LINN BAGAN Car Rental and Tour Services

LINN BAGAN  Car Rental and Tour Services Travel Agent , Car Rental and Tour Services Car Rental
(15)

LINN BAGAN Ebike နဲ့ လှနေသော မိန်းမလှလေးပုဂံရောက်လို့ Ebike လေးနဲ့စီးပြီးလည်ပတ်ချင်ရင်Ebike  အကောင်းအသန့်လေးတွေနဲ့ LINN ...
16/11/2024

LINN BAGAN Ebike နဲ့ လှနေသော မိန်းမလှလေး

ပုဂံရောက်လို့ Ebike
လေးနဲ့စီးပြီးလည်ပတ်ချင်ရင်
Ebike အကောင်းအသန့်လေးတွေနဲ့
LINN BAGAN Ebike Rental ရှိပါတယ်ဗျ
Hotel အရောက်ပို့ / လာသိမ်းပေးပါတယ်
092042956/ 09262042956
ဆက်သွယ်လို့ရပါတယ်ဗျ

#ပုဂံညောင်ဦး
#ပုဂံညောင်ဦးလမ်းညွန်

မဂ်လာနံနက်ခင်းလေးပါOnline မှတစ်ဆင့် ယုံကြည်စွာ အားပေးတော့ လည်းကျွန်တော်တို့ရဲ့LINN BAGAN Ebike services ကလည်း သူမတူအောင်...
27/10/2024

မဂ်လာနံနက်ခင်းလေးပါ
Online မှတစ်ဆင့် ယုံကြည်စွာ အားပေးတော့ လည်း
ကျွန်တော်တို့ရဲ့LINN BAGAN Ebike services ကလည်း သူမတူအောင်
သန့်ရှင်း သပ်ရပ် တဲ့ Ebike လေးများအား
ချစ်မိတ်ဆွေတို့ကို ပျော်ရွှင်စွာ စီးနိုင်စေဖို့ အစဥ်အမြဲ
ကြိုးစားနေရတာပါ
ဒီနေ့တော့ Golden Classic Hotel 5စီး
Baobabed Hostel 4စီး
Lucky Bagan Hotel 1စီး
My place 1စီး
Glorious Hotel 1စီး
Cosmetic Shop 1စီး

Contact Number
092042956, 09262042956

ပုဂံရောက်လို့ Ebike လေးနဲ့စီးပြီးလည်ပတ်ချင်ရင်Ebike  အကောင်းအသန့်လေးတွေနဲ့ LINN BAGAN Ebike Rental ရှိပါတယ်ဗျHotel အရောက...
20/10/2024

ပုဂံရောက်လို့ Ebike
လေးနဲ့စီးပြီးလည်ပတ်ချင်ရင်
Ebike အကောင်းအသန့်လေးတွေနဲ့
LINN BAGAN Ebike Rental ရှိပါတယ်ဗျ
Hotel အရောက်ပို့ / လာသိမ်းပေးပါတယ်
092042956/ 09262042956
ဆက်သွယ်လို့ရပါတယ်ဗျ

ချစ်ဧည့်သည်​များ သန့်သန့်ရှင်းရှင်း Style & Smart ကျစေဖို့ မနက်အစောလေး Ebike လေးတွေကို ရေချိုးပေး ပုဂံ ရောက်လို့ Ebike လ...
19/10/2024

ချစ်ဧည့်သည်​များ သန့်သန့်ရှင်းရှင်း
Style & Smart ကျစေဖို့
မနက်အစောလေး Ebike လေးတွေကို ရေချိုးပေး
ပုဂံ ရောက်လို့ Ebike လိုရင်

LINN BAGAN Ebike Rental ရှိတယ်နော်
09 2042956 - 09262042956

17/10/2024
12/03/2024

မဂ်လာပါ ဗျ
နိုင်ငံတကာက ချစ်ကာကာတို့ကလည်း
ဖွေးစိန်လေးတို့
LINN BAGAN Ebike နဲ့ပျော်နေသော
092042956,09262042956

ကျွန်တော်တို့ရဲ့ Group ထဲကတစ်ခုလေးပေါ့ မဂ်လာပါ ခင်ဗျာကျွန်တော်တို့ရဲ့ BAGAN LINN Guest House ကို Online မှယုံကြည်စွာ Boo...
08/03/2024

ကျွန်တော်တို့ရဲ့ Group ထဲက
တစ်ခုလေးပေါ့

မဂ်လာပါ ခင်ဗျာ
ကျွန်တော်တို့ရဲ့
BAGAN LINN Guest House
ကို Online မှယုံကြည်စွာ Booking တင်ပြီး
လာရောက်တည်းခို ကြသော
ချစ်မိတ်ဆွေ ကာကာတို့အားအထူးပင်
ကျေးဇူးတင်ပါတယ်ဗျာ
မတည်းရသေးတဲ့ ချစ်မိတ်ဆွေတို့ကိုလည်း
ဖိတ်ခေါ်ပါတယ် ဗျ
အားလုံးပဲကျန်းမာချမ်းသာပြီး စီးပွားရေးတွေတိုးတက်ပြီး မဂ်လာရှိကြပါစေဗျာ
092042956,
09777064067

ချစ်မိတ်ဆွေများ မဂ်လာပါ ဗျာBAGAN ရောက်လို့ Ebike လိုအပ်ခဲ့ရင်ဖွေးစိန်တို့ ပျော်မွေ.ရာ LINN BAGAN Ebike Rental ကို သတိရပေ...
28/02/2024

ချစ်မိတ်ဆွေများ မဂ်လာပါ ဗျာ
BAGAN ရောက်လို့
Ebike လိုအပ်ခဲ့ရင်
ဖွေးစိန်တို့ ပျော်မွေ.ရာ LINN BAGAN Ebike Rental ကို သတိရပေးပါနော်

LINN BAGAN ရဲ့ Ebike Rental Services ကလေးကိုသုံးကြည့်လိုက်ပါ
အားလုံးသော E bikes တွေက
up to date Model, အသစ်​
ဘီးကြီးဘီးသေး သန့်ရှင်း သပ်ရပ်သော ဝန်ဆောင်မှု, Strong Battery power
အရောင်တူ အဖြူလေးတွေနဲ့

ရှေးဟောင်း BAGAN ဘုရားများရဲ့ အရောင်နဲ့
ဖွေးစိန်တို့ရဲ့ အဖြူရောင်က ချစ်ကာကာတို့ရဲ့
အလှတရားတို့နဲ့​ ဆိုတော့
အရာရာ perfect ဖြစ်သွားပြီပေါ့

Ebikes များလိုအပ်ခဲ့ရင်
ph 092042956,09262042956
ခေါ်တော့ဗျို့

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း ပရဆေးနဲ့ပါတ်သက်တာမှန်သမျှကုန်ဈေးတန်းမှာရတယ် မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလ...
04/02/2024

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း

ပရဆေးနဲ့ပါတ်သက်တာမှန်သမျှကုန်ဈေးတန်းမှာရတယ်

မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ်

မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ

ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား။

ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်

စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ် လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား။

စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား။

ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား။

ဝက်သားကောင်းကောင်းစားချင်ရင် ဝက် စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား။

မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပ်ါဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်။

ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်။

စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား။

အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပ်ါဘလောက်မှာရတယ်။

ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်။

ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်းကြည့်မြင်တိုင်ကိုသွား။

အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပ်ါဘလောက်ကိုသွား။

ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ။

ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်။

အမှန်တော့ ဒီပစ္စည်းတွေကမြို့နယ်တိုင်းမှာလက်လီဝယ်လို့ရပါတယ်။

တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက်သာ တင်ပြထားတဲ့နေရာတွေက ဒိုင်သဘောနဲ့အများဆုံးရနိုင်ပါတယ်။

#မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါတယ်

ရောက်ပြန်ပြီ တစ်ခေါက် ဧည့်သည်ကြိုMandalay international air port
02/02/2024

ရောက်ပြန်ပြီ တစ်ခေါက် ဧည့်သည်ကြို
Mandalay international air port

မိတ်ဆွေတို့ နင်းနေကြတဲ့ "ကတ္တရာလမ်းနဲ့ ကွန်ကရိလမ်း" တို့ ကွာခြားပုံကို သိပါသလား။ ကတ္တရာလမ်းကို (Flexible Pavement) လို့ ...
01/02/2024

မိတ်ဆွေတို့ နင်းနေကြတဲ့ "ကတ္တရာလမ်းနဲ့ ကွန်ကရိလမ်း" တို့ ကွာခြားပုံကို သိပါသလား။

ကတ္တရာလမ်းကို (Flexible Pavement) လို့ ခေါ်ပြီး၊ ကွန်ကရိလမ်းကို (Rigid Pavement) လို့ ခေါ်ပါတယ်။ ဒါကတော့ ဗဟုသုတအနေနဲ့ အခေါ်အဝေါ်လေး ဝေမျှပေးတာပါ။

ကွာခြားချက်လေးတွေကို ဝေမျှပေးပါရစေ။

အောက်ခံမြေလွှာကို သက်ရောက်မှု

ကတ္တရာလမ်းနဲ့ ကွန်ကရိလမ်းတို့ရဲ့ ကွာခြားမှုတွေထဲက တစ်ခုကတော့ အောက်ခံမြေလွှာကို သက်ရောက်ပုံ မတူကြတာပဲဖြစ်ပါတယ်။

ဘယ်လိုမတူတာလဲ?
ကွန်ကရစ်လမ်းဟာ ကတ္တရာလမ်းထက် ပိုပြီး မာကျောတာမို့ အောက်ခံမြေလွှာကို သိပ်ပြီး မသက်ရောက်ပါဘူး။

ကတ္တရာလမ်းကတော့ တောင့်တင်းခိုင်မာမှု အားနည်းတာကြောင့် အောက်ခံမြေလွှာက (ယဥ်များ) ရဲ့ ဝန်အလေးချိန်ကို ပိုပြီး ခံကြရပါတယ်။

အဲ့ဒါကြောင့် ယဥ်ဘရိတ် ဆောင့်နင်းတာကို များများခံရတဲ့ နေရာမျိုးတွေမှာ ကတ္တရာလမ်း လှိုင်းတွန့်တာမျိုးတွေကို မြင်တွေ့ရလေ့ ရှိပါတယ်။


ကြာရှည် ခံနိုင်မှု
ကျောက်တုံး၊ ကျောက်သားလေးတွေရဲ့ စုပေါင်းမှုအားက အရေးပါလွန်းတာကြောင့် ကွန်ကရစ်လမ်းက ကတ္တရာလမ်းထက် ပိုပြီး မာကျောပါတယ်။ သက်တမ်းအားဖြင့် ပြောရရင်တော့ စံချိန်စံညွှန်းမီတဲ့ ကွန်ကရစ်လမ်းက ကတ္တရာလမ်းထက် (၂) ဆနီးပါး ခံနိုင်ရည် ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ နည်းပညာသစ်နဲ့ တည်ဆောက်ထားတဲ့ ကွန်ကရိလမ်းကို နှစ်ပေါင်း (၆၀) လောက် သက်တမ်းအထိ ခံနိုင်ရည်ရှိမည်လို့ ဆောက်လုပ်ရေး ပညာရှင်များက
ခန့်မှန်းထားကြပါတယ်။

ကုန်ကျစရိတ်နဲ့ ဆောက်လုပ်မှု ကြာချိန်
More Cost for Better Things တဲ့။ ပိုကောင်းတာတွေက စရိတ်ပိုများကြပါတယ်။

အပေါ်က နှစ်ချက်နဲ့တင် ကွန်ကရစ်လမ်းက ပိုကောင်းတာက ထင်ရှားနေပြီမို့ ဈေးနှုန်းကလည်း ကွန်ကရစ်လမ်းက ပိုကုန်ကျမှာပါပဲ။ ဒါပေမယ့် ရေရှည်မှာ ပြုပြင်ထိန်းသိမ်းမှု စရိတ်က သက်သာသွားပြန်ပါတယ်။ ကတ္တရာလမ်းက ခင်းကာစမှာ ဈေးသက်သာတယ်ဆိုပေမယ့် ရေရှည်မှာ Maintenance Cost က ပိုကြီးပါတယ်။

ထိန်းသိမ်း ပြုပြင်မှု
ကွန်ကရစ်လမ်းက ထိန်းသိမ်းပြုပြင်ရာမှာ ပိုပြီး ခက်ခဲပါတယ်။ မကြာခဏ ပြင်နေဖို့လည်း မလိုအပ်ပါဘူး။
ကွန်ကရစ်လမ်း ကျိုးပဲ့ ပျက်စီးသွားရင် တစ်နေရာတည်းကို ကွက်ပြီး ပြန်ပြင်လို့ မရတာမို့ Slab ပြင် တစ်ခုလုံး ကို ပြုပြင်ပေးရပါတယ်။

ကတ္တရာလမ်းကတော့ မကြာခဏ ပြုပြင်ပေးရလေ့ ရှိပါတယ်။ သူ့အပေါ်ကို စက်ဆီ၊ ချောဆီတွေ ဖိတ်ကျရင်လည်း ပျက်စီးဖို့ ပိုပြီးလွယ်ကူပါတယ်။ ဒါပေမယ့် တစ်နေရာတည်းကိုပဲ ကွက်ပြီး ပြုပြင်တာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။

ကွန်ကရစ်လမ်းမှာ အက်ကွဲကြောင်းရာတွေ ဖြစ်လာရင် ကတ္တရာနဲ့ ပြန်ပြီး ဖာလို့ရပါတယ်။ ကတ္တရာလမ်း ခင်းရင် လမ်းကြိတ်စက်ကြိတ်နင်းပေးရပြီးတော့ ကွန်ကရိခင်းရင်တော့ နင်းပေးဖို့ မလိုပါဘူး။

Road Safety
ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံမှု အပိုင်းအရဆိုရင်တော့ ကတ္တရာလမ်းက ပိုသာပါတယ်။ ကတ္တရာလမ်းက လမ်းနဲ့ ကားဘီးကြားမှာ ကုတ်မှုအား ပိုကောင်းတာကြောင့် ယဉ်ဘီးချော်ခြင်းတွေကို အထိုက်အလျောက် မဖြစ်စေပါဘူး။

ဆီစားနှုန်း
ဒါတော့ ကွန်ကရစ်လမ်းက ပိုသာပါတယ်။ ကွန်ကရစ်လမ်းပေါ် မောင်းတာက ကတ္တရာလမ်းပေါ်မောင်းတာထက် ၁၅% ကနေ ၂၀% အထိ ပိုပြီး သက်သာစေပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု
ကတ္တရာလမ်းခင်းမယ်ဆိုရင် အရင်ဆုံး ကတ္တရာကို အပူပေးရတာမို့ မီးခိုးငွေ့တွေထွက်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပေမယ့် ကွန်ကရစ်လမ်းခင်းရာမှာတော့ အဲ့ပြဿနာတွေ မရှိပါဘူး။

သဘာဝ သယံဇာတများ
ကတ္တရာကို ရှားပါးသဘာဝ သယံဇာတတွေထဲက တစ်ခုဖြစ်တဲ့ ရေနံကနေ ထုတ်ယူရပါတယ်။ ဘိလပ်မြေကိုတော့ နေရာအနှံ့အပြားမှာ ပေါများစွာ တွေ့ရတဲ့ ထုံးကျောက်တောင်ကနေတဆင့် ထုတ်ယူရရှိတာပဲ ဖြစ်ပါတယ်။

ထပ်ခါတလဲလဲ အသုံးပြုနိုင်မှု
ကတ္တရာဖြစ်စေ၊ ကွန်ကရစ်ဖြစ်စေ Recycle အသုံးပြုနိုင်ပါတယ်။ စွန့်ပစ်ကတ္တရာအဟောင်းတွေကို အရည်ကျိုချက်ပြီး ထပ်ခါတလဲလဲ အသုံးပြုနိုင်သလို၊ ကွန်ကရစ်လမ်းဟောင်းက ကွန်ကရစ် အစအနတွေကိုလည်း ခွဲစိတ်ပြီး အောက်ခံ မြေနင်းအလွှာအဖြစ် ပြန်လည် အသုံးပြုနိုင်ပါတယ်။

သက်တောင့်သက်သာ ဖြစ်စေမှု
သုတေသနများအရ ကွန်ကရစ်လမ်းပေါ် ကားတွေ ဖြတ်သန်းသွားတဲ့အခါမှာ ဖြစ်လာတဲ့ တုန်ခါမှုက ကတ္တရာလမ်းပေါ် ဖြတ်သန်းသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုထက် (၃ဆ)ကနေ (၄ဆ) အထိ ပိုတယ်လို့ ဆိုကြပါတယ်။

ကွန်ကရစ်လမ်းတွေမှာ Expansion Joint တွေ ရှိတာမို့ တုန်ခါမှုကို ပိုဖြစ်စေတာပါ။ အဲ့ဒါကြောင့် တုန်ခါမှုနည်းတဲ့ ကတ္တရာလမ်းတွေဟာ ယဉ်စီးတဲ့သူတွေကို ပိုပြီး သက်တောင့် သက်သာ ဖြစ်စေပါတယ်။

ကားတာယာ တိုက်စားခံရခြင်း
မျက်နှာပြင် ပိုကြမ်းတဲ့ ကွန်ကရစ်လမ်းတွေက ပွတ်တိုက်စားမှု ပိုဖြစ်စေတာမို့ ကားဘီး တာယာစားမှုနှုန်း ပိုများပြီး ဆူညံမှုကိုလည်း ပိုဖြစ်စေပါတယ်။

မိုးရေကြောင့်ဖြစ်သော ပြဿနာများ
မိုးရေထိဖန် များလာတဲ့အခါ ကတ္တရာလမ်းမှာ ကတ္တရာနဲ့ လမ်းခင်းကျောက်များရဲ့ စွဲမြဲမှုအားကို နည်းလာစေပါတယ်။ အဲ့ဒါကြောင့် ကတ္တရာကွာတာတွေ ဖြစ်လာပြီးတော့၊ ကတ္တရာလှိုင်းတွန့်တာတွေလည်း အဖြစ်များလာပါတယ်။

ကြာလာတဲ့အခါ ကတ္တရာလမ်းသားအောက်မှာ မိုးရေ ဝပ်တာကိုလည်း ကြုံလာရမှာပါ။ အဲ့ဒါကြောင့် ကတ္တရာလမ်းမျက်နှာပြင်တွင် အက်ကွဲကြောင်းများဖြစ်ခြင်း ၊ လမ်းပေါက်များဖြစ်ခြင်း (Pot holes)ကိုလည်း တွေ့လာရပါတယ်။

ကတ္တရာလမ်းက ဒီလို ပြဿနာတွေ အဖြစ်များတာမို့ မြန်မာနိုင်ငံရဲ့ မိုးများတဲ့ ဒေသတွေမှာဆိုရင် ကတ္တရာလမ်းအစား ကွန်ကရစ်လမ်းတွေကိုပဲ ပြောင်းခင်းလာကြပါတယ်။

🙏🙏

LINN BAGAN Car Rental,Ebike Rental,Ticketing and Tour Services
092042956,09256185588

**မြန်မာ့မြို့ရွာဒေသများ၏ ရှေးဟောင်းအမည်များ **ကန္တာရ၀တီ - ကယားကမ္ဘောဇ - ရှမ်းကုသိနာဂရ - ပုသိမ်ကေတုမတီ - တောင်ငူကေလာသ - ...
31/01/2024

**မြန်မာ့မြို့ရွာဒေသများ၏ ရှေးဟောင်းအမည်များ **

ကန္တာရ၀တီ - ကယား
ကမ္ဘောဇ - ရှမ်း
ကုသိနာဂရ - ပုသိမ်
ကေတုမတီ - တောင်ငူ
ကေလာသ - တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်

သရေခေတ္တရာ - ပြည်
ကောသမ္ဘီ - ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ - ကျိုင်းတုံ
ခေါသန္တီ - မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ - ဧရာဝတီမြစ်ဝကျွန်းပေါ်

ဂန္ဓာရ - စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ - စလင်းအနောက်ဘက်
စိနရဋ္ဌ - ကချင်ပြည်နယ်
စန္ဒပူရ - မဏိပူရဘက်နယ်စပ်

စမ္ပာနဂရ - သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန - တောင်ငူနယ်
ဇေယျပူရ - စစ်ကိုင်း
ဇောတိနုဂရ - ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ {၁၂} နယ်

တတ္ထဒေသ - ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ - ဧရာဝတီမြောက်ပိုင်း
ဓညဝတီ - မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ - မြစ်ငယ်

ဒွာရာဝတီ - သံတွဲ
နဂရာဇာ - နဂရစ်
ပဉ္စာလရာဇ် - တကောင်း
ပဌမနဂရ - မကွေးတောင်ဘက်

ပေါက္ကရ၀တီ - ရန်ကုန်
မဟာနဂရ - မွန်ငယ်
မစ္ဆဂီရိ - ချင်းတောင်တန်း
မေဃဝတီ - မာန်အောင်
မထိလာ - မိတ်ထီလာ

ယက္ခပုရ - သထုံ
ယောနက - ယော
ရတနပုရ - အင်းဝ
ရတနာတင်းတိမ် - တောင်တွင်းကြီး
ရတနာပုံ - မန္တလေး

ရာဇဂြီဟ - ကလေးအနီး
ရာမညဒေဝ - မွန်ပြည်နယ်
ရမ္မာဝတီ - ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ - ရွှေဘို
ဝေဘာရာ ဝေပုလ္လ - ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ - မြောက်ဦးအနီး

ဘုမ္မဝတီ - မင်းတုန်းမြို့
သာယာဝတီ - ထားဝယ်
ဒူရကတိုင်း - တနင်္သာရီ
ရမ္မာဝတီ - ရန်းဗြဲမြို့
မေဃဝတီ - မာန်အောင်မြို့
ဓညဝတီ - စစ်တွေမြို့
အုန်းဘောင် - သီပေါ

တမ္ပဝတီ - တောင်မြို့အနီး မန်းလေးတိုင်း
ဇေယျ၀တီမြို့ - ဖြူးမြို့နား
သုနာပရန္တတိုင်း - မကွေးတိုင်း

ဝိမဏု - ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ - ချင်းတွင်းမြစ်
သာကေတ - ရန်ကုန်
သာဂရ - ဆွာအနီး
သာယာဝတီ - သုံးဆယ်အနီး

သိရီခေတ္တရာ - မော်ဇာ
သိရီပစ္စရာ - ပုဂံအနီး
သိင်္ဂုတ္တရ - ရွှေတိဂုံကုန်းတော်
သုနာပရန္တ - ဧရာဝတီမြစ်မြောက်ဘက်

သုဓမ္မဝတီ - သထုံ
သုဝဏ္ဏဘူမိ - တိုက်ကုလား၊ အရက်သမ၊ဝင်က
သင်္ဃဿနာရ - တကောင်း
ဟရိပုဉ္စ - မွန်ပြည်နယ်/ ထိုင်း

ဟံသာဝတီ - ပဲခူး
အမရပူရ - တောင်မြို့
အရိမဒ္ဒနပူရ - ပုဂံ
အသီတဉ္စန - ရန်ကုန်

အလ္လကပ္ပ - စစ်ကိုင်းအနီး
အာဠဝတီ - မြစ်ကြီး
သြရိဿ - ပဲခူး
ဥက္ကလာပ - ရန်ကုန် တို့ဖြစ်ပါသည်။

မှားလျှင်ပြင်ပေးခဲ့နိုင်ပြီး မှန်လျှင်မှတ်သားနိုင်ကြဖို့ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပါသည်။

တစ်ခေတ်တခါ ပုဂံ ရာဇဝင်ထဲမှာ နံမည်တစ်လုံးနဲ့ နေရာယူထားခဲ့တဲ့ မိဖုရားကြီး ဖွားစော အမည်နဲ့ ရွာကလေး ဖွားစောရွာLINN BAGAN Car...
29/01/2024

တစ်ခေတ်တခါ ပုဂံ ရာဇဝင်ထဲမှာ
နံမည်တစ်လုံးနဲ့ နေရာယူထားခဲ့တဲ့
မိဖုရားကြီး ဖွားစော အမည်နဲ့ ရွာကလေး ဖွားစောရွာ

LINN BAGAN Car Rental ,Ticketing, Ebike Rental
and Tours Services
092042956 , 09777064067

ဆောင်းမနက်ခင်းလေးမှာ ပုဂံရဲ့ အလှတရားတွေကို balloon စီးရင်း ခံစားကြရအောင်😍Oriental Ballooning အစိမ်းရောင်လေး  Golden Eagl...
28/01/2024

ဆောင်းမနက်ခင်းလေးမှာ ပုဂံရဲ့ အလှတရားတွေ

ကို balloon စီးရင်း ခံစားကြရအောင်😍

Oriental Ballooning အစိမ်းရောင်လေး

Golden Eagle အဝါရောင်လေး

မင်မင်ဆီမှာ အားလုံးဝယ်လို့ရပါတယ်နော်

☎09256185588

Linn Bagan Agent

28/01/2024

ပုဂံ ရှေးဟောင်းမြို့တော်မှာ ပျံသန်း နေတဲ့
Ballon လေးတစ်လုံးရဲ့တစ်မနက်ခင်း ဖြစ်စဥ်
09 2042956 , 09 256185588

20/01/2024

Thanks United Bagan Hotel

မဂ်လာရှိသောနေ့လေးကျွန်တော်တို့ LINN BAGAN Ebike Rental  မှ Ebike အစီးရေ 51 စီးငှားယူအသုံးပြုပေးပါသောUNITED BAGAN Hotel န...
20/01/2024

မဂ်လာရှိသောနေ့လေး
ကျွန်တော်တို့ LINN BAGAN Ebike Rental မှ Ebike အစီးရေ 51 စီး
ငှားယူအသုံးပြုပေးပါသော
UNITED BAGAN Hotel နှင့် ရွှေဝန်းရံ Hotel မိသားစုတို့အား အထူးကျေးဇူးတင်ပါတယ်ဗျာ

ဗဟုသုတပေါ့ကုန်းဘောင်ခေတ်ပြည့်တန်ဆာလုပ်ငန်း        ရှေးမြန်မာဘုရင်ခေတ်မှာ ပြည့်တန်ဆာလုပ်ငန်းက တရားဝင်ရှိခဲ့တယ်။ အနီးဆုံးက...
18/01/2024

ဗဟုသုတပေါ့

ကုန်းဘောင်ခေတ်ပြည့်တန်ဆာလုပ်ငန်း

ရှေးမြန်မာဘုရင်ခေတ်မှာ ပြည့်တန်ဆာလုပ်ငန်းက တရားဝင်ရှိခဲ့တယ်။ အနီးဆုံးကုန်းဘောင်ခေတ်ကိုပြောရရင် ပြည့်တန်ဆာအိမ်ဆိုတာ အထင်အရှားရှိသလို လူအများခွဲခြားလွယ်အောင်လဲ သတ်မှတ်ချက်တွေရှိပါတယ်။

ပြည့်တန်ဆာအိမ်ရဲ့မျက်နှာစာမှာ တပေပတ်လည် အဖြူအနီကြား တင်းတိမ်(လိုက်ကာ) ကိုချထားရတယ်။ ပြီးရင် ကွပ်ပျစ်ကုတင်ချပြီး အဲ့အပေါ်မှာ သနပ်ခါး၊ကျောက်ပျဉ်၊ ဘီး၊ မှန်တို့ကို ချထားရတယ်။ ပြည့်တန်ဆာတွေက အဲ့အပေါ်မှာ လူလုံးပြပြီး ပြင်ဆင်နေကြရတယ်။ နောက်ပြီး ဧည့်သည်အတွက် မြင်းချည်တိုင်တွေရှိကြရတယ်။

အရေးကြီးတဲ့အချက်က ဂဠုန်လက်သည်းပင်ကို မြင်သာအောင် များများလေးစိုက်ပြထားရတယ်။ အဲ့ဒီအပင်ကို ပြုတ်ပြီးအဖန်ရည်အဖြစ်သုံးပြီးဆေးကြောရတယ်။ အခုခေတ်လိုဆို ကာလသားပိုးမကူးအောင်အတွက် မဖြစ်မနေသုံးပြီးစိုက်ပြထားရတယ်လို့ဆိုရမယ်။

အဲ့ခေတ်က ဒီလိုအိမ်တွေရရှိရာအရပ်က မန္တလေးရဲ့အနောက်တောင်ဘက်က ချွန်းတောင်ဝင်းတို့၊ခြင်္သေ့ဦးတို့အရပ်ပဲဖြစ်ပါတယ်။

Credit:

Photo စစ်ကြိုခေတ် ဘိအိမ်ကပုံ

လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ မေတ္တာဖြင့် တဆင့်ပြန်လည်မျှဝေသည်...😇
All rights and credits go to rightful owner.

မျှဝေသူ - နန့်ဟယ်လင် 🙏

~ မြန်မာ့သမိုင်းမှတ်တမ်းများ

Address

LINN Studio And Camera Accessories, Main Road, Near Manisitu Market , Nyaung U, Myanmar (Burma)
Bagan
100501

Alerts

Be the first to know and let us send you an email when LINN BAGAN Car Rental and Tour Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share