Himawari Travels & Tours - Domestic

Himawari Travels & Tours - Domestic Myanmar Domestic Tour

Christmas ပိတ်ရက်မှာ ခရီးသွားရမယ်ဆိုရင် ဘယ်နေရာတွေကို သွားချင်လဲ?Covid-19ကြောင့် အားလုံးလဲ အိမ်မှာနေပြီး စိတ်တွေမွန်းကျပ...
24/12/2020

Christmas ပိတ်ရက်မှာ ခရီးသွားရမယ်ဆိုရင် ဘယ်နေရာတွေကို သွားချင်လဲ?

Covid-19ကြောင့် အားလုံးလဲ အိမ်မှာနေပြီး စိတ်တွေမွန်းကျပ်ပြီး ခရီးသွားချင်နေကြမယ်ထင်ပါတယ်🌻🌻🌻

တကယ်လို့များ ခရီးသွားခဲ့ရမယ်ဆိုရင် Decemberလထဲမှာ ပိတ်ရက်တွေလဲ ရှိတာမို့ Christmas ပိတ်ရက်တွေမှာ ဘယ်နေရာတွေကို ခရီးထွက်ချင်လဲဆိုတာ ဖြေခဲ့ပေးနော်💛

အခုတော့ Covidကြောင့် ငြိမ်နေရပေမဲ့ အရင်တုန်းကအခြေအနေလေးနဲ့ Covidကြီးပြီးရင် ပြန်ဖြစ်မဲ့ အခြေအနေလေး😅😅😅တစ်လမှာရက်(၃၀)လုံးခ...
17/12/2020

အခုတော့ Covidကြောင့် ငြိမ်နေရပေမဲ့ အရင်တုန်းကအခြေအနေလေးနဲ့ Covidကြီးပြီးရင် ပြန်ဖြစ်မဲ့ အခြေအနေလေး😅😅😅

တစ်လမှာရက်(၃၀)လုံးခရီးသွားချင်နေသောအခါ🤪🤪🤪

ရွက်ဝါတွေအပြည့်နဲ့ အရမ်းလှပတဲ့  နေရာလေးတစ်နေရာ(ရွက်ဝါရွာလေး)ဂျပန်ဇာတ်ကားတွေ ကြည့်တဲ့အခါပဲဖြစ်ဖြစ် ၊ ကိုရီးယားကားတွေ ကြည့...
12/12/2020

ရွက်ဝါတွေအပြည့်နဲ့ အရမ်းလှပတဲ့ နေရာလေးတစ်နေရာ(ရွက်ဝါရွာလေး)

ဂျပန်ဇာတ်ကားတွေ ကြည့်တဲ့အခါပဲဖြစ်ဖြစ် ၊ ကိုရီးယားကားတွေ ကြည့်တဲ့အခါပဲ ဖြစ်ဖြစ် အရမ်းလှပတဲ့ ရော်ရွက်ဝါ လေးတွေအပြည့်နဲ့ လမ်းလေးတွေကို လူတိုင်း ကြိုက်နှစ်သက်မိကြမှာ အမှန်ပါပဲရှင် ။

တချိန်မှာ ဂျပန် ဒါမှမဟုတ် ကိုရီးယားကိုများ သွားရောက်လည်ပတ်ခဲ့ရင် အဲ့ဒီရော်ရွက်ဝါတွေအပြ ည့် ဝေ့ဝဲကျနေတဲ့လမ်းလှလှလေးတွေမှာ လမ်းလျှောက်မိဖို့ စိတ်ကူးထားတဲ့သူလေးတွေများ ရှိကြလားနော်

အဲ့ဒါဆိုရင်တော့ အဲ့ဒီစိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်ဖို့ ဂျပန်၊ ကိုရီးယားကို သွားစရာမလိုဘဲ မြန်မာနိုင်ငံအနားမှာပဲ အရမ်းကို လှပတဲ့ ရွက်ဝါတွေအပြည့်နဲ့ ထိန်ချုံးက ရီရှင်း ရွက်ဝါရွာလေးတစ်ရွာအကြောင်းကို Himawari ရဲ့ ခရီးသွားချစ်သူလေးတွေကို မျှဝေပေးချင်ပါတယ်ရှင်

တစ်ရွာလုံးမှာ ဂင်ကိုပင်တွေအပြည့်နဲ့မို့ ဂင်ကိုရွာလို့လဲ ခေါ်ပါတယ်ရှင် ။ ဂင်ကိုပင်ဆိုတာ ဒီမှာတော့ နှစ်တစ်ရာသီးဆိုပြီး စားလေ့ရှိတဲ့ အဝါရောင် အသီးလေးတွေပဲ ဖြစ်ပါတယ်နော် ။တစ်နှစ်လုံးမှာ နိုဝင်ဘာလတစ်လထဲမှာပဲ တစ်ရွာလုံးမှာ အရွက်တွေ ဝါပါတယ်ရှင်။ တစ်ပင်နဲ့ တစ်ပင် အရွက်ဝါတဲ့အချိန် မတူတာမို့ အောက်တိုဘာလကုန်လောက်စပြီး ဒီဇင်ဘာလပထမပတ်လောက်ထိ ရွက်ဝါတွေကို တွေ့ရနိုင်ပေမဲ့ အလှဆုံးအချိန်ကတော့ ပြောထားဖူးသလို ဆောင်းဦး Autumကာလ တစ်ရွာလုံး အရွှက်တွေ ဝါတဲ့အချိန် Novemberလပဲ ဖြစ်ပါတယ်ရှင်။ ထိုအချိန်လေးဟာဆိုရင် ခရီးသွားတွေ အများဆုံးနဲ့ အစည်ကားဆုံး အချိန်လဲ ဖြစ်ပါတယ်ရှင်

ဒီနှစ်ကတော့ Covidကာလအတွင်း ခရီးမသွားရတာမို့ နိုဝင်ဘာလ မှာမသွားလိုက်ရတဲ့အတွက် နောက်နှစ်ကျရ င် ခရီးသွားဖို့ Bucket listထဲမှာ ထည့်ထားလိုက်နော်။ အဲ့ဒီရွက်ဝါရွာလေးမှာ ဂင်ကိုအပင်ပေါင်း ၃သောင်းကျော် ရှိပါတယ်ရှင် ။သက်တမ်းအရင့်ဆုံးအပင်ဟာဆိုရင်တော့ နှစ်ပေါင်း ၁၃ဝဝကျော် ကြာပြီလို့လဲ သိရှိရပါတယ်ရှင်။

ရွက်ဝါလေးတွေနဲ့ လှပတဲ့ရှုခင်းတွေအပြင် တခြားသွားလည်လို့ ရတဲ့နေရာကတော့ ချောက်ကမ်းပါးဘေးပေ ါ် ဆောက်ထားတဲ့ မှန်ကြမ်းပြင်ပဲ ဖြစ်ပါတယ်ရှ င်။ အရမ်းနက်တဲ့နေရာအထိ ဆောက်ထားတာမဟုတ်တော့ Adventureကို သိပ်မကြိုက်ဘူးဆိုရင်တောင် အတွေ့အကြုံတစ်ခုအနေနဲ့ Tryကြည့်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေမဲ့ နေရာလေးတစ်ခုပါနော်။

အရမ်းကို လှပတဲ့ နေရာလေးတစ်ခုဖြစ်တာမို့ ချစ်သူစုံတွဲတွေအတွက်လည်း Romaticခရီးစဉ်လေး တစ်ခုဖြစ်နိုင်သလို မိတ်ဆွေ၊ သူငယ်ချင်း ၊ မိသားစုတွေနဲ့ အတူတူ သွားတဲ့သူတွေအတွက်လဲ မမေ့နိုင်စရာခရီးစဉ်လေးတစ်ခုအဖြစ် ဘဝမှာ အမှတ်တရကျန်ရစ်နေစေမှာ အသေအချာပါပဲရှင်

ဒီလိုခရီးစဉ်လေးတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ Himawari Travels & Tours(Domestic)ကိုသာ သတိတရနဲ့ ဆက်သွယ်လိုက်ပါနော်

၁၃၈၂ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်🇲🇲🇲🇲ယနေ့ကျရောက်သော နှစ်(၁၀၀)ပြည့်...
09/12/2020

၁၃၈၂ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်🇲🇲🇲🇲

ယနေ့ကျရောက်သော နှစ်(၁၀၀)ပြည့် အမျိုးသားနေ့အား Himawari မိသားစုမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ရပါတယ်ရှင်💛🌻💛

ခရီးသွားရင်းသီချင်းနားထောင်တဲ့လူတွေရှိလား?ဘယ်လိုသီချင်းတွေကိုနားထောင်လေ့ရှိပါသလဲ။လူတိုင်းဟာ ခရီးသွားတယ်ဆိုတာ အမှတ်တရတွေက...
04/12/2020

ခရီးသွားရင်းသီချင်းနားထောင်တဲ့လူတွေရှိလား?
ဘယ်လိုသီချင်းတွေကိုနားထောင်လေ့ရှိပါသလဲ။

လူတိုင်းဟာ ခရီးသွားတယ်ဆိုတာ အမှတ်တရတွေကိုဖန်တီးဖို့ရယ်၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုအသစ်အဆန်းတွေကို ဖန်တီးချင်တာကြောင့် ဖြစ်ပါတယ်😍

ခရီးသွားချစ်သူတိုင်း ကမ္ဘာပေါ်ရှိနေရာတိုင်းကို ခရီးသွားချင်တယ်ဆိုတဲ့စိတ်ကူးရှိမယ်ဆိုတာ သေချာပါတယ်💛

အများစုက ခရီးသွားရင်း မိမိတို့ရဲ့စိတ်ညစ်စရာတွေ၊ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ရင်း အသစ်သစ်သောအတွေ့အကြုံများကို လေ့လာပြီးစိတ်ကို ပျော်ရွင်အောင်ထားကြပါတယ်။🌻🌻🌻

Admin ကတော့ ခရီးသွားရင် စိတ်ကိုဖွင့်ထားနိုင်ဖို့ ပြတင်းပေါက်နားလေးမှာထိုင်၊ နားကြပ်လေးကိုတပ်ရင်း ကိုယ်ရဲ့𝑻𝒓𝒂𝒗𝒆𝒍𝒍𝒊𝒏𝒈 𝑭𝒂𝒗𝒐𝒖𝒓𝒊𝒕𝒆 𝒔𝒐𝒏𝒈 လေးတွေကို 𝑟𝑒𝑝𝑒𝑎𝑡 လုပ်ပြီး နားထောင်ဖြစ်ပါတယ်🥰🥰

‌နေရာအသစ်လေးတွေကိုဂီတနဲ့ရှာဖွေခြင်း ဟာလည်း အမှတ်တရကောင်းတွေကို ဖန်တီးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် 🎼🎼🎼

မိတ်ဆွေတွေအနေနဲ့ရော ခရီးသွားရင်း သီချင်းကိုနားထောင်တဲ့လူတွေရှိပါသလား?

ဘယ်လိုသီချင်းမျိုးလေးတွေကိုနားထောင်လေ့ရှိလဲ။

ဂီတလေးနှင့် ဖြတ်သန်းရင်း မမေ့နိုင်စရာ အမှတ်တရလေးကိုဖန်တီးနိုင်ခဲ့ဖူးရင် 𝑯𝒊𝒎𝒂𝒘𝒂𝒓𝒊 𝑻𝒓𝒂𝒗𝒆𝒍𝒔 & 𝑻𝒐𝒖𝒓𝒔 ကိုမျှဝေခဲ့ပေးပါအုံးရှင့်။

အားလုံးပဲမင်္ဂလာပါရှင့် ။ Himawari Travels & Tours ကနေကြိုဆိုလိုက်ပါတယ်နော်🌻🌻🌻Covid-19 ပြီးသွားတဲ့အခါ ခရီးသွားချစ်သူများ...
01/12/2020

အားလုံးပဲမင်္ဂလာပါရှင့် ။

Himawari Travels & Tours ကနေကြိုဆိုလိုက်ပါတယ်နော်🌻🌻🌻

Covid-19 ပြီးသွားတဲ့အခါ ခရီးသွားချစ်သူများ ၊ အပန်းဖြေခရီးထွက်ဖို့ပြင်ဆင်ထားကြသော မိတ်ဆွေများအတွက် ခရီးသွားနေစဉ်အတွင်း Hotel နှင့် ပတ်သက်ပြီး အဆင်မပြေမှု တစ်စုံတစ်ရာမကြုံတွေ့ရလေအောင် ဘယ်လိုအချက်မျိုးတွေသိထားသင့်လဲ????

ခရီးသွားပြီဆိုတာနဲ့သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးပေးချင်တာပဲဖြစ်ဖြစ်❤️

Budget trip ပဲဖြစ်ဖြစ်၊ သီးသန့်အနားယူချင်လို့ပဲဖြစ်ဖြစ်😍

ကိုယ်အနားယူမဲ့Hotel ကို သန့်ရှင်းတဲ့အခန်း၊

တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်၊ ချိူသာတဲ့စျေးနှုန်း ၊

နွေးထွေးတဲ့ဝန်ဆောင်မှုတွေနဲ့

ပြီးပြည့်စုံတဲ့အချိန်လေးတွေကို ရရှိနိုင်အောင်

Himawari Travels & Tours ကနေ Hotel အခန်းလေးတွေနဲ့ဆိုင်တဲ့ ဗဟုသုတလေးတွေကို မျှဝေပေးသွားပါ့မယ်ရှင့်🤩🤩🤩

Hotel မှာဘယ်လိုအခန်းမျိုးလေးတွေရှိသလဲ ? လေ့လာကြည့်ရအောင်။
တစ်ပုံချင်းစီမှာ captionလေးတွေနဲ့တကွ ရှင်းပြပေးထားတာမို့ ပုံလေးတွေ ထောက်ကြည့်ပေးသွားနော်🥰🥰🥰

20/11/2020

အခုချိန်မှာ ခရီးသွားရမယ်ဆိုရင် အရမ်းလှတဲ့ ရှုခင်းတွေနဲ့ ကလောကို သွားချင်မိတယ်🥰🥰🥰🌻

ခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ Himawariရဲ့ ခရီးသွားချစ်သူတို့ရော ဘယ်ကို သွားချင်လဲ

ကိုဗစ်ကြီးပြီးလို့ ခရီးသွားတော့မယ်ဆိုရင် အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ အလှပဆုံး အမှတ်တရတွေနဲ့ ခရီးစဉ်လေးတစ်ခုဖြစ်အောင် ဖန်တီးပေးတဲ့ Himawari Travels & Toursကိုသာ သတိရလိုက်ပါနော်🤩🌻🤩💛

10/11/2020
ပုဂံမှာရှိတဲ့ Hidden Gemsလေးတွေကို Himawari Travels & Toursရဲ့ ချစ်မိတ်ဆွေတို့ သွားရောက်လည်ပတ်နိုင်စေဖို့ ကိုသီဟ Thiha ,...
24/07/2019

ပုဂံမှာရှိတဲ့ Hidden Gemsလေးတွေကို Himawari Travels & Toursရဲ့ ချစ်မိတ်ဆွေတို့ သွားရောက်လည်ပတ်နိုင်စေဖို့ ကိုသီဟ Thiha , the Traveller ရဲ့ Postလေးကို မျှဝေပေးလိုက်ရပါတယ်ရှင်😍😍🤩
🌻Himawari 🌻
Knowledge

  Conference 2019 .John C Maxwell  Platinum Sponsored byHimawari Travels & Tours
10/06/2019

Conference 2019
.John C Maxwell
Platinum Sponsored byHimawari Travels & Tours

လာမည့်June 22,23 တွင် Myanmar Excellence Institute-MEI မှဦးဆောင်ပြီး

World No 1 Leadership Guru Dr. John C.Maxwell ၏ Leadership Conference 2019 ကို ကျင်းပမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် အကြီးကျယ်ဆုံးသော Leadership Conference 2019 တွင်ကျွန်မတို့ 🌻Himawari Travels & Tours🌻 မှ Silver sponsor အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ကူညီပံ့ပိုးပေးထားပါသည်။

ယခုလို ကြီးကျယ်ခမ်းနားသော ပွဲကြီးတွင် ပါဝင်ကူညီပေးခဲ့ရသည့်အတွက် ကျွန်မတို့🌻 Himawari Travels & Tours 🌻မှ အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါသည်။.

Conference 2019
sponsor
Travels & Tours

ခရီးသွားလုပ်ငန်းဖြင့်နိုင်ငံ၏ပုံရိပ်မြှင့်တင်ကြော်ငြာခြင်း (ဆောင်းပါး) (20.5.2019 မြန်မာ့အလင်း သတင်းစာ)
21/05/2019

ခရီးသွားလုပ်ငန်းဖြင့်နိုင်ငံ၏ပုံရိပ်မြှင့်တင်ကြော်ငြာခြင်း (ဆောင်းပါး) (20.5.2019 မြန်မာ့အလင်း သတင်းစာ)

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့အတွက် နေ့ထူးရက်မြတ်တစ်ရက် ဖြစ်ပါသည်။ဗုဒ္ဓလောင်းလ...
17/05/2019

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့အတွက် နေ့ထူးရက်မြတ်တစ်ရက် ဖြစ်ပါသည်။
ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထဂေါတမသည်လွန်ခဲ့သော နှစ်ပေါင်း(၂၆၀၀)က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာအနီးရှိ
မဟာဗောဓိပင်ရင်း၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့
သည့်နေ့သည် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူသော မြတ်ဗုဒ္ဓအား မှန်းဆပူဇော်ခြင်း
အားဖြင့် ဘုရားစေတီတို့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြပြီး စည်ကားသိုက်မြိုက်စွာ
ကုသိုလ်ကောင်းမှုပြုလေ့ရှိကြသည်။

ရှေးယခင် ဘိုးဘွားမိဘများလက်ထက်ကပင် ဘုရားရှင်အမှီပြုပြီး ပွင့်ထွန်းပေါ်ပေါက်ရာ မဟာဗောဓိညောင်ပင်ကို ရည်စူးပြီး ဂိမ္မာန်တနွေရာသီ၏ ပူပြင်းမှုဘေးဒဏ်မှ ကာကွယ်နိုင်ရန် အေးမြသော ရေချမ်းများနှင့် ညောင်ရေသွန်းလောင်းလှူ ပူဇော်ခဲ့ကြသော အလေ့အထရှိခဲ့ပါသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်နေ့၌ရေပြည့်သောညောင်ရေအိုးလေးများကိုကိုင်ပြီးဘုရားစေတီများရှိ
မဟာဗောဓိညောင်ပင်များကိုရေသွန်းလောင်းကြသည်မှာ အလွန်ချစ်စရာပျော်စရာကောင်းသော
ဗုဒ္ဓဘာသာဝင်တို့၏ဓလေ့နှင့်ဘာသာရေးပွဲတော်တစ်ခုပင်ဖြစ်သည်။

ကဆုန်လပြည့်၊ကဆုန်ညောင်ရေသွန်းကျင်းပသည့်နေ့ကိုနိုင်ငံတကာနှင့်ဗုဒ္ဓဘာသာနိုင်ငံများတွင်
ဗုဒ္ဓနေ့ဟူ၍လူသိများကြပါသည်။ဗုဒ္ဓနေ့(မြန်မာနိုင်ငံတွင်ကဆုန်ညောင်ရေသွန်းပွဲတော်)ကိုဗုဒ္ဓဘာသာ
အများဆုံးရှိသည့်အရှေ့အာရှနိုင်ငံများတွင်လည်းကျင်းပလေ့ရှိကြပါသည်။

ဗုဒ္ဓနေ့ကို သီရိလင်္ကာ၊အိန္ဒိယ၊ထိုင်း၊နီပေါ၊လာအို၊ကမ္ဘေဒီးယား၊တရုတ်၊မြောက်ကိုရီးယား၊တောင်ကိုရီး
ယား၊ဂျပန်စသည့်နိုင်ငံများတွင်လည်းဗုဒ္ဓဘာသာဘုရားကျောင်းကန်များ၌ကျင်းပကြကြောင်းလေ့လာ
မှတ်သားရပါသည်။သို့သော်ရိုးရာပြက္ခဒိန်များအရကျင်းပသည့်ရက်ကွာဟမှုများလည်းရှိပါသည်။
ကဆုန်လပြည့်သည်ဗုဒ္ဓဘာသာဝင်တို့အတွက်အလွန်မြင့်မြတ်သည့်နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော်ဗုဒ္ဓမြတ်စွာဘုရားရှင်သည်ကဆုန်လပြည့်နေ့တွင်ပင်မဟာဗောဓိညောင်ပင်
အောက်၌ဖွားမြင်ခဲ့သလိုသဗ္ဗညုတဥာဏ်ကိုရရှိတော်မူခဲ့သည်။ဘုရားဖြစ်မည်ဟုဗျာဒိတ်တော်ပေးခဲ့သည်။
ပရိနိဗ္ဗာန်စံခဲ့သည်။ထို့ကြောင့်ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည့်နေ့ကိုနေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ကာ
မဟာဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းခြင်း၊ညောင်ထောက်ခြင်းစသည်ကောင်းမှုကုသိုလ်ကိစ္စ
များကိုပြုမူကြသည်မှာသာဓုခေါ်စရာပင်ဖြစ်ပါသည်။

ထို့အပြင်အခြားအာရှနိုင်ငံများတွင်လည်းရိုးရာဓလေ့အလျောက်ဘုရားကျောင်းကန်များတွင်ကောင်းမှုကုသိုလ်များပြုကြသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသူတော်စင်တို့၏ ကဆုန်ညောင်ရေသွန်းပွဲ နေ့ထူးနေ့မြတ်တွင် ကောင်းမှုများပြုကြစေကြောင်း နိဗ္ဗာန်ကိုရည်မှန်း၍ နှိုးဆော်လိုက်ရပါသည်။

မင်္ဂလာရှိသော မြန်မာတို့၏ နှစ်ဆန်းတစ်ရက်နေ့တွင်မြောက်ဒဂုံမြို့ နယ်တွင်တည်ရှိသည့်ငါးမာန်အောင်ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ြ...
17/04/2019

မင်္ဂလာရှိသော မြန်မာတို့၏ နှစ်ဆန်းတစ်ရက်နေ့တွင်
မြောက်ဒဂုံမြို့ နယ်တွင်တည်ရှိသည့်
ငါးမာန်အောင်ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ကြီးတွင် ဥပုသ်သီတင်းသီလလာရောက်ဆောက်တည်ကြသော ဥပုသ်သည်ယောဂီများနှင့်ဘုရားဖူးလာသူမိတ်ဆွေများအား Himawari Travels & Tours နှင့် Fun Food Centre တို့ပူးပေါင်း၍ ပေါင်မုန့်များ၊အအေးများ အဟာရဒါနပြု ဖြစ်ခဲ့ကြပါသည်။

ယနေ့ပြုသမျှ ကုသိုလ်တို့အား ၇ ရက်သား၊သမီး
မိတ်ဟောင်း၊မိတ်သစ်တို့ ထပ်တူရရှိကြပြီး
စီးပွားဥစ္စာများတိုးတက်ပါစေကြောင်း Himawari Travels & Tours မိသားစုမှ
နှစ်သစ်ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင် 🙏🙏🙏

Travels & Tours

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ  ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာပွဲတော်များထဲတွင် မြန်မာလူမျိုးတိုင်း အထွတ်အမြတ်ထားကာ ပျော်ရွှင်စွ...
11/04/2019

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ
ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာပွဲတော်များထဲတွင် မြန်မာလူမျိုးတိုင်း အထွတ်အမြတ်ထားကာ ပျော်ရွှင်စွာ ဆင်နွှဲကျင်းပလေ့ရှိသော ပွဲတော်တစ်ခုမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ပင် ဖြစ်လေသည်။ လူမျိုး ဘာသာမရွေး ချစ်ခင်ရင်းနှီးစွာဖြင့် ရေဆော့ကစားနေကြသော ပုံရိပ်တို့မှာ သင်္ကြန်၏ ထင်ရှားသော အမှတ်သညာတစ်ခုပင်ဖြစ်လေသည်။
သင်္ကြန်ဟူသောစကားသည် သင်္ကန္တဟူသော ပါဠိမှဆင်းသက်၍ ရွတ်ဆိုသောအခါသက္ကတရှိသောရရစ်သံဖြင့်
ရွတ်ဆိုရသောစကားဖြစ်သည်။အဓိပ္ပါယ်မှာကူးပြောင်းခြင်းဖြစ်၏။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသော အခါသမယတွင် အတာရေစင်တို့ ပက်ဖြန်းရင်း သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ကြသည်။
သင်္ကြန်ပွဲသည် မြန်မာတို့၏ ရိုးရာပြက္ခဒိန်အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည်။ တန်ခူးလသည်
အင်္ဂလိပ်ပြက္ခဒိန်မှ ဧပြီလနှင့် တိုက်ဆိုင်သည်။
သင်္ကြန်နှင့်အတူ ခွဲမရသော နောက်ထပ်အမှတ်သညာတစ်ခုသည် ပိတောက်ပန်းပင် ဖြစ်လေသည်။ တစ်နှစ်ပတ်လုံးတွင် သင်္ကြန်ကာလ တန်ခူးလတွင်သာ ဖူးပွင့်ကြသော ပိတောက်ပန်းတို့ကို သစ္စာရှိသောပန်းအနေဖြင့် မြန်မာလူမျိုးတို့သည် တန်ဖိုးထားမြတ်နိုးကြ သည်။ သင်္ကြန်အကြောင်းဖွဲ့သီသော စာ ၊ ကဗျာ ၊ သီချင်းတို့တွင် ပိတောက်ပန်းသည် မပါမဖြစ် သီကုံးဖွဲ့သီကြသည်အထိပင် သင်္ကြန်နှင့် ပိတောက်သည် ခွဲမရသော အတွဲအဖက်များပင် ဖြစ်လေသည်။
နှစ်သစ်ကူးပွဲဖြစ်သော ဤပွဲတော်အတွင်း မြန်မာလူမျိုးတို့သည် သင်္ကြန်ရေကို အမွှေးနံ့သာများနှင့် ရောစပ်ကာ ဆီးကြိုပြီးရေကစားခြင်း၊ ပျော်ရွှင်ကြခြင်းတည်းဟူသော အတာရေသဘင်
ဖြစ်ပေါ်လာရပေသည်။ သင်္ကြန်ရေပက်ဖြန်းခြင်းသည်လေးနက်မွန်မြတ်သောမေတ္တာဟုအဓိပ္ပါယ်ဖြစ်သည်။
မဟာသင်္ကြန်နှင့်တွဲဖက်၍ အတာစားခြင်းဟူသော ဝေါဟာရမှာ ဒဏ်သင့်ခြင်းဖြစ်သည်။ အတာရက်မှာ သင်္ကြန်
အတက်နေ့နှင့် သက်ဆိုင်သော ထိုနေ့သားသမီးများ အတာစားကြရသည်။ သို့သော် ကုသိုလ်နှင့်ယှဉ်သော မင်္ဂလာ
ယူမှုဖြစ်၍ ပြုသင့်ပြုထိုက်သော ကိစ္စဟုဆိုရပေမည် ။ယခုအခါ၌မူယင်းသို့သောစနစ် အတာစားမှုများတိမ်ကော
ပပျောက်သွားသ်ာလည်း ဒန်း၊အုန်ညွန့်၊သပြေစသည်တို့ဖြင့်ထိုးစိုက်အပ်သောအတာအိုးများတည်ထားမှုကား
တည်မြဲနေပေသည်။
၎င်းအတာအိုးကို သင်္ကြန်ကို စောင့်သည့်အနေဖြင့် သင်္ကြန်မကျမှီကပင် ကြိုတင်ပြင်ဆင်ထားရသည်။ သင်္ကြန်
ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်းအိုးကို အိမ်ဦးဝင်းထရံစသည်တို့၌ ထိုးဆိုက်ကာ ဆု
တောင်းကြလေသည် ။ထို့အပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတစ်ရပ်ရှိပေသေးသည်။၎င်းမှာ
ဦးခေါင်းဆေးကြောခြင်းဖြစ်သည်။ဦးခေါင်းဆေးကြောခြင်းသည်မိမိတို့ကိုယ်အင်္ဂါတွင်အမြင့်မြတ်ဆုံးဖြစ်သော
ဦးခေါင်းဆံပင်များ၌နောက်နှစ်ကတင်ရှိပါလာခဲ့သောချေးညှော်အညစ်အကြေးများကိုကူးပြောင်းလတ္တံ့သောနှစ်
သစ်ဆီသို့မပါစေရန်အတွက်နိမိတ်မင်္ဂလာယူခြင်းဖြစ်သည်။ကိုယ်နှင့်စိတ်သန့်ရှင်းမှုအတွက် ပြုထိုက်သော ကိစ္စရပ်တစ်ခုပင် ဖြစ်လေသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အကြိုနေ့မှ စတင်၍ အတက်နေ့တိုင်အောင် ရှေးအစဉ်အလာမပျက်ဆင်နွှဲ
လေ့ရှိသည်။စေတီ၊ဘုန်းကြီးကျောင်းများ၌နံနက်စောစောအချိန်တွင်အသင်းအဖွဲ့များမှရေကြည်တော်ကပ်လှူကြ
သည်။ဥပုဒ်သီလဆောက်တည်ကြသည်။နှစ်ဆန်းတစ်ရက်နေ့နှစ်သစ်မင်္ဂလာအခါတော်နေ့တွင်ဆရာတော်ကြီး
များကကားများဖြင့်တစ်မြို့လုံးလှည့်လည်ကာအန္တရာယ်ကင်းပရိတ်တော်များကိုရွတ်ဖတ်ပေး၍ပူဇော်ကြပါသည်။
အချိုရည်ဖျော်ရည်များဆက်ကပ်လှူဒါန်းကြသည်။တိရိစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်းဖြင့်ဇီဝိတဒါနပြုကြပါသည်။
သင်္ကြန်ရက်အတွင်းမှာလည်းသက်ကြီးရွယ်အိုဘိုးဘွားမိဘများကိုလည်းခေါင်းလျှော်ပေးပြီးကိုယ်လက်သန့်စင်
ရေချိုးပေးခြင်းစသည့်ကုသိုလ်ကောင်းမှုတို့ကိုလည်းပြုကြသည်။ထို့အပြင်ရပ်ကွက်တိုင်းရှိအသင်းအဖွဲ့အလိုက်
၎င်း၊တစ်ဦးချင်းအလိုက်၎င်း၊ငွေအားလူအားတတ်အားသ၍အလှူပြုကြပြီး၊မုန့်လုံးရေပေါ်၊ရွှေရင်အေး၊ကြာဇံချက်
ဆန်ပြုတ်စသည်တို့ကိုစတုဒီသာများကျွေးမွေးပြီးကုသိုလ်ပြုကြပါသည်။
Photo credit;

တပ်မတော်နေ့တပ်မတော်နေ့သည် နှစ်စဉ်မတ်လ( ၂၇ )ရက်နေ့ဖြစ် သည်။ တပ်မတော်၏ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန် တော်...
26/03/2019

တပ်မတော်နေ့
တပ်မတော်နေ့သည် နှစ်စဉ်မတ်လ( ၂၇ )ရက်နေ့ဖြစ် သည်။ တပ်မတော်၏ကနဦး
ဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးအား ရဟန်းရှင်လူပြည်သူများနှင့် စုပေါင်းညီညာစွာဆင်နွှဲခဲ့ကြခြင်းသည်ဂုဏ်ယူဖွယ်ဖြစ်ရပ်တစ်ခု
ဖြစ်ပါ၏။ ထိုစဉ်ကပါဝင်ဆင်နွှဲခဲ့ကြသောတစ်ပြည်လုံးအတိုင်းအတာနှင့်ချီတက်တိုက်ခဲကြသော တော်လှန်ရေးသမားများအား ဂုဏ်ပြုသတ်မှတ်သည့်နေ့စွဲဖြစ်သည့်
( ၁၉၄၅ )ခုနှစ် ၊မတ်(၂၇)ရက်နေ့အား ရည်မှန်းပြီးတော်လှန်ရေးနေ့ ကိုသတ်မှတ်ခဲ့ကြပါသည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမတ်လ( ၂၇ )ရက် နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို မူဝါဒအသစ်များ ဖြည့်စွက်ပေါင်းစပ်ကာ တပ်မတော်နေ့ဟုအသွင်ပြောင်းပြီး ကျင်းပလာခြင်းဖြစ်သည်။
ခေတ်သစ်စစ်တပ်၏အစမှာရဲဘော်သုံးကျိပ်ဖြစ်သည်။ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွါးသောအခါဗြိတိသျှတို့အား
လက်နက်ဖြင့်တော်လှန်ရန်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်သူရဲကောင်းအာဇာနည်ရဲဘော်သုံးကျိပ်တို့သည်
(၁၉၄၁)ခုနှစ်ဒီဇင်ဘာလ(၂၆)ရက်နေ့တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်လွတ်လပ်ရေးတပ်မတော်(BIA)ကိုစ
တင်စုဖွဲ့တည်ထောင်ခဲ့ရာမှဗမာ့ကာကွယ်ရေးတပ်မတော်(BNA) ဗြိတိသျှနယ်ချဲ့တို့အခေါ်အဝေါ်အရမျိုးချစ်
တပ်မတော်(PDF) ဟူ၍တစ်စတစ်စပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၄၅ခုနှစ်မှ စတင်ပြီး တပ်မတော်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပလာသည်မှာ ယခုဆိုရင် (၇၄)နှစ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ (၇၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော တပ်မတော်နေ့အား Himawari Travels & Toursမှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။

“မြတ်ဗုဒ္ဓ နှင့် တပေါင်းလ”တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ထိုသို့သတ်မှတ်ရခြင်းမှာ မဟာ...
19/03/2019

“မြတ်ဗုဒ္ဓ နှင့် တပေါင်းလ”

တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။
ထိုသို့သတ်မှတ်ရခြင်းမှာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်အခါကာလ ကမြတ်စွာဘုရားသည်
ရာဇဂြိုလ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။
ထိုသတင်းကို ကပိလနေပြည်တော်မှ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား
အခြွေအရံတစ်ထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ
ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။
အမတ်(၁၀)ဦးတို့ကိုအောက်ပါအခြွေအရံတစ်ထောင်
စီဖြင့်(၁၀)ကြိမ်ခွဲကာဘုရားရှင်အားပင့်ရန်ရာဇဂြိုလ်ပြည်သို့စေလွှတ်လိုက်လေသည်။
ထိုသို့ဘုရားရှင်ပင့်ရန်သွားသူအမတ်များသည်ဘုရားရှင်နှင့်တွေ့၍တရားနာရသောအခါ
ဧဟိဘိက္ခူရဟန်းများဖြစ်ကုန်ကြပြီးကပိလ၀တ်သို့မပြန်ကြတော့ပါ။နောက်ဆုံးအသုတ်
ကာဠုဒါယိအမတ်ကြီးခေါင်းဆောင်၍သွားသည့်အခါတွင်လည်းဘုရားရှင်၏တရားနာရပြီး
နောက်ကာဠုဒါယိအမတ်ကြီးရဟန္တာဖြစ်သွားပါသည်။ရဟန္တာဖြစ်ပြီးနောက်ကာဠုဒါယိမထေရ်
ကတပေါင်းလ၏သာယာပုံကိုဂါထာပေါင်း(၆၄)ဂါထာသီကုံး၍ခမည်းတော်၏ကျေးဇူးကိုသိသော
အားဖြင့်ဖွားရာဇာတိကပိလ၀တ်နေပြည်တော်သို့ကြွချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားလေသည်။
ကာဠုဒါယိမထေရ်၏လျောက်ထားချက်အရမြတ်စွာဘုရားသည်ရန္တာပေါင်းနှစ်သောင်းခြံရံလျက်
မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင်ရာဇဂြိုလ်မြို့မှယူဇနာခရီးဖြင့်
ရက်ပေါင်း(၆၀)ကြာအောင်ဒေသစာရီကြွချီတော်မူပါသည်
ကပိလ၀တ်ပြည်သို့ ကြွမည့် ခရီးလမ်းပန်းသာယာပုံကိုသီကုံးဖွဲ့နွဲ့ထားလေသည်။
မြတ်စွာဘုရားကပိလ၀တ်နေပြည်တော်သို့ကြွတော်မူုခြင်းဖြင့် သာသနာတော်သမိုင်းတွင်ဖြစ်ပေါ်လာသော
အကျိုးဆက်များမှာ
♦ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ကြွတော်မူခြင်းကြောင့်နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။
♦ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော
♦ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
♦ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်းမဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။
♦ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
♦ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
♦ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
♦သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။
♦သာကီဝင်မင်းသားတစ်ထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။
♦ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။
တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။
တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။
ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ဆောင်းကူးနွေစ
သာယာလှသော လရာသီဖြစ်သည်။ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည်
တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။
သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင်
ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော်
ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင်
ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော်
ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း
မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။+
တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ လျှောက်ထားတောင်းပန်သည်။
ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

♦ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ကြွတော်မူခြင်းကြောင့်နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။
♦ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော
♦ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
♦ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်းမဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။

♦ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
♦ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
♦ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
♦သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ ♦သာကီဝင်မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ရှိသည်။
♦ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း
ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော
မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
တပေါင်းလပြည့်နေ့သည်ရွှေတိဂုံဘုရားကြီး၏ပွဲတော်နေ့ထူးနေ့မြတ်ကြီးကျရောက်သောနေ့
ဖြစ်ပါသည်။

တောင်သူလယ်သမားနေ့       မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တ...
01/03/2019

တောင်သူလယ်သမားနေ့
မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား (သို့) လယ်ယာစိုက်ပျိုးရေးကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်နေသူများဖြစ်ကြသည်နှင့်အညီ နိုင်ငံအတွက် အရေးပါသောလူတန်းစားတစ်ရပ်လည်းဖြစ်သည်။
ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အထက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြုပြီး သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာခဲ့ပါသည်။
(၁၈၆၉)ခုနှစ်တွင်ဆူးအက်တူးမြောင်းဖွင့်လှစ်နိုင်ခဲ့သဖြင့်အရှေ့နှင့်အနောက်ဆက်ဆံရေးမှာပိုမိုပွင့်လင်း
လွယ်ကူလာသည်။ယင်းကြောင့်(၁၈၅၂)ခုနှစ်အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီးအင်္ဂလိပ်လက်အောက်
ကျရောက်ခဲ့သည့်အောက်မြန်မာနိုင်ငံမှဆန်စပါးကိုပြည်ပတင်ပို့ရန်ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကိုတိုးချလုပ်
ဆောင်ခဲ့ရာအထက်မြန်မာနိုင်ငံမှတောင်သူလယ်သမားများအောက်မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်
ဆန်စပါးစိုက်ပျိုးရေးအခြေအနေကောင်းလာသောအခါတွင်အင်္ဂလိပ်တို့ကအောက်မြန်မာနိုင်ငံမြေခွန်တော်လက်စွဲနှင့်မြေနှင့်အခွန်တော်ဥပဒေကိုပြဋ္ဌာန်းကာကုန်သည်များအကျိုးကိုဆောင်ရွက်ခဲ့သည်။
(၁၈၈၆)ခုနှစ်အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးချိန်တွင်ယင်းဥပဒေကိုပင်ဆက်လက်ပြဋ္ဌာန်းခဲ့သည်။လယ်ယာ
လုပ်ငန်းတိုးတက်စေရန်(၁)ဂရန်မြေ (အပိုင်စာချုပ်)။ (၂)အငှါးစာချုပ်မြေ။ (၃)ယာယီလုပ်ခွင့်ရမြေ။
(၄)မြေနုကျွန်းမြေ။ (၅)နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ယင်းဥပဒေကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန်များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။
ယင်းကြောင့်အင်္ဂလိပ်အရင်းရှင်တို့၏စီးပွားရေးဖွံ့ဖြိုးလာသော်လည်းဒေသခံတောင်သူလယ်သမားများဖြစ်သည့်
မြန်မာကျေးလက်နေလူတန်းစားများ၏ဘ၀မှာလုပ်ငန်းမကျွမ်းကျင်မှု၊အရင်းအနှီးမရှိမှု၊အသိပညာအားနည်းမှု
တို့ကြောင့်အကြွေးပတ်လည်ဝိုင်းကာနောက်ဆုံးတွင်လယ်မြေများကိုချစ်တီးတို့ထံပေးအပ်ခဲ့ရသည်။
ဗြိတိသျှအင်္ဂလိပ်တို့သည်မြန်မာနိုင်ငံတွင်းကိုငွေတိုးချေးသောချစ်တီးကုလားလူမျိုးတို့ကိုအိန္ဒိယမှခေါ်ယူခဲ့
ပါသည်။တောင်သူလယ်သမားများအားငွေတိုးချေးစားဘို့အရင်းအနှီးကိုအစိုးရဘဏ်တွေကအတိုးနည်းနည်း
နဲ့ချေးငှားခဲ့ပါတယ်။၎င်းငွေအရင်းအနှီးကိုဗမာတောင်သူလယ်သမားများအားအတိုးကြီးကြီးနဲ့ပြန်ချေးပါသည်
ချေးထားသောငွေအတိုးမပေးနိုင်ရင်ချေးငွေပေါ်မှာအတိုးငွေထပ်ပေါင်းလိုက်သည်။စာချုပ်ချုပ်တဲ့အခါမှာလည်း
ဗမာတောင်သူလယ်သမားတွေမဖတ်တတ်တဲ့အင်္ဂလိပ်ဘာသာနဲ့ရေးထားပြီးစာချုပ်ထဲမှာလည်းတဖက်သတ်မတရားတဲ့ပုဒ်ထီး၊ပုဒ်မတွေလည်းပါဝင်ပါသည်။နှစ်နဲ့ချီပြီးအကြွေးမဆပ်နိုင်တော့တဲ့အခါ၊အင်္ဂလိပ်သူကောင်းပြု
ထားတဲ့နှစ်လုံးပြူးသေနတ်ကိုင်ဆောင်ခွင့်ရထားတဲ့ရွာသူကြီးဆိုးနဲ့အလိုတော်ရိမြို့ပိုင်တွေကချစ်တီးကုလား
ဘက်ကနေစာချုပ်ပြခြိမ်းခြောက်ပြီး၊နွားတွေ၊လယ်တွေကိုသိမ်းယူလိုက်သည်။နွားလည်းမရှိ၊လယ်လဲမရှိတော့
တဲ့အခါ၊အရွယ်ရောက်သမီးပျိုလေးတွေကိုသိမ်းပိုက်သည်။ဒီလိုနဲ့ရွှေကိုယူ၊ငွေကိုယူသည်၊လူကိုလည်းယူ
ပါသည်။အမျိုးပျောက်မှာစိုးကြောက်ပါသည်လို့ဆိုစကားပင်ပေါ်လာခဲ့လေသည်။
ကျွဲ၊နွား၊လှည်း၊လယ်တွေသိမ်းရုံတင်မကသမီးပျိုလေးတွေကိုပါသိမ်းပိုက်ခံနေရတဲ့ဘ၀ကိုစာနာပြီး၊မခံမရပ်
နိုင်တဲ့သူတစ်ဦးပေါ်လာပါတော့သည်။အဲဒီသူကတော့စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ဒီပဲရင်းမြို့နယ်၊သရက်ကန်အရှေ့
ရွာဇာတိတောင်သူလယ်သမားကြီးဦးကျေး၊ဒေါ်ဖက်တို့ရဲ့သားသမီးငါးယောက်အနက်အငယ်ဆုံးသားဖြစ်တဲ့
ငယ်နာမည်ရာကျော်(ခေါ်)ဆရာစံဆိုသူဖြစ်ပါသည်။ပဲခူးတိုင်းဖြူးနယ်ထဲကငါးခေါင်းအင်းကျေးရွာကိုရောက်ရှိ
ခဲ့ပြီးနောက်မကေနှင့်အိမ်ထောင်ပြုပြီးလယ်ယာလုပ်ငန်းကိုကြိုးစားလုပ်ကိုင်နေခဲ့သည်။ဆရာစံသည်ဗေဒင်
နက္ခတ်ပညာ၊တိုင်းရင်းဆေးပညာတို့ကိုလည်းနားလည်တတ်ကျွမ်းသူဖြစ်သည်။လယ်ယာလုပ်ငန်းအစဉ်မပြေ၍
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊တဖက်ကမ်းဘီလူးကျွန်းမြို့နယ်ကမာမို့ကျေးရွာသို့ထွက်ခွါသွားခဲ့ပြီးလက်သမား
အလုပ်၊ဆေးဆရာအလုပ်လုပ်ကိုင်ရင်းနိုင်ငံရေးစိတ်နိုးကြားလာကာဂျီစီဘီအေအဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့သည်။

(၁၉၂၇)ခုနှစ်ရခိုင်တိုင်းရင်းသားဖြစ်တဲ့ဆရာတော်ဦးဥတ္တမကလည်းအင်္ဂလိပ်အစိုးရကိုဆန့်ကျင်တဲ့လူထုတရားပွဲတွေကိုဟောကြားနေပြီး လိပ်ကိုအခွံခွာရတယ် ဆိုတဲ့ဆောင်ပုဒ်နဲ့လူခွန်၊သဿမေဓခွန်တွေမပေးဘို့လှုံ့ဆော်
တရားတွေဟောကြားနေချိန်ဖြစ်သည်။ဆရာစံအားသမီမစိန်ကတစ်ကြိမ်သာတွေ့ခွင်ရရှိခဲ့သည်။ဆရာစံသည်
ဂျီစီဘီအေအဖွဲ့ချုပ်ရဲ့တာဝန်ပေးမှုကြောင့်ခရိုင်၊မြို့နယ်၊ကျေးရွာအသီးသီးကိုလှည့်လည်သွားရောက်ပြီးဗြိတိသျှ
အင်္ဂလိပ်အစိုးရရဲ့အတင်းဓမ္မအခွန်ကောက်ခံမှုတွေကလျှို့ဝှက်စွာလိုက်လံစုံစမ်းခဲ့သည်။
ထို့နောက်ဖိနှိပ်လွန်းတဲ့ဗြိတိသျှအစိုးရကိုလက်နက်ကိုင်တော်လှန်သူပုန်ထဖို့မော်လမြိုင်မြို့ကနေသာယာဝတီမြို့သို့သွားရောက်သည်။
လက်နက်ကိုင်တော်လှန်ရေးအတွက်စည်းရုံးရာမှာလျှို့ဝှက်သိုသိပ်လွန်းတာကြောင့်အစိုးရလုံးဝမရိပ်မိခဲ့ပါဘူး။
(၁၉၂၉)ခုနှစ်နှင့်(၁၉၃၀)ပြည့်နှစ်နှစ်လုံးသာယာဝတီခရိုင်၏အခြေအနေသည်ငြိမ်သက်လျက်ရှိသည်။အစည်း
အဝေးတွေသိုသိပ်စွာပြုလုပ်၊အခွန်တွေမပေးဘို့ဆန့်ကျင်နဲ့ပုန်ကန်ထကြွလိမ့်မယ်ဟုသတင်းလဲမထွက်ပဲလျှို့ဝှက်
စွာလှုပ်ရှားမှုကြောင့်အစိုးရရဲ့အလိုတော်ရိတွေ၊ပုလိပ်စုံထောက်တွေကအခြေအနေတွေကိုလုံးဝမရိပ်မိကြပါဘူး
ပုန်ကန်ထကြွမှုမဖြစ်ခင်ရက်အနည်းငယ်မှာစုံထောက်များကမြို့ရွာတွေမှာလိုက်လံစုံစမ်းခဲ့သော်လည်းသတင်း
အစအနပင်မရခဲ့ပေ။
ဆရာစံသည်သာယာဝတီခရိုင်နှင့်အင်းစိန်ခရိုင်နယ်စပ်တောင်ညိုလေးမှာရင်းနှီးယုံကြည်စိတ်ချရတဲ့ခေါင်း
ဆောင်များနဲ့အတူ(၄၅)ရက်ဥပုဒ်စောင့်ပြီးအဓိဌာန်ဝင်ရှေးဘုရင်များကဲ့သို့မင်းမြှောက်တန်ဆာငါးပါးဝတ်ဆင်ကာ
(သုမက္ကာကဂဠုန်ရာဇာ)ဟုသမုတ်ပြီးဘိသိက်ခံကာတော်လှန်ရေးအတွက်ပြင်ဆင်ခဲ့လေသည်။
အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေးဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေလူတန်းစားများ၏ ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု ၊အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများကို ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။
မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ရောက်ရှိသွားခဲ့ကြပြီး ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ဒီဇင်ဘာ၂၂ရက်နေ့တွင် မြန်မာ့သမိုင်းတွင်ထင်ရှားသော တောင်သူလယ်သမားအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဂဠုန်ဆရာစံက “သုပဏ္ဏက ဂဠုန်ရာဇာဘွဲ့” ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆာင်ခဲ့သည်။
အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမားအရေးတော်ပုံမှာ တစ်ခန်းရပ်သွားခဲ့သော်လည်း မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။
တော်လှန်ရေးကောင်စီက ၁၉၆၂ခုနှစ် မတ်လ၂ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ခုနှစ် ဧပြီလ၃၀ရက်နေ့က ထုတ်ပြန်ကြော်ငြာခဲ့ရာ ထိုဝါဒသဘောထားကြေငြာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန်ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား ၊ အလုပ်သမားတို့ အင်အားဖြင့်တည်ဆောက်မည်ဟု ပါရှိသည်။
တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့အခမ်းအနားများကို ကျင်းပခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ကော့ကွန်းဂူ (၂)ကော့ဂွန်းဂူရှိဗုဒ္ဓဆင်းတုတော်များကိုထိုင်တော်မူဟန်၊လျောင်းတော်မူဟန်နှင့်အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များဟူ၍ထပ်မံ...
22/02/2019

ကော့ကွန်းဂူ (၂)
ကော့ဂွန်းဂူရှိဗုဒ္ဓဆင်းတုတော်များကိုထိုင်တော်မူဟန်၊လျောင်းတော်မူဟန်နှင့်အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များဟူ၍ထပ်မံခွဲခြားနိုင်သည်။ဗုဒ္ဓဆင်းတုတော်များကိုပုံစံအမျိုးမျိုးဖြင့်တန်ဆာဆင်ကာတံကဲကျောင်းဆောင်အတွင်း၌စံပယ်နေဟန်ပုံဖော်ထားသည်။
ထိုင်တော်မူနှင့်ရပ်တော်မူဆင်းတုတော်များကိုတစ်ဆူတည်းသာမကဘဲနှစ်ဆူတွဲ၊သုံးဆူတွဲ၊လေးဆူတွဲ၊ဆယ်ဆူ
တွဲပုံစံများဖြင့်ပုံဖော်ထားသည်။ဆင်းတုတော်များ၏ပုံဏ္ဍာန်ကိုလည်းသင်္ဃန်းရုံထားသောဆင်းတုတော်နှင့်မကိုဋ်တန်ဆာဆင်ယင်ထားသောဆင်းတုတော်ဟူ၍တွေ့ရှိရသည်။ကော့ဂွန်းဂူ၌အများဆုံးတွေ့ရှိရသည်မှာအုတ်ခွက်
ဗုဒ္ဓဆင်းတုတော်များဖြစ်သည်။၎င်းတို့ကိုကျောက်နံရံများဂူနံရံနှင့်ဂူအမိုးပိုင်းတို့၌ကပ်လှူပူဇော်ထားသည်။
ဗုဒ္ဓဆင်းတုတော်များကိုလေ့လာရာတွင် ထိုင်းနိုင်ငံ၌အေဒီ(၁၂၄၅မှ၁၄၃၈)ခုနှစ်အတွင်းထွန်းကားခဲ့သောသောက္က(ဆူခိုထိုင်း)ခေတ်လက်ရာနှင့်ဆင်တူသည်။ခမာနှင့်သီဟိုဠ်(သီရိလင်္ကာ)ယဉ်ကျေးမှုတို့နှင့်ရောယှက်နေသည်။ဗုဒ္ဓဆင်းတုတော်များတွင်တွေ့ရှိရသောမီးလျှံပုံဥဏှိဿအမှတ်လက္ခဏာ၏မူရင်းမှာသီဟိုဠ်မှဆင်းသက်လာခြင်းဖြစ်သည်။
သီဟိုဠ်၌အေဒီ(၅)ရာစုလက်ရာဗုဒ္ဓဆင်းတုတော်များရှိဦးခေါင်းထက်တွင်ဤမီးလျှံပုံဥဏှိဿကိုယနေ့တိုင်တွေ့
မြင်နိုင်သည်။ရှေးယခင်ကတည်းကမြန်မာ၊သီဟိုဠ်(သီရိလင်္ကာ)နှင့်ထိုင်းတို့သည်ဗုဒ္ဓဘာသာယဉ်ကျေးမှုချင်းပါ
ရောယှက်ခဲ့သည့်သဘောဖြစ်သည်။ကော့ဂွန်းဂူတွင်သမိုင်းအထောက်အထားများကိုဖြည့်စွက်ပေးနိုင်သော
ကျောက်စာနှင့်မင်စာမှတ်တမ်းများလည်းရှိသည်။ယင်းစာမှတ်တမ်းများသည်အလှူပြုသူ၊အလှူပစ္စည်းနှင့်ဆုတောင်းတို့ကိုထည့်သွင်းဖေါ်ပြထားသည့်အပြင်လှူဒါန်းသည့်ဆင်းတုတော်အရေအတွက်များကိုပါဖေါ်ပြထားသည်။လှူဒါန်းသည့်သက္ကရာဇ်များကိုစာသားအနေဖြင့်လည်းကောင်း၊ဂဏန်းအနေဖြင့်လည်းကောင်းဖော်ပြသည်။
Credit to Original Photo

ဒီမနက်မှာ ကျနော်တို့ ဟိမဝါရီခရီးသွားလုပ်ငန်းကနေ ခရီးစဉ်လေးတွေဝယ်ယူအားပေးနေကျကာစတမ်မာညီမလေးဆီကို လူကိုယ်တိုင် မွေးနေ့လက်...
17/02/2019

ဒီမနက်မှာ ကျနော်တို့ ဟိမဝါရီခရီးသွားလုပ်ငန်းကနေ ခရီးစဉ်လေးတွေဝယ်ယူအားပေးနေကျကာစတမ်မာညီမလေးဆီကို လူကိုယ်တိုင် မွေးနေ့လက်ဆောင်လေးသွားပေးဖြစ်ခဲ့ပါတယ်။

တန်ဖိုးအားဖြင့် မများလှပေမယ့်
အမှတ်တရဖြစ်အောင်ရယ်၊ဝယ်ယူနေကျမိတ်ဆွေတွေရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စေချင်တာရယ်က ဟိမဝါရီရဲ့အဓိက ရည်ရွယ်ချက်ပါ။

နောက်ဆိုရင် မိတ်ဆွေတို့ရဲ့မွေးနေ့တိုင်းမှာ
နေကြာတစ်ပွင့်ဆီ အိမ်အရောက်ပို့ပေးနိုင်တဲ့
လုပ်ငန်းတစ်ခုဖြစ်ဖို့ရာ ကျနော်တို့ကြိုးစားလျက်ရှိပါတယ်။

ဝယ်ယူအားပေးကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ဟိမဝါရီခရီးသွားလုပ်ငန်းမှ ကျေးဇူးတင်ရှိပါတယ်ရှင် 😍😍😍

#ဟိမဝါရီခရီးသွားလုပ်ငန်း

ပြည်ထောင်စုနေ့ကို မြန်မာနိင်ငံတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့၌ အများပြည်သူအားလုံးတို့၏အားလပ်ရက်အဖြစ်သတ်မှတ်သည်။ မြန်မာ့အမျိုး...
11/02/2019

ပြည်ထောင်စုနေ့ကို မြန်မာနိင်ငံတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့၌ အများပြည်သူအားလုံးတို့၏အားလပ်ရက်အဖြစ်သတ်မှတ်သည်။ မြန်မာ့အမျိုးသားရေးစိတ်ဓါတ်အပြည့်အ၀ရှိသူ ဗိုလ်ချုပ်အောင်ဆန်း
သည်မြန်မာလူမျိုးစုအမျိုးမျိုးတို့ ကွဲပြားနေမှုတို့ကို တစ်စုတည်းဖြစ်အောင်ပေါင်းစည်းပေးခဲ့သော အထိမ်းအမှတ်
အဖြစ်ပြည်ထောင်စုနေ့ကြီးဖြစ်ပေါ်လာခဲ့ပါသည်။
ပြည်ထောင်စုနေ့ဟူသော စကားသည် ခန့်ညားထည်ဝါလှသည့်အပြင်
လွပ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်အရေးပါအရာရောက်သောနေ့ထူးနေ့မြတ်အဖြစ် ပြည်ထောင်စုမြန်မာ
နိုင်ငံတော်ကိုအုတ်မြစ်ချပေးလိုက်သောနေ့လည်းဖြစ်ပေသည်။
မြန်မာ့သမိုင်းတစ်လျောက်လုံး၌အနော်ရထာ။ဘုရင့်နောင်၊အလောင်းဘုရားဤမင်းသုံးပါး၏လက်ထက်တွင်သာ
မြန်မာတစ်နိုင်ငံလုံးတစ်ပေါ်င်းတစ်စည်းတည်းရှိခဲ့ဖူးသည်။ဗြိတိသျှအစိုးရလက်အောက်တွင်မူတိုင်းရင်းသားများ
အားခွဲခြားအုပ်ချုပ်ခဲ့သည်။ဗြိတိသျှတို့၏အုပ်ချုပ်ရေးပရိယာယ်ျြေကာင့်တိုင်းရင်းသားအချင်းချင်းရင်းနှီးမှုမရှိဘဲ
သွေးကွဲပြားမှုများရှိခဲ့သည်။ဗြိတိသျှတို့လက်အောက်မှလွတ်မြောက်ရေးကိုအနှစ်(၇၀)မျှကာလပတ်လုံးအမျိုးမျိုး
အဖုံဖုံကြိုးပမ်းရာ၌မြေပြန့်သားနှင့်တောင်တန်းသားတို့တစ်ကြိမ်မျှပူးပေါင်းဆောင်ရွက်ခဲ့ဘူးသည်မရှိခဲ့ပေ။
သို့သော်ပြန်မာနိုင်ငံ၌ဖက်ဆစ်ဂျပန်၏ရန်ကိုတော်လှန်ကြရာတွင်မူတိုင်းရင်းသားအားလုံးညီညွတ်ခဲ့ကြသည်။
ပြည်နယ်ပြည်မသွေးစည်းပူးပေါင်း၍ဖက်စစ်ဂျပန်၏ရန်ကိုတို်က်ထုတ်နိုင်ခဲ့ကြလေသည်။ဖက်စစ်ဂျပန်တို့၏လက်
အောက်မှလွတ်မြောက်ပြီးနောက်မြန်မာ့လွတ်လပ်ရေးရရှိရေးဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်
သား၊တောင်တန်းသားမခွဲခြားဘဲတိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှုကိုရှာကြံခဲ့ကြသည်။
ဤသို့ဖြင့်ဗိုလ်ချုပ်အောင်ဆန်းနှင့်မြန်မာခေါင်းဆောင်ကြီးများ၏ကြိုးပမ်းမှုကြောင့်မြန်မာ့လွတ်လပ်ရေး
ကိုမျှော်မှန်းနိုင်သည့်အချိန်အခါသို့ဆိုက်ရောက်လာခဲ့သည်။
(၁၈၈၆)ခုနှစ်တွင်မြန်မာနိုင်ငံကိုဗြိတိသျှတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြန်မာနိုင်ငံကို ဗြိတိသျှတို့ နှစ်(၁၀၀) ကျော်ကြာ အုပ်ချုပ်ခဲ့ပါသည်။ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရန် မြန်မာတို့မှာ ခေတ်အဆက်ဆက်မျိုးချစ်စိတ်အပြည့်ဖြင့် တွန်းလှန်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရမည့် အရိပ်အရောင်သန်းလာခဲ့သည်။မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးတော့လျှင် မဖြစ်နိုင်တော့မှန်းသိလာသော အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ပြီး တောင်တန်းနှင့်ပြည်မမူကို တင်သွင်းကာ တောင်တန်းနှင့် ပြည်မကြား သွေးခွဲအုပ်ချုပ်ရန် င်္ကြစည်လာခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ကတောင်တန်းဒေသမပါသောလွတ်လပ်ရေးသည်မြန်မာနိုင်ငံအတွက်အဓိပ္ပါယ်မရှိသော
လွတ်လပ်ရေးဖြစ်သဖြင့်တောင်တန်းဒေသမပါဘဲ လွတ်လပ်ရေးပေးမည်ကိုပြည်မကြီးနှင့်တစ်ပြိုင်နက်တည်း
လွတ်လပ်ရေးပေးရန်အရေးဆိုခဲ့ခြင်းဖြစ်သည်။ဗြိတိသျှအစိုးရကတောင်တန်းဒေသများသည်ပြည်မကြီးနှင့်ပေါင်း
စည်းရန်သဘောတူပါလျင်ပြည်မကြီးရာ၊တောင်တန်းဒေသတို့ရောတစ်ပါတည်းလွတ်လပ်ရေးပေးမည်။ပြည်မနှင့်
တောင်တန်းသားများကသူတို့ဘာသာဆုံးဖြတ်ပါစေဟုသဘောသက်ဝင်သောအောင်ဆန်းအက်တလီစာချုပ်ကို
ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မတစ်ခုတည်း လွတ်လပ်ရေးမယူလို၍ တောင်တန်းဒေသများနှင့် စုပေါင်းကာ တောင်တန်းနှင့် ပြည်မအတူတကွ လွတ်လပ်ရေးရယူပါမည့်အကြောင်း လက်မှတ်ထိုးစာချုပ်ချုပ်ဆိုခဲ့ကြသည်။
ထိုစာချုပ်ကို ပင်လုံစာချုပ်ဟု ခေါ်တွင်စေပြီး စာချုပ်ချုပ်ဆိုသော ဖေဖော်ဝါရီ(၁၂)ရက်နေ့ကိုပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ကြသည်။
ထို့ကြောင့် ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုကို တိုင်းတပါးကသိအောင် သက်သေပြနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့ပင် ဖြစ်ပါတော့သည်။

တပို့တွဲလပြည့် ထမနဲပွဲတပို့တွဲလသည် ဆာင်းရာသီ၏ နောက်ဆုံးလဖြစ်သည်။ ညဥ့်အချိန်အခါတွင် နှင်းမှုန်ဖြူလွလွလေးများက ဇာပုဝါလို ...
08/02/2019

တပို့တွဲလပြည့် ထမနဲပွဲ
တပို့တွဲလသည် ဆာင်းရာသီ၏ နောက်ဆုံးလဖြစ်သည်။ ညဥ့်အချိန်အခါတွင် နှင်းမှုန်ဖြူလွလွလေးများက ဇာပုဝါလို ခြုံလွှမ်းထားသဖြင့် လွန်စွာချမ်းအေးလှသော ကာလဖြစ်သည်။ နှာရည်ယိုရွှဲ တပို့တွဲဟု ခေါ်ဆိုကြသည့်အတိုင်း၊
အပူနှင့်အအေး လွန်ဆွဲသည့် ကာလလည်းဖြစ်သည်။ တပို့တွဲလတွင် ပေါက်ပန်းနှင့်လဲပန်း ပွင့်လေ့ရှိကြသည်။ ရဲရဲနီသောပေါက်ပွင့်တို့က တပို့တွဲလ၏ ထင်ရှားသည့်အလှတစ်ပါးပင် မဟုတ်ပါလား။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းအောက်တွင် ရဲရဲနီနေသော ပေါက်ပန်းများကို ကြည့်ရသည်မှာ ပန်ချီကားတစ်ချပ်လိုပင် ဖြစ်နေသည်။
တပို့တွဲလတွင် မြန်မာတို့၏ ထူးခြားသော အလှူဒါနတစ်ခုသည် စုပေါင်းထမနဲထိုးပွဲများ ကျင်းပကာလှူဒါန်းကြခြင်းဖြစ်သည်။
တပို့တွဲလသည် မြန်မာလများတွင် (၁၁)ကြိမ်မြောက်လဖြစ်သည်။ ဆောင်းဥတုနောက်ပိုင်းချိန်ဖြစ်သည်။ တပို့တွဲလဟုခေါ်ခြင်းသည်ထန်းဖူးထန်းခိုင်တို့တွဲညွတ်သောရာသီဖြစ်၍ခေါ်တွင်ခြင်းဖြစ်သည်ဟုမှတ်ယူကြ သည်။
ကျောက်စာအရေးအသား၌ တပို့တွဲလက်ု တပိုဝ်ထွယ်၊ တပိုဝ်ထွဲ၊ တပိုင်တွဲ၊တပိုဝ်ထွယ်ဟု ရေးသားလေ့ရှိသည်။
ဗေဒင်အခေါ်အားဖြင့် ကုံရာသီ ဖြစ်သည်။ ထိုရာသီတွင် မာဃနက္ခတ်စန်းနှင့် ယှဉ်၍မွန်းတည့်သည်။ ရာသီရုပ်သည် ရေထမ်းသမားဆင်းရဲသားပုံ ဖြစ်သည်။ ရာသီပန်းသည် ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမနဲပွဲ ကျင်းပကြသည်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် နိုင်ငံတစ်ဝှမ်း၌ ထမနဲထိုး၍ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။
တပို့တွဲညတွင် နံနက်(၆)နာရီ၊မိနစ်(၂၀) နေထွက်လေ့ရှိပြီး၊ ညနေ(၅)နာရီ၊မိနစ်(၄၀)တွင် နေ၀င်လေ့ရှိသဖြင့် ညအချိန်သည် နေ့အချိန်ထက် အနည်းငယ်ရှည်လျားသည်။ တပို့တွဲလသည် ရက်မစုံလကွယ်သောကြောင့်(၂၈)ရက်၊သို့မဟုတ် (၂၉)ရက်သာရှိသည်။ တပို့တွဲကျွဲချိုဖျားဆတ်ဆတ်ခါသည် ဟူ၍လည်းကောင်း၊ နှာရည်ယိုရွှဲတပို့တွဲ ဟူ၍လည်းကောင်း အဆိုရှိသဖြင့် တပို့တွဲလတွင် လွန်စွာချမ်းအေးလေ့ရှိသည်။ ထမနဲဆိုသည်မှာကောက်ညှင်းနှင့် စီမံပြုလုပ်ထားသော မြန်မာတို့၏ ချိုစိမ့်မွှေးသည့် စားစရာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ကော်များ၊ ပတ်စာများလုပ်သကဲ့သို့ ထပ်ပြန်တလဲလဲမွှေ၍ နယ်ရသောကြောင့် ထမနဲဟုခေါ်ဆိုသည်။ ထမနဲကိုအရပ်ဒေသလိုက်၍ ယာဂုဟုလည်းခေါ်သည်။ ယာဂုသည် ပါဌိစကားဖြစ်၍ မြန်မာလိုဆန်ပြုတ်ဟု အဓိပ္ပါယ်ရရှိသည်။
ကောက်ညှင်း၊အုန်းသီး၊မြေပဲ၊ဂျင်း၊နှမ်းဆီနှင့်နှမ်းနိုင်နိုင်ထည့်ရသောကြောင့်နှမ်းမနဲဟုလည်းခေါ်ကြသည်။
ကောက်ဦးပေါ်ချိန်တွင်မြန်မာနိုင်ငံအနှံ့အပြားကျေးလက်တောရွာများအထိထမနဲထိုးပွဲများကျင်းပကြသည်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်း တပို့တွဲလဆန်းတစ်ရက်မှ စတင်၍ လပြည့်နေ့အထိ ထမနဲထိုးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ထို့ကြောင့်ရှေးစာဆိုများက တပို့တွဲလကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ဆူးပန်းငုံ မီးပုံယာဂုပွဲ ဟု
စပ်ဆိုကြသည်။
ထမနဲထိုးရာတွင် ကောက်ညှင်းဆန်-လေးပြည်၊ကိုရေစင်အောင်ဆေး၊ ဆီ-တစ်ပိသာကိုဒယ်အိုးတွင်ထည့်ကာ၊
ချင်းသုံးကျပ်သားနင့် ဆီသတ်၍ ကောက်ညှင်းထည့်နှပ် ထားရသည်။ ကောက်ညှင်းနှပ်၍ ဆီပြန်လာသော်၊ မီးဖိုပေါ်မှချ၍ ကြေအောင်ခြေရသည်။ ထိုသို့ကြေသွားသောကောက်ညှင်းတွင်မြေပဲ(၈၀)ကျပ်သား၊နှမ်း(၃၂)ကျပ်သား၊အုန်းသီးစိပ်(၂၀)ကျပ်သား၊ ဆား(၇)ကျပ်သားတို့ကိုနှံ့အောင်ထည့်၍မွှေပေးလျင်ထမနဲဖြစ်သည်။
စည်းလုံးညီညွတ်မှုကိုဖော်ညွှန်းထမနဲထိုးမည်ဆိုလျင်ကြတင်ပြင်ဆင်ရန်လိုအပ်သည်။
Photo credit to Original Uploader

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09-799000073

Website

Alerts

Be the first to know and let us send you an email when Himawari Travels & Tours - Domestic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Himawari Travels & Tours - Domestic:

Videos

Share

Category


Other Travel Agencies in Yangon

Show All