11/10/2022
"How to find a Job in Singapore"
မဇင် အလုပ်လုပ်နေရင်းနဲ့ ခုတလော သတိထားမိတာလေး တခုကို ချက်ချင်းရေးလိုက်တာပါ။
အခြေအနေအရ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ လိုအပ်တဲ့ သူတွေအတွက်၊ အထူးသဖြင့် စင်ကာပူမှာ အလုပ်သွားလုပ်ချင်သူတွေအတွက်ပါ။ အဲ့လိုသွားလုပ်မယ့်သူတွေထဲကနေ general worker မဟုတ်ပဲ ပညာရပ်တခုခုနဲ့ သွားမယ့်သူတွေဆိုရင် Agent ရှာတာထက် မဇင်ကတော့ ကိုယ်တိုင်လေ့လာပြီး သွားစေချင်လို့ ဒါလေး ရေးလိုက်တာပါ။
၁။ MOM မှာ အရင်လေ့လာပါ။
စင်ကာပူမှာက စည်းမျဉ်းစည်းကမ်းတွေ တိကျ၊ တင်းကျပ် သလို၊ ရတဲ့ အခွင့်အရေးတွေကလည်း အတိအကျရှိပါတယ်။ ဒါ့ကြောင့်မို့ စင်ကာပူကို position အမျိုးမျိုးနဲ့ သွားကြမဲ့သူတွေက စင်ကာပူနိုင်ငံရဲ့ လူနေထိုင်ခွင့်၊ အလုပ်လျောက်သင့်တဲ့ position၊ ခံစားခွင့် လုပ်အားလစာ စတာတွေနဲ့ ပတ်သက်တာတွေကို Ministry of Manpower, Singapore ရဲ့ Website ဖြစ်တဲ့ www.mom.gov.sg မှာ အရင်ဆုံး လေ့လာသင့်ပါတယ်။
၂။ အလုပ်ရှာဖို့ နည်းလမ်း နှစ်ခု
(က) တစ်ခုက မြန်မာပြည်ကနေ အလုပ်လှမ်းလျောက်တာပါ။
_ အားသာချက်က စင်ကာပူမှာ သွားနေစရာမလိုပဲ အလုပ်ရမှ သွားတော့ လေယာဉ်ခ၊ နေထိုင်၊ စားစရိတ် သက်သာပါတယ်။
_ အားနည်းချက်ကတော့ အလုပ်အများစုက ပြည်တွင်းမှာ ရှိနေသူကို ဦးစားပေးခေါ်တာပါ။
ဒါပေမယ့်လည်း ကြိုးစားသင့်ပါတယ်။ ရ ခဲ့ရင် ကိုယ့်အတွက် အကျိုးရှိတာပဲလေ။
(ခ) စင်ကာပူကို လူကိုယ်တိုင်သွားပြီး အလုပ်ရှာတာပါ။
_ အားသာချက်ကတော့ ပြည်တွင်းမှာ ရှိနေတဲ့အတွက် ချက်ချင်း interview ၀င်နိုင်တယ်။ အလွယ်တကူ ဖုန်းဆက်လို့ရတယ်။ တချို့ အလုပ်တွေမှာ သူငယ်ချင်းက မိတ်ဆက်ပေးနိုင်တယ်။
_ အားနည်းချက်က အလုပ် ရမယ် မရမယ် မသေချာပဲ ပိုက်ဆံကြိုကုန်တာပါ။
ဒါပေမယ့် ကိုယ်ကုန်ကျခံနိုင်တဲ့ ငွေပမာဏဆိုရင်တော့ သွားပြီး ကြိုးစားတာကို ပိုအားပေးချင်ပါတယ်။ အဲ့လို သွားမယ် ဆိုရင်တော့ New year အပြီး သို့မဟုတ် Chinese New Year အပြီးမှာ သွားဖို့ အကြံပြုချင်ပါတယ်။
၃။ ကိုယ်တိုင် အလုပ်ရှာပါ။
နာမည်ကြီး Website တွေဖြစ်တဲ့
www.jobstreet.com.sg
www.mycareeesfuture.gov.sg
www.monster.com.sg
www.sg.indeed.com
www.JobsDB.com
www.grabjobs.co/singapore တွေမှာ ရှာကြည့်လို့ ရပါတယ်။
တကယ်လို့များ Construction ပိုင်းက Position တခုခု၊ QC, QS, Architecture Design, Interior Design ပိုင်းတွေ လျောက်ချင်သူများက
BCA (Building and Construction Authority) ရဲ့ website ဖြစ်တဲ့ https://bca.gov.sg မှာ ကိုယ်လျောက်ချင်တဲ့ ကုမ္ပဏီ ရွေးချယ်တာဖြစ်စေ၊ ကိုယ်လျောက်ထားတဲ့ သို့မဟုတ် ကိုယ့်ကို အလုပ်ခေါ်တဲ့ ကုမ္ပဏီအကြောင်း သိချင်တာဖြစ်စေ လေ့လာနိုင်ပါတယ်။
ကုမ္ပဏီတွေရဲ့ website မှာ ရေးပေးထားတတ်တဲ့ HR mail ကို လျောက်တာ၊ LinkedIn မှာ အလုပ်ခေါ်စာကြည့်ပြီး အဲ့ဒီကနေ လျောက်တာမျိုးတွေကတော့ ပိုထိရောက်ပါတယ်။
၄။ ကြိုတင်ပြင်ဆင်မှုများ။
_ Passport
_ Notry များ (လိုအပ်တာတွေက MOM ရဲ့ website မှာ ကြည့်ပါ။)
_ Resume, CV
_ Portfolio
⭐ ⭐⭐ အရေးကြီးတာက ကိုယ်လျောက်ချင်တဲ့ Position အတွက် လိုအပ်တဲ့ Professional skills, Technical skills တွေ ဖြည့်ထားပါ။
တခုလေး ပြောပြချင်တာ မဇင်က စင်ကာပူမှာ အလုပ်မလုပ်ဖူးသလို၊ အလုပ်လည်း မရှာဖူးပါဘူး။ လေ့လာထားမိသလောက်လေး မျှဝေတာဖြစ်လို့ လိုအပ်ချက် ရှိနိုင်ပါတယ်နော်။ ဒါပေမဲ့လည်း ဘာမဆို ကိုယ်တိုင်လေ့လာပြီး လုပ်ယူလို့ရနေတဲ့ခေတ်မှာ ကိုယ်တိုင်ပဲ ကြိုးစားစေချင်လို့ပါ။
အခြေခံ လိုအပ်ချက်လေးတွေလောက်ကို လိုက်မေးမနေစေချင်တာပါ။ White card ဖြည့်တာကအစ Online မှာ လေ့လာလို့ရပါတယ်။ အခုကတော့ Arrival visa ကို Online ကနေ လျောက်ရပါတယ်။ ကိုယ်တိုင်ပဲ လုပ်ပါလို့ ပြောချင်ပါတယ်။
နောက်ပြီး အလုပ်မရခင်ဖြစ်စေ၊ ရပြီးဖြစ်စေ အမျိုးမျိုးသော အခက်အခဲတွေ တွေ့ကြုံရနိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း တွေ့ကြုံရတာ မဟုတ်ပဲ လူတိုင်း တွေ့ကြုံရတာ ဖြစ်လို့ လွယ်လွယ်နဲ့ လက်မလျော့စေချင်ပါဘူး။
နောက်တခုကတော့ လူတိုင်းက မပြည့်စုံနိုင်ပါဘူး။ အလုပ်လုပ်ရင်း သင်ယူသွားလို့ရသလို၊ နေထိုင်ရင်း အဆင်ပြေသွားမှာပါ။ ဝီရိယထားပြီး တစိုက်မတ်မတ်ကြိုးစားဖို့ပဲ လိုပါတယ်။ ဇွဲရှိရှိနဲ့ ကြိုးစားနေသ၍ နေရာတခုမှာ အောင်မြင်မှာ သေချာပါတယ်။
စစချင်းမှာတော့ ဘာသာစကား (Language)၊ အစားအသောက်၊ နေထိုင်မှုပုံစံ (Living Style)၊ အလုပ်ခွင် အခြေအနေ (Working environment) စတာတွေမှာ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ထပ်ပြောပြချင်တာက အဲ့လိုကြုံရတာဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါနော်။
တခုခု အကျိုးရှိမယ်လို့ ထင်ပါတယ်နော် 🥰
အစစ အရာရာ အဆင်ပြေအောင်မြင်ကြပါစေရှင် 😊