Bagan Colourful Package Tour

Bagan Colourful Package Tour ပုဂံနှင့် ပုဂံဝန်းကျင် ခရီးစဉ်
(11)

ဒီရက်ထဲ မင်မင်... AI တွေပဲ စိတ်ဝင်စားနေမိလို့Crd to original creater
19/05/2023

ဒီရက်ထဲ မင်မင်... AI တွေပဲ စိတ်ဝင်စားနေမိလို့
Crd to original creater

AI group တခုထဲက မ လာတာCrd Kxann
19/05/2023

AI group တခုထဲက မ လာတာ
Crd Kxann

တနေ့တလံ ပုဂံဘယ်ပြေးလိမ့်မလဲ
17/05/2023

တနေ့တလံ ပုဂံဘယ်ပြေးလိမ့်မလဲ

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း (၁၃.၅.၂၀၂၃)နှင့် (၁၄.၅.၂၀၂၃) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ခရိုင...
15/05/2023

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း (၁၃.၅.၂၀၂၃)နှင့် (၁၄.၅.၂၀၂၃) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနမှဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ရှေးဟောင်းအဆောက်အအုံများထိခိုက်မှုရှိ/မရှိကို လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ ရာ ညနေပိုင်းတွင် စူဠာမဏိဘုရားပုရဝုဏ်အတွင်းရေဝင်ခြင်း၊ အနော်ရထာမင်းနန်းတော်ရာ အဆောင် B ရေဝင်ခြင်း၊ အာနန္ဒာဘုရားကြီးအတွင်းရေဝင်ခြင်း၊ ဓမ္မရာဇကဘုရားကြီးရင်ပြင်အုတ်ခုံအုတ်ပြိုခြင်း၊ ထီးလိုမင်းလိုဘုရားအရှေ့မုခ်အဝင်ချင် မိတ်တိုးပဲ့ကျခြင်း၊ သဗ္ဗညုဘုရားအုတ်တံတိုင်းပဲ့ကျခြင်း၊ ပုထိုးသားများဘုရားမုခ်ကပ်ပဲ့ကျခြင်း တို့ဖြစ်ပွားကြောင်းတွေ့ရှိရ၍ ရေစုပ်ထုတ်ခြင်း၊ ရေထွက်ပေါက် များဖောက်လုပ်ခြင်း၊ မိုးကာများဖြင့်အုပ်ဆိုင်းကာရံခြင်းတို့ဆောင်ရွက်ထားပါသည်။ လိုအပ်သော ပြပြင်ထိန်းသိမ်းများ၊ စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Crd - Bagan Arch

မိုခါအလွန် အာနန္ဒာBy U Nay Myo Oo ‌သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ ရေစုပ်ထုတ်ထားမှုကြောင့် ယခင်နေ့များကလောက် ရေတင်ကျန်မှု မရ...
15/05/2023

မိုခါအလွန် အာနန္ဒာ
By U Nay Myo Oo

‌သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ ရေစုပ်ထုတ်ထားမှုကြောင့် ယခင်နေ့များကလောက် ရေတင်ကျန်မှု မရှိတော့တာကို တွေ့ရ

ပုပ္ပါးတောင်သမိုင်းအနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်...
11/05/2023

ပုပ္ပါးတောင်သမိုင်း

အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရှတိုက်သားအချို့က ဖူဂျီတောင် (Mt. Fuji) နှင့်တူသည် ဟူ၍လည်း -ကောင်း တင်စား ပြောဆိုကြသည်။
ပုပ္ပားနှင့်ပတ်သက်၍ အဆိုနှစ်ခု ရှိသည်။ ပထမအဆိုမှာ ပုပ္ပားသူသည် ပုဗ္ဗ-အရှေ့အရပ်ဟူသော စကားမှ ဆင်းသက်လာပြီး ယင်းအရှေ့အရပ်မှာ ခရစ်နှစ် ၁၀၇-ခု၊ သမုဒ္ဒရာဇ်မင်းသည် ယုန်လွှတ်ကျွန်း၌ ရွာပေါင်း ၁၉-ရွာဖြင့် ပုဂံကိုတည်ထောင်သော ခေတ်ဦးပုဂံ ဖြစ်သည်။
သို့သော် ရာဇဝံသဇာလိနီကျမ်းအဆိုအရ
ယုန် လွှတ်ကျွန်းသည် ဧရာ၀တီမြစ်နံဘေး ခြောက်မိုင်ခန့်အကွာရှိ တုရင်းတောင်အရှေ့ဖက်တွင်ရှိ၏-ဟု ဆိုသောကြောင့် ပုဗ္ဗဟူသောအဆို မဖြစ်နိုင်ပါ။

ဒုတိယအဆိုမှာ ပုပ္ပားဟူသည် ပုပ္ဖဟူသောစကားမှ ဆင်း သက်လာပြီး ဓာတုပဋိသန္ဓာရကျမ်းနိဒါန်းတွင် ပုပ္ဖာ၀နပဗ္ဗတ-ပန်းတောတောင်-ဟုလည်း ဆိုထားသည် ။
ရှေးစာဟောင်းတို့တွင် ပုပ္ဖ ပသဝေတိ ဇနေတီတိ ပုပ္ပား-ဟု ဆိုသော၍ အဓိပ္ပာယ်မှာ ပန်းတို့ကို ဖြစ်စေ တတ်သောကြောင့် ပုပ္ပားဟူ၍ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ပုပ္ပားဒေသသည် အပူပိုင်းဒေသဖြစ်နေ ပါလျက် စိန်းလန်းစိုပြေကာ ရာသီအလိုက် ပန်းတို့ဖြင့် ဝေ၀ဆာဆာရှိနေသည်ကို တွေ့ရနိုင်သောကြောင့် ပုပ္ဖဟူသောစကားမှာ လက္ခံ့နိုင်ဖွယ်စကားဖြစ်တော့သည်။

ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း
ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဖက် ၁၀-မိုင်ခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြို့၏ မြောက်ဖက်ခြမ်းတွင် သီးခြားတည် ရှိနေသော တောင်တန်းကြီးဖြစ်သည်။
ရန်ကုန်နှင့်ပုပ္ပားမြို့သည် ၄၀၅-မိုင်ကွာဝေး၍ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့၊ ပုဂံညောင်ဦးမြို့တို့မှ သွားရောက်နိုင်သော ပုပ္ပားတောင်မကြီး၏ အနောက်တောင်ခြေတွင်တည်ရှိသည့် ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်သည်။

ပထမပုဂံ၏ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သည့် သေလည်ကြောင်မင်း (ခရစ် ၃၄၄)သည် သီရိပစ္စယာမြို့တော်သစ်ကို ထူထောင်ခဲ့သည်။
အစောဆုံးမှတ်တမ်းအရ ဒုတိယပုဂံခေတ် သေ လည်ကြောင်မင်း (ခရစ် ၃၄၄-၃၈၇)သည် ဧရာ၀တီမြစ်တစ်လျှောက် တကောင်းမှပုဂံသို့ မျောလာသော စကားပင်တုံးကြီးကို ဆယ်ယူကာ နတ်မောင်နှမရုပ်တု ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားတောင်သို့ပို့ကာ နတ်ကွန်းဆောက်၍ ပူဇော်ခဲ့သည်။ ယင်းမှ ပုပ္ပားဖြစ်တည်ခဲ့သည်ဟုဆို၏။

ယင်းသေလည်ကြောင်မင်း လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ပုပ္ပားနတ်တောင်လင်္ကာသည် အစောဆုံးမြန်မာကဗျာတစ်ပုဒ်ဖြစ် ခဲ့ပြီး ကျော်ကြားခဲ့သည်။
ပုပ္ပားနှင့်ပတ်သက်ကြသူများကို အများအပြား တွေ့ရသည်။ အနော်ရထာဘုရင် သည် အမိ၀မ်းကွဲတော်စပ်သူ နောင်တော်စုက္ကတေးမင်းကို ပုန်ကန်စဉ်က ပုပ္ပားတွင် ခြေကုပ်ယူကာ နေ ထိုင်ခဲ့ပြီး အောင်မြင်သောအခါ ရွှေအောင်ဇံစေတီကို တည်ထားခဲ့သည်။ ပထမပုံဂံမင်း၏ ၂၀-ဆက်မြောက် ပုပ္ပားစောရဟန်းမင်းသည် ပုပ္ပားနယ်သားဖြစ်သည်။ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပား နယ်သားဖြစ်သည်။
ပုပ္ပားသည် မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ဟု အတိအကျဆိုရန် ခက်ခဲသော်ငြား မြန်မာမှတ်တမ်းများတွင် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း၁၀၁-တွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်လတ္တံ့ဟု ဗျာဒိတ်တော်ရှိခဲ့သည်ဟု ဆိုသည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံချိန်သည် ဘီစီ၅၄၅-ဖြစ်၍ ယင်းအဆိုအရ ဘီစီ ၄၄၄-ဖြစ်ပါလိမ့်မည်။
မှတ်တမ်းတစ်စောင်တွင် ၄၄၂-ဟုဆိုသည်။

ဘူမိဘေဒပညာရှင်တို့ကမူ ပုပ္ပားတောင်သည် ရှေးကမီးတောင်တစ်ခုဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပေါက်ကွဲ ခဲ့ကာ နောက်ပိုင်းမှ မီးသေတောင်ဖြစ်ခဲ့သည်ဟုဆိုသည်။
သုတေသနပြုချက်အရ သက်နှောင်းကပ် (Cenozoic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၅-သန်းခန့်က ပုပ္ပားမီးတောင် ပေါက်ကွဲဆဲဖြစ်ပြီး စတုတ္ထကပ် ပလိုင်စတိုဆင်းယုဂ် (Pleistocene Period) အလွန် နှစ် တစ်သန်းမှ ငါးသောင်းကာလအတွင်းထိ မီးသေတောင်မဖြစ်သေးပဲ ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ခုနစ်ထောင်ခန့်ရောက်သောအခါမှ မီသေတောင်ဖြစ်သည်-ဟု ခန့်မှန်းရသည်ဆို၏။

ထိုအချိန်က ပုပ္ပားတဝုိက် ကျောက်ခေတ်လူသားတို့ နေထိုင်နေပြီ-ဟု အမေရိကန်ပညာရှင် Hellmut De Terra နှင့် Hellam movius တို့က ဆိုသည်။ အထောက်အထားများကိုလည်း တွေ့ရသည်။
ပုပ္ပားတောင်ကို အနောက်ဖက်မှကြည့်လျှင် တောင်ထွတ်နှစ်ခုကိုမြင်ရပြီး
မြောက်ဖက်မှကြည့်လျှင် ဂျပန်နိုင်ငံရှိ ဖူဂျီရာမ (Mt. Fuji) ကဲ့သို့ မီးတောင်တစ်ခုကိုသာ တွေ့ရပါမည်။ ပုပ္ပားဒေသ၏ အပူချိန်မှာ ၁၀၈ံ-ဖာရင်ဟိုက်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ံ-ဖာရင်ဟိုက်ရှိကာ နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ ၄၅-လက် မဖြစ်သည်။ မိုးရာသီတွင် မုတ်သုန်လေသည် အနောက်အရပ်မှတိုက်လေ့ရှိ၍ နွေရာသီတွင် အရှေ့မြောက် အရပ်မှ တိုက်လေ့ရှိသည်။

ရာဇ၀င်ထဲကပုပ္ပား

၁။ ပုဂံခေတ်

မဟာဂီရိနတ်ဟူသော ဝေါဟာရသည် ပထမပုဂံ၏ ၇-ဆက်မြောက် သီရိပစ္စယာမြို့တည် သေလည်ကြောင် မင်းလက်ထက်ကတည်းက ပေါ်ပေါက်နေပြီဖြစ်သည်။
မြန်မာရာဇ၀င်ကျမ်းများ၏ အဆိုအရမူ ဒုတိယ ပုဂံခေတ် သေလည်ကြောင်မင်း (၃၄၄-၃၈၇) လက်ထက်တွင် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် တကောင်းမှပုဂံသို့မျောလာသော စကားပင်တုံးကြီးကို ဆယ်ယ်ကာ နတ်မောင်နှမရုပ်ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားသို့ပို့ကာ နတ်ကွန်းဆောင်ဆောက်လုပ်၍ ပူဇော်ခဲ့သည်ဟုဆို၏။ သေလည်ကြောင်မင်း လက်တွင် ပုပ္ပားနတ်တောင်လင်္ကာပေါ်ထွက်ခဲ့သည်။

"ပုပ္ပားနတ်တောင်လင်္ကာ"

ရွှေနှင့်ယိုးမှားပန်းစံကား
------------------------------
သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နုလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ။ ။
(ရှေးစာဆို)

ပုဂံပထမမင်းဆက် ၂၀-ဆက်မြောက် စောရဟန်းမင်း(၆၄၀)သည် ပုပ္ပားအရပ်သားဖြစ်သည်။ အနော်ရထာ မင်းသည် ဘုရင်မဖြစ်မီ နောင်တော်စုက္ကတေးမင်းကို တိုက်ခိုက်ရန် ပုပ္ပားအရပ်ကို ခြေကုပ်ယူစခန်းချခဲ့ သည်။
သူရဲကောင်းလေးဦးတွင် တစ်ဦးအ၀င်အပါဖြစ်သည့် ငလုံးလက်ဖယ်သည် ပုပ္ပားအရပ်သားဖြစ်သည်။ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)သည် မဟာဂီရိနတ်နှင့် အကြိမ်ကြိမ်စကားပြောဖူးသည်ဟု မြန်မာ ရာဇ၀င်ကျမ်းများတွင်ဆိုသည့်အပြင် မြေးတော်အလောင်းစည်သူ (၁၁၁၃-၁၁၆၀)၏ ဆရာများစာရင်းတွင် မဟာဂီရိနတ်အမည်ပါ၀င်နေသည်။
နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)လက်ထက်ကျောက်စာတွင် မနုဟာမင်း၏သားတော် သုဓမ္မရာဇ်၊ သုဓမ္မရာဇ်၏သား အသ၀ဏ်ဓမ္မာသည် နရပတိစည်သူမင်း ၏ ရွှေလောင်းလှေတော်ကို ပုပ္ပားအရပ်၍ သွားရောက်အပ်ထားသည်။ ထို့နောက်ပြန်လည် အပ်နှံရာမှ အသ၀ဏ်ဓမ္မာ၏သားတော် နာဂသမန်းသည် ဘုရင့်သမီးတော်နှင့်လက်ဆက်ခွင့်ရခဲ့သည်ဟုဆိုသည်။
မြန် မာရာဇ၀င်ကျမ်းများ၏ ဥဇနာမင်း(၁၂၄၉-၁၂၅၆)လက်ထက် မှတ်တမ်းတွင် ဥဇနာမင်း၏မိဖုရားစောသည် ပုပ့ားအရပ်သူဖြစ်သည်။ ပုပ္ပားအကြောင်း၊ မဟာဂီရိအကြောင်းကို မြန်မာရာဇ၀င်တွင် များစွာဆို ထားသော်ငြား ပုဂံခေတ်ကျောက်စာတို့တွင် တစ်ခွန်းမျှ မဆိုထားခြင်းသည် လွန်စွာသတိပြုဖွယ်ဖြစ်တော့ သည်။

၂။ ပင်းယ၊အင်းဝခေတ်

ပင်းယခေတ်တွင် နောင်တော်သီဟသူသည် စစ်ကိုင်းအသင်္ခယာစောယွမ်းမင်းကို လုပ်ကြံရန် ငခင်ညိုကို နန်းတွင်းသို့ တိတ်တဆိတ်လွှတ်လိုက်ရာ အခွင့်မသာသဖြင့် အချိန်ကြာခဲ့သည်။
တစ်စုံတစ်ရာမစားရသေး ရကား ဆာဆာရှိသည်ကြောင့် ဗလိနတ်စာကိုစားမိသဖြင့် တစ်လုပ်စားဖူး သူ့ကျေးဇူးကို သိတတ်သူဖြစ် သည့်အလျောက် မသတ်ပဲပြန်လှည့်လာခဲ့သည်။ ဤတစ်ချက်သာတွေ့ရသည်။ အင်းဝခေတ်တွင် တောင် ပုပ္ပား စံကားပွင့်ဟူသော အဲချင်းလင်္ကာတစ်ပုဒ်ပေါ်ခဲ့သည်။

"တောင်ပုပ္ပား စံကားပွင့်"
ပုပ္ပားတောင်သည်၊ ရွှေတောင်တည့်လေ၊ ရွှေတောင်ပတ်လုံး၊ စံကားပင်နှင့်
ပန်းပင်ဖုံး၊ တောင်လုံးရနံ့ ကြိုင်စွလေ။
ပုပ္ပားတောင်တွင်၊ နတ်ရှင်နှစ်ပါး၊ ရွှင်စံစား၊ ဘုံခြားဗိမ္ဗာန်၊ မြိုင်စွလေ။
လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွစံကား၊ တောင်ပုပ္ပား၊ စံကားပျံ့ကြိုင်မျှ၊
ပန်းလှိုင်စွလေး။
မောင်တော်ရေထက်၊ မယ်မုတ်ရေ၊ ဆယ်လေးသာစွလေ။
ဗိမ္ဗာန်နန်းမှာ၊ ထီးစင်္ကြာဖြန့်ကာ၊ အုပ်မိုးကာစွလေး။

အင်းဝခေတ် အရှင်မဟာရဋ္ဌသာရနှင့် အရှင်မဟာသီလဝံသ
တို့က နတ်ကိုးကွယ်မှုနှင့်ပတ်သက်၍ ဗုဒ္ဓ ဘာသာသာသနာတော်
ညှိုးနွမ်းမည်ကို
မလိုလားသောကြောင့် ပြစ်တင်ရှုတ်ချရေးသားခဲ့ကြသည်။
မဟာဂီရိ၏အဓိပ္ပာယ်မှာ တောင်ကြီးဟူသောအဓိပ္ပာယ်ဖြစ်သည်။
ရှေးက သဘာဝဘေးအန္တရာယ် ကို ကြောက်ရွံ့မှုကြောင့်
သစ်ပင်တောတောင်များကို ကိုးကွယ်ခြင်းအလေ့ရှိခဲ့သည်ကိုလည်း
သတိပြုရာပါသည်။

၃။ တောင်ငူခေတ်

အင်းဝခေတ်တွင်
မည်မျှပင်ရေးသားခဲ့စေကာမူ တောင်ငူခေတ်မတိုင်မီထိ ပုပ္ပားနတ်ကို
ကျွဲနွားစသည် သတ်ဖြတ်ပသကြဟန်တူသည်။
ဘုရင့်နောင်မင်းတရားကြီး(၁၅၅၀-၁၅၈၁)သည် နတ်ကိုးကွယ်မှုကို
အမိန့်တော်ထုတ်ပြန်လျှက် တားမြစ်ခဲ့သည်ကို
တွင်းသင်းမဟာရာဇ၀င်သစ်(ဒုတိယတွဲ)တွင် တွေ့ရသည်။

၄။ညောင်ရမ်းခေတ်
ကသည်းစော်ဘွားတစ်ဦးသည် ၁၅-နှစ်မျှသာရှိသေးသော
ကသည်းမင်းသမီး နှင်းလုံခံကို စနေမင်း(၁၆၉၈-
၁၇၁၄)ထံ ဆက်သခဲ့သည်။ ဘုရင်မှ မင်းသမီးကို ပုပ္ပားမြို့စားအရာ
အပ်နှင်း၍ ကိုယ်လုပ်တော်အရာ
ထားခဲ့သည်။ ညောင်ရမ်းခေတ်နှောင်း အင်းဝနောက်ဆုံးမင်းဆက်
မဟာဓမ္မရာဇာဓိပတိမင်းကို မဏိ
ပူရစော်ဘွားဟုံသည် အသက် ၁၂-နှစ်သာရှိသေးသော
သမီးတော်ကသည်းမင်းသမီးကို ဆက်သခဲ့သည်။
ဘုရင်မှ ပုပ္ပားမြို့စားအရာအပ်နှင်းခဲ့သည်။ စိန္တကျော်သူဦးသြ၏
ကဝိလက္ခဏာသတ်ပုံကျမ်းတွင်
မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံးညီနောင်မင်း-ဟု
စပ်ဆိုခဲ့သည်။

၅။ ကုန်းဘောင်ခေတ်

အလောင်းတော်မင်းတရားကြီးသည်
ပုပ္ပားမဟာဂီရိနတ်ရုပ်များမှ နှမတော်နတ်ရုပ်၏ ဦးခေါင်းကိုငုံ၍ ရွှေ
ချိန်ငါးပိဿာကို ဆက်သခဲ့သည့်အပြင်
နတ်ထိန်းခုနစ်အိမ်ထောင်ကိုလည်း ခန့်အပ်တော်မူခဲ့သည်။
ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)ကို ၁၇၈၄-ခုတွင်
ပုပ္ပားနယ်သားငဘုန်းသည် ပုန်ကန်ခဲ့သဖြင့် အုပ်ချုပ်ရေး
ပရိယာယ်ကြောင့်လောမသိ မဟာဂီရိနတ်မောင်နှမတို့ကို
ချီးမြှောက်ခြင်းအဆက်သွယ်ရှိခဲ့သည်။ ခရစ် ၁၇၈၅-တွင် ရွှေစင်
၅၅-ကျပ်သားဆက်သခဲ့သည်။ မင်းထုန်းမင်းသည်လည်း
ပဉ္စမသင်္ဂါယနာတင်မင်းတစ် ပါးဖြစ်သော်ငြား
ပုပ္ပားကိုစည်းရုံးရေးအသွင်ဖြင့် ပုပ္ပားဒေသခံ
ဦးမှုံကို မြို့အုပ်ရာထူးအပ်နှင်းခဲ့သည်။ သီပေါ မင်းလက်ထက်
နန်းသက်ခုနစ်နှစ်တွင် ပုပ္ပားနှင့်ပတ်သက်၍
ထူးခြားသည့်ဆက်နွယ်မှုမရှိခဲ့ပေ။

၆။ ကိုလိုနီခေတ်

သီပေါမင်း ပါတော်မူပြီးနောက် ပုပ္ပားဒေသမှ
ဗိုလ်နက်ကျော်သည်လည်း တွန်းလှန်တိုက်ခိုက်သူများအဖြစ်
ပါ၀င်ခဲ့သည်။ ၁၉၂၀-တွင် ဂေါပကလူကြီး ဦးသာတင်ဆိုသူက
ပုပ္ပားတောင်ကလပ်ပေါ်သို့ တက်ရောက်နိုင် ရန် လူသွားလမ်းကို
ခုတ်ထွင်ရှင်းလင်းခဲ့သည်။

၁၉၂၁-တွင် ကျိုက်ထီးရိုးဆရာလေး ဦးပန်းအေးသည်
- တောင်ကလပ်ပေါ်တွင် စေတီတစ်ဆူတည်ထားခဲ့ပြီး ၁၉၂၄-တွင်
၁၈-ပေမြင့်သော တံခွန်တိုင်ကို - မောနေယျကိုယ်တော်၏
ဦးဆောင်မှုဖြင့် တောင်ကလပ်ပေါ်တွင် စိုက်ထူခဲ့သည်။ ၁၉၂၅-တွင်
ပထမဆုံး ဘာသာရေးပွဲတော်အဖြစ် အနေကဇာတင်ပွဲကို
ကျင်းပခဲ့သည်။ တောင်ကလပ်သို့တက်ရာတွင် သံလှေ ခါးဖြင့်
တက်နိုင်ရန် ဆရာတော်ဦးကောသလ္လဦးဆောင်ခဲ့သည်။

၇။ ဂျပန်ခေတ်

မဟာမိတ်တပ်များ ပုပ္ပားရွာသို့ချီတက်သောအခါ မြေသားလမ်းအဖြစ်
ချဲ့ထွင်ဖောက်လုပ်ခဲ့သည်။
၈။လွတ်လပ်ရေးခေတ်

မြန်မာနိုင်ငံသည် ၄-၁-၁၉၄၈-တွင် ဗြိတိသျှအစိုးရလက်အောက်မှ
လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်
ထင်ရှားသည့်အဆောက်အဦအဖြစ်
ပုပ္ပားအနီး၀န်ကျင်ရှိ တောင်ကုန်းများတွင် အ၀င် အပါဖြစ်သော
သီလတောင်ပေါ်တွင် ဥာဏ်တော် ၂၇-ပေမြင့်သော
ဗျာဒိတ်ပေးရုပ်ပွားတော်တစ်ဆူကို ၁၉၅၉-တွင်
ဆရာတော်ဦးကုမာရနှင့် ဦးသာတင်တို့က ညှိနိုင်းကာ
တည်ထားခဲ့သည်။

"အံ့ဖွယ်ပုပ္ပား"

၁။သံသတ္ထုမထွက်ဟုဆိုသည်။
ပန်းပဲမောင်တင့်တယ်နှင့် နှမမင်းရာ(မင်းမြတ်လှ)သည် ပန်းပဲဖိုဖြင့် ဖိုကျင်ထိုးလုပ်ကြံစီရင်ခြင်း ခံခဲ့့ရသူများဖြစ်၍ ၄င်းတို့ကတားမြစ်ထားသောကြောင့် ယင်းအလုပ်ဖြင့် အသက်မွေးသူများ မကြီးပွားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားဒေသသည် သံသတ္ထုထွက်ရာအရပ်မဟုတ် သဖြင့် မထွန်းကားခြင်း ဖြစ်နိုင်ပါသည်။

၂။မြေအိုးမြေခွက်လုပ်၍ မကြီးပွားနိုင်ဟုဆိုသည်။
သို့သော် ပုပ္ပားဒေသသည် ရှေးကမီးတောင်ဖြစ်ခဲ့၍ အိုးလုပ်ရန် သင့်တော်သော ရွှံ့စေးမြေမျိုးမတွေ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။

၃။ပန်းပဲမောင်တင့်တယ်မောင်နှမတို့၏ ကြေကွဲဖွယ်
ဇာတ်လမ်းကြောင့် ဇာတ်၊ရုပ်သေး၊ပွဲ သဘင်ထောင်ခြင်းဖြင့် မထွန်းကားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားတောင်သည် သူတော်စင်တို့နှစ် သက်သော ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်ကိုလည်းကောင်း ပုပ္ပားတောင်နှင့် ၁၁-မိုင်ခန့်မျှသာဝေးသော - ကျောက်ပန်းတောင်းတွင် ဇာတ်ထောင်သူများ၊ သဘင်ဂီတအနုပညာရှင်များ များစွာပေါ်ထွန်းခဲ့သည် ကိုလည်းကောင်း သတိပြုသင့်ပါသည်။

၄။ဆေးဖက်၀င်အပင်တို့ ပေါများသည်။ သက်ရင်းကြီးခေါက်ကို အစဉ်သုံးသဖြင့် ဆရာတော်ဦးနန္ဒသည် သက်တော်၁၂၁-နှစ်ရှည်ခဲ့သည်ကိုလည်းကောင်း ဘကြီးတော်မင်းနန်းတက်စ ၁၁-၁၂-၁၈၁၉-တွင် ဘုရင့် ထံ ဆေးဖက်၀င်အပင်များ စာရင်းတစ်စောင် ဆက်သခဲ့ဖူးသည်ကိုလည်းကောင်း သာယာ၀တီမင်းလက် ထက် ၄-၁-၁၈၄၁-တွင် ယွန်းစု၀န်ကြီးမင်း မဟာမင်းကျော်စည်သူဦးစီး၍ အမတ်ကြီးမဟာဇေယျသင်္ကြန်က ပုပ္ပားအရပ်မှ ဆေးမျိုး ၇၄၈-မျိုး၊ ဆေးအမည် ၁၀၇၄-ပါး ပါ၀င်သော ဆေးဖက်၀င်အပင်များ ထပ်မံဆက် သွင်းခဲ့သည်ကိုလည်းကောင်း ၁၈-၂-၁၈၅၇-တွင် နတ်အုပ်ကဝိဒေဝကျော်သူ၏ မင်းတုန်းမင်းထံသို့ ဆက် သွင်းရသော စစ်တမ်းတွင် ပုပ္ပားတောင်မှ ဆေးဥ၊ဆေးမြစ်၊နတ်ရေစင်များကို လွှတ်တော်တွင်ဆက်သွင်း ရမြဲဖြစ်ကြောင်း ပါရှိသည်ကိုလည်းကောင်း ယင်းတို့ကိုထောက်သောအားဖြင့် လက္ခံရပါမည်။

၅။ပန်းမျိုးစုံပေါသည်။ ပုပ္ဇ-ဟူသောစကားမှ ပုပ္ပားသို့ဖြစ်လာခဲ့ခြင်းဖြစ်၍ ပန်းမျိုးစုံပေါခြင်းသည် မဆန်းပါ၊ ဗျတ္တပန်းဆက်သမားနှင့် ပန်းစားဘီလူးမ မယ်ကု၀ဏ်တို့ဇာတ်လမ်းပင် ပေါ်ထွက်ခဲ့သေးသည်။ ပုပ္ပားတောင် ၏ ပန်းများနှင့်ပတ်သက်၍ ဒွေးချိုး၊တေးထပ်ကဗျာများစွာလည်း
ပေါ်ထွက်ခဲ့သည်။
ဒွေးချိုး = ပန်းပန်လျှင်၊ နန်းဆန်တဲ့စကား၊ ပန်ချင်သူ ဤတောင်ထွတ်က၊ ပန်းဆွတ်လို့သွား။
တေးထပ် =
ဘယ်ဘယ်ဆီ မမှန်းတတ်ပြီဘု
ပန်းကလပ်တောင်စွယ်
သန်းဒဟပ်ချောင်ကျယ်တွင်
ယောင်လည်လည်နေလို့
ကြိုလှည့်ပေါ့ ဆိုတဲ့သံရယ်
ငိုမဲ့ဟန်လေးနှင့်ကရို့
လူးလွန့်တဲ့ ဖူးညွန့်ပျံမှာ
မြူးကွန့်ဟန်တစ်ချို့၊
ခူးဝံ့ရန် တစ်တို့နှင့်
အစို့စို့ခိုင်ဆိုင်၊
ပန်း၀တ်မှုံ ကုင်္ကုမံတွေက
ထုံရနံ့ သင်းလို့ကြိုင်ကြိုင်
နယ်ရှစ်ရပ် ရှစ်ထပ်လှိုင်သည်
ရှစ်ပတ်တိုင် လေဗွေဆန်းပြန်တော့
ရွှေငွေတန်း စမ်းကြဖြူဖြူ
ပန်းကကြူကြူ
မျှော်တဲ့လို့ ခေါ်လှည့်ဆူတယ်
ဖော်မဲ့သူ ကူအုံးတဲ့လေး…..။

၆။နတ်မြင်းရှိသည်ဟုဆိုသည်။
အထောက်ထားမတွေ့သော်ငြား မောင်တော်နတ်ကွန်း
အနောက်ဆောင်နားဆီမှ အရှည် ၁၁-ပေ၊ အမြင့် ၆-ပေရှိသည့် သဘာဝကျောက်နွားတစ်ကောင်နှင့် အရှည် ၁၇-ပေ၊ အမြင့် ၁၀-ပေရှိသည့် သဘာဝကျောက်နွားတို့ကို ဆိုလိုခြင်းဖြစ်နိုင်ရာသည်။

၇။သဘာ၀စိမ့်စမ်းရေ ပေါများသည်။
အစဉ်လာမှတ်သားချက်အရ ၉၉-ခုရှိ၍ ဘိုးတော်ဘုရား (၁၇၈၂- ၁၈၁၉) လက်ထက် ဆက်သသောရတုအရဆိုပါလျှင် အရှေ့အရပ်မျက်နှာတွင် ၈၇-ခု၊ အနောက်ဖက်တွင် ၄၆-ခု၊ တောင်ဖက်တွင် ၁၉-ခု၊ မြောက်ဖက်တွင် ၂၃-ခု၊ ပေါင်း=၁၇၅-ခု ရှိသည်။ လက်တွေ့ရှာဖွေသူတို့ အဆိုအရမူ ၁၃၂-ခုတွေ့ရပြီး ထပ်မံစစ်ဆေးသောအခါ ထို့ထက်ပင်နည်းသွားလေပြီဖြစ်သည်။

၈။နတ်ကျားရှိသည်ဟုဆိုသည်။
မင်းမဟာဂီရိကို မရိုမသေပြုသူတို့ကို ပြသလေ့ရှိပြီး မင်းမဟာဂီရိမောင် -နှမကို မရိုမသေပြုသူတို့၏ ကျွဲ၊နွားတို့ကို ဖမ်းယူစားသောက်တတ်သည်ဟုဆိုသည်။ မြင်ဖူးသူမရှိသော် လည်း ခြေရာကို တွေ့ရတတ်သည်ဆို၏။ တောတွင်းရှိ သာမန်ကျားခြေရာလည်း ဖြစ်နိုင်ပါသည်။

၉။မြွေဆိုးမရှိဟုဆိုသည်။
ရာသီဥတုနှင့် မီးတောင်မြေသဘာ၀အနေထားအရ
အဆိပ်ပြင်းမြွေ မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။

သုတေသီတို့ လေ့လာစရာ။

၁။ပုပ္ပားတောင်ဥယျာဉ် (Popa Mountain Park) = ၁၉၈၃-တွင် တည်ထောင်ပြီး ၁၉၉၃-တွင် သဘာ၀အခြေခံ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင်ရှိပြီး ကိုလိုနီခေတ် ၁၉၀၂-တွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄-၅၅-တွင် ထိန်းသိမ်းကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြန်သည်။

၂။ပုပ္ပားတောင် အပန်းဖြေဟိုတယ် (Popa Mountain Resort) = ၉-၂-၁၉၈၈-တွင်ဖွင့်လှစ်ခဲ့သည်။

၃။မီးတောင်ဟောင်း = ဘီစီ ၄၄၂-တွင် ပေါက်ကွဲခဲ့ပြီး ယခုအခါ မီးသေတောင်ဖြစ်နေပေပြီ။ ဤမီးတောင်ဟောင်း ပေါက်ကွဲရာမှ မီးတောင်၏အဆို့ (Volcanic Plug) သည် ပုပ္ပားတောင်ကလပ် ဖြစ်ခဲ့ သည်ဟူသော အဆိုတစ်ရပ်လည်းရှိသည်။

၄။ပညာပေးပြခန်း (Environmental education Centre)

၅။ဆေးဖက်၀င်အပင်များစိုက်ခင်း = (Popa Medical Plants) = ဆေးဖက်၀င်အပင်မျိုးပေါင်း ၃၅၀- ခန့် ရှိသည်ဟု ဆိုသည်။

၆။စန္ဒကူးတော = သစ်ခွစသည့် ဆေးဖက်၀င်အပင်များ မျိုးလေးဆယ်ခန့်ကို လေ့လာနိုင်သည်။

၇။စိုက်ပျိုးရေးလုပ်ငန်း

၈။ငှက်ကြည့်ခြင်း = ပုပ္ပားတွင် ငှက်မျိုးပေါင်း ၁၃၀-ကျော်ကို တွေ့မြင်နိုင်သည်။ ထို ၁၃၀-တို့သည် မြန်မာ ငှက်တို့အပြင် နိုင်ငံခြားငှက်များလည်း အ၀င်အပါဖြစ်သည်။ ဒေသခံငှက်မျိုး ၇၀ခန့်ရှိပြီး နိုင်ငံခြားငှက်မျိုး ၃၀ကျော်ခန့် ရှိသည်။

၉။လိပ်ပြာကြည့်ခြင်း = ကမ္ဘာပေါ်တွင် လိပ်ပြာမျိုးရင်း

(Family) ၁၀-မျိုးရှိပြီး အမျိုးအစားမှာ ၁၇၅၀၀-ရှိသည်။ မြန်မာနိုင်ငံတွင် မျိုးရင်း ၉-ခု၊ အမျိုးအစား ၁၀၀၄-ခုရှိသည်။ မြန်မာတွင် ကမ္ဘာ့ရှားပါးလိပ်ပြာ ၆-မျိုးရှိသည်။

ယင်းတို့မှာ

1.Apollo
2.Kaiser.
3.4.The Common Birdwing နှစ်မျိုး
5.6.The Golden Birdwing နှစ်မျိုး
တို့ဖြစ်သည်။

"ပုပ္ပားတောင်ကလပ်"

ပုပ္ပားတောင်ကလပ်ကို

၁။တောင်ကလပ်
၂။နဂါးရစ်တောင်
၃။ပန်းပေးတောင်
၄။ဘဇဂါမ်တောင်
၅။၀ဏ္ဏ ယက္ခတောင်
၆။ဝိဇ္ဇာဓရတောင်ဟူ၍ အမည်ခြောက်မျိုးဖြင့်
ခေါ်ဝေါ်ကြသည်။

နံပါတ်လေးအမည်သည် ရှေး အကျဆုံး
အမည်ဖြစ်သည်။ မြင်းခြံကျောက်ပန်းတောင်းသွား
မော်တော်ကားလမ်းဆုံနေရာမှ တောင်ကလပ်သို့
၂-မိုင်ခရီးဖြင့် ရောက်နိုင်ပါသည်။ တောင်ကလပ်သည်
တောင်မကြီးနှင့် ဆက်စပ်မှုမရှိပဲ သီးခြားတည်ရှိကာ
တောင်မကြီးနှင့် နှိုင်းစာလျှင် ထက်၀က်မျှသာရှိသည်။
အမြင့် ၂၄၁၇-ပေရှိပြီး စောင်းတန်း အတက် လမ်းတစ်လျှောက် မျောက်များအစာတောင်းကြသည်ကို
လည်းကောင်း မျောက်စာရောင်းကြသူတို့ကိုလည်းကောင်း
တွေ့ရသည်။
ပုပ္ပားတောင်ကလပ်၏ အနောက်တောင်ဘက်ရှိ ထောက်ရှာရိုးအထက်နားတွင် ရှင်သာရဒရသေ့နေထိုင် ခဲ့ဖူးသည်ဟုလည်းကောင်း ၄င်းရသေ့သည် ဒေါက်ချာဟူသော အသုံးအဆောင်ကို စတင်သုံးစွဲခဲ့သည် ဟု လည်းကောင်း ဆိုကြသည်။
ဦးသီလသည်လည်း ပုပ္ပားတောင်သို့အမြဲ ကြွလာတတ်သည်ဆို၏။ ဘိုးမင်းခေါင်သည် ပုပ္ပားတောင်မကြီး၏ အရှေ့မြောက်ဖက် စင်မြင့်ရွာ၌ ဖွားမြင်ပြီး ပုပ္ပားတွင် သာသနာပြု လုပ်ငန်းများဆောင်ရွက်ရင်းပင် ကွယ်လွန်ခဲ့သည်။ ဦးခန္တီသည် ဘိုးမင်းခေါင်၏ တပည့်ဖြစ်ပြီး ဘိုးမင်းခေါင် ထံ မကြာခဏလာရောက်လေ့ရှိသည်ဆို၏။

စာရေးဆရာတင်နိုင်တိုး၏ ပုပ္ပားဟူသော
စာအုပ်မှထုတ်နှုတ်ရေးသားပါသည်။

#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူကို
လေးစားစွာ Credit ပေးပါတယ်ဗျ

ရွာသာရွာပါမိုး...ဒီးသာဒီး ... ဒီးသာဒီး
10/05/2023

ရွာသာရွာပါမိုး...ဒီးသာဒီး ... ဒီးသာဒီး

10/05/2023

ပုဂံမှာ ကြာသပတေး၊ သောကြာ၊ စနေ မိုးရွာမယ်တဲ့
မင်မင်တို့လည်း မင်းဂွတ်သီးဆီကနေ ရာသီဥတု သတင်းတွေ နားစွင့်

06/05/2023

ပုဂံလွမ်း

သကျသာကီဝင်တို့ ပျက်စီးခြင်း။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လာတဲ့ 563 BCE or 480 BCE ခေတ်က အိန္ဒိယတလွှား စစ်မက်ထူပြောတာကို ပိဋ...
05/05/2023

သကျသာကီဝင်တို့ ပျက်စီးခြင်း။

သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လာတဲ့ 563 BCE or 480 BCE ခေတ်က အိန္ဒိယတလွှား စစ်မက်ထူပြောတာကို ပိဋိကတော်တွေမှာ အထင်အရှား လေ့လာနိုင်ပါတယ်။ သကျသာကီဝင်တို့အုပ်စိုးတဲ့ ကပ္ပိလဝတ်ပြည်ရဲ့တဖက် ရောဟိဏီမြစ်တဖက်ကမ်းမှာ ကောလိယပြည်ရှိတယ်။ စစ်တိုက်ကြတဲ့ ခတ္တိယမျိုး တူကြတယ်။

သကျရဲ့အဓိပ္ပါယ်က (shorea robusta ) လုမ္ဗနီအင်ကြင်းတောမှာ နေထိုင်တဲ့လူမျိုး မို့ သကျ သာကီ လို့ခေါ်တယ်လို့ဆိုပါတယ်။ "thepeople of the sal-forest tracts (saga သာကီ?)

သကျသာကီဝင်တွေဟာ အမျိုးဂုဏ်ကို အလေးထားကြလို့ သွေးနှောမခံဘူး၊ သူတို့မျိုးနွယ်ကိုသာယူကြတယ်။ အုပ်ချုပ်သူကို ရာဇာလို့ခေါ်ပြီး အကြီးအကဲကို မဟာရာဇာလို့ ခေါ်ပါတယ်။ ရာဇတွေဆို မောင်နှမဝမ်းကွဲတွေအထိ ယူကြလေ့ရှိတယ်။ သိဒ္ဓတ္ထမင်းသားလက်ထက်မှာသူ့ ဖခင်က သကျမျိုးနွယ်စုရဲ့ အုပ်ချုပ်သူ ဖြစ်နေတယ်၊ သကျသာကီဝင်တွေဟာ လွှတ်တော်လိုအဖွဲ့အစည်းဖွဲ့ထားတယ်၊ အလှည့်ကျအုပ်ချုပ်ကြဆုံးဖြတ်ကြတယ် လို့ဆိုပါတယ်၊ သကျတွေဟာ ကောသလတိုင်းရဲ့ ပြည်နယ်တခုလို ဖြစ်နေပြီး အင်အားနည်းပါးလို့ အနီးက နိုင်ငံကြီးတွေဖြစ်တဲ့ မျိုးနွယ်မတူတဲ့ ( သာဝတ္ထိပြည်) ကောသလတိုင်းသားတွေရဲ့ ရန်ကို အမြဲပူပန်နေရတယ်။ သကျသာကီဝင်တွေဟာ ကောသလရန်ကိုသာကြောက်တာ အမျိုးဇာတ်မှာ ကောသလတိုင်းသားတွေဟာ သူတို့အမျိုးထက်နိမ့်တယ်လို့ ယူဆပြီး မလိုပဲ မဆက်ဆံကြဘူးတဲ့။

တဖက်မှာလည်း သကျတွေဟာ မြစ်တဖက်ကမ်းက မျိုးနွယ်တူ ကောလိယသားနဲ့ သိပ်မတည့်ဘူး၊ နွေရောက်လို့ ရောဟိဏီမြစ်ရေခမ်းရင် စိုက်ပျိုးရေးအတွက် ရေလုကြတဲ့ ပြဿနာ ရှိတယ်။ ရန်ဖြစ်ကြလို့ ဘုရားကိုယ်တိုင်ကြွလာ ဖြေရှင်းပေးရတယ်။ အောက်လက်ငယ်သားလယ်သမားတွေစ စကားများရာကနေ တဖြည်းဖြည့်ချဲ့ကားပြီး စစ်ပွဲအထိ ဖြစ်လာရရင် သစ်သီးကြွေတာကို မိုးပြိုတယ်ထင်ပြီး ပြေးတဲ့ ယုန် ကနေ တတောလုံးတတောင်လုံးကတိရိစ္ဆာန်တွေအုပ်အော်သောင်းနင်းဖြစ်လို့ နောက်ဆုံးအုပ်ချုပ်သူ ခြင်္သေ့မင်းက တကောင်ချင်းပြန်စုံစမ်းပြီး ယုန်ကိုဆုံးမရတဲ့ ဇာတ် ကိုဟောပြီး ပြဿနာရဲဇစ်မြစ်ကို ပြန်ရှာပြီး အဖြေရှာရှင်းလင်းဖို့ ဇာတ်တော် ကိုဟောပြီး ပြေလည်စေခဲ့တယ်။ အမျိုးတူတွေ ရေကြောင့် စစ်ပွဲဖြစ် အသက်ဆုံးရရင် ချိနဲ့ပြီး နိုင်ငံကြီးတွေက ဝင်တိုက် ဝါးမြိုခြင်း ခံရမယ်လို့သတိပေးရတယ်။

ဗုဒ္ဓဟာ ကောသလမင်း နဲ့ သက်တူရွယ်တူမို့ ရင်းနှီးတယ်လို့ ဆိုပါတယ်။ ကောသလမင်း ဟာ ဗုဒ္ဓ ကို သူ့ထက် ဇာတ်မြင့်လို့ လေးစားတာလည်း ပါပုံရတယ်။ သူ့နယ်ထဲ သံဃာထောင်ချီဝင်ထွက်ပြီး သာဝတ္ထိနားက ရွာတွေမှာ ဗုဒ္ဓ ကြွချီဆွမ်းခံတာကို မတားမြစ်ဘူး၊ နောင်မှာ ရင်းနှီးမှုများလာတော့ သာဝတ္ထိမြို့မှာ ဇေတဝန်ကျောင်းမှာ ၂၅ နှစ်တိုင်တိုင် ဝါတွင်းတွေမှာ လာသီတင်းသုံးတော်မူတယ်။ ကောသလမင်း ဟာ ဘုရားရှင်ရဲ့ ဗုဒ္ဓဝါဒကို သိပ်ကိုးကွယ်ဟန်မတွေ့ရဘူး။ သူ့မိဖုရားက ဗုဒ္ဓကို ကိုးကွယ်တယ်၊ သူကတော့ ဗုဒ္ဓဆီ အလာပသလာပ ဆွေးနွေးဖို့ လာတယ်၊ အိမ်မက်လာမေးတာတို့ အယူအဆဆွေးနွေးတာတို့လောက်တော့ရှိတယ်။ ကောသလမင်းက ဗုဒ္ဓဆီလာရင် သူ့အဆင်တန်ဆာ လက်နက်တွေချွတ်ပြီးလေးလေးစားစားဆက်ဆံတယ်။ ဗုဒ္ဓကလည်း ကောသလမင်း အင်အားကြီးလို့ သူ့ သကျ မျိုးနွယ်တွေကို စစ်မတိုက်အောင် ရင်းရင်းနှီးနှီးနေပေးပုံရတယ်။

တနေ့မှာ ကောသလမင်း ဟာ သံဃာတွေကို နန်းတော်မှာ နေ့စဉ် ဆွမ်းအလှုခံကြွဖို့ဖိတ်တယ်၊ ဗုဒ္ဓကလည်း သူ့လက်ထောက် အာနန္ဒာကိုယ်တိုင်ကြွပြီးလက်ခံဖို့ အာနန္ဒာကိုမှာတယ်၊ ပထမနေ့တော့ သံဃာ ၅၀၀ စာ ဆွမ်းချက်ပြီး မင်းကြီးကိုယ်တိုင်လောင်းတယ်၊ အလေ့အထမရှိတော့ မင်းချင်းတွေက ဘုရင် မှာဖို့မေ့တဲ့နေ့တွေမှာဆွမ်းမချက်ကြဘူးတဲ့၊ လောင်းတခါ မလောင်းတခါ ဖြစ်နေတော့ သံဃာတွေက လေးလေးစားစားမရှိတဲ့ နန်းတော်ထဲကို မကြွကြတော့ဘူး၊ ဘုရားကမှာထားလို့ အာနန္ဒာတပါးထဲ မပျက်မကွက်ကြွပေးတယ်။ တနေ့ ကောသလမင်းကိုယ်တိုင်ထွက် သတိတရ ထွက်လောင်းတော့ အာနန္ဒာတပါးထဲတွေ့တော့ ဆွမ်းတွေအများကြီးအလဟဿပိုနေလို့ စိတ်ဆိုးပြီး သံဃာတွေသူ့ဆီမကြွကြကြောင်း ဘုရားကို လာတိုင်တယ်၊ ဘုရားက သံဃာတွေ နန်းတော်ထဲကြွရတာရင်းနှီးကျွမ်းဝင်မှု မရှိလို့ ဖြစ်မယ်လို့ ချွေးသိပ်တယ်။ ကောသလမင်းက အပြန်မှာ ငါ့အမျိုးဇာတ်ကြောင့်ဒီသံဃာတွေမကြွတာလားမသိဘူး၊ အမျိုးဇာတ်မြင့်တဲ့ သကျမျိုးနွယ်ဗုဒ္ဓ နဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်အောင် သကျမျိုးနွယ်မင်းသမီးတပါးပါးကို ကောက်ယူပြီး မိဖုရားမြှောက်စားရင် ဗုဒ္ဓရဲ့သံဃာတွေနဲ့ ရင်းနှီးမှု ဖြစ်မယ်လို့ တွေးတယ်။ နောက်နေ့ သူက သူ့ရဲ့ မူးမတ်တွေကို ကပိလဝတ်နေပြည်တော်လွှတ်ပြီး သကျမျိုးနွယ်ထဲက သင့်တော်တဲ့မင်းသမီးကို သူ့ဆီဆက်သပါ၊ မိဖုရားမြှောက်ပြီး သကျမျိုးနွယ်နဲ့ ဆွေမျိုးတော်စပ်လိုတယ်လို့ ရာဇသံသဝဏ်လွှာပို့တယ်။

ဒီကမ်းလှမ်းမှုဟာ သကျတွေအတွက်တော့ မျိုးနွယ်မတူရင် ယူမရလို့ ပြဿနာအကြီးကြီးပါပဲ။ သကျမျိုးနွယ်ခေါင်းဆောင်တွေ ညီလာခံ ကျင်းပပြီးဘယ်လိုလုပ်ကြမလဲ၊ ငြင်းရင်လည်း ကောသလမင်းစိတ်ဆိုးပြီး ကပိလဝတ်ကို ဝင်တိုက်ရင် ပြည်ပျက်မယ်၊ မငြင်းရင်လည်း သမိုင်းတလျောက် ထိမ်းခဲ့တဲ့ အမျိုးဇာတ်ပျက်မယ်၊ ဘယ်ခေါင်းဆောင်ကမှလည်း သူတို့သမီးကို မပေးလိုကြဘူး။ အမျိုးဇာတ်မတူရင် အင်အားကြီးဘုရင် ရဲ့ မိဘုရားတောင်ပေးမလုပ်တာ သကျမျိုးနွယ်တွေပါ။ သမိုင်းမှာ ဒီလိုအမျိုးဇာတ်မတူတဲ့ပြဿနာတွေကြောင့်လည်း သကျနေပြည်တော်တွေဟာ အကြိမ်ကြိမ် စစ်ဖြစ်ပြီး ပျက်ခဲ့ကြတယ်။ ဒါကြောင့် ဗုဒ္ဓဟာ သူ့သာသနာမှာ အမျိုးဇာတ် မြင့်၊ နိမ့်မခွဲခြားဖို့ ဝိနည်းတွေ ချမှတ်ခဲ့တယ်။

အဲ့ဒီမှာ မဟာနာမ ဆိုတဲ့ သကျခေါင်းဆောင်က သူနဲ့ သူ့ကျွန်မနဲ့ မှောက်မှားပြီး မွေးထားခဲ့တဲ့ သမီးတပါးရှိတယ်၊ ဝါသဘခတ္တိယာ လို့ ခေါ်တယ်၊ လှပတယ်၊ ကောသလ ကို အဲ့ဒီသမီး ကို သကျမျိုးနွယ်မင်းသမီး အဖြစ် ဆက်သနိုင်တယ်၊ ဒါပေမယ့် သကျလူမျိုးတွေ ဒီကိစ္စကို သမိုင်းတလျောက်နှုတ်ပိတ်ထားကြမှ ဖြစ်မယ်လို့ သတိပေးတယ်။ အားလုံးက ကောသလမင်းကို အင်မတန်ကြီးမားတဲ့ လှည့်ဖျားမှုလုပ်ဖို့ တညီတညွတ်တည်းသဘောတူကြတယ်။ နှုတ်လည်းအင်မတန်လုံကြတယ်။ ဝါသဘခတ္တိယာ ကိုလည်း နင် ကောသလမင်းရဲ့မိဖုရားခေါင်ဖြစ်မယ်၊ ဒီကိစ္စမပေါက်ကြားစေနဲ့လို့မှာတယ်။ ကျွန်မ ကလည်း သူကျွန်ဘဝကလွတ်မှာမို့ လှို့ဝှက်ထားပါ့မယ် လို့ ကတိပေးတယ်။

ကောသလမင်းကို ဂေါတမဗုဒ္ဓရဲ့ အမျိုးတော်စပ်တဲ့ မဟာနာမရဲ့ အလွန်ချောမောတဲ့ ဝါသဘခတ္တိယာမင်းသမီး ကို ဆက်သပါ့မယ်လို့ သဝဏ်လွှာပြန်ပါးတယ်။ ကောသလမင်းက သကျတွေကို သိပ်မယုံဘူး၊ မဟာနာမ ကိုယ်တိုင် သမီးဖြစ်သူ ဝါသဘခတ္တိယာ မင်းသမီးနဲ့ လက်စုံ ထမင်းတဝိုင်းထဲစားတာ မြင်ရမှ ဒီမင်းသမီးကို လက်ခံမယ် လို့သဝဏ်လွှာပြန်ပါးတယ်၊ သကျတွေဟာ မိသားစု အမျိုးတော်စပ်ပါစေ၊ ဇာတ်နိမ့်သူနဲ့ ပန်းကန်ခွက်ယောက်အတူသုံးလေ့မရှိဘူး၊ ထမင်းစားလေ့မရှိဘူး ဆိုတဲ့ဓလေ့ထုံးစံကို ကောသလမင်းသိတယ်။

အဲ့ဒီတော့ သကျတွေက နောက်ထပ်လှည့်ဖျားမှု တခု စီမံရပြန်တယ်၊ ကောသလတိုင်းက မင်းသမီး လာခေါ်တဲ့အခါ သမီးဖြစ်သူနဲ့ ထမင်းလက်စုံစားနေဟန် စားပွဲမှာ အတူတူထိုင်နေဖို့၊ သမီးဖြစ်သူ စားဖို့ လက်နှိုက်တဲ့အချိန် မဟာနာမက ကောသလက အမတ်တွေ ကို ဧည့်ကြိုဖို့ ကဗျာကယာထလာရပုံ ဖန်တီးဖို့ ကြံစည်ကြတယ်။ အခမ်းအနားနဲ့ ဝါသဘခတ္တိယာ မင်းသမီးကို လာပင့်တဲ့ ကောသလတိုင်းက မူးမတ်တွေ အဲ့ဒီဇာတ်ကွက်ကို မြင်သွားပြီး ဝါသဘခတ္တိယာဟာ မဟာနာမရဲ့ သမီးစစ်စစ် ဖြစ်တယ်လို့ ယုံသွားကြတယ်။ ကောသလမင်းဟာ ဝါသဘခတ္တိယာ ကို မိဖုရားအဖြစ် မြှောက်တင်တယ်။ ကာလ တခုမှာ ဝါသဘခတ္တိယာ မိဖုရားကနေ ဝိဋဋူဘ ဆိုတဲ့ သားယောင်္ကျား မင်းသားဖွားမြင်တယ်။ ဒီမင်းသားဖွားမြင်လာတာ သကျသာကီဝင်တို့ ပျက်စီးရခြင်းအစ ဖြစ်လာတယ်။

သကျသာကီဝင်တို့ ပျက်စီးခြင်း (၂)

ကောသလမင်းကြီးဟာ သကျလူမျိုးတွေ လှည့်စားခံရတာကို ၁၆ နှစ်တိုင်တိုင် မသိခဲ့ဘူး။ သူ့ထက်ဇာတ်မြင့်တဲ့ ဝါသဘခတ္တိယာ မိဖုရားက မွေးဖွားပြီး ဂေါတမဗုဒ္ဓ နဲ့ အမျိုးတော်တဲ့ သကျမျိုးနွယ် ဝိဋဋူဘမင်းသားကို အလွန် ချစ်မြတ်နိုးလို့ စစ်သေနာပတိရာထူးပေးတယ်၊ အိမ်ရှေ့စံခန့်တယ်။ နံမည်ပေးတာတောင် သူ့ယောက္ခမ မဟာနာမ ဆီကို ကလေးနံမည်ဘယ်လိုမှည့်ရမလဲ လှမ်းမေးတယ်။ ဝိဋဋူဘမင်းသားကလည်းသူဟာ သကျသာကီဝင်တွေရဲ့မျိုးရိုးလို့ ထင်ရှာနေခဲ့တယ်။ အမိဘက်က အမျိုးတွေ သူ့ဆီလာလည်းမတွေ့၊ မွေးနေ့တွေမှာလက်ဆောင်လည်း မပို့ ဆိုတော့ ဝိဋဋူဘက သူ့အမေဘက်ကအမျိုးတွေ ဘာလို့ သူ့ကို လက်ဆောင်မပေးသလဲလို့ အမေ ကိုမေးတယ်။ အမေကတော့ ခရီးတာဝေးလို့ လို့ ဖြေတယ်။

၁၆ နှစ်သား စစ်သေနာပတိ အိမ်ရှေ့စံဖြစ်လာတဲ့ ဝိဋဋူဘ ဟာ သူ့အမျိုးသာကီဝင်တွေရှိတဲ့ ကပိလဝတ်ကို အလည်သွားချင်တယ် လို့ မိခင်ကိုပူဆာတယ်။ မိခင်က ကျွန်သွေးပါတဲ့သူ့သားကို သာကီဝင်တွေက ကောင်းကောင်းမွန်မွန် မဆက်ဆံပဲ ပြဿနာတွေတက်ကုန်မှာစိုးလို့ မသွားဖို့တားတယ်။ တားမရတော့ မင်းချင်းတွေကို မဟာနာမဆီ ကြိုလွှတ်ပြီး သူ့သား ဝိဋဋူဘ ကပိလဝတ်ကို လာတော့မယ်၊ အရာရာကြိုတင်ဖုံးဖိထားဖို့ စာလွှာပါးတယ်။

ဝိဋဋူဘ ဟာ လူငယ်ပီပီ သူ့အမေဖက်က အဖိုးဖြစ်သူ သူ စစ်သေနာပတိဖြစ်နေတာ ဝမ်းမြောက်ဝမ်းသာဖြစ်အောင် ဗိုလ်ပါအစုံ နဲ့ ကပိလဝတ် ကိုချီတက်လာတယ်။ ကပိလဝတ်ခေါင်းဆောင်တွေကတော့ ကျွန်မသား မင်းသားငယ်ကို ဘယ်လိုဧည့်ထောင်ခံကြမလဲ၊ ဘယ်လို ဖုံးဖိကြမလဲ ဒုက္ခရောက်နေကြတယ်။ ထုံးစံအရ မင်းသားထက်ငယ်သူတွေက ဝိဋဋူဘမင်းသားကို ရှိခိုးအရိုအသေပြုရမယ်၊ ကျွန်မသွေးကို သကျလူငယ်တွေရှိခိုးရင် မျိုးဇာတ်ပျက်မယ်၊ ဒီတော့လူငယ်တွေအကုန် ကပိလဝတ်ကနေ တခြားပို့ထားရတယ်၊ လူကြီးတွေပဲ ချန်ထားတယ်၊ နန်းတော်ထဲ အဝင်မခံနိုင်တော့ မင်းကွန်း ဆောက်ကြတယ်။ မင်းသားပြန်ရင် ကျွန်အသုံးပြုသွားတဲ့ပစ္စည်းတွေ အသုံးအဆောင်တွေအကုန်ဖျက်ဆီးဆေးကြောရမှာမို့ အသစ်တွေ တည်ဆောက်ကြဟန် တူတယ်။ ဝိဋဋူဘ ကပိလဝတ်ကို ရောက်တော့ မဟာနာမ နဲ့ ခေါင်းဆောင်တွေက ကြိုကြတယ်။

မင်းသားဟာ သကျထုံးစံအတိုင်း သူ့ထက်အသက်ကြီးသူတွေကို ကန်တော့ရတယ်၊ သူ ကန်တော့ခံအလှည့်ရောက်တော့ သူ့ထက်ငယ်သူတွေတယောက်မှမရှိလို့ ဘယ်ရောက်ကုန်လဲမေးတယ်၊ မြို့ပြင်ကို ပွဲလမ်းရှိလို့ ခရီးထွက်နေကြတယ်လို့ ပြောကြပုံရတယ်။ မင်းသား မရိပ်မိသွားဘူး။ ကောသလမင်းသားကို သကျတွေ ဟန်ဆောင် ပန်ဆောင် ဧည့်ခံကြ ပြုစုကြတာကို မင်းသား က သဘောကျသွားပြီး ရက် အတန်ကြာအလည်နေထိုင်ပြီး ပြန်သွားတယ်။ မင်းသားပြန်တာနဲ့ သကျလူမျိုးတွေဟာ သူသုံးခဲ့တဲ့အသုံးအဆောင်တွေ စွန့်ပစ်၊ သူထိုင်သွားတဲ့နေရာတွေကို သန့်ရှင်းအောင် နို့တွေနဲ့ဆေးကြောကြတယ်။ ဝိဋဋူဘရဲ့ ရဲမက်တွေထဲက တယောက်က သူ့ဓါးကျန်လို့ မင်းကွန်းကို ပြန်လှည့်ယူတဲ့အခါ သကျသာကီဝင်တွေဟာ ဝိဋဋူဘထိုင်သွားတဲ့ ခုံတွေကို နွားနို့နဲ့ဆေးကြောရင်း ဝိဋဋူဘကို ကျွန်မသားလို့ ဆဲဆိုမြည်တွန်နေတာ မြင်သွားကြားသွားတယ်။ အဲ့ဒီရဲမက်က သူမြင်ခဲ့တာကြားခဲ့တာတွေ ဝိဋဋူဘ ကိုပြောပြတယ်၊ ဝိဋဋူဘ က မိခင်ကို အဖြစ်မှန်မေးတယ်။ လိမ်လို့မရတော့တဲ့မိခင်က ဖွင့်ပြောလိုက်ရဟန် တူပါတယ်၊

ဝိဋဋူဘ ဟာ သကျသာကီဝင်တွေကိုအတော်စိတ်နာကျည်းသွားတယ်။ မင်းတို့က ငါထိုင်တဲ့ခုံကိုနွားနို့နဲ့ဆေးတယ်၊ ငါ့အလှည့်ကျရင် ငါထိုင်တဲ့ခုံကို မင်းတို့လည်ချောင်းသွေးနဲ့ဆေးမယ်လို့ ကြုံးဝါးတယ်။ ဒီကိစ္စ ကို ခမည်းတော် ကောသလမင်းနားပေါက်သွားတော့ သာကီတွေ ငါ့ကို ကျွန်မ နဲ့ လှည့်ဖျားတယ် ငါ ဒီကျွန်မရဲ့ အဆောင်အယောင် အကုန်ပြန်ရုတ်သိမ်းမယ်၊ သူ့သားကိုလည်း အိမ်ရှေ့စံ မပေးတော့ဘူး လို့အမိန့်ချပြီး သားအမိနှစ်ယောက်လုံးကို ကျွန်အဆောင်အယောင်နဲ့သာနေဖို့ အမိန့်ချတယ်။

ကောသလမင်းဟာ ဒေါသဖြစ်ဖြစ် နဲ့ ဗုဒ္ဓဆီသွားတယ်၊ ဘုရားကို ကိုယ်တော့်အမျိုးတွေ သူ့ကိုဒီလို ဆက်ဆံသလားလို့မေးတယ်။ ဗုဒ္ဓ က သူ့အမျိုးတွေ အလွန်ကြီးတဲ့အမှားကို ကျူးလွန်တာပဲလို့ အပြစ်တင်တယ်။ ဗုဒ္ဓက ဘယ်လိုဖြစ်ဖြစ် မဟာနာမဟာ ခတ္တိယမျိုးနွယ် ဖြစ်တယ်၊ အဖဘက်က အမျိုးကိုသာ မျိုးရိုးအဖြစ်ယူကြတယ်၊ ဗုဒ္ဓကိုယ်တိုင်လည်း မဟာနာမ နဲ့ ဝမ်းကွဲညီအကို တော်စပ်တယ်၊ ဒီတော့ ဝိဋဋူဘဟာ ငါ၏မျိုးနွယ်ဖြစ်တယ်၊မင်းကြီးသည်လည်း အဖဖြစ်တဲ့အတွက် အမိတွေရဲ့မျိုးနွယ်ဘက်ကို ထည့်မစဉ်းစားပါနဲ့၊ ဝိဋဋူဘ ဟာ ခတ္တိယမျိုးစစ်ဖြစ်တယ်။ သူတို့ကို စောင့်ရှောက်ပါ၊အယင်က ရာထူးတွေကို ပြန်ပေးသင့်တယ် လို့ ကောသလမင်းကို ကဋ္ဌဝါဟန ဇာတ် နဲ့ ဖြောင့်ဖျတယ်။

ကဋ္ဌဝါဟန ဇာတ် ဆိုတာ ဘုရင်က ဥယျာဉ်ထဲမှာထင်းခွေသည်နဲ့ ပျော်ပါးပြီး လက်စွပ်ပေးခဲ့တယ်။ ထင်းခွေသည်က ကိုယ်ဝန်ရပြီး သားယောင်္ကျားမွေးတယ်။ နန်းတွင်းလိုက်လာပြီး လက်စွပ်ပြပြီး ဘုရင့်သားဖြစ်ကြောင်း ပြောတော့ ဘုရင်က ရှက်ပြီးငြင်းတယ်၊ ထင်းခွေသည်က သစ္စာဆိုပြီး ကလေးကို လေထဲမြှောက်တယ်၊ ကလေးက လေထဲမှာရပ်ပြီး အရှင်မင်းကြီး ...ကျွန်ုပ်ကား အရှင်မင်းကြီး၏ သားတော်ဖြစ်ပါသည်။ အရှင်မင်းကြီးသည် တခြားသူတို့ကိုပင်ချီးမြှောက် မွေးမြူနိုင်ပါလျက် မိမိ သားတော် စစ်စစ်ဖြစ်သော အကျွန်ုပ်ကိုအဘယ်ကြောင့် မချီးမြှောက် မမွေးမြူနိုင်ပါသနည်း” လို့မေးတယ်။ ဘုရင်က သားကို အိမ်ရှေ့စံပေးလိုက်တယ်ဆိုတဲ့ဇာတ်လမ်းကိုဥပမာပေးတယ်။

ဒီနေရာမှာ ဗုဒ္ဓဟာ တရားဟောရင် ဥပမာတွေပေးပြီး လူတွေကို ဟောလေ့ရှိတယ်။ တချို့ပညာရှင်တွေက ဗုဒ္ဓဟာ ဥပမာပေးရင် ကဗျာ လို အပိုဒ်တိုလေးတွေ ရွတ်ဆိုတယ်လို့ဆိုကြပါတယ်။ အဲ့ဒါကို နှောင်းလူတွေက ချဲ့ကားပြီး ဇာတ်တွေအဖြစ် ပြောင်းကြတယ်လို့ဆိုတယ်။ ဒီ ကဋ္ဌဝါဟန ဇာတ် မှာလည်း ကောသလမင်းကို မင်းကြီးဟာ မင်းအဖြစ်နဲ့ တတိုင်းတပြည်လုံးတောင် စောင့်ရှောက်ရတာ ကိုယ့်သွေးသား ကိုဘာလို့ ဆင်းရဲစေတာလဲလို့ ဥပမာလေးတွေပေးပြီး ဆုံးမပုံရပါတယ်။ ကောသလမင်းဟာ ဗုဒ္ဓက သူ့အမျိုးဖြစ်ကြောင်း အာမခံတော့ စိတ်ပြေသွားပြီး ဝါသဘခတ္တိယာ ကို မိဖုရားပြန်မြှောက်တယ်၊ ဝိဋဋူဘ ကိုလည်း အိမ်ရှေ့စံ ပြန်ပေးတယ်။

ဒီနေရာမှာ မြန်မာတွေဟာ ဘုရား ဥပမာပေးခဲ့တဲ့ ဇာတ်တော်တွေ ယူပြီးသမိုင်းထဲထည့်ရေးကြရင်းသမိုင်းရှုပ်တွေ ဖြစ်ကုန်တယ်။ ကျန်စစ်သားနဲ့ သမ္ဘူလ ဇာတ်ဟာဒီ ကဋ္ဌဝါဟနဇာတ်ကို အခြေခံထားတယ်။ ဝိဋဋူဘ အရွယ်ရောက်တဲ့အချိန်မှာ ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံခါနီး သက်တော်အတော်ကြီးနေပါပြီ။

ဇာတ်လမ်းကိုချုံ့ ရရင် ဝိဋဋူဘဟာ မင်းအဖြစ်ကိုရပြီးတာနဲ့ သကျတွေကို စတိုက်ဖို့သွားပါတယ်။ နို့စို့အရွယ်ပါသတ်ပြီး သကျတမျိုးလုံး အပြုတ်သတ်ဖို့ အမိန့်ပေးပါတယ်။ ဗုဒ္ဓဟာ အဲ့ဒီသီတင်းကိုကြားလို့ နယ်စပ်ကနေ ဝိဋဋူဘ ရဲ့တပ်တွေကိုစောင့်ပြီး တားပါတယ်။ ဗုဒ္ဓကိုမြင်တဲ့အခါ ဗုဒ္ဓကြောင့်သာ သူ မင်းအဖြစ်ကိုရတဲ့ကျေးဇူးကြောင့် အရိုအသေပေးတဲ့အနေနဲ့ တပ်ပြန်ရုတ်သိမ်းသွားတယ်။ ဒုတိယတကြိမ်စစ်ချီလာပြန်တော့လည်း ဗုဒ္ဓဟာ နယ်စပ်မှာ ဝင်တားရပြန်တယ်။ တတိယတကြိမ်လည်း တားတယ်၊ ပြန်ရုတ်သွားတယ်။ စတုတ္ထတကြိမ် စစ်ချီလာတော့ ဗုဒ္ဓဟာ ဝင် မတားတော့ဘူးလို့ဆိုပါတယ်။ လူလိုတွေးရင်တော့ ဗုဒ္ဓမသိအောင် ချီကြသလားမသိဘူး၊ ဝိဋဋူဘ ဟာ အငြိုးလည်းအလွန်ကြီးပါတယ်။

ဝိဋဋူဘ က ငါ့ဖိုးအေ မဟာနာမနဲ့ အမျိုးတွေကလွဲရင် အကုန်သတ်လို့အမိန့်ပေးတယ်၊ ကပိလဝတ်ဟာ ဝိဋဋူဘ တပ်တွေကြောင့် ပြားပြားမှောက်သွားတယ်။ မွေးကင်းစတောင် မချန်ဘူးတဲ့၊ ဒီလို ဝင်တိုက်က်ရာမှာ သာကီဝင်တွေကို မဟာနာမနဲ့အမျိုးတော်လား၊ သကျ ဟုတ်လားမေးပြီးမှ လည်မြိုကို ပိုင်းပြီး လည်ချောင်းသွေးနဲ့ သူထိုင်ခဲ့တဲ့ပျဉ်ချပ် ကိုဆေးတယ်လို့ဆိုတယ်။

ဒီနေရာမှာ သကျလားလို့ မေးတာကို မြန်မာမှုပြုရင် မင်း အင်ကြင်းတောသားဟုတ်လား မေးပြီးမှ သတ်တယ်။ သကျသာကီဝင်တွေဟာလိမ်ပြောလေ့မရှိဘူးတဲ့၊ တချို့သကျသာကီဝင်တွေက ပရိယယ် နဲ့ ပါးစပ်မှာ ကျူပင်ကိုက်ထားပြီး အင်ကြင်းတောသားမဟုတ်ဘူး၊ ကျူသားပါ၊ တချို့က မြက်ကိုက်ထားပြီး အင်ကြင်းမဟုတ် မြက်ပါလို့ ပြောတဲ့လူတွေ လွတ်တယ်လို့ဆိုတယ်။

ဝိဋဋူဘဟာ တမျိုးလုံးသတ်ပြီး မဟာနာမနဲ့အမျိုးတွေကို ကောသလကိုခေါ်လာခဲ့တယ်။ မဟာနာမဟာ မိမိအမျိုးအနွယ်အကုန်ကုန်ပြီဆိုတော့အတော်စိတ်ထိခိုက်ဟန်တူတယ်။ ဝိဋဋူဘ က သူနဲ့ အတူ ထမင်းထိုင်စားဖို့ အဖိုးဖြစ်သူ မဟာနာမကိုခေါ်တယ်။ လက်စားချေတာလည်း ဖြစ်နိုင်ပါတယ်။ မြေးဖြစ်ပါစေ၊ ကျွန်နဲ့ထိုင်စားလေ့မရှိတဲ့အလေ့ကြောင့် မဟာနာမဟာ ကိုယ်မသန့်စင်လို့ ရေချိုးပါရစေဦး လို့ဆိုပြီး ရေကန်ကိုသွားတယ်၊ ရေကန်ရောက်တဲ့အခါ ရေထဲခုန်ချ၊ ရေထဲမှာ သူ့ရဲ့ ဆံထုံးထဲ ခြေမနှစ်ချောင်း ထိုးထည့်ပြီး သတ်သေသွားတယ်လို့ ဆိုပါတယ်။ အဌကထာတွေမှာတော့ မဟာနာမကို နဂါးက နဂါးပြည်ကိုကယ်တင်သွားတယ်ဆိုပါတယ်။

ဝိဋဋူဘဟာလည်း ကပိလဝတ်ရဲ့ အပြန်ခရီးမှာ မြစ်ကမ်းဘေးစခန်းချနေဆဲ ည ရေကြီးလာလို့ တပ်နဲ့အတူ ရေမျောပါပြီး ပျက်စီးတယ်လို့ဆိုတယ်။ ကျန်ခဲ့တဲ့ သကျတွေက မြစ်အထက်က ဆည်ကို ဖေါက်ချခဲ့သလားတော့ မပြောတတ်ဘူး။

ဗုဒ္ဓ သက်တော်ကြီးတဲ့အချိန်မှာ အမျိုးတွေပျက်စီးတယ်၊ ဝိဋဋူဘ နန်းတက်တယ်၊ သူနဲ့ သက်တူရွယ်တူ ကောသလမင်း ကွယ်လွန်တယ်၊ ဗိမ္မသာရမင်းလည်း အသတ်ခံရပြီး ဒေဝဒတ်ကိုဆရာတင်တဲ့ အဇာတသတ်နန်းတက်တယ်၊ ဘုရားနဲ့ သုံးနှစ်နီးပါး ရဟန်းဖြစ်နေလာခဲ့တဲ့ လစ္ဆဝီမင်းသား သုနက္ခတကလည်း ရဟန်းအဖြစ်ကစွန့်ပြီး ဝေသာလီမှာ တမြို့လုံး ဘုရားအကြောင်း မကောင်းတာတွေပြောတယ်။ လက်ဝဲရံ၊ လက်ယာရံ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် နှစ်ပါးကလည်း အချိန်တို အတွင်းမှာ ပရိနိဗ္ဗာန်ပြုတယ်။ ရှင်မောက္ကလာန် ဟာ ဂျိမ်းဘာသာဝင်တွေ သတ်လို့ ပရိနိဗ္ဗာန်ပြုရတယ်လို့ တချို့စာတွေမှာဆိုပါတယ်။

နောက်ဆုံး ၁၀ လ မှာဗုဒ္ဓဟာ ပရိနိဗ္ဗာန်ပြုဖို့ သူ့ရဲ့ အတိတ်ကံဝဋ်ကြွေးတွေ အကုန်ပြန်ဆပ်ရတဲ့အချိန် ဖြစ်တယ်လို့ ဆိုကြတယ်။ ဝေသာလီ၊ ကောသလ၊ ကပိလဝတ်အကုန်ပျက်စီးပုံရတယ်။

ဒါကြောင့်ဘုရားရှင်တို့တောင်မှ ဝဋ်ရှိရင် ဆပ်ရတယ်လို့ဆိုကြပါတယ်။ ဘုရားရှင်ရဲ့နောက်ဆုံးအချိန်မှာ ဘုရားဟောသမျှတရားတော်တွေကိုမှတ်ဥာဏ်ထဲသိုမှီးထားတဲ့ ညီတော်အာနန္ဒာကို အယင်ထက်ပိုပြီး အလွန်အားကိုးတယ်။ စုန္ဒ ဝက်ပျိုသားဟင်းကို ဘုန်းပေးတဲ့အချိန် ဒီဝက်သားဟာအန္တရာယ်ရှိတယ်ဆိုတာကိုသိလို့ ဗုဒ္ဓဟာ တခြားသူတွေကို ဘုန်းမပေးစေခဲ့ဘူး၊ မြေမြုပ်ခိုင်းခဲ့တယ်။ အနောက်တိုင်းစာတချို့မှာတော့ အရှင်အာနန္ဒာသာ ဘုန်းပေးခဲ့လို့ အသက်ဆုံးရှုံးရရင် ဗုဒ္ဓ စာပေတွေပျောက်ကုန်တဲ့အထိအန္တရာယ်ကြီးနိုင်ကြောင်း ရေးသားခဲ့ကြတယ်။

ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး အာနန္ဒာသယ်ခဲ့လို့သာ သာသနာဒီနေ့အထိ ပြန့်ခဲ့တာဖြစ်တယ်။

သကျသာကီဝင်တွေဟာ လွတ်ရာကျွတ်ရာ အိန္ဒိယနယ်တွေထဲ အနှံ့ ရောက်ကုန်တယ်။ မှန်နန်းရာဇဝင်နဲ့ တချို့သမိုင်းတွေမှာ တကောင်းပြည်ကိုတည်တာ သကျသာကီဝင်တွေလို့ ဆိုတယ်။ ယူကရိန်းကနေ အိန္ဒိယထိချီလာတဲ့ ခြေဗွေပါတဲ့ မျိုးနွယ်မို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာဘုရင်၊ ရခိုင်ဘုရင်တွေဟာ သာကီဝင်ရဲ့အမူအကျင့်တွေ ကိုဖတ်မှတ်ပြီး လေ့လာ ကျင့်သုံးကြတာလည်း တွေ့ရတယ်။ အောက်မှာ သာကီဝင် Ref တခု တင်ပေးရင်း သကျသာကီဝင်တွေအကြောင်း ကိုယ်နားလည်သလိုရေးထားတာ တွေ အဆုံးသတ်ပါတယ်။

ဗုဒ္ဓာသနာ ရောင်ဝါနေသို့ လင်းပါစေ။

ကျော်စွာမင်း (ပုဂံ)

I would say yes Have you heard about the chakma tribe??…Chakma are the descendents of the Sakya race to which lord Buddha was born.Sakya king name Abhi Raja had left kapilavastu on the foothills of the Himalayas(present day Nepal) and founded the Tagaung kingdom, the Burmese kingdom on the bank of Irrawaddy in Upper Burma. Burmese historically name Maha Rajaweng( or the Great history of kings) and The Glass palace chorii of the king's of Burma confirm the arrival of this Sakya king/Prince from kapilavastu.The Burmese chronicles handed doqnnames of three original tribes namely Kanran, Pyu or pru and Sak or Thek(Burmese sometime pronounced ‘S as Th'.Sir Arthur P. Phayre, former chief commissioner of British Burma and authority on the Burmese history, opined that The last(Sak/thek), however is not an original term, but probably an abbreviation of Sakya, and may hav been retained by the least a portion of the earliest Indian settlers and their decendi for sometimes.A few centuries later and a few years before the dead of lord Buddha, another migration is Sakya to Burma occurred, this time under the leadership of Prince Daza Raja, this migration happened because of murderous attack on Kapilavastu by the ruler of kosala, powerful king of North.(As you know the story). According to Pamela Furman, the Saks ruled the central Burma in the 9th century while the Burmans(Mranma ruled the plains).The Saks were powerful and fearless nation but for some reason s they further migrated to Arakan in very ancient times.They had attained a higher cultural level than any of the other minorities people's of Arakan. The period of migration of Saks, who came to be known as chakma in modern sense, to their present territory in the Chittagong Hill tract(CHT) and adjoining parts of Mizoram is not accurately known.But their Arakanesw roots are beyond doubt.All modern historians-scholars tend to agree that at some point of time Chakmas had lived in Arakan where they are still knowns as ' Daingnets' Captain TH Lewin stated, “” whatever opinion may be formed of the primal origin of the Thek or chakma tribe , no doubt can exist as to their having been at one time inhabitants to these hills (Chittagong Hill tracts).HHS Hutchinson held that “The chakmas are undoubtedly of Arakanese origin.They immigrated into CHT districts. The Saks(also spell as tsak) were also known to the Burmese as 'Thet' or 'Thek' as the Burmese pronounced S as TH.The name 'chakma' is a modern appellantion of the tribe 'Sak' .As Lewin stated The name of the Chukma , Tsak, Thek and Doingnak, may all therefore be taken as names representaing the Chakma tribe.Risley also identified the chakma are tsakma, Tsak and thek. In 1798, Dr.Buchanan stated that the sak are the same people with those, who in the Northern parts of the province are called Sakma or Chakmas.Dr Buchanan further mentioned,”They call themselves Saksa which word corrupted has ,I suppose, given rise to their Bangalese name Sagma or Chakmas .In Burmese, Tha or Tsa means “Son”. Therefore , the literal translation of “Saksa” would be Son of 'Sak'.Since Chakma has been derived from Saksa, the accurate meaning of “CHAKMA is CHILDREN OF SAKYA'.

မူရင်းရေးသားသူ ဦးကျော်စွာမင်း(ပုဂံ)အား ခင်မင်လေးစားစွာ ခရက်ဒစ်ပေးပါသည်

Original post👇👇👇

Part-1
https://m.facebook.com/story.php?story_fbid=3672186576345768&id=100006633852480&mibextid=Nif5oz

Part-2
https://m.facebook.com/story.php?story_fbid=3672301019667657&id=100006633852480&mibextid=Nif5oz

Address

Bagan
22290

Opening Hours

Monday 06:00 - 23:30
Tuesday 06:00 - 23:30
Wednesday 06:00 - 23:30
Thursday 06:00 - 23:30
Friday 06:00 - 23:30
Saturday 05:00 - 01:00
Sunday 05:00 - 23:30

Telephone

959259123686

Website

Alerts

Be the first to know and let us send you an email when Bagan Colourful Package Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Colourful Package Tour:

Videos

Share

Category