29/05/2023
ဆဒ္ဒန်ဂူ (Hpa-An)
ဆဒ္ဒန်လိုဏ်ဂူက ဇွဲကပင်တောင်တန်းရဲ့တောင်ဘက်အဆုံးမှာရှိပါတယ်... ဘုရားဟောဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္တုထဲကလို ဧက ၂၀ လောက်ကျယ်တဲ့ အင်းအိုင်ကြီးရယ် သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တွေ ရှိတဲ့အတွက်ကြောင့်မို့ ဆဒ္ဒန်ဂူလို့ ခေါ်စမှတ်ပြု
ကြတယ်လို့ ပြောပါတယ်။
ဆဒ္ဒန်ဂူကိုရောက်ရင် ဒီနေရာလေးတွေကို သွားဖြစ်အောင်သွားခဲ့ကြနော်........
၁။ ကျောက်သွေးတွင်း
၂။ ကြယ်လိုအရောင်တောက်နေတဲ့ ဂူအတွင်းက စိန်တောင်ကြီး
၃။ ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်ကို မုဆိုးကြီးဖြတ်ယူခဲ့တုန်းက လွှပုံသဏ္ဍာန်ဖြစ်နေတဲ့ သဘာဝကျောက်တောင်ကြီး
၄။ မုဆိုးမြားပေါက်
၅။ သမီးတော်စံမြန်းသောဂူ
၆။ ဆဒ္ဒန်ဆင်မင်းရဲ့ အူခွေလို့ဖြစ်နေတဲ့ ကျောက်အူခွေ
၇။ စပါးကျီတောင်
၈။ ကျောက်ကမ်းပါးယံ
၉။ ကျောက်ရိုးပုံတိုင်
၁၀၊ မုဆိုးကြီးရဲ့ခမောက်ပုံသဏ္ဍာန်ရှိနေတဲ့ မုဆိုးခမောက်
၁၁။ အသွားကြွေကျထားသလို ကျောက်ဆိုင်ခဲတွေ စိုက်ဝင်နေတဲ့နေရာ
၁၂။ ဆင်တိုင်
၁၃။ ဂူဝလွှမ်းစေတီ
၁၄။ ဧက ၂၀ ခန့်ကျယ်တဲ့ ဘေးမဲ့ရေအိုင်ကြီး
၁၅။ ဆင်ဟိုင်းဂူ
၁၆။ ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက်္ခဏာတောင်တို့ကို လှမ်းမြင်နိုင်တဲ့ တွန်ထွန့်ဖန်ခေါ်ရေကျော်ကန်
၁၇။ လက်ရေးစင်း ၂၂ မျိုးပါဝင်နေတဲ့ အုတ်ချပ်များ
၁၈။ ကျောက်ကမ်းပါးမှ ကျောက်ကပ်အုတ်ခွက်ဘုရားများ
၁၉။ ဂူအတွင်းက ပေ ၁၀၀ ခန့်ရှိတဲ့ ကိုးတောင်ပြည့် ရှေးဟောင်းစေတီတောင်
၂၀။ ဆဒ္ဒန်ဂူကျောင်းမှာရှိတဲ့ ရှေးဟောင်းရုပ်ပွားတော်
၂၁။ တိုက်ကျောင်းကြ်ီးအပေါ်မှာရှိတဲ့ ရှေးဟောင်းဘီရိုနှစ်လုံး
၂၂။ ရှေးဟောင်းလျောင်းတော်မူဘုရား
၂၃။ ကျောက်ကမ်းပါးဂူခြေရဲ့ တစ်ဖက်မှာ ၄၅ဒီဂရီလောက်စောင်းနေတဲ့ ထူးဆန်းတဲ့ ကျောက်တုံးကြီး တို့ပဲဖြစ်ပါတယ်။
ln lnfinity
Credit to Myanmar.Travel