Foreigner Visa Extension Services

Foreigner Visa Extension Services Visa Extension, FRC, Form C Services in Yangon, Myanmar.

Passport PV ရှိရုံနဲ့ ဗီဇာလျှောက်စရာမလိုဘဲအလည်အပတ် သွားရောက်လို့ရတယ်နော ။
31/05/2023

Passport PV ရှိရုံနဲ့ ဗီဇာလျှောက်စရာမလိုဘဲ
အလည်အပတ် သွားရောက်လို့ရတယ်နော ။

နိုင်ငံခြားသားများကို လက်ခံထားတဲ့အိမ်ရှင်များအနေနဲ့ သိထားသင့်ပါတယ် ။
26/05/2023

နိုင်ငံခြားသားများကို လက်ခံထားတဲ့အိမ်ရှင်များ
အနေနဲ့ သိထားသင့်ပါတယ် ။

ယနေ့ စတင်ဖွင်လှစ်ပြီဖြစ်သော Passport ရုံးတွင်ဖြည့်ရမည့်ဖောင်ပုံစံ။Online booking တင်ရန် နည်းစနစ်သစ်။
25/02/2023

ယနေ့ စတင်ဖွင်လှစ်ပြီဖြစ်သော Passport ရုံးတွင်
ဖြည့်ရမည့်ဖောင်ပုံစံ။
Online booking တင်ရန် နည်းစနစ်သစ်။

မြန်မာနိုင်ငံကူးလက်မှတ် Passport Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းဆိုင်ရာ ကြေငြာချက်~~~~~~~~~~~~~~~~~~~~~~~...
22/02/2023

မြန်မာနိုင်ငံကူးလက်မှတ် Passport
Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းဆိုင်ရာ ကြေငြာချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်များလျှောက်ထားမှု အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ဦးဆောင်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်လိုသူများ များပြားလာပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူ များပြားလာသဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် လူထူထပ်စွာ တိုးကြိတ်လျှောက်ထားမှုကြောင့် လျှောက်ထားသူများ အချိန်ကြာမြင့်စွာတန်းစီရခြင်း၊ ကိုဗစ်ရောဂါကူးစက်နိုင်ခြင်း စသည့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၃။ သို့ဖြစ်၍ ၂၁-၃-၂၀၂၂ ရက်နေ့မှစ၍ www.passport.gov.mm website တွင် Online Booking စနစ်ဖြင့် ရုံးဖွင့်ရက် ၀၉:၀၀ ချိန်တွင် QR Code ဖြင့် ရက်ချိန်းရယူစေပြီး သတ်မှတ်ထားသည့် နေ့ရက်/အချိန်တို့တွင် လာရောက်လျှောက်ထားရန် စီစဉ်ဆောင်ရွက်ခဲ့ရာ လုံခြုံရေး၊ ကျန်းမာရေးအတွက် စနစ်တကျရှိခဲ့ပါသည်။

၄။ သို့သော် QR Code ဖြင့်ရက်ချိန်းရယူရာတွင် အချို့ပြည်သူများသည် Online Booking မတင်တတ်ခြင်း၊ ၀၉:၀၀ အချိန် စနစ်စတင်ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အဆပေါင်းများစွာသော ရက်ချိန်းရယူသူများမှ တစ်နေ့စာခွင့်ပြုနိုင်သည့် သတ်မှတ်လူဦးရေအရေအတွက်ထက် များစွာကျော်လွန် ကြိုးစားရယူကြရာတွင် လိုင်းကျပ်ခြင်း၊ မကျွမ်းကျင်ခြင်း၊ သည်းခံနိုင်စွမ်းမရှိခြင်းတို့ကြောင့် ပွဲစားများကိုအပ်နှံခြင်း၊ Online ပေါ်ရှိ ပွဲစားကြေညာ များကို အားကိုးခြင်းတို့ကြောင့် လိမ်လည်သူများ၊ QR Code အတုပြုလုပ်သူများ၊ အခမဲ့ QR ရယူနိုင်သည့်အတွက် ကိုယ်ရေးအချက်အလက် အမှားများဖြင့် လူဦးရေများစွာ QR Code လျှောက်ထားပြီး ရုံးသို့လာရောက်ခြင်းမရှိသူများနှင့် ကြုံတွေ့ပြီး ပြည်သူများအနေဖြင့် မလိုလားအပ်သော ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပါသည်။

၅။ ယင်းပြဿနာများပြေလည်စေရန်အတွက် Online Booking စနစ်သစ်တွင် ပြည်သူတစ်ရပ်လုံး နေ့စဉ်/အချိန်မရွေး ကိုယ်တိုင်လျှောက်ထားနိုင်သည့်စနစ်၊ Online မှ ငွေပေးချေနိုင်သည့် စနစ်ကို ပြင်ဆင်ဆောင်ရွက်သွားရခြင်း ဖြစ်ပါသည်။

၆။ ယခုစနစ်သစ်အား ရှင်းလင်းလွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ရာတွင် ချက်ခြင်းဖြည့်သွင်းရန် အခက်အခဲရှိပါက ကိုယ်ရေးအချက်အလက်(၁)ကိုသာလျင် ချက်ခြင်းဖြည့်သွင်းရန်လိုအပ်ပြီး ကျန်အချက်များအား ကိုယ်ရေးအချက်အလက်ပုံစံကို Download ဆွဲယူ၍ လက်ရေး(သို့မဟုတ်)ကွန်ပျူတာစီပြီး ရက်ချိန်းပေးသည့်ရက်တွင် ကိုယ်တိုင်ယူဆောင်လာနိုင်ပါသည်။ (Download ဆွဲယူနိုင်ရန်အတွက် သီးခြားဖော်ပြထား ပါသည်။)

၇။ စနစ်ဟောင်းတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ဘဏ်ငွေသွင်းချိန်များကို လျှော့ချနိုင်ရန်အတွက် ယခုစနစ်သစ်တွင် Online မှ တစ်ပါတည်းငွေသွင်းနိုင်ရန် စီစဉ်ထားရှိပါသည်။ ကျသင့်ငွေပေးသွင်းပြီးမှသာလျှင် ရက်ချိန်းရရှိနိုင်မည်ဖြစ်သည့်အတွက် ပွဲစားများ၊ မသက်ဆိုင်သူများမှ အရေအတွက်များပြားစွာ လျှောက်ထားမှုများကို လျော့နည်းပပျောက်စေမည် ဖြစ်ပါသည်။

၈။ ယခုစနစ်သစ်တွင် ကိုယ်တိုင်လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားခြင်းဖြစ်၍ ပွဲစားများ၊ အကျိုးဆောင်ကုမ္ပဏီများ၊ အကျိုးဆောင်များ၊ အကျင့်ပျက်ဝန်ထမ်းများအား ငွေပေး၍ဆောင်ရွက်ခြင်းကို စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည် ဖြစ်သည့်အပြင် Black list စာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်၍ နောင်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်မည် မဟုတ်တော့ပါ။

၉။ ငွေပေးသွင်းမှုစနစ်အနေဖြင့် ယခုအချိန်တွင် KBZPay နှင့် MPU ဘဏ်ကတ်များဖြင့်သာ ပေးသွင်းရန် စီစဉ်ထားသော်လည်း မကြာမီအချိန်တွင်းမှာပင် အခြား Payment စနစ်များဖြင့် ပေးသွင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၀။ ယခု Online Booking စနစ်တွင် ငွေပေးသွင်းပြီးပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မည်သည့်ငွေကြေးမှ ပေးဆောင်ရန် မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ထမ်းများမှ ငွေကြေးတောင်းခံလာပါက ရုံးတွင်ဖော်ပြထားသည့် တိုင်ကြားရန်ဖုန်းနံပါတ်များဖြင့် အမြန်ဆုံး တိုင်ကြားနိုင်မည်ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၁။ ပြည်ပသို့အချိန်မီသွားရောက်ရမည့်သူများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များဖြင့် နိုင်ငံကူးလက်မှတ် အမြန်ရရှိရေး Green Channel ဖြင့် လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပါသည်။

Green Channel ဖြင့် လျှောက်ထားခြင်းအတွက် လမ်းညွှန်ချက်

၁။ Green Channel သည် အရေးကြီး/ အရေးပေါ်ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။

၂။ Green Channel ဖြင့် လျှောက်ထားရာတွင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့် သူများအနေဖြင့် အချက်အလက် ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုး ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ စာဖြင့် ကြိုတင်လျှောက်ထားပြီးပါက Online Appointment ပြုလုပ်ခြင်းဖြင့် ရက်ချိန်းရယူရန် မလိုအပ်ဘဲ Green Channel အဖြစ် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။ ဥက္ကဋ္ဌရုံးသို့ ထောက်ခံတင်ပြပေးရမည့် ဝန်ကြီးဌာနများအနေဖြင့် မိမိသွားရောက်မည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများဖြစ်ပြီး ဥပမာ- MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/ သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ ပညာသင်ကိစ္စများအတွက် လုပ်ငန်း ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။

၄။ ဥက္ကဋ္ဌရုံးမှ ယင်းထောက်ခံချက်နှင့်အတူ စိစစ်ခွင့်ပြုချက်များကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ ကြိုတင်စာရင်းပေးသွင်းထားမည် ဖြစ်ပါသည်။ Online Appointment စနစ်မှ ရုံးသို့လာရောက်ရမည့်ရက်ချိန်းကို ထုတ်ပေးမည်မဟုတ်ဘဲ ဥက္ကဋ္ဌရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး(ရန်ကုန်)သို့ အမြန်ဆုံးစိစစ်ပေးပို့သွားမည်ဖြစ်၍ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် ဆက်သွယ်ဆောင်ရွက် သွားရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ဥက္ကဋ္ဌရုံး၊ ဖုံးနံပါတ် ၀၉-၂၆၁၀၀၂၃၉၃၊ ၀၉-၄၂၀၇၂၅၂၀၂၊ ၀၆၇-၃၄၁၂၈၃၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Online Booking ပြုလုပ်ခြင်းလမ်းညွှန်

၁။ ပုံမှန်ရက်ချိန်းရယူသူများမှ Online Appointment ပြုလုပ်ခြင်းခလုတ် (သို့မဟုတ်) အရေးကြီး/ အရေးပေါ်ကိစ္စရပ်များအတွက် ဝန်ကြီးဌာနထောက်ခံစာဖြင့် လျှောက်ထားသူများမှ Green Channel ဖြင့် လျှောက်ထားခြင်း (ဝန်ကြီးဌာနများမှတဆင့် လျှောက်ထားသူများသာ) ခလုတ်ကို နှိပ်၍ စနစ်အတွင်း ဝင်ရောက်ပါ။

၂။ မိမိနှင့်အတူ နိုင်ငံကူးလက်မှတ် ပူးတွဲလျှောက်ထားလိုသည့် လူဦးရေကို ရွေးချယ်ပါ။ လျှောက်ထားသူအားလုံးအတွက် ငွေလက်ခံနှင့် ရက်ချိန်းအတည်ပြုချက် လက်ခံရယူမည့် Email အား ဖြည့်သွင်း၍ Continue ခလုတ်ကို နှိပ်ပါ။

၃။ ကိုယ်ရေးအချက်အလက်(၁)ရှိ အချက်အလက်များအားလုံးကို ဖြည့်သွင်းပါ။ ကိုယ်ရေး အချက်အလက်(၂)နှင့် မိသားစုဝင်နှင့် ညီအစ်ကိုမောင်နှများ၏ အချက်အလက်များကိုလည်း Online မှ တစ်ပါတည်းဖြည့်သွင်း လျှောက်ထားနိုင်သကဲ့သို့ အခက်အခဲရှိပါက ယင်း အချက်အလက်များကို နိုင်ငံကူးလက်မှတ်လျှောက်လွှာဖောင်တွင် လက်ရေးဖြင့် ရေးဖြည့်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

၄။ တစ်ဦးထက်ပိုသော လျှောက်ထားသူများမှ လျှောက်ထားသူတစ်ဦးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးလျှင် အချက်အလက်ဖြည့်စွက်ပြီးသည့် လျှောက်ထားသူအား စာရင်းသွင်းရန် Add to List ခလုတ်ကို နှိပ်ပါ။ ထို့နောက် အခြားလျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်ဖြည့်သွင်းပါ။

၅။ လျှောက်ထားသူအားလုံးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးမှသာ မျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ Review and Submit ခလုတ်ကိုနှိပ်ပါ။ တစ်ဦးချင်းစီစစ်ဆေးပြီး မှန်ကန်လျှင် 'အချက်အလက်များစစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်' စာသားရှေ့တွင် အမှန် ခြစ်ပါ။ ကွဲလွဲချက်ရှိနေပါက Edit ခလုတ်ကို နှိပ်၍ ကွဲလွဲသည့်အချက်အလက်ကို ပြင်ဆင်ပါ။ အားလုံးမှန်ကန်ပါက Submit Form ကို နှိပ်ပါ။

၆။ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီးပါက ငွေပေးသွင်းရပါမည်။ ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ပါသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ရပါမည်။ ပေးချေရာတွင် လျှောက်ထားသူတစ်ဦးချင်းစီ၏ Invoice No. ကို ရွေးချယ်၍ ငွေပေးချေမည့်စနစ်ကို ရွေးချယ်ပေးချေနိုင်ပါသည်။ လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးအတွက် ၇၅၀၀၀ ကျပ်တို့ ပေးသွင်း ရပါမည်။ သက်တမ်းတိုး လျှောက်ထားသူများအနေဖြင့် မိမိလက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် စာအုပ်သည် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေပါက ဌာနမှ ပျက်စီးစာအုပ်အဖြစ် သတ်မှတ်မည်ဖြစ်သည့်အတွက် ၇၅၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းထားရန်လိုအပ်ပြီး ၃၅၀၀၀ ကျပ် နှုန်းဖြင့်သာ ပေးသွင်းထားပါက ရုံးတွင်းရောက်ချိန် ကျန်ဒဏ်ကြေးငွေ ၄၀၀၀၀ ကျပ်ကို ထပ်မံပေးသွင်းရန် အခက်အခဲ ကြုံတွေ့နိုင်ပါသည်။

၇။ ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား စနစ်မှအလိုအလျောက် သတ်မှတ်ပေးပါမည်။ Green Channel ဖြင့် လျှောက်ထားသူများအတွက်ကိုမူ စနစ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား ထုတ်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရုံးသို့လာရောက်ရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်သည်။

www.passport.gov.mm
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

မြန်မာ နိုင်ငံကူးလက်မှတ်လျှောက်ထားရန် Online Booking ပြုလုပ်ခြင်း လမ်းညွှန်ပတ်စပို့စ်ရုံးသို့ သွားရောက်၍ လျှောက်ထားလိုလျ...
10/12/2022

မြန်မာ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်
Online Booking ပြုလုပ်ခြင်း လမ်းညွှန်

ပတ်စပို့စ်ရုံးသို့ သွားရောက်၍ လျှောက်ထားလိုလျှင် _
၁) Online Booking စာရွက်
၂) မှတ်ပုံတင် မှုရင်း/မိတ္တူ
၃) အိမ်ထောင်စုဇယား မှုရင်း/မိတ္တူ
၄) ဘဏ်ငွေသွင်းရန် ပိုက်ဆံ ယူလာပါရန်။

မှတ်ချက် ။ ။ ပတ်စပို့စာအုပ် အဟောင်းရှိသူများက
စာအုပ်အဟောင်းပါ ယူလာခဲ့ပါရန်။

🎉 ပြည်ပနိုင်ငံများကို အလုပ်ဖြင့်ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ သွားရောက်ကြမယ့်သူများအားလုံး အဆင်ပြေကြပါစေ 🎉 😊

နိုင်ငံကူးလက်မှတ် Passport စာအုပ် လျှောက်ထားရန် Online Booking ပြုလုပ်ခြင်း လမ်းညွှန်
08/12/2022

နိုင်ငံကူးလက်မှတ် Passport စာအုပ် လျှောက်ထားရန်
Online Booking ပြုလုပ်ခြင်း လမ်းညွှန်

ရင်းနှီးမြှုပ်နှံမှုနှင့်ညွှန်ကြားမှုဦးစီးဌာနနိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေ...
16/09/2022

ရင်းနှီးမြှုပ်နှံမှုနှင့်ညွှန်ကြားမှုဦးစီးဌာန
နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်
ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေညာချက်

Directorate of Investment and Company Administration Announcement for Recommendation of Foreigners Visa Extension

E- visa လျှောက်ထားခြင်းမပြုမီ အောက်ပါအချက်များ လိုအပ်မည်ဖြစ်ပါသည်။1. သင်၏ နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး (၆) လ ရ...
24/08/2022

E- visa လျှောက်ထားခြင်းမပြုမီ အောက်ပါအချက်များ လိုအပ်မည်ဖြစ်ပါသည်။

1. သင်၏ နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး (၆) လ ရှိရမည်။

2. ပြီးခဲ့သော (3)လအတွင်း ရိုက်ယူထားသော ရောင်စုံဓာတ်ပုံ (4.6 cm X 3.8 cm) တစ်ခု အပ်လုဒ်လုပ်ရပါမည်။

3. မှတ်ပုံတင်ထားသော ကုမ္ပဏီမှ သင့်ထံသို့ ဖိတ်ကြားလွှာ။

4. ဖိတ်ခေါ်ထားသော ကုမ္ပဏီမှတ်ပုံတင်ခြင်း။
o Incorporation လက်မှတ် (ပြည်တွင်းကုမ္ပဏီအတွက်) သို့မဟုတ် ဘဏ်ခွဲရုံး (နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီအတွက်) မှတ်ပုံတင်လက်မှတ်၊

5. အောက်ဖော်ပြပါ မြန်မာနိုင်ငံ မှတ်ပုံတင်ထားသော နိုင်ငံခြား ကုန်သည်ကြီးများ အသင်း၏ ထောက်ခံချက် သို့မဟုတ် ဖိတ်ကြားလွှာသည် အကျုံးဝင်ပါသည်။
o Thai Business Association of Myanmar
o French - Myanmar Chamber of Commerce & Industry (FMCCI)၊
o မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း (Euro Cham Myanmar)
o Malaysian Business Chamber
o မြန်မာနိုင်ငံရှိ ဗြိတိသျှကုန်သည်ကြီးများအသင်း

6. အွန်လိုင်း Visa ပေးချေမှုအတွက် Visa၊ Master၊ American Express၊ JCB အကြွေးဝယ်ကတ်များ သို့မဟုတ် Alipay။

Credit to original uploader

12/08/2022

ထိုင်း Visa

သံရုံးဝင်ရန်အတွက် လိုအပ်ချက်များ

1. သန်းခေါင်စာရင်း - မူရင်း / မိတ္တူ ( ၁စောင်စီ )

2. ဘဏ်စာအုပ် - မူရင်း / မိတ္တူ (၁စောင်စီ ) ( ဘဏ်ထဲ ၁၅သိန်း show money အရင်ထည့်ပါ)

3. ၃ လစာ bank statements - မူရင်း / မိတ္တူ ( ၁စောင်စီ )

4. ဆေးထိုးထားသောစာရွက်နိုတြီ - မူရင်း / မိတ္တူ ( ၁စောင်စီ )

5. တည်းခိုမယ့် ဟိုတယ်Booking ကို လေယာဉ်လက်မှတ်အသွားအပြန်အတိုင်း ရက်အပြည့် ဖြတ်ထားသော စာရွက် - မူရင်း / မိတ္တူ ( ၁စောင်စီ )

6. လေယာဉ်လက်မှတ်အသွားအပြန် - မူရင်း/မိတ္တူ ( ၁စောင်စီ )

7. Passport - မူရင်း/မိတ္တူ ( ၁စောင်စီ )

8. Passport ပုံ နှစ်ပုံ ( 3.5 cm * 4.5 cm )

9. ပြည့်စုံစွာ ဖြည့်ထားသော Visa form

10. Visa fee -
60days visa - $40, 90days visa - $80

▪️Visa form ကို website မှ ထုတ်ပြီး ဖြည့်လို့ရပါတယ်

https://image.mfa.go.th/mfa/0/BwVYVon5N0/migrate_directory/services-20130314-120400-183760.pdf

*အကယ်၍ ကိုယ်က ၃ရက်သာ ဟိုတယ် ဘိုကင်လုပ်ထားပြီး လေယာဉ်လက်မှတ်ဖြတ်ထားသော ကျန်ရက်များကို သူငယ်ချင်း သို့မဟုတ် မိသားစုအိမ်မှာ နေမည်ဆိုပါက ထိုင်းမှ ရှိသောသူရဲ့ အိမ်စာချုပ်၊ ခေါ်စာ ယူကိုယူပြီး တင်ပြရပါမယ်

Credit to original uploader

30/07/2022
နိုင်ငံခြားသို့ထွက်ခွာမည့်သူများအတွက်ပတ်စပို့စ် ၇ မျိုးPV  _  Passport For Visit           အလည်အပတ်နှင့်သွားရန်အတွက်PJ  ...
22/07/2022

နိုင်ငံခြားသို့ထွက်ခွာမည့်သူများအတွက်
ပတ်စပို့စ် ၇ မျိုး

PV _ Passport For Visit
အလည်အပတ်နှင့်သွားရန်အတွက်

PJ _ Passport For Job
အလုပ်အကိုင်နှင့်သွားရန်အတွက်

PE _ Passport For Student
ကျောင်းသားကျောင်းသူများ ပညာရေးနှင့်
သွားရန်အတွက်

PB _ Passport For Business
စီးပွားရေးနှင့်သွားရန်အတွက်

PR _ Passport For Religious
ဘာသာရေးနှင့်သွားရန်အတွက်

PT _ Passport For Dependent
မှီခိုနှင့်သွားရန်အတွက်

PS _ Passport For Seaman
သင်္ဘောသားများအတွက်

1️⃣ Get Evisa Approval within 4 Stepsအဆင့် 4 ဆင့်အတွင်း Evisa အတည်ပြုချက်ကို ရယူပါ။Fill in your secure online Evisa from...
20/07/2022

1️⃣ Get Evisa Approval within 4 Steps
အဆင့် 4 ဆင့်အတွင်း Evisa အတည်ပြုချက်ကို ရယူပါ။

Fill in your secure online Evisa from Confirm and pay
Get approval letter within 3 days
Get visa stamped upon arrival

အတည်ပြုပြီး ငွေပေးချေမှုမှ သင်၏ လုံခြုံသော အွန်လိုင်း Evisa ကို ဖြည့်ပါ။
3 ရက်အတွင်းအတည်ပြုချက်ရယူပါ။
ဆိုက်ရောက်ဗီဇာ တံဆိပ်တုံးထုပါ။

(1) FILL IN THE SECURE ONLINE VISA FORM.
Applicant is required to enter all the necessary information in the visa from

(၁) လုံခြုံသော အွန်လိုင်းဗီဇာ ဖောင်ကို ဖြည့်ပါ။
လျှောက်ထားသူသည် ဗီဇာအတွက် လိုအပ်သော အချက်အလက်အားလုံးကို ထည့်သွင်းရန် လိုအပ်သည်။

(2) CONFIRM AND PAY
Applicant needs to verify all the information entered is correct before proceeding to the next step. Make the payment with Credit card. Acknowledgment email with application reference code will be sent to applicant's email.

(၂)အတည်ပြုပြီး ငွေပေးချေပါ။
လျှောက်ထားသူသည် နောက်တစ်ဆင့်သို့မတက်မီ ထည့်သွင်းထားသော အချက်အလက်အားလုံး မှန်ကန်ကြောင်း အတည်ပြုရန် လိုအပ်သည်။ ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေပါ။ အပလီကေးရှင်းရည်ညွှန်းကုဒ်ပါရှိသော အသိအမှတ်ပြုအီးမေးလ်ကို လျှောက်ထားသူ၏အီးမေးလ်သို့ ပေးပို့မည်ဖြစ်သည်။

(3) Get Approval Letter within 3 days
Approval process may take up to 3 working days. Applicant will receive Evisa Approval Letter visa email once approved. Print out the approval letter and bring along with passport. You will need to present it upon arrival.

(၃) 3 ရက်အတွင်းအတည်ပြုချက်ရယူပါ။
အတည်ပြုချက်လုပ်ငန်းစဉ်သည် အလုပ်ချိန် 3 ရက်အထိ ကြာနိုင်သည်။ လျှောက်ထားသူသည် အတည်ပြုပြီးသည်နှင့် Evisa Approval Letter ဗီဇာအီးမေးလ်ကို လက်ခံရရှိမည်ဖြစ်သည်။ ခွင့်ပြုချက်စာရွက်ကို print ထုတ်ပြီး နိုင်ငံကူးလက်မှတ်နှင့်အတူ ယူဆောင်လာပါ။ ရောက်ရှိလာပါက တင်ပြရန် လိုအပ်မည်ဖြစ်ပါသည်။

(4) Get Evisa Stamped Upon Arrival
Upon arrival to Myanmar immigration checkpoint, present Evisa Approval Letter and passport to immigration officer and get the passport stamped.

(၄) ဆိုက်ရောက်ချိန်တွင် Evisa တံဆိပ်တုံးထုပါ။
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဂိတ်သို့ ရောက်ရှိလာပါက လူဝင်မှုကြီးကြပ်ရေး အရာရှိထံ Evisa ခွင့်ပြုချက် ပေးစာနှင့် နိုင်ငံကူးလက်မှတ်ကို တင်ပြပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးထုပါ။

2️⃣ Ongoing Application
လက်ရှိ လျှောက်လွှာ

Use ongoing application and continue from where you left off without filling up all the detail again. Pay the visa processing fee and get your application submitted in few clicks.

လက်ရှိလျှောက်လွှာကိုသုံး၍ အသေးစိတ်အချက်အလက်အားလုံးကို ထပ်မံဖြည့်စွက်ခြင်းမပြုဘဲ သင်ထွက်ခွာသွားသည့်နေရာမှ ဆက်လက်လုပ်ဆောင်ပါ။ ဗီဇာလုပ်ဆောင်ခြင်းအခကြေးငွေကို ပေးဆောင်ပြီး သင်၏လျှောက်လွှာကို ကလစ်အနည်းငယ်ဖြင့် ရယူလိုက်ပါ။

3️⃣ Evisa Status Enquiry
Evisa အခြေအနေစုံစမ်းရေး

Using your Evisa application number or travel document number, you can track your application status easily.

သင်၏ Evisa လျှောက်လွှာနံပါတ် သို့မဟုတ် ခရီးသွားစာရွက်စာတမ်းနံပါတ်ကို အသုံးပြု၍ သင်၏လျှောက်လွှာအခြေအနေကို အလွယ်တကူ ခြေရာခံနိုင်သည်။

Form ဝင်ဖြည့်ရမည်။

4️⃣ 💲 Visa Processing Fee & Available port of entries
ဗီဇာ ထုတ်ယူခြင်း အခကြေးငွေနှင့် ရရှိနိုင်သော ဆိပ်ကမ်းများ

Type of visa available for Evisa. Evisa is currently processing only for selected port of entries listed in page.

Evisa အတွက် ရနိုင်သော ဗီဇာအမျိုးအစား။ Evisa သည် လောလောဆယ်တွင် စာမျက်နှာတွင်ဖော်ပြထားသော ရွေးချယ်ထားသော ဆိပ်ကမ်းများအတွက်သာ လုပ်ဆောင်နေပါသည်။

Visa processing fees
Tourist visa _ $50 _ 28 days ( online )
Tourist visa _ $56 _ 28 days ( Express )
Business visa _ $70 _ 70 days ( online )

Passport holder from the following countries and Taiwan are eligible to apply visa on arrival for Business visa, Workshop, Seminar, Meeting, Research visa, Transit and Crew visa

အောက်ဖော်ပြပါနိုင်ငံများနှင့် ထိုင်ဝမ်တို့မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူသည် စီးပွားရေးဗီဇာ၊ အလုပ်ရုံ၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ သုတေသနဗီဇာ၊ အသွားအပြန်နှင့် အမှုထမ်းဗီဇာအတွက် ဆိုက်ရောက်ဗီဇာ လျှောက်ထားရန် အရည်အချင်းပြည့်မီပါသည်။

Passport holder from the following countries are eligible to apply visa on arrival for Tourist visa

အောက်ဖော်ပြပါနိုင်ငံများမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူသည် Tourist Visa အတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားရန် အရည်အချင်းပြည့်မီပါသည်။

Passport holder from the following countries are eligible to apply visa on arrival for Tourist visa starting on 01 January 2020

အောက်ပါနိုင်ငံများမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ဆိုက်ရောက်ဗီဇာအတွက် 2020 ခုနှစ် ဇန်နဝါရီလ 01 ရက်နေ့မှ စတင်၍ ခရီးသွားဗီဇာလျှောက်ထားရန် အရည်အချင်းပြည့်မီပါသည်။

Myanmar eVisa(Official Government Website)

မှတ်ပုံတင်၏ရှေ့နံပါတ် အက္ခရာများအကြောင်းမြန်မာနိုင်ငံသားတိုင်းဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်။မှတ်ပုံတင်၏ရှေ့နံပါတ်များက သင်...
11/06/2022

မှတ်ပုံတင်၏ရှေ့နံပါတ် အက္ခရာများအကြောင်း

မြန်မာနိုင်ငံသားတိုင်းဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်။

မှတ်ပုံတင်၏ရှေ့နံပါတ်များက သင်သည် ဘယ်တိုင်းဒေသကြီး ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့)
ဘယ်တိုင်းဒေသကြီး ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို ကိုယ်စားပြုပါသည်။

နံပါတ်နောက်မှ အက္ခရာသည် မြို့နယ်ကို ကိုယ်စားပြုပါသည်။

ဂဏန်းတွေဟာ ပြည်နယ်နှင့်တိုင်းအလိုက် အလျဉ်းသင့်သလို ပေးထားခြင်းမဟုတ်ပဲ အက္ခရာစဉ် သဘောတရားအရ ပေးထားခြင်းဖြစ်သည်။

Credit; #ထူးဆန်းထွေလာသုတကမ္ဘာ

၁) မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ၂) နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်      ကုန်ကျမည့်ငွေစာရင်းများ၃) မြန်မာနိုင်င...
31/05/2022

၁) မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ
၂) နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်
ကုန်ကျမည့်ငွေစာရင်းများ
၃) မြန်မာနိုင်ငံကူးထုတ်ပေး‌သည့် ရုံးလိပ်စာများ

Online မှ Business visa နှင့် Tourist visa လျှောက်ထားရယူခြင်းများအတွက် System တွင် သမှတ်ဖော်ပြထားသည့် အချက်များ
20/05/2022

Online မှ Business visa နှင့် Tourist visa လျှောက်ထား
ရယူခြင်းများအတွက် System တွင် သမှတ်ဖော်ပြထားသည့် အချက်များ

Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးဖို့စီစဉ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက Online ...
18/05/2022

Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြု
ထုတ်ပေးဖို့စီစဉ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး စီစဉ်နေသည်ဟု လဝကဆိုင်ရာသတင်းများအရသိရသည်။

ယခင်က မြန်မာနိုင်ငံသည် Online e-Visa စနစ်ဖြင့် e-Visa (ကမ္ဘာလှည့်ဗီဇာ)ကို နိုင်ငံပေါင်း ၁၀၀၊ e-Visa (လုပ်ငန်း)ကို နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်ရာ ယင်းယာယီရပ်ဆိုင်းထားမှုကို ပြန်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ မြန်မာ့အာမခံလုပ်ငန်းနှင့် e-Visa စနစ်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Easenet ကုမ္ပဏီတို့မှ တာဝန်ရှိသူများ စုပေါင်းပြီး မေလ ၁၂ရက်နေ့က ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။

လဝက၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းကျဆင်းလာမှုကြောင့် e-Visa ဖြင့် (Business) လုပ်ငန်းဗီဇာကို ဧပြီ ၁ ရက်မှ ပြန်လည်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဧပြီ ၁၇ ရက်မှစ၍လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည် ဝင်/ထွက် ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business) ဖြင့် လျှောက်ထားဝင်ရောက်လာမှုများ ရှိပါကြောင်း၊ ယခုထပ်မံ၍ e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာကို ခွင့်ပြုချက်အရ ခွင့်ပြုဆောင်ရွက်ရန်ရှိကြောင်း ဆွေးနွေးပွဲတွင်ပြောဆိုခဲ့သည်။

၁-၅-၂၀၂၂ ရက် နေ့မှစပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် ( Commercial Flight ) မျ...
30/04/2022

၁-၅-၂၀၂၂ ရက် နေ့မှစပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် ( Commercial Flight ) များဖြင့် လိုက်ပါသူများအနေဖြင့် Arrival ရောက်သည့်နေ့ လေဆိပ်တွင် RDT Covid Test နဲ့စစ်ပြီး Negative ဆိုရင် Quarantine ဝင်စရာ မလိုပဲ မိမိ၏ခရီးစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပြီး Positive တွေ့ခဲ့မည်ဆိုရင် သတ်မှတ်ထားသော ဆေးရုံ၊ ဆေးခန်း၊ ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ သွားရောက်ပြီး ဆေးကုသခံယူရမှာ ဖြစ်ပါတယ်။

ထို့အတူ ကယ်ဆယ်ရေးလေယာဉ် Relief Flight များဖြင့်လိုက်ပါလာသူများအနေဖြင့်လည်း ယခင်က ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက်သို့လည်းကောင်း၊ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံမှုမရှိပါက အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်သို့လည်းကောင်း ပြင်ဆင်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်မာရေးဝန်ကြီးဌာနမှ ကြေညာသွားတာ ‌တွေ့ရပါတယ်။

#ကျန်မာရေးဝန်ကြီးဌာန

လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသား ခရီးသွားများအတွက်ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်...
21/04/2022

လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသား ခရီးသွားများအတွက်ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ

PUBLIC HEALTH REQUIREMENTS FOR FOREIGN TRAVELERS WHO WISH TO ENTER INTO MYANMAR THROUGH AIR TRANSPORT

#ကျန်းမာရေးဝန်ကြီးဌာန, မြန်မာ
Of Health, Myanmar

ပြည်ပနိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးသည်များ အောက်ပါကျန်းမာရေးကြေညာစာရွက်ကို ရေးဖြည့်ရန် လိုအပ်။ ၎င်း...
20/04/2022

ပြည်ပနိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့်
ခရီးသည်များ အောက်ပါကျန်းမာရေးကြေညာစာရွက်ကို
ရေးဖြည့်ရန် လိုအပ်။

၎င်းစာရွက်ကို လေယာဉ်ပေါ်တွင် ဝေပေးပါမယ်။
အချက်အလက်များ အမှန်အတိုင်း ရေးဖြည့်ပြီး
ရန်ကုန်လေဆိပ်မှာ ပေးခဲ့ရပါမယ်။

Credit

Public Health Requirements for Travelers Who Wish to Enter into Myanmar through Air Transportနိုင်ငံတကာလေကြောင်းခရီးစဉ်မ...
09/04/2022

Public Health Requirements for Travelers Who Wish to Enter into Myanmar through Air Transport

နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ

Of Health, Myanmar
#ကျန်းမာရေးဝန်ကြီးဌာန, မြန်မာ

08/04/2022
မြန်မာနိုင်ငံကို လာရောက်လိုတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး Online e-Visa (B...
31/03/2022

မြန်မာနိုင်ငံကို လာရောက်လိုတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး Online e-Visa (Business) လျှောက်ထားမှုတွေကို ခွင့်ပြု သွားမယ်လို့ သိရပါတယ် ...

ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊မတ် ၂၀ ရက်မှစတင်၍ Online e-Visa လျှောက်ထားမှုများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယာယီရပ်ဆိုင်းထားခဲ့သည်။

မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအ ပေါ် ကြိုတင်ကာကွယ်မှုဆောင်ရွက်သည့် ကန့် သတ်ချက်များနှင့်အညီ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရော ဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့နည်းကျဆင်းလာကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပြုရန် ကျန်းမာ ရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉)ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ဝင်ရောက်ခွင့်ပြုမည်ဖြစ် သည်။

ထို့ကြောင့် Online e-Visa စနစ်အား ဧပြီ ၁ ရက်မှစတင်ကာ Business Visa(လုပ်ငန်းဗီဇာ)လျှောက် ထားမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုသို့ Online e-Visa(Business)လျှောက်ထားရန် လိုအပ်သည့် သတ်မှတ်ချက်များအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ website ဖြစ်သည့် https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Online e-Visa (Business) လျှောက်ထားဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေကိုတော့ https://evisa.moip.gov.mm မှာ လေ့လာရမှာဖြစ်ပါတယ် ...

ခရီးသွားလုပ်ငန်းဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍကိုသာမက အခြားဆက်စပ်လုပ်ငန်းစုများကိုပါ တွဲဖက် သက်ရောက်စေနိုင်ပါတယ်...

ဥပမာ...ဟိုတယ်..စားသောက်ဆိုင်နဲ့ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းများ ...

Myanmar eVisa(Official Government Website)

လူကြီးမင်းတို့၏ နေအိမ်တိုက်ခန်း၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင် ရှိကြသော နိုင်ငံခြားသားများကို ရောက်ရှိခြင်းအစီရင်ခံစာ ...
29/03/2022

လူကြီးမင်းတို့၏ နေအိမ်တိုက်ခန်း၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင် ရှိကြသော နိုင်ငံခြားသားများကို ရောက်ရှိခြင်းအစီရင်ခံစာ Form C လုပ်လိုပါက ကျွန်ုပ်တို့အနေနှင့် အမြန်ဆုံးရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာ

- Form C အသစ်ပြုလုပ်လိုပါသလား ?
- Form C သက်တမ်းတိုးခြင်ပါသလား ?
- အကြောင်းအမျိုးမျိုးကြောင့် Form C ပျောက်ဆုံးခြင်းကြောင့် တစ်ဖန် အသစ်ပြန်လုပ်လိုပါသလား ?

သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ရောက်ရှိနေထိုင်ကြသော နိုင်ငံခြားသားများသည် ရောက်ရှိခြင်းအစီရင်ခံစာ Form C ကိုင်ဆောင်ထားခြင်း မရှိလျှင် အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်ပါတယ်

သို့အတွက် Form C သည် ပြည်တွင်းတွင်ရှိသော နိုင်ငံခြားသားများအတွက် နေထိုင်ခွင့် သက်တမ်းတိုးရာတွင်လည်း မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ပါသည်။

လူကြီးမင်းတို့ရဲ့နိုင်ငံခြားသားများကို Form C လုပ်လိုပါက Passport စာမျက်နှာ နှင့် နောက်ဆုံးနေထိုင်ခွင့် ရရှိထားသည့် ဗီဇာစာမျက်နှာကို Messenger box (သို့မဟုတ်) Viber 09 897 341 400 သို့ ပို့ပေးနိုင်ပါတယ်ခင်ဗျာ ...

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📱 09 429 973 450
📱 09 897 341 400 ( Viber )


#ပုံစံ_ဂ




်ပြုလုပ်ပေးခြင်း
်တမ်းတိုးပေးခြင်း
ျောက်ပြန်လျှောက်ပေးခြင်း

ဧပြီလ ၁ရက်နေ့မှစပြီး ပြည်တွင်း ခရီးသွားလာရာတွင်  နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသနိုင်မှသာလျှင် ခရီးသွားလာခွင့်ကို ခွင့်ပြု...
27/03/2022

ဧပြီလ ၁ရက်နေ့မှစပြီး ပြည်တွင်း ခရီးသွားလာရာတွင် နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသနိုင်မှသာလျှင် ခရီးသွားလာခွင့်ကို ခွင့်ပြုမည့်အကြောင်း ထုတ်ပြန်ကြေညာ။

၎င်း‌ကြေညာချက်သည် (၁၆)နှစ်နှင့်အထက် ပြည်သူများအားလုံး အကျုံးဝင်သည်ဟုဆိုထားသည်။

Address

Yangon
11201

Telephone

+959429973450

Website

Alerts

Be the first to know and let us send you an email when Foreigner Visa Extension Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Passport & Visa Services in Yangon

Show All