဒုက္ခ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အခုလိုကူးစက်တတ် တဲ့ ကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ မမြင်ရတဲ့ ရန်သူ ကို ရှောင်လွှဲဖို့ဆိုတာ အလွန်ခက်ပါတယ်။

ဂရုဓမ္မကြီးစွာပြုနိုင်ပါမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကဲ - ဒါဆိုရင် ခရီးသွားချင်နေသူတွေ၊ မဖြစ်မနေခရီးသွား ရမယ့်သူတွေအနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲ။ အောက်ပါအချက်(၁၀)ချက်ကတော့ World Travel and Tourism Council က အကြံပြုထားတဲ့ ခရီးသွားတဲ့အခါ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) မျက်နှာဖုံးဝတ်ဆင်ပါ။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်တာကြောင့် နှာခေါင်းနဲ့ ပါးစပ်ကို အဓိက ဖုံးအုပ်နိုင်တဲ့ မျက်နှာဖုံး Face Mask ဒါမှမဟုတ် Face Shield ကို ဝတ်ဆင်ပါ။ ၎င်းကို လူလူချင်းထိတွေ့ဆက်ဆံတဲ့နေရာမှာ၊ ယာဉ်၊ ရထားတွေ စီးနင်းတဲ့နေရာမှာ၊ လေ့လာရေးနဲ့ အလည်အပတ်သွားတဲ့အခါတွေမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

(၂) လက်ဆေးပါ။
လက်ကို ရေ၊ ဆပ်ပြာအသုံးပြုပြီး စနစ်တကျနဲ့ မကြာခဏဆေးကြောပါ။ ရေမရနိုင်တဲ့နေရာတွေမှာ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့် ဆေးရည်ကို တစ်ပါတည်း သယ်ဆောင်သွားရမှာဖြစ် ပါတယ်။

(၃) တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေပါ။
အခြားသူများနဲ့ မိမိကိုယ်ကို ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် သတ်မှတ်အကွာအဝေးအတိုင်း နေထိုင် ရမှာဖြစ်ပါတယ်။ သတိပေးဆိုင်းဘုတ်များကို သေချာစွာ ဖတ်ရှုပြီး ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ဖို့လည်း လိုအပ်ပါတယ်။

(၄) သင်၏ ခရီးစဉ်အတွက် ဝန်ဆောင်မှုများကို အွန်လိုင်း မှတစ်ဆင့်မှာယူပါ။
လူအချင်းချင်းထိတွေ့မှုကို လျှော့ချနိုင်ဖို့ ခရီးသွား လာမှုအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများကို ရယူရန် အွန်လိုင်းကို အသုံးပြုသင့်ပါသည်။ ဥပမာ- လေယာဉ် လက်မှတ်၊ ကားလက်မှတ်များဝယ်ယူခြင်းနှင့် ဟိုတယ် အခန်းကို ကြိုတင်စာရင်းသွင်း မှာကြားခြင်း။

(၅) မိမိခရီးစဉ်ကို စနစ်တကျ ကြိုတင်ပြင်ဆင်ပါ။
လူစုလူဝေးကို ရှောင်လွှဲနိုင်ရန်နှင့် ကျန်းမာရေး သတိပေးချက်များ၊ ခရီးသွားလာမှုဆိုင်ရာသတင်းအချက် အလက်များကို စဉ်ဆက်မပြတ်ရရှိနိုင်ရန် စီစဉ်ထားရ ပါမည်။ ယင်းအတွက် မိုဘိုင်းဖုန်းဆော့ဝဲများနှင့် သတင်း အရင်းအမြစ်များရှိရာကို ကြိုတင်ချိတ်ဆက်ထားရမည်။

(၆) ငွေသားဖြင့်ပေးချေမှုများကို ရှောင်ရှားပါ။
ခရီးစဉ်အတွင်း ငွေပေးချေမှုများတွင် ငွေသားဖြင့် ပေးချေမှုကို တတ်နိုင်သမျှ ရှောင်ရှား၍ ထိတွေ့မှု အနည်းဆုံးဖြစ်သော မိုဘိုင်းဖုန်း၊ ကတ်စနစ်တို့ကို အသုံးပြု၍ ပေးချေခြင်းပြုလုပ်ပါ။

(၇) သွားလာလည်ပတ်ရာတွင် လမ်းလျှောက်ခြင်း (သို့မဟုတ်) စက်ဘီးစီးလည်ပတ်ခြင်းပြုလုပ်ပါ။
လမ်းလျှောက်ခြင်း (သို့မဟုတ်) စက်ဘီးစီး၍ လည်ပတ်ခြင်းသည် လူအများနှင့်ထိတွေ့မှုကို လျှော့ချနိုင် ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကိုပါလျော့ကျစေနိုင်သဖြင့် လိုက်နာဆောင်ရွက်သင့်ပါသည်။

(၈) ပြင်ပနေရာများတွင် နေထိုင်ပါ။
လေအေးပေးစက်ဖွင့်ထားသော အခန်းများနှင့် လူထူထပ်သော အလုံပိတ်နေရာများတွင် နေထိုင်ခြင်းကို တတ်နိုင်သမျှရှောင်ရှားပြီး၊ သဘာဝလေကောင်းလေသန့် ရရှိနိုင်သည့် ပြင်ပနေရာများ (ဥပမာ-ပန်းခြံများ၊ စိမ်းလန်း စိုပြည်သော ပတ်ဝန်းကျင်နေရာများ) တွင် နေထိုင် အပန်းဖြေပါ။

(၉) ပေါ့ပေါ့ပါးပါးခရီးသွားပါ။
ခရီးသွားလာရာတွင် မိမိအတွက် လိုအပ်သလောက် ပစ္စည်းအသုံးအဆောင်များကိုသာ သယ်ဆောင်သွားပါ။ တစ်ကိုယ်ရေသုံးပစ္စည်းများ ဖောင်းပွခြင်းသည် ခရီးသွား ရာတွင် နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေနိုင်ပြီး၊ ဗိုင်းရပ်စ် ကပ်ငြိမှုကို ဖြစ်စေနိုင်ပါသည်။

(၁၀) စိတ်ရှည်သည်းခံပါ။ အခြားသူများကို လေးစားပါ။

ကိုဗစ်- ၁၉ ကာလအတွင်း တန်းစီစောင့်ဆိုင်းရခြင်း၊ လိုအပ်သော အခြေခံကျန်းမာရေးစစ်ဆေးမှုများခံယူရ ခြင်း၊ စစ်တမ်းလွှာများ၊ မေးခွန်းများဖြေကြားပေးရခြင်းနှင့် အသိပညာပေးမှုများ၊ ညွှန်ကြားမှုများခံယူရခြင်းတို့ရှိနိုင်သဖြင့် ခရီးသွားလာရာတွင် စိတ်ရှည်သည်းခံ၍ ပူးပေါင်းကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါ သည်။ အလားတူ အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုကို လေးစားလိုက်နာရန်လည်း လိုအပ်ပါ သည်။

ဖော်ပြချက်များကို အစိုးရပိုင်းကသာမက ခရီးသွား များ၊ လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်ဝန်ဆောင် မှုပေးသူများကပါ အလေးထားလိုက်နာဆောင်ရွက်ပါက ခရီးသွားခြင်းမှ ကိုဗစ်- ၁၉ ပြန့်ပွားခြင်းကို ဟန့်တားပေး နိုင်မှာဖြစ်ပါတယ်။

ယခုဆိုရင် ခရီးစဉ်ဒေသများမှာ ပြည်တွင်းခရီးသွား များနဲ့ တစ်စတစ်စ ပြန်လည်စည်ကားသက်ဝင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် ခရီးသွားများအနေနဲ့ တစ်ယောက်က အစ အများဆိုသလို မိမိကပင်စတင်၍ လိုက်နာ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသား တင်ပြလိုက် ရပါတယ်။ ။


Air KBZ ၏ ရန်ကုန်-မန္တလေး-လားရှိုးခရီးစဉ်အား တနင်္ဂနွေနေ့များတွင်ထပ်တိုးပျံသန်းပြေးဆွဲခြင်း=============================...
04/08/2020

Air KBZ ၏ ရန်ကုန်-မန္တလေး-လားရှိုးခရီးစဉ်အား တနင်္ဂနွေနေ့များတွင်ထပ်တိုးပျံသန်းပြေးဆွဲခြင်း
==================================

ချစ်ခင်ရသောခရီးသည်များ၏အားပေးတောင်းဆိုမှုများအရ Air KBZ မှ ရန်ကုန်-မန္တလေး-လာရိှုး ခရီးစဉ်အား ၂၀၂၀ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တနင်္ဂနွေနေ့များတွင် တိုးချဲ့ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

Booking တင်ခြင်းနှင့် လက်မှတ်ဝယ်ယူစုံစမ်းမေးမြန်းခြင်းဆိုင်ရာများအတွက် 09 4560 82970 ကို ဖုန်းလေးတစ်ချက်သာ​ဆက်လိုက်ရုံနဲ့ Viber, WhatsApp, email ကနေပို့ပေးနေပါပြီ။

☎️ 09 456 082 970, 09 430 305 47
📧[email protected]






Air KBZ "ဝါဆို"အထူးလက်မှတ်စျေးနှုန်းရက်တိုးမြှင့်*************************************************         ဝါဆို X5,000 ...
01/08/2020

Air KBZ "ဝါဆို"အထူးလက်မှတ်စျေးနှုန်းရက်တိုးမြှင့်
*************************************************
ဝါဆို X5,000 အထူးစျေးနှုန်းများဖြင့် လက်မှတ်မဝယ်ယူလိုက်ရသော ခရီးသည်များအတွက် ဩဂုတ်လ ၆ ရက်နေ့အထိ သက်တမ်းတိုးရောင်းချပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ မိမိတို့၏ နေရပ်ဒေသများသို့ ပြန်ရန်စီစဉ်နေသူများ၊ ခရီးသွားလာရန်စီစဉ်နေသူများအားလုံး သွားလာရလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ Air KBZ မှ ပြေးဆွဲနေသောပြည် တွင်းခရီးစဉ်များအားလုံးတွင် ယခင့် ခင်ထက်ပိုမိုသက်သာသောအထူးစျေးနှုန်းများဖြင့် ခရီးစဉ်တစ်ကြောင်းလျှင် ၂၅,၀၀၀ ကျပ်၊ ၃၅,၀၀၀ ကျပ်၊ ၄၅,၀၀၀ ကျပ် နှင့် ၇၅,၀၀၀ ကျပ်များမှစတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်းလည်းထပ်မံ၍သတင်းကောင်းပါးလိုက်ပါတယ်...

👉 မြန်မာနိုင်ငံသားများအတွက်သာ

👉 လက်မှတ်ဝယ်ယူရန်ကာလမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိဖြစ်ပြီး ခရီးသွားရန်ကာလမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိဖြစ်ပါသည်။ "ဝါဆို X5,000" အထူးလျှော့စျေးလက်မှတ်များအား ယခုပဲ ဘိုကင်တင်ဝယ်ယူဖို့မမေ့ပါနဲ့နော် ..

👉 ခရီးစဉ်ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးသည် အမည်ပြောင်းလဲခြင်း (တစ်ကြိမ်) ကိုခရီးသွားမည့်ရက်မတိုင်မီ ၃ ရက်ကြိုတင်၍အကြောင်းကြားခြင်းဖြင့် အခမဲ့ဆောင်ရွက်နိုင်ပါသည်။

👉 အထူးပရိုမိုးရှင်းလေးတွေဖြစ်လို့ *** Terms & Conditions Apply and Limited Seats Available ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေယဉ်လက်မှတ်များကို လူကိုယ်တိုင်လာဝယ်စရာမလိုပဲ
� 09 4560 82970 ကို ဖုန်းလေးတစ်ချက်သာ​ဆက်လိုက်ရုံနဲ့ Viber, WhatsApp, email ကနေပို့ပေးနေပါပြီ။





"Air KBZ ရဲ့ Happy ဝါဆို အထူးလက်မှတ်စျေးနှုန်း"********************************************Air KBZ မှပြေးဆွဲနေသောပြည်တွင...
24/07/2020

"Air KBZ ရဲ့ Happy ဝါဆို အထူးလက်မှတ်စျေးနှုန်း"
********************************************
Air KBZ မှပြေးဆွဲနေသောပြည်တွင်းခရီးစဉ်များအားလုံးအတွက် "ဝါဆို X5,000" အထူးလက်မှတ်စျေးနှုန်းများရောက်ရှိလာပါပြီ �
မိမိတို့၏ နေရပ်ဒေသများသို့ ပြန်ရန်စီစဉ်နေသူများ၊ ခရီးသွားလာရန်စီစဉ်နေသူများအားလုံး သွားလာရလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ Air KBZ မှ ပြေးဆွဲနေသောပြည်တွင်းခရီးစဉ်များအားလုံးအတွက် ယခင့် ယခင်ထက်ပိုမိုသက်သာသောအထူးစျေးနှုန်းများဖြင့် ခရီးစဉ်တစ်ကြောင်းလျှင် ၂၅,၀၀၀ ကျပ်၊ ၃၅,၀၀၀ ကျပ်၊ ၄၅,၀၀၀ ကျပ် နှင့် ၇၅,၀၀၀ ကျပ်များမှစတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်...

� မြန်မာနိုင်ငံသားများအတွက်သာ
� လက်မှတ်ဝယ်ယူရန်ကာလမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိဖြစ်ပြီး ခရီးသွားရန်ကာလမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိဖြစ်ပါသည်။

"ဝါဆို X5,000" အထူးလျှော့စျေးလက်မှတ်များအား ယခုပဲ ဘိုကင်တင်ဝယ်ယူဖို့မမေ့ပါနဲ့နော် .....

လေယဉ်လက်မှတ်များကို လူကိုယ်တိုင်လာဝယ်စရာမလိုပဲ
� 09 4560 82970 ကို ဖုန်းလေးတစ်ချက်သာ​ဆက်လိုက်ရုံနဲ့ Viber, whatsApp, email ကနေပို့ပေးနေပါပြီ။





၇၃ ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရ၀ ပြုပါသည်။73rd Anniversary of M...
18/07/2020

၇၃ ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရ၀ ပြုပါသည်။

73rd Anniversary of Myanmar Martyrs’ Day 19 July 2020




𝐂𝐄𝐋𝐄𝐁𝐑𝐀𝐓𝐈𝐍𝐆 𝟕𝟐 𝐘𝐄𝐀𝐑𝐒 𝐎𝐅 𝐅𝐋𝐘𝐈𝐍𝐆 𝐌𝐍𝐀 (MNA ၇၂ နှစ်ပြည့် အထိမ်းအမှတ် Promotion Sale)****************************************...
17/07/2020

𝐂𝐄𝐋𝐄𝐁𝐑𝐀𝐓𝐈𝐍𝐆 𝟕𝟐 𝐘𝐄𝐀𝐑𝐒 𝐎𝐅 𝐅𝐋𝐘𝐈𝐍𝐆 𝐌𝐍𝐀
(MNA ၇၂ နှစ်ပြည့် အထိမ်းအမှတ် Promotion Sale)
************************************************

ယခုလာမည့် စက်တင်ဘာလတွင် ကျရောက်မည့် မြန်မာအမျိုးသားလေကြောင်း (၇၂)နှစ်ပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်တွင်းခရီးစဉ်များအားလုံးကို ၂၀% ရာခိုင်နှုန်း လျော့စျေးဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အထိရောင်း ချ ပေးသွားမည်ဖြစ် ပြီး ခရီးသွားကာလအား ၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိသတ်မှတ်ထား ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်...

💺 ထိုင်ခုံအရေအတွက်ကန့်သတ်ထားပါသဖြင့်မြန်မြန် ☎️ ဟဲလို မှစိတ်ချရမယ်နော်...❤️❤️❤️

👍 လေယဉ်လက်မှတ်များကို လူကိုယ်တိုင်လာဝယ်စရာမလိုပဲ
📞 09 4560 82970 ကို ဖုန်းလေးတစ်ချက်သာ​ဆက်လိုက်ရုံနဲ့ Viber, whatsApp, email ကနေပို့ပေးနေပါပြီ။





💎 ကြိုဝယ်ထားမယ် 💎 **********************📌Air KBZ ရဲ့ကြိုဝယ်ရင် အရမ်းကိုတန်တဲ့ အစီအစဉ်ပါနော်...✅ ၃၅,၀၀၀ ကျပ်မှစတင်၍• ရန်က...
03/07/2020

💎 ကြိုဝယ်ထားမယ် 💎
**********************

📌Air KBZ ရဲ့ကြိုဝယ်ရင် အရမ်းကိုတန်တဲ့ အစီအစဉ်ပါနော်...

✅ ၃၅,၀၀၀ ကျပ်မှစတင်၍

• ရန်ကုန်မှ (အသွား/အပြန်) ဟဲဟိုး၊ မန္တလေး

• မန္တလေးမှ (အသွား/အပြန်) ဟဲဟိုး

• ထားဝယ်မှ (အသွား/အပြန်) ကော့သောင်း

• ကျောက်ဖြူမှ (အသွား/အပြန်) စစ်တွေ

• သံတွဲမှ (အသွား/အပြန်) စစ်တွေ

✅ ၄၅,၀၀၀ ကျပ်မှစတင်၍

• ရန်ကုန်မှ (အသွား/အပြန်) ထားဝယ်၊ကျောက်ဖြူ၊လွိုင်ကော်၊ မြိတ်၊နေပြည်တော်၊သံတွဲ၊စစ်တွေ

• မန္တလေးမှ (အသွား/အပြန်) ကလေး၊မြစ်ကြီးနား၊ခန္တီး၊ကျိုင်းတုံ၊တာချီလိတ်၊

• ဟဲဟိုးမှ (အသွား/အပြန်) ကျိုင်းတုံ၊တာချီလိတ်

✅ ၈၅,၀၀၀ကျပ်မှစတင်၍

• ရန်ကုန်မှ (အသွား/အပြန်) မြစ်ကြီးနား၊ကလေး၊ခန္တီး၊ကျိုင်းတုံ၊လာရှိုး၊တာချီလိတ်၊ကော့သောင်း

💺 ထိုင်ခုံအရေအတွက်ကန့်သတ်ထားပါသဖြင့်မြန်မြန် ☎️ ဟဲလို မှစိတ်ချရမယ်နော်...❤️❤️❤️

👍 လေယဉ်လက်မှတ်များကို လူကိုယ်တိုင်လာဝယ်စရာမလိုပဲ 📞 09 4560 82970 ကို ဖုန်းလေးတစ်ချက်သာ​ဆက်လိုက်ရုံနဲ့ Viber, whatsapp, email ကနေပို့ပေးနေပါပြီ။

✅ We accept all pay (KBZ, AYA, CB, MAB, YOMA, AGD, One Pay)







Address

18(C), 1st Floor, Padamyar Street
Kamayut
11042

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:00

Telephone

+959456082970

Alerts

Be the first to know and let us send you an email when GDS Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GDS Travels & Tours:

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Kamayut

Show All