Happy New Year 🥳🥳🥳
နှစ်သစ်မှာ စိတ်သစ် လူသစ် အတွဲသစ် အတွေးသစ် တွေနဲ့အတူ ခရီးအသစ်တွေ သွားနိုင်ကြပါစေ !!!!
🍁🎄🍁🎄🍁🎄🍁🎄🍁🎄🍁🎄🍁🎄
To all our esteemed customers,
We thank you wholeheartedly for your kind preference, we wish you a Merry Christmas!!!!!
Capital 9 Travels & Tours
မုံရွာမြို့ အရှေ့ဘက် ကျောက္ကာရွာအနီးက ထန်းဇလုတ်ရေတံခွန်
=============================
ကျွန်တော် ဒီတစ်ခေါက် သွားဖြစ်တဲ့နေရာလေးကတော့ မုံရွာမြို့က ကျောင်းသား ကျောင်းသူတွေ အသွားများတဲ့နေရာ တစ်နေရာပါ။ အဲဒီနေရာကို မုံရွာမြို့ရဲ့ အဓိကလမ်းမကြီး တစ်ခုဖြစ်တဲ့ ကျောက္ကာလမ်းမကြီးကနေ သွားရပါတယ်။ ကျွန်တော်သွားမယ့်နေရာက ကျောက္ကာရွာအနီးက ထန်းဇလုတ် ရေတံခွန်ဆီကိုပါ။ အရင်တစ်ခေါက်က ကျောက္ကာရွှေဂူနီဘုရားကို သွားရောက်ဖူးမြော်ခဲ့ပေမယ့် ထန်းဇလုတ် ရေတံခွန်ကို မရောက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခေါက်တော့ ရောက်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထွက်လာခဲ့တာပါ။
ကျောက္ကာရွာကိုရောက်တော့ အရင်ဦးဆုံး ကျောက္ကာရွှေဂူနီဘုရားကို ၀င်ဖူးခဲ့ပါတယ်။ ကျောက္ကာရွှေဂူနီ ဘုရားဟာ မုံရွာမြို့ရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ ဘုရားစောင်းတန်းမှာလည်း ရွာနားကလာရောက် ရောင်းချကြတဲ့ ဈေးသည်ကို တွေ့ရပါတယ်။ ရောင်းချတဲ့ဟာတွေက အနီးတစ်ဝိုက်ကထွက်တဲ့ သနပ်ခါး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနှင့် အခြားစားသောက်ကုန်တွေ ဖြစ်ပါတယ်။ ကျောက္ကာ ရွှေဂူနီဘုရားကို အရင်ဝင် ဖူးပြီးတာနဲ့ ဘုရားနဲ့ သိပ်မဝေးလှတဲ့ ထန်းဇလုတ်ချောင်းကို ဆက်သွားဖြစ်ခဲ့ပါတယ်။
ထန်းဇလုတ်ချောင်းကို ရောက်တော့ ၀င်ကြေးအနေနဲ့ ကျပ်၂၀၀ ပေး ရပါတယ်။ အနည်းငယ် ၀င်ပြီးတာနဲ့ ထန်းဇလုတ်ကို ရောက်ပါတယ်။ ဆိုင်ကယ်အပ်တဲ့ နေရာမှာ ဆိုင်ကယ်ကိုအပ်ခဲ့ပြီး သဘာဝအလှတရားကို စတင်ခံစားကြည့်ရှုရာ ထန်းဇလုတ်ချောင်းကရေတွေဟာ သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်ဆောင်တွေကြားကနေ စီးဆင်းနေတာ တွေ့ရပါတယ်။ မျက်စိရှေ့မှာ မြင်နေရတဲ့ ထန်းဇလုတ်ချောင်းကြီးဟာ လာရောက် လည်ပတ်သူတွေ၊ ရေဆင်းချိုးနေသူတွေနဲ့ စည်ကားနေပါတယ်။
ထန်းဇလုတ်ချောင်းနဲ့ ဘူးခါးချောင်းမှာ အတူတူဖြစ်ပြီး ဘူးခါးချောင်းမှ ရေကိုရယူကာ ထန်းဇလုတ် ရေလှောင်တမံကို တည်ဆောက်ထားပြီး ထန်းဇလုတ် ရေတံခွန်ရဲ့ အောက်ဘက်မှာ တည်ရှိတာပါ။
ထန်းဇလုတ်ရေတံခွန်နဲ့ ပတ်သက်ပြီး ထိုနေရာမှာ စားသောက်ဆိုင်ဖွင့်ကာ ရောင်းချနေတာ နှစ်၂၀ နီးပါးရှိပြီဖြစ်တဲ့ ကိုမြတ်က “ထန်းဇလုတ်ချောင်းက အရင်ကဆိုရင် အရမ်းလှတာ၊ ရေတွေဆိုရင် ဖြာထွက်နေတာ။ အခုက အပေါ်မှာ ဆည်လုပ်ထားတယ်။ အောက်မှာလည်း ဆည်လုပ်ထားတယ်။ ရေကိုတားပြီး ရွာဘက်ကိုသွားတဲ့ လမ်းလည်း လုပ်ထားတယ်။ အဲဒီလိုမျိုးရေကို ထိန်းထားတော့ ရေတွေကအနည်းငယ်ပဲ စီးဆင်းတော့တာပါ” ဆိုပြီး ပြောပြပါတယ်။
ထန်းဇလုတ်ချောင်းဟာ ကျောက်ဆောင်ကျောက်တုံးများပေါ်မှာ ရေတံခွန်သဖွယ် စီးဆင်းနေပြီး ရေမကြာမကြာ နစ်တတ်ကာ ရေနစ်သူများကို ထ
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဂုတ်ထိပ်တံတား အကြောင်း
=====================================
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင် တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိရာ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ခေါ်ခြင်းဖြစ်သည်ဟု မြန်မာ့စွယ်စုံ ကျမ်း အတွဲ(၃) တွင် ရေးသားထားသည်။ ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်း ကာ ယင်းနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။
ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွမ်းလုံကို လည်း ရထားလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့ကာ ယင်းလမ်း ပေါ်တွင် မီးရထားဖြတ်သန်း သွားနိုင်မည့် ဂုတ်ထိပ်တံတား ကို ဆောက်လုပ်ခဲ့ကြသည်။
ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ်တံတားကို တာဝန်ယူ တည်ဆောက်ရန် ဗြိတိသျှအစိုးရက မြန်မာ့မီးရထား ကုမ္ပဏီကို တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ၁၈၉၉ ခုနှစ် တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုတ်ထိပ်တံတားကြီး ဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယား နှင့် မေရီလန်းစတီးကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။သို့သော် တံတားကြီးကို ဦးစီးတည်ဆောက်သူမှာ မြန်မာ့မီးရထား ဌာနမှ အင်ဂျင်နီယာSir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများဖြစ်ကြသည်။ တံတားအတွက် အသုံးပြုသော ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တိုက် ရိုက် မှာယူတင်သွင်းခဲ့သည်။
(Goteik viaduct by Sir Arthur Rendel)
ဂုတ်ထိပ်တံတားကြီး၏ ဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသောသံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။ ဂုတ်ထိပ်တံတား၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည် ဆောက်ထားခြင်းဖြစ်ပေသည်။
ဂုတ်ထိပ်တံတားသည် ပေ ၂၂၆ဝ ရှည်လျားပြီး တံတား၏ အောက်ခြေသံတိုင် အချို့ကို အနိမ့်ဆုံး ချို
စူဠမဏိ လက်ရှိအခြေအနေလေးပါ။
စူဠမဏိ လက်ရှိအခြေအနေလေးပါ။ (Taken at 26 Aug 2016)
credit: thiha Linn