24/04/2018
ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းမှာရှိသော ယာဉ်မောင်းများ ခင်ဗျာ ဆုံးအောင်ဖတ်စေချင်ပါတယ်
လောလောဆယ်အစမ်း ၃လပြီး ဆော့ဝဲအသစ်လာမယ်
အဲကျရင် Free ဖွင့်ပေးမယ်။
Gp အားလုံးလက်တွဲပေးကြပါ။ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြမယ်။ ခရီးသည်ဆိုတာ အဆင်ပြေရင် သူစီးမှာပါ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ယာဉ်မောင်းအား ခရီးသည်ခေါ်ဆိုသော App Sofware သည် ခရီးသည်အတွက် ဈေးနှုန်းတိကျခြင်း/ခေါ်ဆိုခြင်းအား ထိရောက်မှုရှိခြင်း/ဈေးနှုန်းသက်သာစွာ လိုရာရောက်နိုင်ပါသည်။
ယာဉ်မောင်းများအနေဖြင့် မိမိလမ်းကြောင်းအား တိကျစွာ ငွေကြေး ရရှိပြီး ခရီးသည်လိုရာခရီးအား စိတ်ချမ်းသာစွာ ရောက်ရှိမည်ဖြစ်ပါသည်။
ဆီဖိုး အုံနာကြေးအပြင်မိမိပင်ပန်းသလောက်ဖြစ်နိုင်ပါမည်။
ကျွန်တော်တို့သည် မိသားစု ယာဉ်မောင်းများဖြစ်သည့်အတွက် မည်သူမည်ူကိုမှ ယှဉ်ပြိုင်ခြင်း မလုပ်ပါ။
မိမိကို ခရီးသည်ဌားရင်ပို့မယ် မဌားရင် လက်တားဆွဲမယ်။
ယာဉ်မော်ငးတစ်ဦးအနေဖြင့် တလ (၁၅၀၀၀)ဆိုတာ မသိသာပါဘူး။ တဖြည်းဖြည်း လူသိများလာရင် ပိုအဆင်ပြေလာမှာပါ။ ယာဉ်မောင်းတွေ ကြော်ငြာပေးရင်းမောင်ရင်းနဲ့ဆို လုပ်ငန်းကအောင်မြင်မှာပါ။ ဤလုပ်ငန်းတွင်ဖြတ်တောက်မှု အကျိုးအမြတ်ကို ဖော်ဆောင်ထားခြင်းမရှိပါ။
မိသားစု လုပ်ငန်းတစ်ရပ်အနေနဲ့သာ ရပ်တည်မည်ဖြစ်ပါသည်။
မေလ(၁)ရက်နေ့ ဆွေးနွေးရှင်းပြရန်နှင့် ပါဝင်မည့်သူများ စာရင်းပေးသွင်းနိုင်ပါသည်။
နေရာ- သုဝဏ ဘူးဘုရားဝင်း
အချိန်-၁၂နာရီ
ဆွေးနွေးပွဲသို့ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ယာဉ်မောင်းအားလုံး လေ့လာစေချင်ပါသည်။
ယာဉ်မောင်းသူလဲ မြန်မာမှာအများချည်းပါ။
ခရီးသည်လည်းအများကြီးပါ။
သူဘက်ကိုယ်ဘက်မျှတစွာ ဝမ်းဝဖို့ဘဲလိုအပ်ပါသည်။
ကြော်ငြာတယ်ဆိုတာ မောင်းနှင်းသူကပြောပြရင် ခရီးသည်သိမှာပါ။ပုံမှန်ဈေးနှုန်းနဲ့ မောင်းမယ်ဆို ခရီးသည်ကလဲ စီးမှာပါ။
တပိုင်တနိုင်လုပ်ငန်းတခုပါ။
လေးစားစွာဖြင့်
ယာဉ်မောင်းသူတစ်ဦး