တိမ်တွေနေတဲ့အရပ်ဆီကို
သွားချင်ကြတဲ့ သူတွေအတွက်
ခရီးစဉ် အသစ်စက်စက်ကလေး
မကြာမှီလာမည်နော်
မကြာခင်မှာ အင်းလေးချစ်သူ Travels & Tours ရဲ့ ခရီးစဉ်တွေ ပြန်လာပါတော့မယ်။
ယခင်ဘုရားဖူးခရီးစဉ်များအပြင် ပြည်ပခရီးစဉ်တွေနဲ့ ပြည်တွင်းခရီးစဉ်အသစ်တွေကိုပါ ထပ်မံဖြည့်စွက်ထားပါတယ်။
ခရီးစဉ်တွေကို Up to Date သိရဖို့ Page ကို See First လုပ်ထားပေးပါဦးနော်။ ☺☺
အင်းလေးချစ်သူ Travels & Tours မှထွက်ခွာမည့် မြိတ်ကျွန်းစုခရီးစဉ်
ထွက်ခွာမည့်နေ့ ၂၃.၁၂.၁၆
၎ညအိပ်၅ရက်
ဈေးနှုန်း-၃၀၀,၀၀၀ ကျပ်(စရိတ်ငြိမ်း)
ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၉၄၂၁၀၃၀၈၁၄၊၀၉၉၇၉၂၅၂၀၂၀၊၀၉၉၇၉၂၅၂၁၂၁၊၀၉၉၇၉၂၅၂၄၂၄
#ခရီးစဉ်အသေးစိတ်ကိုPageChatboxမှတဆင့်စုံစမ်းနိုင်ပါသည်။
👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉
အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ ( သို့ ) မြိတ်
ကမ္ဘာကပေးထားတဲ့ အမည်လေးဆိုတော့လည်း စိတ်ဝင်စားစရာလေးအဖြစ် အစ ပြုစဉ်းစားမိရပါသည်။ ကျွန်းပေါင်း ( ၈၀၀ ) ကျော်ရှိနေသောဒေသလေးသည် ရန်ကုန်မြိုကမှ အရှေ့တောင်ဘက် ရေမိုင် ( ၃၅၀ ) အကွာတွင်တည်ရှိနေပြီး တနင်္သာရီမြစ်နှင့် ကျောက်ဖျာမြစ်တို့အကြားရှိ ကျွန်းဆွယ်အငူထိပ်လေးပေါ်တွင် တည်ရှိနေပါသည်။ ကမ္ဘာက ဘာလို့မေ့နေတာလည်းဆိုတာကတော့ တကယ်စိတ်ဝင်စားစရာပါ။
အဖြေကို စပ်စုကြည့်တော့ ရှေးယခင် (၇ ) ရာစုလောက်က အာရှနှင့်ဥရောပမှ ကုန်သည်ကြီးများက အခြားနိုင်ငံကြီးများကို ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင် အခြေချရာ နေရာလေးတခုအဖြစ် တွင်တွင်အသုံးပြုခဲ့ခြင်းကို တွေ့ခဲ့ရသည်။
အိမ်နီးခြင်း ထိုင်း နိုင်ငံမှမကြာခဏ ကျူးကျော်ရန်ရှာခြင်းကိုခံနေရသော မြိတ်ကျွန်းစုသည် 11320 စတုရန်းမိုင် ကျယ်ပြီး ပင်လယ်ဒီရေတက်ပါမှသာလျှင် ကမ်းရိုးတန်းသွား သင်္ဘောကြီးများ ၀င်ရောက်ကပ်နိုင်ပါသည်။ မြိတ်၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း အစရှိသည့်မြို့နယ်များဖြင့် တည်ဖွဲ့ထားသော မြိတ်ကျွန်စုကြီးသည် ရေသယံဇာတပေါကြွယ်လှပြီး ဒေသခံတို့ စားဝတ်နေရေး အတွက် အားကိုးနေရသော ရေမြေတောတောင် သဘာဝ အလှတရားကို ပိုင်ဆိုင်ထားပေသည်။ ငှက်သိုက်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ပြီးအခြား ထွက်ကုန်များအနေဖြင့် ရာဘာ၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ကွမ်းရွက်၊ ကြိမ်၊ စပါးတို့ကို အဓိက ရောင်းဝယ်ဖောက်ကား ကြပါသည်။
ပထော်၊ ပထက်ကျွန်းကြီးကတော့ မြိုနှင့် ပင်လယ်ကြီူကျားမှ ဒိုင်းတခုသဖွယ်ကာရံပေးထားတာကလည်း ဒေသခံလူထုအတွက် တန်ဖိုးအကြီးဆုံး သဘာဝအတားအဆီးကြီးတခုဖြစ်နေရပါသည်။ ထို့အတွက်ကြောင့်လည်း ပင်လယ်မှထွက်သမျှ အရာအားလုံးကို အသုံးပြုနေရသော်လည်း ပင်လယ်ကြီး၏ သဘာဝဘေးဒဏ်ကိုတော့ မခံစားရသော ဒေသလေးလည်းဖြစ်ပါသည်။
ကမ်းလွန်ကျွန်းအများစုသည် ပင်လယ်ရေမျက်နှာပြင်မှတိုင်းထွာပါက မီတာ ( ၆၀၀ )ကျော်ခန့်မြင့်မားသော တောင်ကုန်းကြီးများ တည်ရှိနေသလို အချို့ကျွန်းကြီးများမှာ စင်ကာပူနိုင်ငံထက်ပင်ကျယ်ဝန်းသော ကတန်ကျွန်း (King Island ) သည်အကြီးဆုံးကျွန်းတခုဖြစ်ပြီးအဖိုးတန်သစ်တောကြီ
၂၀၁၆ခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်ပါဝင်ယှဉ်ပြိုင်မည့်
အင်းလေးချစ်သူမီးပုံးပျံ(စိန်နားပန်)၏မှိုင်းဖြူခံနေသည့်အလှပုံရိပ်များပါ။
မီးပုံးပျံချစ်သူများအားပေးကြပါနော်