Travels 106

Travels 106 အသက်သာဆုံးနှုန်းထားများနှင့် ခရီးသွားကြမယ်

မြန်မာနိုင်ငံသားမှန်သမျှ သိသင့်တဲ့ ဗဟုသုတလေးပါ။မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ ့တောင်ဖက် ဒေသတွင် တည်ရှိသည် ။ဧရိယာ စတုရန်...
17/12/2023

မြန်မာနိုင်ငံသားမှန်သမျှ သိသင့်တဲ့ ဗဟုသုတလေးပါ။

မြန်မာနိင်ငံသည်
အာရှတိုက်၏ အရှေ ့တောင်ဖက်
ဒေသတွင် တည်ရှိသည် ။

ဧရိယာ စတုရန်းမိုင် ၂၆၁၂၂၈ ကျယ်၀န်းပြီး
အရှေ့တောင် အာရှဒေသတွင် ၊
ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊
ကမ ္ဘာပေါ်ရှိနိင်ငံများထဲတွင်
ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ - မြောက်
နိင်ငံ ဖြစ်သည် ။

မြန်မာနိင်ငံ၏ တည်နေရာသည်
မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ
၂၈ ဒီဂရီ ၃၁ မိနစ်နှင့်
အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင်
တည်ရှိသည် ။
နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ
ကုန်းမြေများဖြစ်ပြီး ၊
မြစ်ချောင်း အင်းအိုင် ထဲမှ
ရေပြင်ဧရိယာ များမှာ
နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိ သည် ။

နယ်နမိတ်
✴✴✴
မြန်မာနိင်ငံ နှင့် အိမ်နီးချင်းနိင်ငံများ
ထိစပ်နေသည့် နယ်နမိတ် ကုန်းမြေများမှ
အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည် ။

ထို အထဲတွင်
ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင် ၊
အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊
တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊
လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊
ထိုင်းနိင်ငံ နှင့် ၁၅၀၁ - မိုင် တည်ရှိသည် ။

ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိ ပြီး
အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ်
ပင်လယ်များဖြစ်သည့် ဘင်္ဂလားပင်လယ် ၊
ကပ္ပလီပင်လယ် (Adaman sea )
တို့တည် မြန်မာနိင်ငံ၏
ဆက်စပ် ပင်လယ်များ ဖြစ်သည် ။
တောင်တန်းများ
✴✴✴

မြန်မာနိင်ငံ၏
အလယ်ပိုင်းဒေသ အများစု သည်
မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊
ထိုမြေပြန့်လွင်ပြင် များကို
တောင်တန်းများမှ ကာဆီးထားသည် ။
အနောက်ဖက် ရခိုင်ရိုးမတောင်တန်း
⏹⏹⏹

မြန်မာနိင်ငံ အနောက်ဖက်ရှိ
ရခိုင်ရိုးမ တောင်တန်းသည်
အိန္ဒိယနိင်ငံ မဏိပူရ ပြည်နယ်မှ
စတင်ကာ ၊ မော်တင်စွန်း
အငူနားအထိ တည်ရှိသည် ။

ရခိုင်ရိုးမ ထဲတွင်
ရခိုင်ရိုးမတောင်တန်း နှင့်အတူ
နာဂ တောင်တန်းများ ၊
ချင်းတောင်တန်းများလဲ ပါ၀င်သည် ။

မြောက်ဖက်ရှိ တောင်တန်းများ
⏹⏹⏹

မြန်မာနိင်ငံမြောက်ဖက်
ကချင်ပြည်နယ်တွင် မြန်မာနိင်ငံ၏
အမြင့်မားဆုံး တောင်တန်းများ
တည်ရှိ သည် ။

ဟိမ၀န ္တာတောင်တန်း၏
ဆက်စပ်တောင်တန်း များ ၊
Kumon range
( ကချင်တောင်တန်း ) နှင့်
တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့်
ဆက်စပ်နေသည့် Hengduan
တောင်တန်းများ သည်
ကချင်ပြည်နယ်ထဲတွင်တည်ရှိသည် ။
အလယ်ပိုင်းရှိ တောင်တန်း
⏹⏹⏹

မြန်မာနိင်ငံအလယ်ပိုင်း
ချင်းတွင်းမြစ်ဝှမ်း နှင့် စစ်တောင်းမြစ်ဝှမ်း
ဒေသများ တွင် ဇီးဖြူတောင်တန်း ၊
မင်းဝံတောင်တန်း ၊
မှန်ကင်းတောင်တန်း နှင့်
ဂန့်ဂေါတောင်တန်း စသည့်
တောင်တန်းငယ် များ တည်ရှိသည် ။
မြန်မာနိင်ငံ အလယ်ပိုင်း ရှိ
ပဲခူးရိုးမတောင်တန်းသည်
ဧရာ၀တီမြစ် နှင့် စစ်တောင်းမြစ်ကြားရှိ
တောင်တန်း နိမ့် ဖြစ်ကာ
မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော်
ရှည်လျှားသည် ။

ပုပွားတောင်သည်
ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက်
အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး
တောင်ဘက် အစွန်ဆုံး သည်
ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ
ရန်ကုန်မြို့တွင် တောင်ပူစာ
ကလေးများ အဖြစ်
ဖြာဆင်း လာခဲ့သည် ။
အရှေ့ဖက်ရှိ ရှမ်းကုန်းမြေမြင့်
⏹⏹⏹

မြန်မာနိင်ငံ အရှေ ့ဖက်တွင်
ရှမ်းကုန်းမြေမြင့်တည်ရှိသည် ။

ရှမ်းကုန်းမြေမြင့် ဒေသတွင်
တရုတ် ယူနန်ဒေသ ၊
မြန်မာနိင်ငံ အရှေ ့ဖျားဒေသ နှင့်
ထိုင်း နိင်ငံ အနောက်မြောက်ဒေသ များ
ပါ၀င်သည် ။

ရှမ်းကုန်းမြေမြင့်သည်
ပင်လယ်ရေ မျက်နှာပြင်မှ
အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း
တည်ရှိသည် ။

ရှမ်းကုန်းမြေမြင့်ဒေသတွင်
တောင်တန်း ၊ တောင်စွယ်များစွာ နှင့်
ကျဉ်းမြောင်းသည့်
တောင်ကြား valleys ဒေသ
များ စွာ တည်ရှိသည် ။

ဧရာ၀တီ ၊ စစ်တောင်း ၊ သံလွင် နှင့်
Chao Phraya မြစ် များ၏
မြစ်သွယ် ၊ မြစ်လက်တက်များသည်
ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော်
စီးဆင်းသွားကြသဖြင့် နေရာ အနှံ့တွင်
တောင်ကြား ဒေသ များ ကို တွေ့ရှိနိင်သည် ။
တောင်ဖက်ရှိ တောင်တန်းများ
⏹⏹⏹

မြန်မာနိင်ငံတောင်ဖက်ဒေသများတွင်
ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့်
ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့်
တနင်္သာရီ တောင်တန်းများတည်ရှိသည် ။
ထင်ရှားသည့် တောင်ထိပ်များ
✴✴✴
ခါကာဘိုရာဇီ
⏹⏹⏹

မြန်မာနိင်ငံ၏
အမြင့်ဆုံးတောင်ဖြစ်သည် ။
ပေပေါင်း ၁၉၂၉၆ - ပေ ရှိပြီး
မြန်မာနိင်ငံမြောက်ဖက်
ဟိမ၀န ္တာတောင်တန်း၏
ဆက်စပ်တောင်တန်းပေါ်တွင်
တည်ရှိသည် ။

ဂန်လန်ရာဇီ
⏹⏹⏹

ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး
အမြင့်ပေ ၁၉၂၆၀ ရှိကာ
မြန်မာနိင်ငံမြောက်ဖက်
ဟိမ၀န ္တာ တောင်တန်း၏
ဆက်စပ် တောင်တန်းပေါ်တွင်
တည်ရှိသည် ။

စာရာမေတိတောင်
⏹⏹⏹

အမြင့် ၁၂၅၅၂ - ပေ ရှိပြီး
နာဂ တောင်တန်းပေါ်တွင်
တည်ရှိသည် ။

နတ်မတောင်
⏹⏹⏹

အမြင့်ပေ ၁၀၀၇၀ ရှိပြီး ချင်းပြည်နယ်
ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည် ။
ထိုတောင်အား တချိန်က ဝိတိုရိယ တောင်
ဟုခေါ်သည် ။

နတ်တောင်
⏹⏹⏹

အမြင့်ပေ ၈၆၀၆ ရှိပြီး
ကရင်ပြည်နယ် သံတောင်ကြီး
မြို့နယ်တွင် တည်ရှိသည် ။

မယ်လတောင်
⏹⏹⏹

အမြင့်ပေ ၆၈၂၀ ရှိပြီး
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို ့နယ်တွင်
တည်ရှိသည် ။
မြင့်မိုလက်ခတ်တောင်
⏹⏹⏹

အမြင့် ပေ ၆၇၉၈ ရှိပြီး
တနင်္သာရီ တောင်တန်းပေါ်တွင်
တည်ရှိသည် ။

ပုပွါးတောင်
⏹⏹⏹

အမြင့်ပေ ၄၉၈၀ ရှိပြီး
မန ္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊
ကျောက်ပန်းတောင်းမြို့နယ်တွင်
တည်ရှိသည် ။

ထိုတောင်သည် ပဲခူးရိုးမ၏
မြောက်ဖက်အစွန်းတွင်
သီးခြားထိုးထွက်နေသည့်
မီးတောင်ဟောင်း ဖြစ်သည် ။

မြစ်များ
✴✴✴
ဧရာဝတီမြစ်
⏹⏹⏹

ဧရာ၀တီမြစ်သည်
၁၃၇၃ - မိုင်ရှည်လျှားပြီး
မြန်မာနိင်ငံ၏ အဓိကမြစ်ကြီးတစင်း
ဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ
စတင်စီးဆင်းကာ ၊
အလယ်ပိုင်း ဒေသကိုဖြတ်ကျော်ပြီး
မုတ္တမ ပင်လယ်ကွေ့ထဲသို့ စီး၀င်သည် ။
ချင်းတွင်းမြစ်
⏹⏹⏹

ချင်းတွင်းမြစ်သည်
အရှည်မိုင် ၇၅၀ အထိရှိပြီး
မြန်မာနိင်ငံမြောက်ပိုင်း
ဟူးကောင်းတောင်တန်း ပေါ်တွင်
မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို
ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း
မြင်းခြံမြို့ အနီးတွင် ဧရာ၀တီမြစ်နှင့်
လာရောက် ပေါင်းဆုံသည့်
အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။
မူးမြစ် ၊ မြစ်ငယ်မြစ်
⏹⏹⏹

မူးမြစ် ၊ မြစ်ငယ်မြစ်များသည်
ဧရာ၀တီမြစ်နှင့် လာဆုံသည့်
မြန်မာနိင်ငံ အလယ်ပိုင်းဒေသမှ
မြစ်ငယ် များ ဖြစ်ကြသည် ။
သံလွင်မြစ်
⏹⏹⏹

သံလွင်မြစ်သည်
တရုတ်နိင်ငံ တိဖက်ကုန်းမြေမြင့်မှ
မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို
ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့ သို့
စီး၀င်သည် ။
မဲခေါင်မြစ်
⏹⏹⏹

မဲခေါင်မြစ်သည်
မြန်မာနိင်ငံနှင့် လာအိုနိင်ငံအကြား
နယ်နမိတ်အဖြစ် တည်ရှိသည် ။
စစ်တောင်းမြစ်
⏹⏹⏹

စစ်တောင်းမြစ်သည်
အရှည် ၂၆၁ - မိုင်ရှိပြီး
ရှမ်းကုန်းမြေမြင့်တော်ဖက် အစွန်ဒေသမှ
မြစ်ဖျားခံကာပဲခူးတိုင်းကိုဖြတ်ကျော်ပြီး
မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည် ။

တောင်ဖက်ဒေသရှိမြစ်များ
⏹⏹⏹

ရေးမြစ် ၊ Heinze မြစ် ၊ ထား၀ယ်မြစ် ၊
တနင်္သာရီမြစ် နှင့် လေညာမြစ်များသည်
မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင်
တည်ရှိပြီး တောင်တန်းများမှ
မြစ်ဖျားခံကာ ကပ္ပလီပင်လယ်ထဲသို့
စီး၀င်သည် ။
Kraburi မြစ်သည်
ထိုင်း နှင့် မြန်မာနိင်ငံအကြား
နယ်နမိတ်အဖြစ်စတင်စီးဆင်းသည် ။

ရေအိုင်များ
✴✴✴
အင်းတော်ကြီးအိုင်
⏹⏹⏹
အင်းတော်ကြီး ရေအိုင်သည်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်
တည်ရှိပြီး
ဧရိယာ စတုရန်းမိုင် ၃၁၄ .၆၇
အထိ ကျယ်၀န်းကာ မြန်မာနိင်ငံရှိ
အကြီးဆုံးရေ ကန်ဖြစ်သည် ။
အင်းလေးကန်
⏹⏹⏹

အင်းလေးကန်သည်
ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့်
မြန်မာနိင်ငံ၏ ထင်ရှားသည့်
ရေကန်တခု ဖြစ်သည် ။
ဤရေကန်သည်
တဖြည်းဖြည်းတိမ်ကောလာနေသည့်
ရေကန်ဟု မှတ်တမ်းများမှဆိုသည် ။
ကျွန်းများ
✴✴✴
ရမ်းဗြဲကျွန်း
⏹⏹⏹

ရမ်းဗြဲကျွန်းသည်
မြန်မာနိင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည် ။

ရခိုင်ကမ်းရိုးတမ်း၏
အလယ်ခန့်တွင် တည်ရှိကာ
အရှည် မိုင် ၅၀ ၊ အနံ မိုင် ၂၀ ခန့်ရှိကာ
ဧရိယာစတုရန်းမိုင် ၅၂၀ ခန့် ကျယ်၀န်း
သည် ။

ကျောက်ဖြူမြို့ ၊ ရမ်းဗြဲမြို့ ၊ စနဲ့မြို့
များသည် ထိုကျွန်းပေါ်တွင်တည်ရှိသည် ။

မန်အောင်ကျွန်း
⏹⏹⏹
မန်အောင်ကျွန်းသည်
ရမ်းဗြဲကျွန်းနှင့် ၆.၂ မိုင်ခန့်သာ
ကွာဝေးပြီး နီးကပ်စွာတည်ရှိသည့်
ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့်
ကျွန်းတကျွန်းဖြစ်သည် ။

မာန်အောင်ကျွန်းသည်
စတုရန်းမိုင် ၂၅၀ - ခန့်သာ
ကျယ်၀န်းကာ အနောက်မြောက် မှ
အရှေ့တောင် ဖက်သို့ အရှည် ၁၇ -မိုင် ခန့်
သွယ်တန်းနေသည် ။

မန်အောင်မြို့သည်
မန်အောင်ကျွန်းပေါ်တွင်တည်ရှိသည် ။


ကိုကိုးကျွန်းစု
⏹⏹⏹

ကိုကိုးကျွန်းစုသည်
ကျွန်းငယ်ပေါင်း ၁၂ - ကျွန်းရှိပြီး
ဘင်္ဂလားပင်လယ် နှင့်
ကပ္ပလီပင်လယ်အကြားတည်ရှိသည့်
မြန်မာအပိုင် ကျွန်းအစုအဝေးဖြစ်သည် ။

ကိုကိုးကျွန်းသည်
ရန်ကုန်မြို့မှ မိုင် ၂၂၀ ခန့် အကွာတွင်
တည်ရှိပြီး ၊ ရန်ကုန်တိုင်း၏ မြို့နယ်
တခုဖြစ်သည် ။

မြိတ်ကျွန်းစု
⏹⏹⏹

မြိတ်ကျွန်းစုသည်
တနင်္သာရီတိုင်းဒေသကြီးတွင်ပါ၀င်ကာ
မြန်မာနိင်ငံ၏တောင်ဖက်
ဘင်္ဂလားပင်လယ်ထဲမှ
ကျွန်းအစုအဝေးဖြစ်သည် ။

တခါတရံ ပသျှူးကျွန်းစု များဟုလဲ
ခေါ်ဆို ကြသည် ။

အရွယ်အစား အမျိုးမျိုးရှိသည့်
ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး
ထိုအထဲတွင် ကတန်းကျွန်းမှာ
အကြီးဆုံးဖြစ်သည် ။

💙💙💙

မြန်မာနိင်ငံ၏
အနောက်ဖက်ဒေသတွင်တည်ရှိသည့်
တောင်တန်းဖြစ်သည် ။

ရခိုင်ရိုးမ တောင်တန်းသည်
မြန်မာနိင်ငံ အနောက်ဖက်
ဘင်္ဂလားပင်လယ်ကမ်းခြေဒေသ နှင့်
မြန်မာနိင်ငံအလယ်ပိုင်းဒေသကို
ကာဆီးထားသည် တောင်တန်းဖြစ်သည် ။
ရခိုင်ရိုးမတောင်တန်းသည်
တောင်မြောက်သွယ်တန်းနေပြီး ၊
ပျမ်းမျှအမြင့်ပေ ၃၀၀၀ မှ ၅၀၀၀ အထိ
ရှိသည် ။
မြောက်ဖက်တွက်
ဆက်စပ်နေသည့် ချင်းတောင်တန်း
သည်လဲ ရခိုင်ရိုးမထဲတွင် ပါ၀င်သည် ။

ချင်းတောင်တန်းသည်
မြန်မာ နှင့် အိန္ဒိယနိင်ငံ နယ်နမိတ်အဖြစ်
တည်ရှိနေသည် ။

ချင်းတောင်တန်းပေါ်မှ
Mount Victoria တောင်ထိပ်သည်
ပေပေါင်း ၁၀၀၁၆ -ပေရှိပြီး
ရခိုင်ရိုးမ ၏ အမြင့်ဆုံးတောင်ထိပ်
ဖြစ်သည် ။

ရခိုင်ရိုးမတောင်တန်းသည်
ကျောက်သလင်းတောင်ဖြစ်သည် ။

ထိုတောင်တန်းပေါ်တွင်
အမြဲစိမ်းသစ်တောများ ၊ ၀ါးသစ်တောများ
ထူထပ်စွာပေါက်ရောက်သည် ။

တောင်တန်း၏
အနောက်ဖက်ဒေသသည်
မိုးများစွာရွာသွန်းသည့်ဒေသဖြစ်ပြီး
တနှစ်ပါတ်လုံးမိုးရေချိန် လက္ခ ၂၀၀ အထိရွာသွန်းလေ့ရှိသည် ။
သို့သော်
အရှေ့ဖက်တောင်စောင်းဒေသတွင်မိုးနဲပြီး
တနှစ်ပ်တ်လုံးမိုးရေချိန်မှာ ၄၀ လက္ခခန့်
သာရှိသည် ။

ဤရခိုင်ရိုးမဒေသအနှံ့တွင်
၀က်ဝံ ၊ ဆင် ၊ ကျား ၊ ကျားသစ်
စသည့် တော‌ေကာင်များ
ရှင်သန် ကျက်စားကြသည် ။

24.dec.စစ်တွေ ရန်ကုန် လေယာဉ်လက်မှတ်ရအုန်းမည် 09961101300
05/12/2023

24.dec.စစ်တွေ ရန်ကုန် လေယာဉ်လက်မှတ်ရအုန်းမည် 09961101300

စစ်တွေ ရန်ကုန် လေယာဉ်လက်မှတ်ရမည်09961101300
04/12/2023

စစ်တွေ ရန်ကုန် လေယာဉ်လက်မှတ်ရမည်
09961101300

ShweDagon pagoda 🙏🙏🙏ရွှေတိဂုံဘုရား 🙏🙏🙏
15/09/2023

ShweDagon pagoda 🙏🙏🙏
ရွှေတိဂုံဘုရား 🙏🙏🙏

♦️🔹ကြံစိုက်ခင်းထဲက ကြံတွေပျောက်ပျောက်နေလို့ ပိုင်ရှင်က စိတ်တိုပြီး ဆိုင်းဘုတ်ထောင်ထားလိုက်တယ်        " ကြံတစ်ဆစ် ထောင်တစ...
30/08/2023

♦️🔹ကြံစိုက်ခင်းထဲက ကြံတွေပျောက်ပျောက်နေလို့ ပိုင်ရှင်က
စိတ်တိုပြီး ဆိုင်းဘုတ်ထောင်ထားလိုက်တယ်
" ကြံတစ်ဆစ် ထောင်တစ်နှစ် " တဲ့

နောက်နေ့လည်းကျရော .... ကြံတွေကပိုပျောက်ပါလေရော
ဆိုင်းဘုတ်ကိုလည်း သူခိုးက ပြန်ပြီးထောင်သွားတယ်
" မီးခြစ်တစ်ဆံ ကြံတစ်ခြံ " တဲ့

အဲ့ဒီမှာပဲ ပိုင်ရှင်အရမ်းလန့်သွားပြီး ဆိုင်းဘုတ်ကို
ချက်ခြင်းပြန်ပြင်လိုက်တယ်
" တစ်ချောင်းတစ်လေ စားပေါ့လေ " တဲ့

နောက်နေ့ရောက်တော့
ကြံတွေက တစ်ချောင်းတစ်လေပဲ ပျောက်တော့တယ်
ဆိုင်းဘုတ်ကတော့ ....
" ညှိညှိနှိုင်းနှိုင်း တို့မရိုင်း " တဲ့

သူခိုးက ပြန်ပြင်သွားပါတယ် ..... 😜😜😜

-To Original Writer
ပြန်လည်မျှဝေသည်.....

Ai နည်းပညာ သုံးပြီး ဖန်တီးထားတာလေးတွေ တချို့ပုံတွေက လှသလို တချို့ပုံတွေက ဘာတွေမှန်းမသိဘူး တဖြည်းဖြည်းနဲ့ နည်းပညာက မြင့်မ...
23/08/2023

Ai နည်းပညာ သုံးပြီး ဖန်တီးထားတာလေးတွေ တချို့ပုံတွေက လှသလို တချို့ပုံတွေက ဘာတွေမှန်းမသိဘူး တဖြည်းဖြည်းနဲ့ နည်းပညာက မြင့်မြင့်လာတယ် အများကြီးလေ့လာရအုန်းမယ်

ပြည်တွင်း လေကြောင်းခရီးစဉ် စီးနင်းမည့်သူများ COVID-19 ကာကွယ်ဆေးထိုးထားသည့် အထောက်အထားစာရွက် ပြရန်မလိုတော့ပါ။Crd photo
08/08/2023

ပြည်တွင်း လေကြောင်းခရီးစဉ် စီးနင်းမည့်သူများ COVID-19 ကာကွယ်ဆေးထိုးထားသည့် အထောက်အထားစာရွက် ပြရန်မလိုတော့ပါ။
Crd photo

 #စင်ကာပူ passport2023ခုနှစ်အတွက် ကမ္ဘာစွမ်းအားအကြီးဆုံး passport အဖြစ် စင်ကာပူ passport ကအဆင့်- 1 နေရာကို ရောက်ရှိခဲ့ပါ...
23/07/2023

#စင်ကာပူ passport

2023ခုနှစ်အတွက် ကမ္ဘာစွမ်းအားအကြီးဆုံး passport အဖြစ် စင်ကာပူ passport ကအဆင့်- 1 နေရာကို ရောက်ရှိခဲ့ပါတယ် 192နိုင်ငံကို visa free ဖြင့် လည်ပတ်နိုင်ပါတယ် အရင်နှစ်က ဂျပန် passport က အဆင့် 1ကနေ အဆင့် 3 သို့ရောက်ရှိသွားပါတယ် ဂျပန် က5ကြိမ်တိုင်တိုင် အဆင့် 1နေရာမှာ ရှိနေတာပါ UK ကတော့ အဆင့် 4 သို့ တက်ရောက်လာပြီး US ကတော့ အဆင့် 8 နေရာသို့ အောက်ဆင်းသွားပါတယ်။

မြန်မာ ကျပ်ငွေ 20000တန် 2023 ဇူလိုင်လ 31ရက် နေ့တွင် စတင်ထုတ်ဝေမည်ဟုသိရပါတယ်မြန်မာကျပ်ငွေ 20000တန် (နှစ်သောင်း)တန် ကျပ်ငွ...
23/07/2023

မြန်မာ ကျပ်ငွေ 20000တန်

2023 ဇူလိုင်လ 31ရက် နေ့တွင် စတင်ထုတ်ဝေမည်ဟုသိရပါတယ်
မြန်မာကျပ်ငွေ 20000တန် (နှစ်သောင်း)တန် ကျပ်ငွေ အသစ်ကို ဇူလိုင်လ ၃၁ရက် ၂၀၂၃ ခုနှစ်တွင် ထုတ် ဝေမည် ဟု သိရပါတယ်။

တိုက်တန်းနစ်သဘ်ောကို သွားရောက်လေ့လာတဲ့ ရေငုပ်သဘ်ောလေးပေါ်မှာ ပါတဲ့ သူအားလုံး‌ေသဆုံးကြောင်း အတည်ပြုလိုက်ကြပြီလွန်ခဲ့တဲ့ န...
23/06/2023

တိုက်တန်းနစ်သဘ်ောကို သွားရောက်လေ့လာတဲ့ ရေငုပ်သဘ်ောလေးပေါ်မှာ ပါတဲ့ သူအားလုံး‌ေသဆုံးကြောင်း အတည်ပြုလိုက်ကြပြီ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၁ အကြာ 1912 ခုနှစ်တုန်းက ရေခဲတုံးကြီးကို တိုက်မိကာ နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀ လောက်သေဆုံးခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောပျက်ရှိရာကို သွားရောက်လေ့လာတဲ့ ရေငုပ်သဘ်ောငယ်လေးဟာ ပြီးခဲ့တဲ့ တန်နွေနေ့က ခရီးစဥ်စတင်ပီး ၁နာရီ ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပျက်သွားခဲ့ ရာ မနေ့ကထိ နောက်ဆုံးရတဲ့ သတင်းအရ ရေဖိအားကြောင့် ပေါက်ကွဲ ပြီး ရေဝင်ကာ အားလုံးသေဆုံးသွားတာဖြစ်နိုင်တယ် လို့ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ ဝင်နိုင်ငံအားလုံးက သတ်မှတ်လိုက်ပါတယ်။

လေ့လာရေးလုပ်တဲ့ ရေငုပ်သဘ်ောပေါ်မှာ pilot တယောက်နဲ့ ဘီလီယံနာ မီလီယံနာ သူဌေး ၄ ယောက် စုစုပေါင်း ၅ ယောက်ပါသွားတာ ဖြစ်ပါတယ်။

Titanic သင်္ဘောပျက်ကို သွားကြည့်ဖို့ ဒီ tourist adventure အတွက် ရေငုပ်သင်္ဘော OceanGate ကုမ္ပဏီကို လူတယောက် လက်မှတ်တစောင်အတွက် US$250,000 (မြန်မာငွေ သိန်း ၇ ထောင်ကျော်) ပေးရပြီးတော့ အထဲမှာ ၅ ယောက်ကို မလူးသာ မလွန့်သာ ဒုက္ခခံပြီး သွားခဲ့ကြရတာဖြစ်ပါတယ်။

Ref:Kaohsod News,Bangkok Post
ဘန်ကောက်လမ်းညွှန်ကိုစိုင်း

မင်္ဂလာပါJune 15 ကစပြီး MAI flight ဒွန်မောင်းလေဆိပ်မှာစဆင်းပါပြီပုံမှန်က Suvannabumi လေဆိပ်မှာဆင်းတာမို့ .. မိတ်ဆွေတို့ ...
18/06/2023

မင်္ဂလာပါ
June 15 ကစပြီး MAI flight ဒွန်မောင်းလေဆိပ်မှာစဆင်းပါပြီ
ပုံမှန်က Suvannabumi လေဆိပ်မှာဆင်းတာမို့ .. မိတ်ဆွေတို့ လေဆိပ်ဆင်းရင်သတိမထားမိမှာစိုးလို့ သတိလာပေးတာပါ။
🇹🇭

 #အရေးပေါ်သတိပေးချက် စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီအင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့လက္ခဏာတွေပါ ပင်လယ်ထဲမှာ ဧရာမမိ...
12/05/2023

#အရေးပေါ်သတိပေးချက်
စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီ
အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့
လက္ခဏာတွေပါ ပင်လယ်ထဲမှာ ဧရာမ
မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့်
အောက်ကရေတွေကပါလိုက်လည်ပီး အမြင့်
ပေဆယ်ချီထိ မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင်
မြင့်တက်လည်လာပါတယ်အဲဒီတွက် ပင်လယ်
ကမ်းချေရှိရေတွေဟာ ကျသွားတတ်ပြီး
မုန်တိုင်းတိုက်ခတ်သည့်ခါ ပင်လယ်ရေဟာ
လေနှင့်အတူ ပြန်လည်ရိုက်ခတ်ပါသည်။
စစ်တွေကို ရိုက်ခတ်မယ့် ဒီရေလှိုင်းအမြင့်ဟာ
ပေ၂၀ ကျော်မြင့်ပါတယ် ပင်လယ်လှိုင်းဟာ
ရိုက်ခတ်ပီးနောက် ကမ်းပေါ်ရှိ သက်ရှိသက်မဲ့
အရာအားလုံးကို ပင်လဲထဲသို့ ပြန်လည်
ဆွဲခေါ်ယူသွားအုံးမှာဖြစ်တဲ့တွက် အမြန်ရှောင်ပါ။
ကမ်းရိုးတန်း ဒေသက ပြည်သူတွေက
မဖြစ်မနေ ရှောင်ကို ရှောင်ရပါမယ် တိုက် အိမ် တဲ
အကုန်ရှောင်ရမှာပါ။

ဆောင်ရန် ရှောင်ရန်များ 🌪️🌪️
သောက်ရေ(၄ရက်စာ)
အစားစာ(၃ရက်စာ)
ဆေးဝါး ဓာတ်ဆား
အဝတ်၂စုံ
မှတ်ပုံတင်အိမ်ထောင်စုဇယား
Power bank
လက်နှိပ်ဓာတ်မီး တို့ပြင်ဆင်ပြီး
emergency bagအဖြစ်ထားကြပါ။
ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့သော
အဆောက်ဦးများထဲတွင်မုန်တိုင်းခိုပါ
ကွင်းပြင်တွင်မနေရပါ မြေပြို အိမ်ပြို
တောင်ပြိုအန္တရာယ်များလဲသတိပြုပါ။
ပြိုလဲနေသော ဓာတ်တိုင် ဝါယာကြိုးများ
ထိတွေ့ကိုင်တွယ်ခြင်းမပြုရ ပါ။
ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မြွေများ
မျောပါလာနိုင်သည်။
ဘေးကင်းကြပါစေ 24 နာရီ အချိန်ရပါသေးတယ်။

22/02/2023

Passport ရုံးများ February 24ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သိရပါတယ် ရန်ကုန်က passport ရုံးတွင် online booking စနစ်သစ်ဖြင့် ကိုယ်တိုင်ပြုလုပ်ရမည် နယ်ရုံးများကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်မည်

ရန်ကုန် မော်လမြိုင်
31/01/2023

ရန်ကုန် မော်လမြိုင်

Singapore ကိုအလည်သွားမယ့်သူများဖတ်ရန်Thar Thar Lay (Singapore)ရေးသားသည်Singapore အလည်လာတာချန်ဂီလေဆိပ် immigration မှာ re...
29/01/2023

Singapore ကိုအလည်သွားမယ့်သူများဖတ်ရန်

Thar Thar Lay (Singapore)
ရေးသားသည်

Singapore အလည်လာတာ
ချန်ဂီလေဆိပ် immigration မှာ reject ထိ
ခုတော့ holding room ထဲမှာ
နက်ဖန် မြန်မာပြည်ပြန်ရပီထင်တယ်
အလုပ်လာရှာတာမပြန်ဘူးလို့ ယူဆရင်
singapore ဝင်ခွင့်မပေးပါတဲ့

လက်မှတ်ကို ရက်ရွှေ့လို့ ရတာမျိုးပဲ ဝယ်သင့်
၂ ပတ် ၃ ပတ်နေမယ် ဆိုပီး ဖြည့်သင့်/ပြောသင့်တယ်

အရင်အခေါက်တွေက ၁-၂ လ နေပီး အလုပ်ရှာခဲ့ဖူးသူတွေ ပိုသတိထားသင့်ပါတယ်

အခုအရင်လိုမဟုတ်ဘူးနော်
ဟိုနေ့ကလဲ တယောက် ကိုတော်တော်စစ်တယ်ပြောတယ် နိုင်ငံဝင်ခွင့်တွေ Visa မဖြေရတာတောင် တော်တော်စစ်နေကြပီ အဲ့အမဆို e လိုအရမ်းကျွမ်းလို့ ၀င်ခွင့်ရတာတဲ့

သူနဲ့ လေယဉ်ပေါ်သိလာတဲ့ ၃ယောက် ကတော့ Singapore visa ၀င်ခွင့်မရပဲ ပြန်ရတယ်တဲ့

နိုင်ငံအသီးသီးမှာ အရမ်းတင်းကြပ်နေကြကုန်ပီ
မြန်မာ passport ဆိုရင်

လို့သတိထားရအောင် ရေးသားထားပါတယ်

Passport powerကမ္ဘာအင်အားအရှိဆုံး အစွမ်းထက်ဆုံး passport ဟာ ဂျပန်နိုင်ငံက ပထမနေရာကနေ ရပ်တည်နေပါတယ်။ဂျပန် passport ကိုင်ဆ...
13/01/2023

Passport power

ကမ္ဘာအင်အားအရှိဆုံး အစွမ်းထက်ဆုံး passport ဟာ ဂျပန်နိုင်ငံက ပထမနေရာကနေ ရပ်တည်နေပါတယ်။ဂျပန် passport ကိုင်ဆောင်ပြီး 193နိုင်ငံကို visa လျှောက်စရာမလိုပဲ free ဝင်ထွက်သွားလာနိုင်ပါတယ်။
ဒုတိယရပ်တည်နေတာကတော့ စင်ကာပူနှင့်
တောင်ကိုရီးယား နိုင်ငံက passport တွေက နေရာယူထားပါတယ်။အဲနိုင်ငံနှစ်ခုရဲ့ passport တွေကတော့ 192နိုင်ငံကို visa လျှောက်စရာမလိုပဲ free ဝင်ထွက်သွားလာနိုင်ပါတယ်။ အမေရိကန်နိုင်ငံတောင် အဆင့် 7 မှာ ပဲ ရပ်တည်နေပါတယ်။စွမ်းအားအကြီးဆုံး Japan passport ပါပဲ။

မဲဆောက် / မြဝတီ အမှတ် ၁ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားယနေ့တွင်ဖွင့်လှစ်ခဲ့ပါသည်။ကိုဗစ်ကာလထဲက ၃ နှစ်အကြာပိတ်ထားသည့်ထိုင်းမ...
12/01/2023

မဲဆောက် / မြဝတီ အမှတ် ၁ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားယနေ့တွင်ဖွင့်လှစ်ခဲ့ပါသည်။

ကိုဗစ်ကာလထဲက ၃ နှစ်အကြာပိတ်ထားသည့်ထိုင်းမြန်မာချစ်ကြည်ရေးတံတား ဟာ 12-1-2023 ရက် ကြာသာပတေးနေ့မှာပြန်လည်ဖွင့်လှစ်လိုက်ပြီဟုသ်ရပါတယ်။ ဒီချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းပါသည်။
ဤတံတားသည် AH 1 အာရှလမ်းမပေါ်ရှိ အရေးပါသော တံတားဖြစ်ပါသည်။ ၂၀၁၉ခုနှစ်တွင် အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားအား လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့သည်ဟုသိရပါသည်။

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

မြဝတီ မဲဆောက် ချစ်ကြည်ရေး အမှတ်(၁)တံတား ယနေ့မနက်က ဖွင့်လှစ်လိုက်ပါပြီမြန်မာဘက်မှ ထိုင်းဘက်သို့ ခုနှစ်ရက်အလည်ဗီဆာပြုလုပ်လ...
12/01/2023

မြဝတီ မဲဆောက် ချစ်ကြည်ရေး အမှတ်(၁)တံတား ယနေ့မနက်က ဖွင့်လှစ်လိုက်ပါပြီ
မြန်မာဘက်မှ ထိုင်းဘက်သို့ ခုနှစ်ရက်အလည်ဗီဆာပြုလုပ်လျှင် မြန်မာငွေ နှစ်ထောင်ပဲ ပေးရသည်ဟု သိရပါတယ် ထိုင်းဘက်ကတော့ ငွေကြေးကောက်ခံခြင်းမရှိပါ။

Crd; မြဝတီ မဲဆောက် မီဒီယာ

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားအား မြဝတီခရိုင်နှင့်တာ့က်ခရိုင်အုပ်ချုပ်ရေးမှုးတို့ တက်ရောက်ဖွ...
11/01/2023

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားအား မြဝတီခရိုင်နှင့်တာ့က်ခရိုင်အုပ်ချုပ်ရေးမှုးတို့ တက်ရောက်ဖွင့်လှစ်မည်

မဲဆောက်၊ ဇန်နဝါရီ ၁၁

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားအား ဇန်နဝါရီ ၁၂ ရက်၊ ထိုင်းစံတော်ချိန် ၉ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားဖွင့်ပွဲသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာ့က်ခရိုင်အုပ်ချုပ် ရေးမှူးတို့ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းယူရန် သတင်းမီဒီယာများအား ဖိတ်ကြားထားသည်ဟု သိရသည်။

"တံတားပြန်ဖွင့်မယ်လို့ကြားရတော့ အရမ်းဝမ်းသာပါတယ် မြဝတီ-မဲဆောက် ကူးသန်းသွားလာလို့ရတော့ ကျနော်တို့ဒေသခံတွေအတွက် ကုန်စည်ကူးသန်း ရောင်းဝယ်ရတာ ပိုအဆင်ပြေတာပေါ့ နောက်ပြီး ထိုင်းကိုအကြောင်းအမျိုးမျိုးနဲ့လာချင်တဲ့သူတွေရှိသလို ထိုင်းကနေမြန်မာပြည်ပြန်ချင်တဲ့ အလုပ်သမား တွေအတွက်လည်း အဆင်ပြေသွားတာပေါ့ဗျာ" ဟု ဦးသန်းနိုင်ကပြောသည်။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်ရန် ထိုင်း -မြန်မာနှစ်နိုင်ငံတာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တံတားပြန်လည်ဖွင့်လှစ်မည့်ရက်အား ထိုင်းဘက်ကအသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

#မြဝတီမဲဆောက်မီဒီယာ

(Photo: Varuth Hirunyatheb)ဘေကျင်းဟာ covidဆိုင်ရာ ခရီးသွားလာ‌ခြင်းနှင့်ပတ်သက်၍ တားမြစ်ချက်များကို ဖြေလျော့ပေးလိုက်ပြီးနေ...
11/01/2023

(Photo: Varuth Hirunyatheb)

ဘေကျင်းဟာ covidဆိုင်ရာ ခရီးသွားလာ‌ခြင်းနှင့်ပတ်သက်၍ တားမြစ်ချက်များကို ဖြေလျော့ပေးလိုက်ပြီးနောက်ပိုင်းမှာ တရုတ် မှ ခရီးသွားဧည့်သည် 3465ဦး သည် တနင်္လာနေ့တွင် ထိုင်းနိုင်ငံ သုဝန္နဘူမိလေဆိပ်သို့ ဆိုက်ရောက်လာစဉ် ထိုင်းတာဝန်ရှိသူများက တရုတ်ခရီးသွားများကို ကြိုဆိုခဲ့သည်။
Ref,; Bangkok post

ခရီးသည် ၅၅ဦးကို လေယာဥ်‌ပြေးလမ်းကွင်းပြင်မှာချန်ထားခဲ့ တဲ့ အန္ဒိယလေကြောင်းလိုင်း  2023 မှာတော့ လေဆိပ်ကို စောစောရောက်တိုင...
11/01/2023

ခရီးသည် ၅၅ဦးကို လေယာဥ်‌ပြေးလမ်းကွင်းပြင်မှာချန်ထားခဲ့ တဲ့ အန္ဒိယလေကြောင်းလိုင်း

2023 မှာတော့ လေဆိပ်ကို စောစောရောက်တိုင်းလည်း စိတ်မချရတဲ့ ဖြစ်ရပ်ဆန်းမျိုးတွေ လေကြောင်းလောကမှာဖြစ်ပေါ်လာပါပြီ။

ဇန်နဝါရီလ ၉ ရက်နေ့က အန္ဒိယနိုင်ငံ Bengaluru လေဆိပ်ကနေ နယူးဒေလီကို ပျံသန်းမယ့် Go First လေကြောင်းလိုင်းမှာြဖစ်ပွားခဲ့တာပါ။ အဲ့ဒီခရီးစဥ်ကိုလိုက်ပါမယ့်ခရီးသည်တွေဟာ လေဆိပ်အဆောက်အအုံကနေလေယာဥ်ဆီကို ကြိုပို့ကားစီးပြီးလာနေစဥ်မှာပဲ လေယာဥ်က ထွက်ခွါသွားတာပါ။ အဆိုးဆုံးကတော့ မြေပြင်အချက်ပြ ဝန်ထမ်းက လေယာဥ်ထွက်ခွါသွားတာတောင် မသိပဲ ခဏနေပြန်လာခေါ်မှာဟုပြောကြားနေတာဖြစ်ပါတယ်။
အဲ့ဒီဖြစ်ရပ်ကို အခုချိန်မှာစုံစမ်းစစ်ဆေးနေပြီးတော့ ခရီးသည် 2 ဦးက ငွေပြန်လျော်ခိုင်းပြီး ကျန် 53 ဦးကတော့ လေယာဥ်ပြောင်းပြီး လိုရာခရီးကိုဆက်သွားရတယ်လို့သိရပါတယ်။

ဒါကြောင့် လေယာဥ်စီးရင် လေယာဥ်မှုးထားခဲ့တာ မခံရဖို့လည်း ဆုတောင်းကြန်ော

Ref:The Thaiger

ထိုင်းကို လာတဲ့ မြန်မာတွေအတွက် ကိုဗစ် ၁၉ လိုအပ်ချက်များထိုင်း အစိုးရက ထိုင်းကို လာတဲ့ ခရီးသွားတွေအတွက် ကိုဗစ် ၁၉ မူဝါဒတွ...
11/01/2023

ထိုင်းကို လာတဲ့ မြန်မာတွေအတွက် ကိုဗစ် ၁၉ လိုအပ်ချက်များ

ထိုင်း အစိုးရက ထိုင်းကို လာတဲ့ ခရီးသွားတွေအတွက် ကိုဗစ် ၁၉ မူဝါဒတွေကို ထုတ်ပြန်နေပါတယ်။ ထိုင်းကိုလာတဲ့ မြန်မာတွေအတွက် လိုအပ်ချက်တွေက မရှိသလောက်ပဲလို့ ပြောနိုင်ပါတယ်။

🔶ထိုင်းကို လာတဲ့ မြန်မာတွေဟာ ကိုဗစ် ၁၉ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေအထောက်အထား ပြစရာ မလိုပါဘူး။

🔶ကျန်းမာရေး အာမခံ ဝယ်စရာ မလိုပါဘူး။

🔶ကိုဗစ် ၁၉ စစ်ဆေးစရာ မလိုပါဘူး။

(မှတ်ချက်။ ။ မြန်မာ အစိုးရက မိခင်နိုင်ငံ ပြန်လာရင် ကိုဗစ် ၁၉ နက်ဂတစ်ထွက်ရမယ်လို့ မူဝါဒပြောင်းလဲလိုက်ရင်တော့ ထိုင်းမှာ ကိုဗစ် ၁၉ စစ်ဆေးရမှာ ဖြစ်ပြီး ကျန်းမာရေး အာမခံ ဝယ်ရမှာပါ။ )

🔶Transit နဲ့ Transfer ခရီးသွားတွေဟာလည်း ကျန်းမာရေး အာမခံ မလိုအပ်ပါဘူး။

Ref:Ministry of Public Health Thailand

ထိုင်း- မြန်မာ နယ်စပ်က ချစ်ကြည်ရေး အမှတ် ၁ တံတားကို မနက်ဖြန် ပြန်ဖွင့်မည်ထိုင်းနဲ့ မြန်မာကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေး တ...
11/01/2023

ထိုင်း- မြန်မာ နယ်စပ်က ချစ်ကြည်ရေး အမှတ် ၁ တံတားကို မနက်ဖြန် ပြန်ဖွင့်မည်

ထိုင်းနဲ့ မြန်မာကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေး တံတားကို ဒီလ ၁၂ ရက်နေ့ပြန်ဖွင့်မှာ ဖြစ်တဲ့အတွက် ကုန်သည်တွေအတွက် ဝမ်းသာစရာ သတင်းပါ။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အဲဒီ တံတားကို ပိတ်ထားတာ ၃ နှစ်ကြာပါပြီ။

ပြည်နယ် အာဏာပိုင်တွေက မဲဆောက်-မြဝတီ တံတားကို ပြန်ဖွင့်ဖို့ ဒီလ ၁၀ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။ Tak မြို့တော်ဝန် Surapol Wongsdukpisal က အစည်းအဝေးကို ဦးဆောင်ခဲ့ပြီး မဲဆောက်အကြီးအကဲ Somchai Traithipchartsakul နဲ့ အစိုးရ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာတွေကို ထိုင်းရဲ့ ဘယ်ဧရိယာအထိ ဝင်ခွင့်ပေးမလဲဆိုတာကို ဆွေးနွေးခဲ့ကြပြီး နယ်စပ်မှ ၁၇ ကီလိုမီတာ အကွာမှာ ရှိတဲ့ Pawor ဘုရားကျောင်းအထိ ပေးဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဘုရားကျောင်းဟာ မြန်မာတွေအကြားမှာ နာမည်ကြီးပြီး လည်ပတ်မှုများပါတယ်။

Somchai က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေကို တံတားဖွင့်ပွဲတက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

ကပ်ရောဂါဖြစ်တဲ့ ၃ နှစ်အတွင်း အဲဒီတံတားကနေ ကုန်သွယ်မှုတွေကို ရပ်နားခဲ့ပါတယ်။ အရင်နှစ် နှစ်လယ်မှာ တံတားကို ကုန်ပစ္စည်း သယ်ယူဖို့ တစ်ဝက်တစ်ပျက် ပြန်ဖွင့်ပေးဖို့ ၂ နိုင်ငံ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ကုန်သွယ်မှု ပမာဏဟာ ကပ်ရောဂါ မတိုင်ခင် အနေအထားနဲ့ယှဉ်ရင် အလွန်ကျဆင်းခဲ့ပါတယ်။

အခုတော့ ပုံမှန်အတိုင်း နယ်စပ် ကုန်သွယ်ရေး ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြပါတယ်။

အဲဒီအတွက် နယ်စပ် ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းဟာ ပြန်လည် အားကောင်းလာနိုင်ပါတယ်။ ကိုဗစ် ကာလ မတိုင်ခင်က မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးဟာ ဘတ် ၁၀၀ ဘီလီယမ်လောက် ရှိပါတယ်။

Ref : bangkokpost

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959961101300

Website

Alerts

Be the first to know and let us send you an email when Travels 106 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travels 106:

Videos

Share

Category


Other Travel Companies in Yangon

Show All