Cele Family Travel & Tours Co., Ltd

Cele Family Travel & Tours Co., Ltd Cele Family Travel & Tours Co., Ltd

18/10/2023
19/09/2023
25/01/2023
20/09/2022
14/09/2022
29/05/2022
02/12/2021
29/09/2021
02/09/2021
30/08/2021
ဒုတိယ ဦးပိန်တံတားလို့ တင်စားရလောက်တဲ့ ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်က အလံတစ်ရာတံတားဟုမ္မလင်းမြို့ရဲ့ လည်ပတ်စရာနေရာတစ်ခု ဒ...
27/08/2021

ဒုတိယ ဦးပိန်တံတားလို့ တင်စားရလောက်တဲ့ ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်က အလံတစ်ရာတံတား

ဟုမ္မလင်းမြို့ရဲ့ လည်ပတ်စရာနေရာတစ်ခု ဒုတိယဦးပိန်တံတားလို့ တင်စားရလောက်တဲ့ ပေ(၇၀၀)ကျော်အရှည်ရှိ တဲ့ အလံတစ်ရာတံတားသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်မှာတည်ရှိပါသည် ။ တံတားတည်ရှိခဲ့တာကလွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)လောက်ကတည်းကတည်ရှိခဲ့တယ်လို့ ဆိုပါတယ်။
တံတားရဲ့တိုင်တွေကို ကျွန်းတိုင်များနဲ့တည်ဆောက်ထားတာကိုလဲတွေမြင်ရပါတယ်။ယခုတံတားကြီးကို (၁၀.၇.၂၀၁၂)ခုနှစ်မှာခိုပဲဝကျောင်းထိုင်ဆရာတော် ဦးဓမ္မိသာရရဲ့ လမ်းညွန်မှုဖြင့် ဦးစံထွေး၊ဦးအောင်သိုက်နှင့် လူငယ် မောင်မယ်များမှ ဥရုချောင်းသဲဟင်းကျဲကျေးရွာမှကျွန်းသစ်များအား ဆရာတော်ဓမ္မသာရနှင့် အတူအချိန် တစ်လကျော်ကြာ ဆင်းရဲပင်ပမ်းကြီးစွာဖြင့် သွားရောက်ခုတ်ဖြတ်ပြီးဖောင်ဖွဲ့သယ်ဆောင်လာကာ ပြန်လည်ပြုပြင်တည်‌ေဆာက်ခဲပါသည်။
ယခုအခါအဆိုပါ အလံတစ်ရာတံတားကို ခိုပဲဝ ဦးပိန်တံတားဟု လာရောက်လည်ပတ်သူများကခေါ်ဝေါ်နေကြပါသည် ။
ဟုမ္မလင်းမြို့ရဲ့ အထင်ကရထဲမှာ အလံတစ်ရာတံတားလေးပါရှိပြီး မနှစ်ကရုပ်ရှင်နှင့် video သရုပ်ဆောင် ရွှေသမီးလာရောက်လည်ပါတ်ခဲ့ပါ‌ သေးသည်။ အခြားမြို့ ရွာများမှဧည့်သည် အတော်များများလဲ လာရောက်လည်ပတ်နေပါသေးသည် ။မိုးရာသီ ရေကြီးချိန်တွ အင်းထဲရေများဝင်‌ ရောက်လာရင် အင်မတန်လှပတဲ့ ရှုခင်း‌ကိုကြည့်ရှုရန် လူအများလာရောက်လည်ပတ်ခြင်း။တံတားအောက်မှာလှေစီးကြခြင်း။
အလှဓါတ်ပုံများရိုက်ကူးကြခြင်းတို့ဖြင့် အလွန်ပင်စည်ကားလှပါသည် ။

နိုင်ငံရေးကြီးတည်ငြိမ်သွားရင်ဟုမ္မလင်းမြို့က ဒုတိယ ဦးပိန်တံတားလို့ တင်စားရလောက်တဲ့ ကျွေန်တော်တို့ အလံတစ်ရာတံတားကို လာရောက်လည်ပတ်ကြဖို့ခိုပဲဝသူခိုပဲဝသားများကိုစားဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ....။


#ပုံပိုင်ရှင်အား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။
page

27/08/2021

ကရင်ပြည်နယ် ဘားအံမြို့ ရှိ ရွှေယဥ်မျှော်ပြည်တော်ဧစေတီက ဖားနဂါးသမိုင်းကြောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မွန်ပြည်နယ် ဇင်းကျိုက်တောင် နှင့် ကရင်ပြည်နယ် ဇွဲကပင်တောင်ကြားရှိ မြတ်စွာဘုရားရဲ့ဆံတော်စစ်စစ်ကို စေတီများ တည်ထားကိုးကွယ်ခဲ့တဲ့အချိန်မှာ ဝိဇ္ဇာဓိုရ်လုလင်တွေ၊ ဘောဂ၀တီနဂါးပြည်က နဂါးမင်းတွေ၊ကူးလူးသွားလာနေထိုင်ပျော်မြူးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘောဂ၀တီပြည်က နဂါးမလေးတစ်ကောင်က လူ့ဘ၀အသွင်ဖြင့် ပြောင်းလဲပြီး လူ့ပြည်မှာ လာရောက်နေထိုင်ပါတယ်။ ထိုအခါ လုလင်ဝိဇ္ဇာဓိုရ်တစ်ဦးက လူယောင်ဆောင်ထားတဲ့ နဂါးမကို တွေ့ပြီး မြင်မြင်ချင်းချစ်ကြိုက်ကာ စမ်းချောင်းလေးအနီးမှာ အတူတကွ နေထိုင်ပျော်မြူးခဲ့ကြပါတယ်။ အချိန်တွေကြာလာသောအခါ နဂါးမလေးက ပဋိသန္ဓေကိုယ်၀န် ရရှိလာပါတယ်။ ထိုအချိန်မှာ ဝိဇ္ဇာဓိုရ်လုလင်သည် သူ့ရဲ့ကျင့်စဉ်လမ်း တက်လှမ်းနိုင်ရန်အတွက် အခြားခရီးအဝေးတစ်နေရာသို့ မလွဲမသွေ သွားရောက်မည်ဖြစ်သောကြောင့် ချစ်ဇနီးအား ခွင့်ပန်ပြီး ရေတံခွန်စမ်းချောင်းမှ ထွက်ခွာလိုက်ပါတယ်။
လတွေ ၊နှစ်တွေ ကြာလာသောအခါ ဝိဇ္ဇာဓိုရ်လုလင်မှာ ပြန်၍ပေါ်မလာသောအခါ ကိုယ်၀န်အရင့်မာနဲ့တစ်ယောက်တည်း၊ အားငယ်စွာနဲ့ ကျန်ရစ်နေသော နဂါးလေးက မွေးဖွားဖို့နီးကပ်လာခဲ့ပါတယ်။ ထိုအခါ နဂါးမင်းသမီးသည် ဤသို့ အကြံပေါ်ခဲ့ပါတယ်၊ “ဒီသန္ဓေဥကလေး ၂ လုံးကို ဥတစ်လုံးက လူသားဖြစ်ပြီး ကျန်တဲ့တစ်လုံးက နဂါးလေးဖြစ်ပါစေသတည်း”ဟု အဓိဌာန်ပြုပြီး ရေတံခွန်စမ်းချောင်းနံဘေးမှာ မွေးဖွားသန့်စင်ပြီးနောက် မိမိတို့နေထိုင်ရာ ဌာန ဘောဂ၀တီနဂါးပြည်သို့ကြွေကွဲ၀မ်းနည်းစွာဖြင့်ပြန် သွားလိုက်ပါတယ်။ နောက်တစ်နေ့ နံနက်မိုးသောက်သောအချိန်မှာ ရေတံခွန်စမ်းချောင်းအနီးတွင် တရာဓမ္ဓ္ဓ္မပွားများအားထုတ်နေသောအရှင်ရသေ့ကြီးတစ်ပါးက ခလေးငိုသံတစ်ခုကြားလိုက်ရသဖြင့် သွားရောက်ကြည့်ရှူသောအခါ လွန်စွာချစ်စရာကောင်းသော ရင်သွေးစမွေးကင်းစကလေးငယ်လေးကို မြင်တွေ့ရပါတယ်။ရသေ့ကြီးက ၀မ်းသားအားရစွာဖြင့် ကလေးကို ပွေးချီပြီး မိမိတို့နေထိုင်ရာကျောင်းသင်္ကန်းကို ပြန်လာသောအခါ ပုရိသ ယောကျာ်းလေးမဟုတ်ဘဲ လွန်လှပသော ခလေးမိန်းခလေးဖြစ်နေပါတယ်။ထိုအခါရသေ့ကြီးက “လွန်စွာချစ်စရာကောင်းပြီး အဆင်းလှသော သမီးလေးဖြစ်နေသောကြောင့် ငါ့ရဲ့ ကျောင်းသင်္ကန်းနဲ့ မသင့်တော်ချေ။”အဲဒါကြောင့် ရသေ့ကြီးက သားသမီးမထွန်းကားတဲ့ ကရင်ဇနီးမောင်နှံ နှစ်ယောက်ကို သားသမီးအရင်းတစ်ယောက်လို ပြုစုပါရန် ကတိတောင်းပြီး ချစ်စဖွယ်ကောင်းသော သမီးလေးကို ပေးလိုက်ပါတယ်။ကရင်ဇနီးမောင်နှံတို့ကလဲ လွန်စွာလှပသော ချစ်သမီးလေးကုိ “စောနန်းဝေ”ဟု နာမည်ပေးခဲ့ပါတယ်။ထိုအခါ “စောနန်းဝေ”မင်းသမီးလေးသည် တဖြည်းဖြည်းကြီးပြင်းလာပြီး အသက်(၁၆)အရွယ် ရောက်လာခဲ့ပါတယ်။စောနန်းဝေသည် မိမိ၏ဖခင်ဖြစ်သူ အရှင့်ရသေ့ကျောင်းသင်္ကန်းကို နေ့တိုင်းဆွမ်းသစ်သီးတို.ကို ပျက်မကွက် ပို.ဆောင် ကုသိုလ်ပြုခဲ့ပါတယ်။စောနန်းဝေမင်းသမီးသည် လွန်စွာစိတ်ထားကောင်းပြီး ရုပ်ဆင်းသွင် လှပသောကြောင့် လူချစ်လူခင်ပေါများသော မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။တစ်နေ.၌ ခရားသံလျင်မင်းကြီးသည် သူ့ရဲ့ပိုင်နက်မြေ အသီးသီးကို ကြည့်ရှူလှည့်လည်ကာ (ကော့နန်းသာရွာ)ကိုရောက်ပြီး စောနန်းဝေကို တွေ့ဆုံခဲ့ပါတယ်။စောနန်းဝေကို မြင်လိုက်တဲ့အချိန်မှာ ချစ်ခင်နှစ်သက်ပြီး မင်းကြီးတို့၏ ဣနြေ္ဒဂုဏ်သိက္ခာကို မစောင့်စည်းနိုင်တောဘဲ စောနန်းဝေမင်းသမီးကို မိဖုရားတင်မြှောက်ရန် အမိန်.ချလိုက်ပါတယ်။စောနန်းဝေမိဖုရားသည် နန်းတော်သို့ရောက်ရှိလာပြီး ခရားသံလျင်ဘုရားကြီးက စောနန်းဝေမိဖုရားကို တခြားမိဖုရားတွေထက် ပိုပြီး ယုယမူ၊ ဂရုစိုင်မူတွေ ပေးခဲ့ပါတယ်။အချိန်တွေကြာလာသောအခါ တခြားမိဖုရားကြီးတွေက စောနန်းဝေမိဖုရားအပေါ် မနာလို၀န်တိုမူတွေဖြစ်ပြီး မကျေနပ်မူတွေ ဖြစ်ကြပါတယ်။တစ်နေ့တ၌ ခရားသံလျင်မြို့တော်၏ အနီးအနားရှိ မြို့များက ခရားသံလျင်မင်းကြီးကို ပုန်ကန်လာကြပါတယ်။မင်းကြီးသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေသောကြောင့် မင်းကြီးကိုယ်တိုင် စစ်အင်္ဂါလေးပါးနဲ့ ချီတက်ရမဲ့အချိန် ကျရောက်လာခဲ့ပါတယ်။ထိုအချိန်မှာ မင်းကြီးရဲ့ ချစ်လှစွာသော မိဖုရားစောနန်းဝေ မှာ ကိုယ်၀န်အရင့်မာ ရှိနေတဲ့အချိန်ဖြစ်ပါတယ်။မင်းကြီးသည်လည်း စစ်ထွက်ပြီး မိဖုရားကြီးစောနန်းဝေကို တစ်ယောက်တည်းထားခဲ့ပေမဲ့စိတ်မအေးဖွယ်ဖြစ်နေရပါတယ်။ဒါပေမဲ့မင်းကြီးသည် နန်းတော်အတွင်းမှာကျန်ရစ်နေသော မှူးတော်၊အမတ်တော်၊ အထိန်းတော်များ၊တခြားမိဖုရားများကိုလဲ မင်းကြီးမရှိတဲ့အချိန်မှာ ကိုယ်၀န်အရင့်မာနဲ့ကျန်ရစ်နေသာမိဖုရားစောနန်းဝေကို စောင့်ရှောက်ဂရုစိုက်ရန် ကတိသစ္စာ ပြုပြီးတော့မှ မိဖုရားစောနန်းဝေကို နှုတ်ဆက်စကားပြောပြီး စစ်တိုက်ရန် ထွက်သွားလိုက်ပါတယ်။မင်းကြီးစစ်ထွက်ပြီးနောက်ပိုင်း တခြားမိဖုရားကြီးတွေက မိဖုရားစောနန်းဝေ ဒီနန်းတော်ကနေ ထွက်သွားအောင် အကြံဥာဏ်တွေ အချင်းချင်းထုတ်ကြပါတယ် “မိဖုရားစောနန်းဝေ ဒီနန်းတော်ရောက်လာတဲ့နေ့ကစပြီး မင်းကြီးက ငါတို့အဆောင်ကို မကြွလာဘူးဆိုတာ သင်မိဖုရားတို့ သိကြတဲ့အတိုင်းပဲလေ ပြီးတော့ ငါတို့လဲစိတ်ချမ်းမူ မရခဲ့ဘူးလေ အဲဒီတော့ မင်းကြီးမရှိတုန်း တောသူမ စောနန်းဝေကို ဒီနန်းတော်ကြီးကနေ ထွက်သွားရအောင် အချင်းချင်းငါတို့အကြံထုတ်ရမယ်”ခေါင်းဆောင်မိဖုရားက ဆိုပါတယ်။မကြာမှီကာလအချိန်အတွင်း မိဖုရားစောနန်းဝေက ခလေးမွေးဖွားရမဲ့အချိန်ကျရောက်လာပါတယ်။ထိုအခါ တခြားမိဖုရားတွေက အကြံဥာဏ် ယုတ်မာစွာဖြင့် ၀မ်ဆွဲဆရာမကြီးကို ငွေသပြာနှင့်ရတနာများစွာပေးပြီး မိဖုရားစောနန်းဝေရဲ့ သားလေးကို ဖယ်ထားပြီး ခွေးပေါက်စလေးတစ်ကောင် ထားခဲ့ပါတယ်။မိဖုရားစောနန်းဝေရဲ့သားကို အိုးကြီးတစ်လုံးထဲမှာ ထည့်ပြီးမြစ်ထဲကို မျော့ပစ်လိုက်တယ်။မိဖုရားစောနန်းဝေ ဟာ ကိုယ့်ခလေးငိုသံလေးကြားနေရပေမဲ့ ခလေးရဲ့မျက်နှာကို မမြင်လိုက်ရလို့ မျက်ရည်တဖြိ်ုင်ဖြိုင်ကျပြီး ငိုနေရရှာတယ်။နန်းတော်အတွင်းရှိ တခြားမိဖုရားတွေကလဲ လူကနေ ခွေးမွေးတယ်ဆိုပြီး တစ်နန်းတော်လုံး ကြော်ငြာလိုက်ပါတယ်။နောက်ဆုံးတစ်တိုင်းပြည်လုံးထိ သတင်းတွေကျော်ကြားသွားပါတယ်။ပြီးတော့ တခြားမိဖုရားတွေကလဲ အပြစ်တွေ ပြောကြပါတယ်။ မကြာမှီ အချိန်အတွင်းမှာ ခရားသံလျင်မင်းက စစ်ပွဲနိုင်ပြီး နန်းတော်ကို ပြန်လာကာ မိဖုရားစောနန်းဝေ အဆောင်ကို အရင်ဦးဆုံး၀င်လာခဲ့ပါတယ်။ထိုအခါ မင်းကြီးက သူ့ရဲ့ခလေးက လူမဟုတ်ဘဲ ခွေးဖြစ်နေတာသိလိုက်တဲ့အချိန်မှာ သူမယုံပေမဲ့ ဒီသတင်းက နန်းတော်တင်မက တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားပြီးဖြစ်တဲ့အတွက် မိဖုရားစောနန်းဝေကို နန်းတော်နဲ.့မထိုက်တန်ဘူး ဆိုပြီး နောက်ဆုံး နန်းတော်ကနေ နှင်ထုတ်လိုက်ရပါတယ်။မိဖုရားစောနန်းဝေ ဟာ မိမိရဲ့အမိမြေကို ပြန်ပြီး အပြန်လမ်းမှာ မိမိရဲ့ခလေးလေးကို အသံကြားရပြီး မမြင်လိုက်ဘူး အဲဒီစိတ်ရဲ့ အစွဲလမ်းကြောင့်ရင်ကွဲခံစားပြီး သေသွားရပါတယ်။အဲဒီ သားလှရတနာလေးကို တဏှာသံယောဇဉ် စွဲလမ်းမူတို့ကြောင့် ဘ၀ဇာတ်သိမ်းအယူသိမ်းပြီး နတ်စိမ်းဘ၀ ဖြစ်ခဲ့ရပါတယ်။
ရှေ.ဆက်ပြီး မိဖုရားစောနန်းဝေ၏ရင်သွေးလေး အကြောင်းပြောပြပါဦးမယ်။ထိုသို့ စိတ်ထားယုတ်ညံ့သော မိဖုရားကြီးတစ်စုက ကောက်ကျစ်သော စဉ်းလဲမူတို့ကြောင့် စောနန်းဝေ၏သားလေးကို သနားညှာတာမူ မရှိဘဲ အိုးဒုတ်ကြီးတစ်လုံးထဲမှာ ထည့်ပြီး ရေတက်သည့်အတိုင်း ခရားသံလျှင်မြစ်မှ မျောပါလာ၍ ဖားပုတောင်၏ခြေရင်း သံလွင်မြစ်၏ အနောက်ဘက်ကမ်း သဖန်ပင်များ ပေါက်ရာ အရပ်မှာ သဖန်ကိုင်းများနဲ့ ညှိတွယ်ရပ်တည်နေပါတယ်။
တစ်နေ့သော် ငါးများကို ဖမ်းယူရောင်းချစားသောက်နေသော တံငါသည်လင်မယား ထုံးစံအတိုင်း ညနေခင်းအချိန်အခါရောက်ရှိလာပါက ငါးဖမ်းထွက်နေကြပါတယ်။ အဲဒီအချိန်မှာ လွန်စွာထူးဆန်းလှသော သဖန်းကိုင်းနဲ့ညှိတွယ်နေသော အိုးဒုတ်ကြီးတစ်လုံး မြင်မိပါတယ်။အိုးဒုတ်ကြီးအတွင်းမှာ လွန်စွာ ချစ်စဖွယ်ကောင်းသော ခလေးငယ်လေးကို တွေ့မိပြီး ခလေးငယ်ကို ရင်မှာပိုက်ကာ ၀မ်းသာစွာဖြင့် မိမိတို့၏နေအိမ်ကို ပြန်လာခဲ့ပါတယ်။ နေအိမ်တို့ရောက်သောအခါ ခလေးငယ်ကို နွားနို့၊ဆိတ်နို့တို့ ဆောင်ယူတိုက်ကျွေးပြီး သားသမီးအရင်းကဲ့သို့ စောင်ရှောက်ခဲ့ပါတယ်။
ထိုအချိန်ကာလတွင် ဖားပုတောင်၏ တောင်ထိပ်မှာ “မဏ္ဍုဖားမင်းကြီးတစ်ကောင်” နေထိုင်ပါတယ်။ဖားမင်းကြီးသည် နေ့အချိန်မှာ သစ်ရိပ်ဝါးရိပ်နှင့် အေးမြနေသော တောင်ထိပ်ကို အေးချမ်းစွာ အနားယူပြီး ညအချိန်မှာ တောင်ခြေရင်းတွင် မိမိ၏အစာစားများဖြစ်သည့် ပုရစ် အစရှိသော ပို်းကောင်ငယ်လေးများကို စားသောက်ပြီး ပိုက်၀လာပါက မိမိ၏ နေထိုင်ရာ တောင်ထိပ်သို့ ပြန်တက်အနားယူလေ့ရှိပါတယ်။
နေ့စဉ်နေ့တိုင်း ဆောင်ရွက်စရာကိစ္စများကို ဆောင်ရွက်နေစဉ်အတွင်း တစ်နေ့သ၌ စာရှာထွက်ရင်း ဖားပုတောင်ခြေလှိုဏ်ဂူအတွင်း ပုလ္လင်အပေါ်၌ မြကလပ်နှင့်တင်ထားတဲ့ နီရဲ၀င်းမှည့်နေသည့် ပြဒါးရှင်လုံးအား မြင်တွေ့ပြီး ဖားမင်းကြီးက ပတ္တမြားနီကို မိမိ၏ အစာထင်ပြီး မျိုချစားသုံးလိုက်ပါတယ်။
ဖားမင်းကြီးသည် အစာစားသုံးပြီး မိမိနေထိုင်ရာ တောင်ထိပ်သို့ တက်လှမ်းရာ၌ ယခင့်နေများနှင့်မတူ မောပန်းနွယ်နယ်မူမရှိသလောက် ထူးခြားစွာ ခန္ဓာကိုယ်အတွင်း ခံစားနေရပါတယ်လို့ စိတ်ထဲမှာ သန္တာန်များဖြစ်ပေါ်စေခဲ့ပါတယ်။ ဖားမင်းကြီးသည် တစ်နေ့တွင် တောင်ခြေသို့ဆင်းသက်၍ အစာစားစဉ် မမျှော်လင့်ဘဲ ကမ်းပါးအနီးရှိ သဖန်းပင်နဲ့ ညှိတွယ်နေသော အိုးဒုတ်ကြီးမှာ ဘာမှမရှိသောကြောင့် အဲဒီနေ့မှစပြီး ဖားမင်းသည် တောင်ထိပ်တွင် မတက်တော့ဘဲ အိုးဒုတ်ကြီးအတွင်းမှာပဲ နေထိုင်ရန် ဆုံးဖြတ်လိုက်ပါတယ်။
နတ်စိမ်းဘ၀သို့ ရောက်ရှိနေသော မိဖုရားစောနန်းဝေဟာ မိမိရင်သွေးငယ်လေးကို ကယ်တင်စောင့်ရှောက်ရန်အတွက် ဇွဲကပင်တောင်ခြေရေတံခွန်စခန်းတွင် နေထိုင်သော မိမိ၏မောင်တော် နဂါးမင်းသားထံ အကူညီတောင်းရန်အတွက် ထွက်သွားခဲ့ကာရေတံခွန်သို့ရောက်ရှိခဲ့ပါတယ်။ မိဖုရားစောနန်းဝေကတော့ မိမိ၏ အဖြစ်စဉ်အသေးစိတ်ကိုပြန်ပြောပါတယ်။ ထိုအခါ မောင်ဖြစ်သူနဂါးမင်းက စိတ်မကောင်းဖြစ်၍ အစ်မတော်ရဲ့စိတ်တော်မပူပင်အောင် တူမောင်လေးကို စောင့်ရှောက်မည်’ဟု ကတိပေးပြီး ခရားသံလျင်မြစ်ကြောင်းအတိုင်း နဂါးတို့ရဲ့ ဣဒ္ဓိတန်ခိုးဖြင့် လိုက်လံရှာဖွေခဲ့ပါတယ်။မကြာမှီအချိန်တွင်းမှာ နဂါးမင်းက အိုးဒုတ်ကြီးကိုတွေ့ပြီး ၀မ်းသာအားရစွာဖြင့် သွားရောက်ကြည့်ရှူလေရာ အိုးဒုတ်ကြီးထဲမှာ တူတော်ကလေးကို မတွေ့ရဘဲ မထင်မှတ်ဘဲ အိုးဒုတ်ကြီးအတွင်းမှာ ဖားမဲမဲကြီးတစ်ကောင်အားတွေ့ရှိရသဖြင့် ဒေါသမျက်ချောင်းထွက်ပြီး “အသင်ဖားကြီး ဤအိုးဒုတ်ကြီးထဲမှ ကလေးငယ်အား သင်စားလိုက်ပြီး မဟုတ်လား”ဟု စွတ်စွဲလိုက်ပါတယ် ။ဖားမင်းကြီးကလဲ ဤအိုးဒုတ်ကြီးက အလွတ်ကြီးဖြစ်နေပြီး ၀င်ရောက်နေထိုင်ရခြင်းကြောင်း ရှင်းပြသော်လည်း နဂါးကြီးမှ ဒေါသဖြစ်၍ ဖားမင်း၏စကားကို မယုံကြည်တော့ဘဲ ‘ငါ၏ တူလေးကို မင်းစားပြီး ဒီအိုးဒုတ်ကြီးမှာ မင်းဇိမ်ရစ်နေတာပေါ.။အခုတော့ မင်းကိုငါပြန်စားရလိမ့်မယ်”ပြောပြီး ဖားကြီးအား ဖမ်းဆီးရာ ဖားကြီးကလဲ ကြောက်လန့်ပြီး အိုးအတွင်းမှခုန်ထွက်ပြီး၊ အဝေးသို့ကူးခတ်ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ပဲ ဖားကြီးက ပြေးလိုက် နောက်မှ နဂါးကြီးကလိုက်သည့် ခရီးစဉ်တစ်လျှောက်ရော၊ ပြီးတော့ ဖားကြီးခိုအောင်းပုန်းနေသည့်နေရာများ အစွဲပြုပြီး ဖားအမည်ရှိ၊ရွာများ၊မြို.များ ယနေ့အချိန်တိုင် လူတွေက ခေါ်တွင်လျှက်ရှိပါတယ်။
နောက်ဆုံးတော့ ကျောက်ငူအစွန်းထိပ်နေ၇ာတွင် နဂါးကြီးနှင့်ဖားမင်းတို့ နှစ်ဦးမျက်နှာချင်းဆိုင်တွေ့ကြပါတယ်။ထိုအခါ နဂါးကြီးက “အသင်ဖားမင်း၊အခုတော့ဘယ်လိုမျှ ပြေးလို့မရတော့ပါ။ငါ့ရဲ့တူတော်မောင်အားမင်းစားခဲ့ပြီးဟု ငါယုံကြည်တယ်။ယခုမင်းအား ငါ၏အစာဖြစ်စားပါတော့မည်”ဟု ဆိုပြီး ၀မ်းအတွင်းသို.အစာဖြစ် မြိုချလိုက်ပါတော့တယ်။ဖားမင်းကြီးကလဲ နဂါးမင်းကြီး၏ ၀မ်းအတွင်းသို့ရောက်ရှိနေသော်လည်း အသက်ဝိဥာဉ်ဇိဝိန်မှာ ပျက်စီးခြင်းမရှိဘဲ အသက်ရှင်လျှက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ဖားမင်း၏၀မ်းအတွင်းမှာ လွန်ဘုန်းတန်ခိုးရှိသော ဣဒ္ဓိပါဒ် ပြဒါးရှင်လုံးရှိနေသောကြောင့် ဖြစ်ပါတယ်။ဖားမင်းကြီးကလဲ ခိုကိုးရာမဲ့အသက်ရှင်ရန် ကြိုးစားကာ နဂါးကြီး၏ ၀မ်းပိုက်အတွင်း မိမိ၏အားကိုးရာ ခြေနှင့်လက်တိုဖြင့် နဂါးကြီး ၀မ်းပိုက်အား ပြင်းထန်သောအားဖြင့် ကုတ်ခြစ်နေပါတယ်။
နဂါးကြီးကလဲ မိမိ၏ ၀မ်းပိုက်မှာ ဖားမင်းကြီး ကုတ်ခြစ်နေသဖြင့် မခံချိမခံသာလောက်အောင် ဝေဒနာခံစားနေရပါတယ်။နောက်ဆုံးတော့ နဂါးမင်းကဝေဒနာကို မခံစားနိုင်ပဲ ဖားမင်းကို ပျို့အန်ထုတ်ပစ်လိုက်တယ်။ဖားမင်းကြီးကလဲ ကြောက်လန့်တကြားနဲ့ထွက်ပြေးပြီး မိမိ၏ နေရပ်ဖားပုတောင်သို့ ထွက်ပြေးသွားပါတယ်။နဂါကြီးကလဲ ဖားမင်းကြီးကို ရှေ့ဆက်ပြီး မလိုက်နိုင်တော့ပါ။(နဂါးမင်းကြီးက ဖားမင်းကြီးကို အန်ထုတ်ခဲ့တဲ့နေရာက ဖားအံလို့ခေါ်ဝေါ်ကြပါတယ်။အခုဆိုရင် ဘားအံမြို့ပေါ့ဗျ။
မိဖုရားလေးစောနန်းဝေ၏ရင်သွေးသားကလေးအကြောင်း ဆက်၍ ပြဆိုပါဦးမယ်ခင်ဗျား။သားငယ်လေးကို ဖားပုတောင်ခြေအိုးဒုတ်ကြီးအတွင်းမှ တံငါသည် ကရင်လင်မယားတွေ့ရှိပြီး ကျွေးမွေးလာခဲ့သော ခလေးကို အချိန်တွေကြာလာတော့ လူပျိုရွယ်ပေါက်လာတယ်။ မင်းသားလေးသည် လွန်စွာ ဇာတိမာန် သတ္တိစွမ်းပကာ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ထိုအချိန်မှာသံလွင်မြစ်အတွင်းမှာ သွားလာနေသော နဂါးကြီးတစ်ကောင်ကို လူတွေ ထိတ်လန့်နေကြတယ်။မင်းသားလေးသည် ဒီနဂါးကြီးက လူတွေကို ဒုက္ခပေးနေသောကြောင့် ဒီနဂါးကြီးကိုတော့ ငါသတ်တော့မည်ဟု ဆုံးဖြတ်ကာနဂါးကြီးလာမည့်လမ်းကို စောင့်မျှော်နေစဉ်အတွင်း မိခင်အရင်းဖြစ်သော စောနန်းဝေနတ်သမီးကမိမိ၏သားတော်သည် သူ၏ မောင်တော်ဖြစ်သော နဂါးကြီးကို သတ်ရမဲ့အရေးကို သိရှိသွားအခါ သားတော်ကို တားမြစ်ပါတယ်။”အသင်မင်းသား၊ဒီနဂါးကြီးဟာ သားတော်ရဲ့ဦးရီးတော်အစစ်အမှန်ဖြစ်ပါတယ်။သားတော်လေးရဲ့ ဦးရီးတော်နဂါးကြီးကို ဧကန်ပြစ်မှားရင် သတ်မိပါက သစ္စာ ဖောက်ပြား၍ အကုသိုလ်ကြီး ဖြစ်ကာ နဂါးကြီး၏သွေးစက်များ သားတော်လေးအပေါ် ကျရောက်ထိမှန်ပါက ချစ်သားလေးသည် ဧကန်မုချ မနုဿ လူသားစစ်စစ်မှ နဂါးအဖြစ်လာပါလိမ့်မယ်”ဟု သားတော်ကို ပြောပါတယ်။ မင်းသားလေးသည် မိဖုရားစောနန်းဝေရဲ့စကားကို မယုံကြည်ပဲ နဂါးကြီးသွားလေရာ လမ်းခရီးအတိုင်း ခြုံကွယ်လေးမှာ အဆင့်သင့် စောင့်ဆိုင်းနေလေရာ နဂါးကြီးသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လာခဲ့လေရာ မင်းသားလေးနဲ့ နီးကပ်လာသောအခါ မင်းသားလေးသည် နဂါးကြီးအား မကြောက်မရွံ့ပဲ ပြင်းထန်သော အားမာန်ဖြင့် နဂါးကြီးကို ခုတ်ဖြတ်ပြီး နဂါးကြီးသည် ခေါင်းနဲ့တခြားစီဖြစ်ကာ သွေးများပန်းထွက်ယိုစီးလေရာ မင်းသားလေး၏ တစ်ကိုယ်လုံး၌ နဂါးကြီး ၏သွေးများလိမ့်ကျမိသောအခါ မင်းသားလေးမှာ လူသားစင်စစ်မှ နဂါးဖြစ်သွားရှာတယ် ။နဂါးကြီးသည် အယူသိမ်းပြီး နတ်စိမ်းဖြစ်သွားပါတယ်။ အစ်မကြီး စောနန်းဝေနှင့်အတူတူနေကြတော့တယ် ။နတ်မောင်နှမနှစ်ယောက်တို့က မိမိတို့နေထိုင်ရာ ဇွဲကပင်တောင်ခြေရေတံခွန်စမ်းချောင်းကို ပြန်လာခဲ့ပါတယ်။
ဇာတ်သိမ်းကတော့ စောနန်းဝေရဲ.အဖေ ဝိဇ္ဇာဓိုရ်ယောကျာ်းက ဇွဲကပင်တောင်သို့ ပြန်လည်ရောက်ရှိလာတော့မယ်။ထိုအခါ ဝိဇ္ဖာဓိုရ်တစ်ယောက် မိမိနှင့်ပေါင်းဖက်နေထိုင်ဖူးသော ချစ်ဇနီးနဂါးမကို ပြန်လည်သတိရနေပါတယ်။ဝိဇ္ဇာဓိုရ်လုလင်သည် အကြောင်းစုံကို ဆင်ခြင်ကြည့်လိုက်တော့ သားတော် သမီးတော်များ ရရှိခဲ့ပြီးသော်၊ သားတော် သမီးတော်တွေက ကံမကောင်းအကျိုးမလှသောကြောင့် အသီးသီးနတ်စိမ်းတွေ ဖြစ်နေပါတယ်လို့ သိလိုက်ရသောအခါ မိမိ၏သားတော်၊သမီးတော်တို့ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ သားတော် သမီးတော်တွေ တွေ့ရတာ ၀မ်းသာပေမဲ့ သားသမီးတွေရဲ့ အဖြစ်အပျက်တွေကို စိတ်မကောင်းပြီး မျက်ရည်တဖြိုင်ဖြိုင်ကျပါတယ်။ စောနန်းဝေ နတ်မောင်နှမတို့ကလဲ ဘားအံကျောက်ငူအစွန်းမှာ ဘုရားတည်ထားကိုးကွယ်ရန် ဖခင်းကြီးကိုလျှောက်ထားပြောဆိုကြပါတယ်။ဖခင်းကြီးကလဲ သားနှင့်သမီး၏အကုသိုလ်ကောင်းမူပြုနိုင်ရန်အတွက် အနောက်မဇ္စိုမတိုင်းဌာနမှ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ပင့်ဆောင်ပေးခဲ့ပါတယ်။
စောနန်းဝေမောင်နှမတို့ကလဲ ဖခင်ကြီးပင့်ဆောင်လာသောမဇ္စိုမ ဒေသတိုင်းမှ ဓာတ်တော်များကိုလည်း ရွှေ၊ငွေ၊ကျောက်သံပတ္တမြား၊ပုလဲရတနာတို့ဖြင့် ခြံရံကာ စောနန်းဝေမောင်နှမတို့က ဌာပနာပူဇော်ပြီး အဲဒီစေတီကို “မျှော်တော်မူဘုရား”စေတီလို့ခေါ်ပါတယ်။ယခုတော့ “ရွှေယဉ်မျှော်”လို့ ပြောင်းလဲခေါ်ကြပါတယ်။.......သိထားသလောက်ရေးထားပါတယ် မပြည့်စုံသေးရင် ခွင့်လွှတ်ပေးပါခင်ဗျား..လေးစားစွာဖြင့် ကျေးဇူးတင်လျက် ...စာရေးသူ (Myint Myat)

22/01/2021
28/12/2020
22/12/2020

#ရေခဲရွာလေးးးး

08/12/2020

အရင် နှစ်တွေတုန်းက ဒီအချိန်ဆိုခရီးသွားဖို့ပြင်ဆင်နေကြပြီနော်😁

အေးးပြီးးး ဆောင်းးအငွေ့ မြူခိုးးတွေဝေတဲ့မြို့လေးတွေကို ဒိုးးဖို့အစီ အစဥ်စွဲနေကြပြီ..ဒီနှစ်တော့ဗျာ 😭😭

15/11/2020
 #အရင်နှစ်တွေက ဒီအချိန်ဆိုပုံမှန် ဘယ်သွားကြမယ်ဆိုပြီးးး တော့ တွေးးနေကြ ရွေးးနေကြပြီနော်💥💥   #ခရီးတွေသွားးချင်ကြပေမဲ့  #က...
13/11/2020

#အရင်နှစ်တွေက ဒီအချိန်ဆိုပုံမှန် ဘယ်သွားကြမယ်ဆိုပြီးးး တော့
တွေးးနေကြ ရွေးးနေကြပြီနော်💥💥

#ခရီးတွေသွားးချင်ကြပေမဲ့
#ကပ်ရောဂါဆိုးကြီးကြောင့် မွန်းကြပ်မှုတွေနဲ့ ရှင်သန်နေကြရတာ တစ်နှစ်ပြည့်တော့မယ် 😩😩

တို့လဲ မိတ်ဆွေများနဲ့အတူ ခရီးတွေအများကြီးသွားချင်သေးတယ်ဗျာ 🌹🌹

#မြန်မာတစ်နိုင်ငံလုံးးရဲ့နေရာဒေသအစုံ ခရီးစဥ်တွေကို ဆွဲထားပြီးသားဖြစ်လို့ 🌷🌷

ဆောင်းရနံ့တွေသင်းတဲ့ ရာသီမှာ ပထမဆုံး ဘယ်ဒေသကိုသွားချင်ကြလည်းဆိုတာလေးး

#မန့်ခဲ့ကြပါအုံးးဗျာ_အတူတူဒိုးးကြမယ် 😍😍

Family Travel & Tours

မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်🖌🖋🖍🖌🖋🖍🖌🖋🖍မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်မှာ မုံရွာမြို့တောင်ဖက် ၆ မိုင်အကွာရှိ မိုးညှင်းတောရတွင် ...
13/11/2020

မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်
🖌🖋🖍🖌🖋🖍🖌🖋🖍

မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်မှာ မုံရွာမြို့တောင်ဖက် ၆ မိုင်အကွာရှိ မိုးညှင်းတောရတွင် တည်ရှိပါသည်။ သမ္ဗုဒ္ဓေစေတီတော်ကြီးကို ကျေးဇူးရှင် မိုးညှင်းဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃ဝ၁ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်နေ့ မှစတင်၍ မုံရွာမြို့နယ်ရှိ မြေနဲ၊ အောင်သာ၊ ဆည်ကြီး၊ မင်ရွာတို့အလယ်ရှိ ၃၇ ဧကကျယ်ဝန်းသေမိုးညှင်းတောရတိုက်က်တော်ကြီးအတွင်း၌ တည်ဆောက်လာခဲ့ရာ ၁၃၁၄ ခုနှစ်၊ တပေါင်းလဆုတ်၊ ၃ ရက်နေ့တွင် လုံးဝပြီးစီးအောင်မြင်ခဲ့လေသည်။

မိုးညှင်းဆရာတော်ကြီးသည် လူအပေါင်းတို့ အန္တရာယ်ကင်းဝေးစေရန် ပွင့်တော်မူလေပြီးသော ဘုရားရှင် ၅၁၂၀၂၈ ဆူတို့ကို ရည်မှန်း၍ ဘုရားရုပ်တုတော်ပေါင်း အညီအမျှကျိန်းဝပ်တော်မူနိုင်စေရန် လိုဏ်စေတီတော်ကြီးကိုပါ တည်ဆောက်ခဲ့ပါသည်။ ဒါယကာအများ၏ စေတနာဖြင့် ရုပ်ပွား ဆင်းတုတော်များကို တပုံစံတည်းထုလုပ်စေ၍ လိုဏ်တွင်းနံရံတိုက်ခန်း နှင့် မျက်နှာကျက်များတွင် ရုပ်ပွားတော်များ ကျိန်းဝပ်တော် မူစေလေသည်။ ယင်းစေတီ တည်ဆောက်ရာ၌ ဆရာတော်ဘုရားသည် မည်သည့်အင်ဂျင်နီယာများ၏ အကူအညီကိုမျှ မယူဘဲ မိမိစိတ်ကူးနှင့်ပင် ကြံစည်ရသမျှ ထင်မြင်လာသည့်အတိုင်း တိုက်ကြပ် ဘုန်းတော်ကြီး ဦးနာရဒနှင့် ပန်းရန်ဆရာဟန်ကြီးတို့အား မည်သို့မည်ပုံမည်သည့်နည်း စသည့် နည်းလမ်းစံနစ်ပုံစံများကို စာနှင့်တစ်ဖုံ၊ နှုတ်နှင့်တစ်မျိုး၊ ရှင်းလင်းပြသကာ တည်ဆောက်လာရာ ငွေပေါင်း ၁၁ သိန်းကျော်မျှကုန်ကျခဲ့သည်။ စေတီတော် တည်ဆောက်ဆဲ ဒုတိယကမ္ဘာစစ် အတွင်းဂျပန်ခေတ်နှင့် ကြုံကြိုက်နေသော်လည်း စေတီတော်ကြီး၏ တန်ခိုးတော်၊ ဆရာတော်ဘုရားကြီး၏ မေတ္တာတော်တို့ကြောင့် ထုံး၊ သံထည်ပစ္စည်းများ၊ ဘိလတ်မြေ၊ ဆေးဘူးများကို အခက်အခဲမရှိ အလွယ်တကူ ရရှိသဖြင့်ပန်းရန်အဖွဲ့ပေါင်း ၄ဝကျော် ၅ဝမျှနှင့် အဆက်မပြတ်လုပ်ကိုင်လာနိုင်ခဲ့သည်။

ကျောင်းတိုက်အနီးရှိ မြေကွက်များတွင် အုတ်ဖိုပေါင်း ၂ဝဝ ကျော်မျှရှိခဲ့ရာ အုတ်များလည်း အဆက်မပြတ် ရရှိခဲ့လေသည်။ သမ္ဗုဒ္ဓေစေတီတော်၏ ပုံတော်သည် အခြား မည်သည့်စေတီတော်များနှင့်မျှ ပုံသဏ္ဌာန်မတူဘဲ တစ်မူထူးခြား၍ ထူးကဲအံ့ဩဖွယ် ကောင်းလှပေသည်။

ဂန္ဓကုဋီတိုက်တော်ကြီး၏ အထက်စေတီတော်ကို လည်း စေတီရံအများ ရံလျက် တည်တော်မူလေသည်။ စေတီတော်ကြီး၏ ဖိနပ်တော်မှာ စတုရန်းဖြစ်၍ အလျား ၁၁၁ တောင်နှင့် အနံ ၁၁၁ တောင်စီရှိပြီး အလယ်ဗဟိုတွင် ဉာဏ်တော် ၈၈ တောင်ရှိ ရွှေရောင်ဝင်းသော သမ္ဗုဒ္ဓေမဏ္ဍိုင်စေတီတော်ကိုတည်ထားသည်။

စေတီတော်၏ တစ်ဖက်တွင် အလျား ၁၁၁တောင်၊ အနံ ၅၂ တောင်၊ အမြင့်ဉာဏ်တော် ၃၆ တောင်ရှိ အာရုံခံတန်ဆောင်းကြီးတစ်ခုရှိသည်။ ယင်းနှင့်စပ်၍ အလျား ၅၇ တောင် ၊အနံ ၅၂တောင်နှင့် အမြင့် ၃၆ တောင်ရှိသော စောင်းတန်းတစ်ခုရှိသည်။ စေတီတော်ကို သမ္ဗုဒ္ဓေကပ်ကျော်စေတီတော် ဟူ၍ဘွဲ့တော်သမုတ်လေသည်။ မိုးညှင်းတောရမှာ အင်းဝမိုးညှင်းမင်း လက်ထက်က စည်းခုံစေတီတော်နှင့် ရွှေကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းခဲ့ရာ ဌာနဖြစ်လေသည်။

သမ္ဗုဒ္ဓေစေတီဘက်၌ စေတီတော်ကြီးငယ်ပေါင်း ၄၇၁ ဆူနှင့် စောင်းတန်းတော် အာရုံခံဘက်၌ ၃၉၃ ဆူရှိရာ စေတီတော်ကြီးကို အဝေးကနေဖူးလျှင် စေတီရံပေါင်း ၈၆၄ ဆူနှင့်တကွ အလွန်ပနံရသော သမ္ဗုဒ္ဓေစေတီတော်ကြီးကို စောင်းတန်း၊ အာရုံခံကြီးများနှင့်အတူ ထင်းထင်းကြီး တွေ့မြင်ရသည်။ စေတီကြီး၏ဘေးပတ်လည်တွင် တံခွန်တိုင် ၂ဝ၊ တိရတနာပါဒ သုံးဆူ၊ နရသီဟ လေးစီး၊ မနုသီဟ လေးစီး၊ သမုဒ်ပုလ္လင် ၁၄လုံး၊ ခြင်္သေ့ ၁၄စီးရှိသည်။ ဓာတ်တော်တည်ရာဌာနပေါင်း ၁၄၈၆ ဌာနတို့၌ မြတ်စွာဘုရားဓါတ်တော် ၃၇၄၄၆ နှင့် ရဟန္တာဓါတ်တော် ၆၅၈၈၈တို့ကိုလည်း ဌာပနာ ထားလေသည်။ စေတီတော် ပတ်ဝန်းကျင်တွင် ၄၇ ပေခွဲမြင့်သော တံခွန်တိုင်၊ တိရတနပါသာဒ ပြသာဒ်၊ အရုဏ်ခံစောင်းတန်း၊ ဣစ္ဆာသယပန်းစေတီ၊ အဘယစေတီ၊ ဆဒ္ဒန်ရေကန်၊ အာလိန် ငါးဆင့် စူဠာမဏိစေတီ၊ မုစလိန္ဒာရေကန်၊ ဓမ္မာရုံစသည်တို့ကိုလည်း တည်ထားခဲ့လေသည်။

သမ္ဗုဒ္ဓေဘုရားပေါင်း ရေတွက်ပုံမှာ စိတ်ဖြင့် ဘုရားဆုပန်သော ၇-သင်္ချေတွင် ဘုရားပေါင်း ၃၈၇၀၀၀နှင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွင် ပါရမီဖြည့်သော ဘုရားပေါင်း ၂၈ ဆူအားဖြင့် စုစုပေါင်း ၅၁၂၀၂၈ ဆူဖြစ်လေသည်။ စေတီတော်ကြီး၏အတွင်း၌ အပြင်ထပ်၊ အလယ်ထပ်၊ အတွင်းထပ်ဟူ၍ အထပ်သုံးထပ်ရှိ၍ လူပရိတ်သတ်ထောင်ပေါင်းများစွာဆံ့အောင် ရှိခိုးနေထိုင်နိုင်ကြသည်။ တိုက်ခန်းနံရံတွင် ၃ လက်မ၊ ၄ လက်မ၊ ၆ လက်မ၊ ၉ လက်မ၊ ၁ ပေ စသည်ဖြင့် ရုပ်ပွားငယ်ပေါင်း များစွာတို့မှာလည်း အောက်ခြေမှစ၍ အထက်ထိ အတန်းလိုက် အတန်းလိုက် ညီညီညာညာ၊ အကန့်အကန့် ဆင့်ကာဆင့်ကာ ကိန်းဝပ်စမ္ပယ်တော်မူလျှက်ရှိကြရာ ဘုရားဖူးများသည် ဖူး၍မကုန်နိုင်အောင် အောက်ခြေကလည်း ဘုရား၊ အထက်ကလည်း ဘုရား၊ မျက်နှာမူရာမှာလည်း ဘုရား၊ နောက်ကလည်း ဘုရား၊ ဘေးနှစ်ဖက်ကလည်း ဘုရား၊ ဘုရားပေါင်းမြောက်မြားစွာကိုဖူးမြင်ကြရပေသည်။

သမ္ပုဒ္ဓေစေတီတော်နှင့် စောင်းတန်းအာရုံခံတို့၏ အပြင်ဘက်မျက်နှာပတ်လည်တွင် ဖရဲသီး၊ ပိန္နဲသီး၊ သရက်သီး၊ သင်္ဘောသီး၊ ငှက်ပျောခိုင်ကြီး၊ အုန်းခိုင်ကြီး၊ ထန်းသီးခိုင်ကြီး စသည့်သစ်သီးကြီးငယ် တို့၏သဏ္ဌာန်ကို အစစ်ကဲ့သို့ အင်္ဂတေဖြင့် ပန်းရံဆရာတို့ လက်စွမ်းပြပြုလုပ်ထားသည်မှာ ချီးမွမ်းဖွယ်ပင် ဖြစ်သည်။ ထိုသစ်သီးကြီးငယ်တို့ကို အမြဲထာဝရ ဆွမ်းတော်တင်ထားသည့်အလား တွေ့ရသည်။

ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်းတွင် ကျင်းပသည်။ မြသပိတ်မည်းဖြင့် ဘုရားဒါယကာရွေးကာ ဆွမ်းတော်ကြီးတင်ပွဲ၊ တရားပွဲ၊ သံဃာတော် တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများဖြင့် တန်ဆောင်းမုန်းလပြည့် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လေ့ရှိသည်။

Crd

ဓမ္မရံကြီးဘုရားသမိုင်းအကြောင်း🙏🙏🙏ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ်အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့နရသူ နဲ့...
13/11/2020

ဓမ္မရံကြီးဘုရားသမိုင်းအကြောင်း🙏🙏🙏

ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ်
အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့
နရသူ နဲ့ နရသူ၏ကောင်းမှုတော် ဓမ္မရံကြီးဘုရား

နရသူသည် ထီးနန်းရယူလို၍
ခမည်းတော် အလောင်းစည်သူမင်းကြီးအား
ရွှေဂူကြီးဘုရားအတွင်း ခေါင်းအုံးဖြင့်ဖိသတ်ခဲ့လေသည်။
အလောင်းစည်သူမင်းနတ်ရွာစံသော် နောင်တော် မင်းရှင်စောသည် မင်းပြုအံ့ဟုဆိုကာ ပုဂံပြည်သို့ချီလာလေသည်။ ထိုအခါ နရသူက ပံ့သကူမထေရ်မြတ်ကို လျှောက်လေသည်။'' အရှင်ဘုရား နောင်တော်မင်းရှင်စောသည် ခမည်းတော်မရှိသောအကြောင်းကို ကြားတော်မူလျှင် ရေအား၊ကြည်အား၊ ဖြင့်ချီလာတော်မူလေပြီ ကြာသော်ပြည်ထဲအရေး ဖြစ်လေပြီ၊
ကျွန်တော်မျိုးရှိသောကြောင့်ဓားတစ်စင်း၊မြင်းတစ်စီးဖြင့်သာ
ကြွတော်မူ၍ကျွန်တော်မျိုးကိုယ်တိုင်နောင်တော် ရောက်လျှင် နောင်တော့်ဓားကိုထမ်းပြီး နန်းတင်ပါမည်''ဟု
သစ္စာကြီးစွာပြုလေသည်။

ပံ့သကူမထေရ်မြတ်သည်
''ငါ ခေါ်၍ ရောက်သောအခါ မင်းမမြှောက်လျှင် ငါ အပြစ်ဖြစ်အံ့ ထို့ကြောင့် သင့်ကို ငါမယုံ'' ဟု မိန့်တော်မူခဲ့သော်လည်း နရသူ၏ သစ္စာ စကားကို ယုံပြီး မင်းရှင်စောကို ဖျောင်းဖြလေသည်။ မင်းရှင်စောလည်း မထေရ်မြတ်စကားကို ယုံပြီး ပံသကူမထေရ်မြတ်နှင့်အတူ နန်းတော်သို့လိုက်လေသည်။ လက်ပံဆိပ်သို့ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ဆင်း၍ နောင်တော်ဓားကိုထမ်းပြီး နန်းတင်လေသည်။
ဘိသိက်သွန်းပြီး ထိုညတွင် စားတော်၌ ဆေးခတ်သောကြောင့် မင်းရှင်စော အနိစ္စ ရောက်လေသည်။

မင်းရှင်စော အနိစ္စရောက်သော် နရသူ နန်းတက်လေသည်။နရသူ ဆေးခတ်၍ အနိစ္စ ရောက်ကြောင်း ပံသကူမထေရ်မြတ် ကြားလျှင် နန်းတော်သို့သွား၍ မင်းဆိုး၊မင်းညစ်၊ နင်ကား သံသရာ၀ယ် ခံရအံ့သောမကောင်းမူကိုမကြောက်၊
ဤစည်းစိမ်ကိုရလျှင် နင်၏ခန္ဓာကိုယ်သည်မအို၊မသေပြီဟူ၍
မှတ်သည်လော၊လောကတွင်နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ ဟူ၍ မိန့်တော်မူလေသည်။
နရသူလည်း '' အရှင်မြတ်တို့ထံ သစ္စာခံသည့်အတိုင်း နန်းတက်ပါသည် '' ဟုပြန်လည် လျှောက်တင်လေသည်။
ပံ့သကူမထေရ်မြတ်လည်း ''လူ့ပြည်တွင်
နင့်ထက် ဆိုးရွား ညစ်ညမ်းသော
သူ မရှိ ''ဟုမိန့်တော်မူပြီးသိန်းခိုကျွန်းသို့ကြွလေသည်။

နရသူသည်ရက်စက်ကြမ်းကြုတ်သောမင်း ဖြစ်လေသည်။
မှူးမတ်၊တို့အပေါင်းလည်း ကြောက်ရွံ့ကုန်လေသည်။
သန်စွမ်းသော ရဟန်းပျိုတို့ကို လူထွက်စေပြီး စစ်ထဲ၀င်ခိုင်းလေသည်။ အချို့သော ရဟန်းတို့လည်း ကြောက်ရွံသဖြင့် သိန်းခိုကျွန်းသို့
ကြွလေကုန်လေသည်။ နရသူသည် မင်းဖြစ်သွားပြီး နောက် ရက်စက် ကြမ်းကြုတ် စွာအုပ်ချုပ်ရင်း(1170)တွင် ကောင်းမူတော်ဖြစ်သော ဓမ္မရံကြီးကို တည်ခဲ့လေသည်။
သူတည်သော ဘုရားသည်ပုဂံတွင် အထုအထည်အကြီးမားဆုံး ဖြစ်စေခြင်သော ဆန္ဒဖြင့် နရသူကိုယ်တိုင် ကြပ်မတ်စစ်ဆေးသည် လူပေါင်းများစွာ၊ပန်းရံဆရာပေါင်း များစွာကိုစတေးပြီး
ဘုရားတည်ခဲ့လေသည်။ နရသူမင်းသည် အုတ်တချပ်နှင့်တချပ်ကြားအပ်နှင့်ထိုးကြည့်၍
အပ်တစ်ချောင်း အုတ်ထဲ၀င်လျှင် ထိုနေရာ တာ၀န်ယူသော ပန်းရံဆရာကို သတ်ပစ်လေသည်။တချို့ ကမူ ပန်းရံ ဆရာကိုခေါ်၍လက်ဖြတ်လေသည်ဟုဆိုသည် ပန်းရံဆရာတို့မည်မျှလက်ဖြတ်ခံခဲရသည်ကိုအောက်ခံကျောက်တုံးကသက်သေပြနေသည်ဟု ဆိုခဲ့ကြသော်လည်း ပညာရှင်များကမူ မျက်နှာပြင်ကြက်ခြေခတ်ပါ ကျောက်တုံးသည် ပန်းရံဆရာများကို လက်ဖြတ်သည့် ကျောက်တုံးမဟုတ်ဘဲ တံခါးတပ်ရာတွင် သံကွင်းအား ချုပ်ကာ နံရံအတွင်း မြှပ်ရန် တံခါးကွင်း ချုပ်ကျောက် သာဖြစ်သည်ဟုဆိုကြသည်။

ဘုရား၏အနောက်ဘက်တွင် ဖခင်အလောင်းစည်သူမင်းနှင့်အကိုမင်းရှင်စောတို့အား ထီးနန်းရယူလို၍သတ်ခဲ့ခြင်းအပေါ်နောင်တရ၍ မိမိအကုသိုလ်ကျေစေရန်ရည်ရွယ်ချက်လားမသိ ပလ္လင်တခုထဲပေါ်ဘုရားနှစ်ဆူယှဉ်၍ ပူဇော်ထားခဲ့ပါသည်။
အုတ်ညီမညီ ၊ အုတ်ကျက်မကျက်၊ အုတ်ကောင်းမကောင်း
အုတ်ကို အထူးအလေးထား ရွေးချယ်ရသဖြင့် လုပ်ငန်းခွင်ကြန့်ကြာမှုရှိလာပြီး အလုပ်တာ၀န် ပေါ့လျော့လျှင် အပြစ်ပေးခံသည့် အတွက် ပန်းရံဆရာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရသဖြင့် (၃) နှစ်ကြာသော်လည်း ဘုရားကြီးမပြီးနိုင်ဘဲရှိခဲ့လေသည်။

နရသူသည် ဖခင်အလောင်းစည်သူမင်းအား ဆက်သသည့် ပဋိက္ခရားမင်းသမီးကိုလည်း သိမ်းပိုက်ခဲ့လေသည်။နရသူသည် အခင်းကြီးသွားပြီး သန့်သက်ရေ မသုံးသဖြင့် ရွံရှာ၍
မင်းသမီးက မခစားသည့်အခါ ကွက်မျက်ခဲ့သည်။
ထိုအကြောင်းကိုပဋိက္ခရားမင်းသမီး၏ ခမည်းတော် မင်းကြီး ကြားသော် ကုလားသူရဲကောင်း ရှစ်ယောက် ကို ''ငါ့သမီးတော်ကို သတ်သောမင်း ရှိရာ ပုဏ္ဏားအယောင်အဆောင်၍ သွားပြီး
နင်တို့သတ်ချေ၊ ထိုမင်းသေလျှင် နင်တို့ ကိုယ်ကို သန်လျက်နှင့်ထိုး၍ သေကြလေ၊ နင်တို့ သား၊မယားတို့ကို သုံးစွဲမကုန်သော စည်းစိမ်ကို ပေးမည်" ဟု ဆိုပြီးလွှတ်၍ နရသူအား လုပ်ကြံစေသည်။ကုလားတို့သတ်၍လွန်လေသော် နောင်တွင် ကုလားကျမင်းဟု အမည်တွင်လေသည်။

ဓမ္မရံကြီးသည်မပြီးသေးခင်ပင် နရသူနတ်ရွာစံသဖြင့် ဆောက်လုပ်ဆဲဘုရားကြီးကို လည်း တန်းလန်းထားပစ်ခဲ့ပြီး ဘွဲ့တော်မမှည့်ရသေးဟု ဆိုသည်။ (ကုလားတို့လုပ်ကြံ၍ ဓါးမရံမိ၍သေသည်ကိုအစွဲပြု၍ ဓါးမရံမိသည်ကို နှောင်းလူတို့က ဓမ္မရံ ဟူ၍သော်လည်းကောင်း
ဓမ္မရံသီ ဆိုသော ပါဋ္ဌိစကားမှဆင်းသက်လာသည်ဟူ၍လည်းကောင်း
ဘုရား၏ အနောက်ဘက်အနီးတွင် ဓမ္မရံသီအရှင်သူမြတ်သီတင်းသုံးနေထိုင်သည်ကို အစွဲပြု၍လည်းကောင်း ) နှောင်းလူတို့လက်ထက်၌ ဓမ္မရံကြီးဘုရားဟုအမည်တွင်လေသည်။
ဓမ္မရံကြီးဘုရားတွင် ထူးထူးခြားခြား တခုကတော့
ဘုရားအတွင်းတွင်လှိုင်ပတ်လမ်းနှစ်လမ်းရှိသော်လည်း
အတွင်းလှိုင်ပတ်လမ်းကို အဘယ်ကြောင့်ပိတ်ခဲ့သနည်းဆိုသည်ကား ယနေ့အချိန်ထိ မည်သူမျှ မသိနိုင်ဘဲ
ရှိနေပါတော့သည်

စာသား & ဓာတ်ပုံ -credit💝

22/10/2020

#ခရီးသွားရာသီလေးးး

အရင်ကဆို ဒီအချိန် ဘယ်တွေ သွားကြမလဲဆိုပြီး နေရာတွေ ရွေးးနေကြပြီ...

2021 မှာတော့ ခရီးတွေ သွားချင်ပါရဲ့ 😉2021... Myanmar Calendar တော့ လာပါပြီ 😊😊ဘယ်ကိုသွားကြမှာလဲ ?ရုံးပိတ်ရက် ဆက်တိုက်လေးတွ...
14/10/2020

2021 မှာတော့ ခရီးတွေ သွားချင်ပါရဲ့ 😉

2021... Myanmar Calendar တော့ လာပါပြီ 😊😊

ဘယ်ကိုသွားကြမှာလဲ ?

ရုံးပိတ်ရက် ဆက်တိုက်လေးတွေကတော့
January- (Dec-31),1,2,3,4 (5 days)
February- 12,13,14 (Valentine day ရုံးပိတ်ပြီလေ)
March- 26,27,28,29 (4 days)
April- 13,14,15,16,17,18,19 (7 days)
May- April 30-1-2 (3 days)
June- 0 (ဒိုင်စားပါတယ်)
July- 17,18,19 & 23-24-25 (3 days)
August- 0 (ဒိုင်စားပါတယ်)
September- 0 (ဒိုင်စားပါတယ်)
October- 19,20,21 (3 days)
November- 17,18 (2 days) and 27,28,29 (3 days)
December- 24,25,26 (3 days)

: Photos

ရွှေဂူကြီးဘုရားဆိုတာနဲ့ ဝမ်းနည်းစရာ အဖြစ်ပျက်လေးတစ်ခုကို လူတိုင်းသိကြမယ်ထင်ပါတယ်အလောင်းစည်သူမင်းကြီးကို သားတော်နရသူ က ရွ...
03/10/2020

ရွှေဂူကြီးဘုရားဆိုတာနဲ့ ဝမ်းနည်းစရာ အဖြစ်ပျက်လေးတစ်ခုကို လူတိုင်းသိကြမယ်ထင်ပါတယ်

အလောင်းစည်သူမင်းကြီးကို သားတော်နရသူ က ရွှေဂူကြီးဘုရားတွင် စီရင် ခဲ့သည်ကို လူအများသိကြပေမဲ့ အမှန်တကယ်ရက်စက်ခဲ့သည်လား၊ အိပ်ရာဝင်ပုံပြင်ဆန်ဆန် ရာဇဝင်ကို လက်ဆင့်ကမ်းပြောကြသည်လားဆိုတာ သမိုင်းပညာရှင်တွေကိုယ်တိုင် ဝေခွဲမရဖြစ်နေပါတယ်။

ရွှေဂူကြီးဘုရားသည် ​အမြင့် ၁၂ပေ ရှိ အုတ်ခုံထက်၌ တည်ထားသော ကွမ်းတောင်ပေါက်ဂူဘူရားဖြစ်ပြီး အာရုံခံကိုမြောက်ဘက် သို့လှည့်ထားသည်။ အုတ်ခုံအမြှင့်မှာ ၁၂ပေ ရှိသည်။ အလောင်းစည်သူမင်း၏ ကုသိုလ်တော်ဖြစ်၏။ အုတ်ခုံထက်သို့တက်ရန်လှေကားနှင့် ဂူဘုရားထက်သို့ တက်ရန် လှေကားတို့အား အနောက် မြောက်ထောင့်၌ ထားရှိသည်။
အလောင်းစည်သူမင်းသည် နန်းတက်လာပြီးနောက် ရဟန်းသံဃာတော်တို့နှင့် ညှိ့နှိုင်းတိုင်ပင်လျှက် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းရှိ ဂန္ဓကုဋိတိုက်ပုံစံကို အတုယူကာ နန်းဦးစေတီအဖြစ် တည်ခဲ့သည်ဟုဆိုသည်။ကျောက်စာမှတ်တမ်းအရ ရွှေဂူကြီးဘုရားကို မေ ၁၇ ၊ ၁၁၃၁ ခုနှစ် တွင် စတင်တည်ခဲ့ပြီး ၇လ အကြာ ဒီဇင်ဘာလ ၁၇၊ ၁၁၃၁ ခုနှစ်တွင် ပြီးစီးခဲ့သည်ဆို၏။
မူလထိုးပါဠိကျောက်စာ နှစ်ချပ်ကို ရွှေဂူကြီးဘုရား နံရံမြုပ်ထားသည်။ အရှေ့ဘက်ကျေ ာက် စာမှာ စာကြောင်းရေ ၄၅ ကြောင်း အနောက်ဘက်ကျောက်စာမှာ ၄၇ ကြောင်းရှိသည်။ ကျောက်စာများမှာ ပါဠိကဗျာ ပိုဒ်ရေ ၁၀၀ ကိုရေးဖွဲ့ထားပြီး အလောင်းစည်သူမင်းကြီးက မြေမှ ပေါက်လာသကဲ့သို့ တင့်တယ် သပ်ပါယျသော ဤဂန္ဓကုဋိတိုက်ဖြစ်သော ရွှေဂူကို တည်ထားကြောင်း ဖော်ပြရေးထိုးထား၏။ ကျောက်စာပါ အလောင်းစည်သူမင်း၏ ဘွဲ့အမည်မှာ _သီရိတိဘုဝနာ ဒိတျပဝရဓမ္မရာဇာ ဖြစ်သည်။
ရွှေဂူကြီးဘုရားနှင့်ပက်သက်၍ အလောင်းစည်သူမင်းကြီးအား သားတော်နရသူက ဘုရားအတွင်း၌ အဝတ်ပုဆိုးတို့ဖြင့် ဖိ၍စီရင်ခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် တွေ့ရှိရပါသည်။ နရသူမှာ အလောင်းစည်သူမင်းနှင့် မိဖုရားရတနာပုံတို့မှ ဖွားမြင်သူဖြစ်သည်။ နရသူမင်းသည် ဒေါသအမျက်ကြီးသူဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တတ်ကြောင်း ရာဇဝင်ကျမ်းများက ဖော်ပြကြသည်။ သီဟိုဠ် (သီရိလက်ာ)သားတို့၏ လုပ်ကြံမှုကြောင့် အနိစ္စရောက်ခဲ့ရကြောင်း အဆိုရှိသည်။

လေ့လာကြည်ညိုဖွယ်ရာများ

ရွှေဂူကြီးဘုရားအတွင်း လေ့လာကြည်ညိုဖွယ်ရာများ များပြားလှပါသည်။ လိုဏ်အတွင်းအလယ်မဏ္ဍိုင်လေးမျက်နှာ၌ ဗုဒ္ဓရုပ်ပွားတော် လေးဆူရှိသည်။ ဂူဘုရားကြီး၏ အုတ်ခံပတ်လည်၌မူ မူလက အုတ်ခံအဂ်တေဖြင့် ပြုလုပ်ထားသော နတ်ရုပ်များရှိပါသည်။ ယခုတောင် မျက်နှာစိန်တန်းတွင် အချို့လေ့လာတွေ့ရှိနိုင်သေး၏။ဘုရားအပေါ်ဘက် ပစ္စယာစိန်တန်း နှင့်မှန်ကူကွက် များ ၊ဘုရားအခြေပတ်လည် မှန်ကူကွက် များတွင်မူ အစိမ်းရောင်စဥ့်ချပ်များကပ်ထားပါသည်။ ထို့ပြင် အာရုံခံမုခ်တို့၌ ခြေတစ်ဖက်တင်တစ်ဖက်ချ ဒွာရပါလနတ်ရုပ်များကို လေ့လာနိုင်ကြပါသည်။
တိုက် မ နံရံထက်ရှိ နံရံဆေးရေးပန်းချီများမှာ ထုံးသုတ်လိုက်သဖြင့် မှေးမှိန်းသွားပါသည်။ အာရုံခံအနောက်တောင်ထောင့်၌ ဘုရင့်နောင်မင်းရေးထိုးသည့် စာကြောင်းအရ ၁၁ ကြောင်းပါ ကျောက်စာတစ်ချပ်ကို တွေရှိရ၏။ ကျောက်စာတွင် " ဘဝရှင်မင်းတရားကြီးနောင်တော်မင်းဖြစ်တော်မူလျှင် တိုင်း နိုင်ငံတွင်ဖြစ်သရွေ့သော ကျောင်း၊ တန်ဆောင်း၊ အမွေသံဃာရံကို လွှတ်တော်မူသည်။ ကင်းဆိပ်လည်း အစဥ်အတိုင်းကိုသာဆောက်စေသည်။ သည်အတိုင်းကလွန်၍ ကောက်သူတို့သည် ဘုရားမြတ်စွာသာသနာကိုလည်း ဖျက်သည်၊ ပြည်သူ ရဟန်းတို့ကိုလည်း ဖျက်သည်မည်၏။ ဟူ၍ ဖော်ပြပါရှိ၏။ ဂူဘုရားတိုက် မ အကူး မုခ် တို့တွင် ဘုရင့်နောင်လက်ထက် လက်ရာသစ်သားတံခါး အစိတ်အပိုင်း တချို့ကျန်ရှိနေပါသေးသည်။

Credit :Moe Moe Bagan Taxi

01/10/2020

မဝယ်ကြနဲ့နော်

" ⛔အထူးသတိထားဖို့ ⛔ "
------------------------------------------

COVID-19 ဗိုင်းရပ်စ်
ကူးစက်ခံရမှု ရှိမရှိ စစ်တဲ့ စက် Test kit တွေဟာ
တောင်ကိုးရီးယားကနေ အစိုးရ ဆီကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။

အခုအွန်လိုင်းမှာ
တစ်ခုကို နှစ်သောင်းနဲ့ ဆိုပြီး ရောင်းလာတာကို တွေ့ရပါတယ်။

အဲ့ဒီ အွန်လိုင်း ‌က ရောင်းနေတဲ့ စက်တွေဟာ အစိုးရ က တောင်ကိုးရီးယားဆီက ဝယ်ထားတဲ့ စက်တွေ မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ဖြစ်ပြီး FDA အတည်မပြုထားတဲ့ အောက်လမ်းက ဝင်လာတဲ့ စက်တွေ ဖြစ်ပါတယ်။

အဖြေမှန်ကန် မှု ကို အတည်မပြုနိုင်တာကြောင့်
ဝယ်ယူအသုံးပြုဖို့ မလုပ်ကြဖို့ သတိပေးအပ်ပါတယ်နော်။

နောက်တစ်ခုက ပိုအန္တရာယ်များပါတယ်။

Covid-19 Vaccine ဆိုပြီး COVID-19 ကာကွယ်ဆေး ဆိုပြီး အွန်လိုင်း ဈေးကွက်မှာ ရောင်းလာတာကို တွေ့ရပါတယ်။

ဒီဆေးတွေဟာလည်း တရုတ်နိုင်ငံထုတ် တရားမဝင် ဆေးတွေ ဖြစ်ပါတယ်။

အခုလက်ရှိအထိ COVID-19 နဲ့ ပတ်သက်ပြီး ကာကွယ်/ကုသ ဆေးဟာ စမ်းသပ် နေဆဲ အဆင့်ဖြစ်ပြီး WHO ရဲ့ အသိအမှတ်ပြု တရားဝင် ဆေး မပေါ်သေးတာ အားလုံးအသိပါ။

အဲ့ဒီ လို ရောင်းချနေမှု‌ တွေ နဲ့ ပတ်သက်ပြီး
Covid-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လုပ်သင့်လုပ်ထိုက်တာ လုပ်နေပါပြီ။

အဲ့ဒီတော့
ကြောက်တာလည်း ကြောက်ပါ........

အသိတရား နဲ့ ယှဉ်ပြီး ကြောက်ပါ။

ဉာဏ်ပညာနဲ့ ယှဉ်ပြီး စိုးရိမ်ပါ။

တစ်နိုင်ငံလုံး ၊ တစ်ကမ္ဘာလုံး
စိုးရိမ်ကြောက်လန့် နေမှုကို အသုံးချပြီး
စီးပွားရှာတဲ့ သူတွေကိုလည်း တကယ် စိက်ပျက်မိတယ်............

---------------
#မင်းရသ

01/10/2020
 ြီးပျောက်ကွယ်သွားတဲ့တနေ့ အတူတူတခေါက်လောက်တော့အရောက်သွားကြမယ် 💪🏻💪🏻
21/09/2020

ြီးပျောက်ကွယ်သွားတဲ့တနေ့ အတူတူတခေါက်လောက်တော့အရောက်သွားကြမယ် 💪🏻💪🏻

17/09/2020
😢😒😪 #ချယ်ရီပက်ဗလစ်နိုင်ငံရဲ့ရွာလေးတရွာက ကလေးရုပ်ထုလေးတွေရဲ့ ကြေကွဲဖွယ်ဇာတ်ကြောင်း          ဥရောပတိုက်က ချယ်ရီပက်ဗလစ်နိုင...
28/08/2020

😢😒😪
#ချယ်ရီပက်ဗလစ်နိုင်ငံရဲ့ရွာ
လေးတရွာက ကလေးရုပ်ထုလေးတွေရဲ့ ကြေကွဲဖွယ်ဇာတ်ကြောင်း
ဥရောပတိုက်က ချယ်ရီပက်ဗလစ်နိုင်ငံရဲ့
အနောက်မြောက်ပိုင်းမှာရှိတဲ့ Lidice ဆိုတဲ့
ရွာလေးမှာကလေးငယ်(၈၂)ဦးရဲ့ရုပ်ထုကိုတွေ့နိုင်မှာပါ။အသက်(၂)နှစ်ကနေ ဆယ်ကျော်သက်
အရွယ်တွေအထိ ပါဝင်တဲ့ အဲ့ဒီရုပ်ထုတွေမှာ
ယောကျာ်းလေးရုပ်ထု(၄၀)နှင့်မိန်းကလေး
ရုပ်ထု(၄၂)ခုပါဝင်ပါတယ် ဒီရုပ်ထုတွေကို
ဘာအတွက်ထုလုပ်ထားလဲဆိုတဲ့ အကြောင်းက
အတော်ဝမ်းနည်းကြေကွဲဖွယ် ကောင်းလွန်းနေပါတယ်
ဒီရုပ်ထုတွေထဲမှာပါတဲ့ ကလေးငယ်(၈၂)ဦး
စလုံးဟာ နာဇီဂျာမဏီတွေရဲ့ အဆိပ်ငွေ့နဲ့
သတ်ဖြတ်ခြင်းကို ခံခဲ့ရသူတွေပါတဲ့။၁၉၄၂
ခုနှစ်က သူတို့ကို Lidice ရွာလေးကနေ ဖမ်းခေါ်
သွားပြီးပိုလန်နိုင်ငံက Chelmo မြို့မှာရှိတဲ့
နာမည်ကျော် Chelmo Extermination
Camp မှာသတ်ဖြတ်ခံခဲ့ရတာပါ။(Chelmo
စခန်းဟာ နာဇီဂျာမဏီတွေရဲ့အဆိပ်ငွေ့သုံး
လူသတ်စခန်းတွေအနက် ပထမဆုံးစခန်းလည်း
ဖြစ်ပါတယ်။
၁၉၄၂ခုနစ်မှာဘိုဟီးမီးယန်းနဲ့ပိုရာမီယာ
ဒေသတွေရဲ့ အုပ်ချုပ်သူနာဇီအရာရှိKeinhard
Heydrich လုပ်ကြံခံရအပြီးမှာ ဟစ်တလာက
(ထိုစဉ်က)ချက်ကိုဆလိုဗက်ကီးယားဒေသတွင်း
မှာရှိတဲ့ လုပ်ကြံသူကိုဝှက်ပေးထားတယ်လို့
သတင်းရတဲ့ရွာတွေအားလုံးကို အပြစ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။သူ့အမိန့်အရ ဒေသတွင်းက
ရွာတွေအားလုံးမှာရှိတဲ့ အမျိုးသားတွေအကုန်
အသတ်ခံရပြီး အမျိုးသမီးတွေဟာလည်း
သုံ့ပန်းစခန်းတွေကိုအပို့ ခံရပါတယ်။ဒါ့အပြင်
ကလေးငယ်တွေကိုလည်း စုဝေးစေပြီး
တချို့အာယန်လူမျိုး(မဟာဂျာမဏီလူမျိုး)
ရုပ်ဆင်တူတဲ့ ကလေးတွေဟာ ဂျာမန်လူမျိုးကြီး
ဝါဒသွပ်သွင်းခံရဖို့ ရွေးချယ်ခံရပြီး ကျန်တဲ့
ကလေးတွေအားလုံးကတော့ အသတ်ခံခဲ့ရပါတယ်။
Lidice ရွာကမိသားစုတစုရဲ့ သားတယောက်ဟာ နာဇီဂျာမဏီကို တော်လှန်နေတဲ့
ချက်တော်လှန်ရေး တပ်ထဲမှာရှိနေတာကြောင့်
နာဇီတွေက Lidice ရွာကို တခြားရွာတွေထက်
ပိုပြီးအငြိုးတကြီးဖျက်ဆီးခဲ့ပါတယ် ရွာမှာ
ရှိတဲ့အရွယ်ရောက်ပြီး အမျိုးသား ၁၇၃ ဦးစလုံး
သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၁၈၄ ဦးစလုံး
ဟာလည်း သုံ့ပန်းစခန်းအတွက် ဖမ်းဆီးခံခဲ့
ရပါတယ် ကလေးငယ် ၈၈ ဦးထဲက ၆ ဦးကို
ရွေးချယ်ခဲ့ပြီး ကျန်တဲ့ ၈၂ ဦးကိုလည်းအဆိပ်ငွေ့နဲ့
သတ်ဖြတ်ခဲ့တာပါ။
အခုတွေ့မြင်ရတဲ့ကလေးငယ်တွေရဲ့
ရုပ်ထုတွေကိုတော့ ၁၉၆၉ ခုနှစ်မှာ ချက်လူမျိုး
ရုပ်ထုပညာရှင် အမျိုးသမီးMarie Uchytilova-
Kucova ၁၉၈၉ ခုနှစ်မှာ Marie မမျှော်လင့်ဘဲ
ကွယ်လွန်သွားခဲ့ပေမဲ့ သူမရဲ့အမျိုးသားဖြစ်သူ
J.V Hampl ကဆက်လက်ထုလုပ်ခဲ့ပြီး
၂၀၀၀ ပြည့်နှစ်ကျမှသာ ကလေးငယ် ၄၂ ဦး
စလုံးရဲ့ ရုပ်ထုအားလုံးကို ထုလုပ်ပြီးစီးခဲ့တာ
ဖြစ်တယ်လို့သိရပါတယ်။
#မူရင်းကို ေးပါတယ်
ဲ့အတွက်စာရိုက်ပြီးတင်ပေးလိုက်ပါတယ်နော်ကအားလုံးကိုဖတ်စေချင်တဲ့ဆန္ဒနဲ့ပါ။

Address

No. 2, 1st Floor, 166th Street, Tamwe
Yangon
11181

Telephone

+959795858547

Website

Alerts

Be the first to know and let us send you an email when Cele Family Travel & Tours Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies


Other Travel Companies in Yangon

Show All