Bagan Prince မြို့တွင်း နယ်ဝေး ကားစင်းလုံးငှား ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Bagan Prince မြို့တွင်း နယ်ဝေး ကားစင်းလုံးငှား ဝန်ဆောင်မှု

Bagan Prince မြို့တွင်း နယ်ဝေး ကားစင်းလုံးငှား ဝန်ဆောင်မှု မိသားစု စင်းလုံးငှါး

Saloons
Alfred

အသင်းအဖွ

20/01/2024
ဆီဆိုင်ကြီးတွေရဲ့  ဆိုင်ခွဲဖုန်းနံပါတ်တွေကို ပုံတပုံချင်းစီးရဲ့အောက်မှာ တစုတစည်းထဲဖော်ပြပေးထားပါတယ်။ကိုယ်တိုင်လိုအပ်သည်ဖ...
09/12/2023

ဆီဆိုင်ကြီးတွေရဲ့
ဆိုင်ခွဲဖုန်းနံပါတ်တွေကို
ပုံတပုံချင်းစီးရဲ့အောက်မှာ
တစုတစည်းထဲ
ဖော်ပြပေးထားပါတယ်။
ကိုယ်တိုင်လိုအပ်သည်ဖြစ်စေ
ဆီရှာနေသူများမြင်စေဖို့
Shareပေးကြပါအုံး။

မူရင်းရေးသားဖော်ပြသူအား
ကျေးဇူးတင်ရှိပါတယ်။
credit

 #နက္ခတ်တွေပြောင်းတဲ့နေ့ကျွန်တော့ ရဲ့သတင်းကတော့ဟိုးလေးတစ်ကျော်ကျော်ပဲ တစ်ရပ်ကွက်လုံးလည်းပျံ့လို့အဲဒီနေ့က ကျွန်တော် နည်းန...
22/09/2023

#နက္ခတ်တွေပြောင်းတဲ့နေ့

ကျွန်တော့ ရဲ့သတင်းကတော့
ဟိုးလေးတစ်ကျော်ကျော်ပဲ
တစ်ရပ်ကွက်လုံးလည်းပျံ့လို့

အဲဒီနေ့က ကျွန်တော်
နည်းနည်းမူးနေတာလည်းပါတယ်

ကျွန်တော်တို့ဘေးအိမ်က
ကောင်မလေးကို
ရည်းစားစကားပြောထားတာ
ကြာပြီ

အဖြေပြန်မရသေးလို့
အဖြေရအောင်
အတင်းအကြပ်တောင်းမယ်ဆိုပြီး
ကောင်မလေးခြံထဲဝင်ပြီး
လှည့်ပတ်ချောင်းတာ

နောက်ဖေးမှာ
ရေချိုးနေတဲ့
ကောင်မလေးကိုတွေ့တော့
ခါးကိုဖတ်ပြီး
အတင်းအကြပ်
အဖြေတောင်းလိုက်တာ

တစ်ကယ်ရေချိုးနေတာက
သူ့အမေ မုဆိုးမကြီးဖြစ်နေတာလေ

ကောင်မလေးအမေက
ကျွန်တော့ကိုအတင်းချုပ်ပြီး
အော်တာ

ပတ်ဝန်းကျင်ကလူတွေ
ရောက်လာပြီး
ရပ်ကွက်ရုံးရောက်သွားတာပဲ

ရပ်ကွက်ရုံးမှာ
အဖွားကြီးက
ရှက်တယ် ရှက်တယ်နဲ့ပဲ
ငိုနေတော့တာ

ပြီးတော့ပြောသေး
သူ့ကို မိသားဖသားပီပီ
လက်ထပ်မယ်ဆိုရင်တော့
အမှူ့မလုပ်တော့ပါဘူးတဲ့ ..

ငင့်...

အဲဒါနဲ့ပဲ ကျွန်တော်က
အောင့်သက်သက်နဲ့
ခေါင်းညိတ်လိုက်ရတာလေ

ရပ်ကွက်ရုံးကထွက်တော့
အဖွားကြီးက
ကျွန်တော့ကို
တိုးတိုးလေးကပ်ပြောသွားတယ်











































































































ငါ့သမီးတော့မရဘူး
ငါ့ပဲရမယ် ဟွင့်... တဲ့

ဂိန်

😁😁😁😁😁😁😁

 # #စောင့်ထိန်းအပ်သောလူမှုကျင့်ဝတ်များ________________________________(၁)  ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။       စကားကို...
19/09/2023

# #စောင့်ထိန်းအပ်သောလူမှုကျင့်ဝတ်များ
________________________________

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို
နှိမ့်ချစော်ကား တာမျိုး
မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ
လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ
သဘောကောင်းတဲ့သူနဲ့ တွေ့ပါစေ
အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။
အခွင့်အရေးသမားကို လူတိုင်းက
ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။
သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့
အရင်ဖြေရှင်းတတ်ပါစေ။
အကူအညီကို အလွယ် တကူ
လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို တွေ့ပါစေ။
သင့်အကျိုးအမြတ်အတွက် အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ
အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ
မဟုတ်ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ
အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ
နောင်တစ်နေ့မှာ
အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ
ဆန့်ကျင်ဖက် ဖြစ်နေပါစေ။
ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့။
မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ
သင်လည်းမနေနိုင်သလို
သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ
ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ
တသမတ်တည်းရရှိနိုင်တာ မဟုတ်လို့
အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို
မိမိဘာသာ စိတ်ကြိုက်
နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါး
ကြိုက်နှစ်သက်တဲ့အရာတွေကိုတော့
ကဲ့ရဲ့ရှုတ်ချပြီး
သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး
ပြောစရာမလိုပါဘူး။

သင်ကြိုက်နှစ်သက်တဲ့အရာတွေကို
အခြားသူကလည်း သင့်လိုပဲ
တုန့်ပြန်လာရင်
သင်လည်း အလွယ်တကူ
လက်မခံနိုင်ပါဘူး။

သူတစ်ပါးရဲ့ဆုံးဖြတ်ချက်မှာ
သင့်ဦးနှောက်ကို သုံးဖို့
မလိုအပ်ပါဘူး။

ကိုယ်ချင်းစာတရားဆိုတာ
သင်တစ်ယောက်တည်းအတွက်
မဟုတ်ပါဘူး။
အခြားသူတွေ အပေါ်မှာလည်း
ထားသင့်ပါတယ်။

Taxi Board များကိုအဖြူနောက်ခံပေါ်မှာအနီရောင်TAXI စာလုံးပြောင်းဖို့တပြေးညီသတ်မှတ်================MFN-ရန်ကုန်။၂၀၂၃၊စက်တင်ဘ...
16/09/2023

Taxi Board များကို
အဖြူနောက်ခံပေါ်မှာ
အနီရောင်
TAXI စာလုံးပြောင်းဖို့
တပြေးညီသတ်မှတ်
================
MFN-
ရန်ကုန်။၂၀၂၃၊စက်တင်ဘာ၁၅ရက်

ရန်ကုန်မြို့အတွင်း
ပြေးဆွဲနေတဲ့ City Taxi များရဲ့
Taxi Board များကို
အဖြူနောက်ခံပေါ်မှာ
အနီရောင် TAXI စာလုံး
ပြောင်းဖို့နဲ့သတ်မှတ်ထားတဲ့
အရွယ်အစားအတိုင်း
သတ်မှတ်ထားတဲ့နေရာမှ
တပ်ဆင်ဖို့
ပညာပေးကာလအဖြစ်
ရက်ပေါင်း၉၀
အချိန်သတ်မှတ်ပေးထားတယ်လို့
ရန်ကုန်တိုင်းဒေသကြီး
ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး
ကြီးကြပ်မှုကော်မတီ
(YRTC )မှသိရပါတယ်။

မော်တော်ယာဉ်စီမံခန့်ခွဲမှု
နည်းဥပဒေအရ
အမိုးတွင်ဆေးနီဖြင့်
ရေးသားထားသော
"Taxi" စာသားကို
မြင်နိုင်စေသည့်
အဖြူရောင်ဆိုင်းဘုတ်
မီးအိမ်တပ်ဆင်ထားရမည်ဟူသည့်
နည်းဥပဒေအတိုင်း
တပြေးညီတပ်ဆင်ပြေးဆွဲရမှာ
ဖြစ်တယ်လို့သိရပါတယ်။

Taxi Board များရဲ့
အရွယ်အစားမှာလည်း
အောက်ခြေအလျား ၁၀ လက်မ၊
အပေါ်အလျား ၉ လက်မ၊
အောက်ခြေအကျယ် ၅ လက်မ၊
အပေါ်အကျယ် ၂ လက်မနှင့်
အမြင့် ၃ လက်မ
သတ်မှတ်ထားပြီး
ခေါင်မိုးပေါ်မှန်ထိပ်မှ
၁ ပေအကွာ
ဘယ်/ညာညီညာစွာ
တပ်ဆင်ထားရမှာဖြစ်တယ်လို့
သိရပါတယ်။

"အဓိကမြို့အင်္ဂါရပ်နဲ့
ညီညွတ်စေဖို့ပါ။
ပညာပေးကာလကို
ယခုလ
စက်တင်ဘာ ၁၀ ရက်ကနေ
ဒီဇင်ဘာလ ၈ ရက်နေ့အထိ
လုပ်ဆောင်ကြဖို့
သတ်မှတ်ပေးထားပါတယ်။
ယင်းကာလကျော်လွန်ပြီး
Taxi Board ပုံစံ
တပြေးညီတပ်ဆင်ထားမှု
မရှိရင်တော့
အရေးယူသွားမှာပါ"လို့
YRTC ရဲ့တာဝန်ရှိသူတစ်ဦးမှ
ဖြေကြားထားပါတယ်။

ရန်ကုန်မြို့တွင်းရှိ
City Taxi များ၏
Taxi Board များကို
အရွယ်အစားအမျိုးမျိုး၊
အရောင်အမျိုးမျိုး၊
ထားရှိသည့်နေရာအမျိုးမျိုးဖြင့်
ကွဲပြားစွာတပ်ဆင်ပြေးဆွဲ
သွားလာနေခြင်းကြောင့်
မြို့တော်အင်္ဂါရပ်နှင့်
ညီညွတ်မှုရှိစေရေး၊
ပြဌာန်းထားသည့်
ဥပဒေ
နည်းဥပဒေနှင့်
သတ်မှတ်ထားသည့်
စည်းကမ်းချက်များနှင့်
အညီဖြစ်စေရေးနှင့်
ယာဉ်အန္တရာယ်
ကင်းရှင်းရေးတို့အတွက်
ယခုလိုဆောင်ရွက်ရတာ
ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါသတ်မှတ်ကာလအတွင်း
Taxi Board တပြေးညီ
လုပ်ဆောင်မှုမရှိပါက
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်
မော်တော်ယာဉ်စီမံခန့်ခွဲမှု
ဥပဒေပုဒ်မ (၉၆) အရ
အရေးယူဆောင်ရွက်သွားမှာ
ဖြစ်တယ်လို့သိရပါတယ်။



Crd

Photos – YRTC

ယာဉ်/လမ်းစည်းကမ်းတွေကို အလွယ်တကူလေ့လာလို့ရအောင်(သွား၊လာ၊စား၊သောက်)မတင်ပါ။"ဘယ်လိုပရိုဖိုင်လေးနဲ့ အဲ့မှာရှာကြည့်" လို့ယာဉ်...
11/09/2023

ယာဉ်/လမ်းစည်းကမ်းတွေကို
အလွယ်တကူလေ့လာလို့ရအောင်
(သွား၊လာ၊စား၊သောက်)မတင်ပါ။

"ဘယ်လိုပရိုဖိုင်လေးနဲ့ အဲ့မှာရှာကြည့်" လို့
ယာဉ်မောင်းအချင်းချင်းပြောလို့ရအောင်
ပရိုဖိုင်ပုံ မချိန်းပါ။

ယာဉ်အသုံးပြုသူတွေကို
သိစေ၊တက်စေ၊နားလည်စေဖို့
စေတနာမှန်၊မေတ္တာမှန်နဲ့ ဆောင်ရွက်ပေနေတာမို့
အလုပ်အကိုင်အမှန်၊ ပုံအမှန်ကိုအသုံးပြုပါသည်။

အချိန်တွေပေးရပါသည်
အလုပ်တွေရှုပ်ရပါသည်
မပျင်းပါ၊ ပျော်ပါသည်
မေတ္တာများစွာပြန်လည်ရရှိပါသည်။

ယခုလည်း
Taxi ညီအကိုတွေအတွက်
သိထားစေလို၍တင်ပြခြင်းဖြစ်ပါသည်။

နေမျိုးသူရ
6.9.2023

10/09/2023

ရွာငံမြို့နယ်
မိန်းမရဲသခင်မတောင်​☘️

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ နယ်၊ မင်းတိုင်ပင်ကျေးရွာတွင်တည်ရှိတဲ့ မိန်းမရဲတောင်သည် အမြင့်ပေ(၆၀၀)ကျော်ရှိပါတယ်☘️

ln lnfinity
📷-Khaing Panwai(ဓာတ်ပုံ)

08/09/2023

"နီလ ရှင်းတမ်း"
……………………………………………………။
မြတ်စွာဘုရားဟာ ပဋ္ဌာန်းကို အနုလုံ ပဋိလုံ
(အစမှအဆုံး အဆုံးမှအစ) အပြန်ပြန် အလှန်လှန် ရေစီးသကဲ့သို့(free flow) ဆင်ခြင်သုံးသပ်
ပြီးတဲ့အခါမှာ ရောင်ခြည်တော် ၆ သွယ်ဟာ
အဆန်းတကြယ် ကွန့်မြူးပါတယ်။

(ဘုရားဖြစ်ပြီးတဲ့ နောက်မှာလည်း မြတ်စွာ
ဘုရားရဲ့ ကိုယ်တော်ကနေ တစ်လံမျှ ရှိတဲ့
အဝန်းညီညာတဲ့ ရွှေအဆင်းနဲ့ ရောင်ခြည်တော်ဟာ
အစဉ် ထွန်းပနေတာဖြစ်ပါတယ်။
အဲဒီလို ထွန်းပနေလို့လည်း ပဉ္စဝဂ္ဂီ ၅ ဦးဟာ
ထူးခြားတဲ့ အချင်းအရာကြောင့် မူလက အချင်းချင်း
ကတိထားကြတဲ့အတိုင်း သိဒ္ဓတ္ထလာရင် ခရီးဦး
မကြိုကြေး၊ ရေပူရေချမ်း မကမ်းလှမ်းကြေး၊
ခြေဆုပ်လက်နယ် မပြုကြေး စသဖြင့် သတ်မှတ်
ကြပေမယ့် ကိုယ်တော်ကနေ တစ်လံမျှ အဝန်း
ညီညာစွာ ထွက်ပေါ်နေတဲ့ ရောင်ခြည်စက်ဝန်း
ကြောင့် ထူးခြားသည့်အတွက် မူလကတိကို
အမှတ်မရကြဘဲ ခရီးဦးကြိုကြပါတယ်။ ဒါကို
နကိုယ်ကတည်းက ဘုရင့်သားရဲ့ အစေအပါးတွေ
မို့လို့ အရှိန်နဲ့လန့်ပြီး ငယ်ကြောက်တွေမို့လို့ ကြိုတာလို့ ဆိုသူတွေကလည်း ဆိုလေရဲ့။
မိမိ သဒ္ဓါစိတ်ပေါ် မူတည်တာပါပဲ)

ကွန့်မြူးတဲ့ ရောင်ခြည်တော်ဟာ ၆ သွယ်ဖြစ်
ကြောင်း မှတ်တမ်းတွေအရ သိရမှာပါပဲ။
နီလ၊ ပီတ၊ သြဒါတ၊ လောဟိတ၊ မဉ္စိဋ္ဌ၊
ပဘာဿရ ဆိုတဲ့ ၆ သွယ်ဖြစ်ပါတယ်။

အမှတ်စဥ် နောက်ဆုံးကနေ စရမယ်ဆိုရင်-
၆/ "ပဘာဿရ" ဆိုတာက ရှေ့က နီလ၊ ပီတ၊ သြဒါတ၊ လောဟိတ၊ မဉ္စိဋ္ဌ ရောင်ခြည်တော် ၅ သွယ်စလုံး
စုပေါင်းပြီး တစ်ခဲနက် ပြိုးပြိုးပြက်ပြက်နဲ့ ဝင်းခနဲ ဝင်းခနဲ
လက်ခနဲ လက်ခနဲ ထွက်တာပါ။ တစ်ဆက်တစ်စပ်ထဲ
မထွက်ပေါ်ပါဘူး။
(ပြိုးပြိုးပြက်ပြက် တခဲနက်သော ရောင်ခြည်တော်လို့ ဆိုတာပေါ့)

၅/ "မဉ္စိဋ္ဌ" ကတော့ မောင်းသော ရောင်ခြည်တော်။
မောင်းသော အရောင်ဆိုတာကိုတော့
အဝါရင့် လိမ္မော်ရောင် ပန်းရောင် အနီနု အဝါမကျ အနီရင့်မကျ စသဖြင့် ကြည်နူးဖွယ်ကောင်းအောင် ခန္ဓာကိုယ် နေရာအနှံ့ကနေ အရပ်ရပ်ကို ပြန့်နှံ့အောင်
တစ်ဆက်တစ်စပ်ထဲ ထွက်ပေါ်ပါတယ်။
(အဲဒီ အရောင်ကို ဖော်ပြစရာ ယနေ့ခေတ်သုံး
စကားလုံး မရှိသေး မတီထွင်နိုင်သေးပါဘူး။
ရှေးက မြန်မာဘိုးဘေးများ အသုံးဖြစ်တဲ့
ရှေးအသုံး[ပေါရာဏ] မောင်းသော ရောင်ခြည်
တော် ဆိုတာကိုပဲ ယခုတိုင် ဆက်လက် သုံးစွဲ
နေဆဲ ဖြစ်ပါတယ်)

ဒီ ရောင်ခြည်တော် နှစ်ခုက တစ်မူထူးခြားတဲ့
သီးခြား ရောင်ခြည်တော် ၂ ခုဖြစ်ပြီး၊ ခန္ဓာကိုယ်
အစိတ်အပိုင်းရဲ့ အရောင်အသွေးကို ကိုယ်စားပြု
ပြီး ထွက်ပေါ်တာ မဟုတ်ပါဘူး။

ခန္ဓာကိုယ် အစိတ်အပိုင်းက အရောင်အသွေးကို
ကိုယ်စားပြုပြီး အဲဒီ အရောင်အတိုင်း ထွက်ပေါ်
တာတွေက ကျန်တဲ့ ၄ခုဖြစ်ပါတယ်။
အဲဒါတွေက -

၄/ "လောဟိတ" ဆိုတာက မြတ်စွာဘုရားရဲ့
အသားတော် အသွေးတော် နှုတ်ခမ်းတော် စတဲ့
နီတဲ့ အနီရောင်ရှိတဲ့ နေရာတွေကနေ
ထွက်ပေါ်လာတဲ့ ကမ္ဗလာနီ၊ သန္တာနီ၊ ပတ္တမြားနီ၊
ကြာနီ တို့ကဲ့သို့ နီမြန်းသော ရောင်ခြည်တော်
တွေဟာ တစ်ဆက်တစ်စပ်ထဲ အရပ်ရပ်ကို
ပျံ့နှံ့ထွက်ပေါ်ပါတယ်။
( ကိုယ်တော်၏ နီသော အစိတ်အပိုင်းများက
ထွက်သော ရောင်ခြည်တော်)

၃/ "သြဒါတ" ဆိုတာက မြတ်စွာဘုရားရဲ့
ကိုယ်တော်က အဖြူရောင်ရှိတဲ့ အစိတ်အပိုင်းများ
ဖြစ်တဲ့ အရိုးတော်၊ မျက်သား အဖြူတော်၊
ခြေသည်း လက်သည်း၊
သွားတော် စွယ်တော်တွေကနေ
ကြည်လင်ဖြူစင်တဲ့ ရောင်ခြည်တော်တွေဟာ
တစ်ဆက်တစ်စပ်ထဲ အရပ်ရပ်ကို
ပျံ့နှံ့ထွက်ပေါ်ပါတယ်။
(ကိုယ်တော်၏ ဖြူသော အစိတ်အပိုင်းများက
ထွက်သော ရောင်ခြည်တော်)

၂/ "ပီတ" ဆိုတာကတော့ မြတ်စွာဘုရားရဲ့
အရေတော်(အရေပြား) မျက်ခွံတော် စတဲ့
တစ်ကိုယ်လုံးက အရိုး အကြော အသွေး အသား
တွေကို ဖုံးလွှမ်းထားတဲ့ ပင်ကိုယ်အားဖြင့်
ရွှေအဆင်းရှိသော အရေတော်တစ်ခုလုံးကနေ
ရွှေရည် တသွင်သွင် စီးဆင်းသကဲ့သို့ ဝါရွှေသော
ရောင်ခြည်တော်တွေဟာ တစ်ဆက်တစ်စပ်ထဲ အရပ်ရပ်ကို ပျံ့နှံ့ထွက်ပေါ်ပါတယ်။
(ကိုယ်တော်၏ ဝါဝင်းကြည်လင်သန့်စင်၍
ရွှေရောင်ရှိသော အစိတ်အပိုင်းအားလုံးမှ ထွက်ပေါ်
လာသော ရောင်ခြည်တော်)
ဒါကြောင့် မြတ်စွာဘုရားကို ဖူးမြင်ရတဲ့အခါ
အိစက်ဝင်းပနေတဲ့ ရွှေတုံးရွှေခဲကြီးသဖွယ်
ပီတိလွှမ်းခြုံ ဖူး၍မဝ သောမနဿ ဖြစ်ကြရတာ
ဖြစ်ကြောင်း စာပေများက မှတ်တမ်းတင်ခဲ့တာ
ဖြစ်ပါတယ်။
(ဘုရားရဲ့ အဆင်းတော်ဟာ ဖြူဖတ်ဖြူလျော်
မဟုတ်ပါဘူး)

၁/ "နီလ" ဆိုတာကတော့ မြတ်စွာဘုရားရဲ့
"ညိုဝင်းသော မျက်ဆံတော်၊ ဦးခေါင်း ဆံတော်၊
မျက်ခုံးမွေးတော်၊ မုတ်ဆိတ်ကျင်စွယ် ထွက်ရာအရပ်၊ မျက်တောင်မွေး၊ နားတွင်း၊ နှာခေါင်းတွင်း အမွေးအမျှင်၊ မွေးညင်း" စသည့် မည်းသောနက်သော၊ ညိုမှောင်သော အစိတ်အပိုင်းများကနေ
ထွက်ပေါ် လာတဲ့ ညိုညိုမှောင်မှောင်အရောင်မှာ
မြကျောက်အရောင် ရောယှက်နေတဲ့
ရောင်ခြည်တော် တွေဟာ တစ်ဆက်တစ်စပ်ထဲ အရပ်ရပ်ကို ပျံ့နှံ့ထွက်ပေါ်ပါတယ်။
(ကိုယ်တော်၏ မည်းနက်ညိုမှောင်သော အစိတ်အပိုင်း
တို့မှ ထွက်ပေါ်လာသော ရောင်ခြည်တော်)

၎င်း ရောင်ခြည်တော် ၄ ခုဟာ မြတ်စွာဘုရားရဲ့
ကိုယ်တော် အစိတ်အပိုင်းတွေက အရောင်တွေ
အတိုင်း ထွက်ပေါ်တာဖြစ်ပါတယ်။

အဲဒီမှာ
"နီလ" ဆိုတာကို အညို ၊ အစိမ်း၊ စိမ်းပြာ၊ စိမ်းစိမ်း
ညို့ညို့၊ ပြာပြာညို့ညို့ စသဖြင့် အနက်ပြား
ပါတယ်။ နီလာ ကျောက်ဟာ အပြာရောင်
ဖြစ်ပါတယ်။ ဒီနေရာမှာ နီလ=ပြာသော ကို
အနက်ယူတယ်လို့ ဆိုပါတယ်။ (ရှိစေပါဦး)
သို့သော် အပြာဟာ လွင်သောအပြာ
မဟုတ်ဘဲ ညို့ မှိုင်းသော အပြာ ဖြစ်ပါတယ်။
စိမ်းပြာ ဆိုသော်လည်း ညို့မှိုင်းသော စိမ်းပြာ
ဖြစ်ပါတယ်။ အဲဒီ နီလ ကို ပါချုပ်ဆရာတော်က
ကာဠုဒါယီရဲ့ ဘုရားကို ကပိလဝတ်ကြွဖို့
လျှောက်တဲ့ ဂါထာတွေကို ရှင်းလင်းရာမှာ
ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။

သာသနာ့အလံတော်မှာတော့
နီလ ရောင်ခြည်တော်နေရာမှာ အပြာရောင်
ထည့်ထားပါတယ်။
နီလ သည် အစိမ်းပုပ်၊ စိမ်းပြာညို့ လည်း
ဖြစ်ပါလျက် အပြာရင့်ကိုသာ ထည့်တာဟာ
အလံတော် တီထွင်သူရဲ့ အလိုဖြစ်ပါတယ်။
(ဒါနဲ့ ပတ်သက်လို့ အသုံးပြုနေတာ ဖြစ်တာကြောင့်
အငြင်းမပွားဘဲ ထားပါမယ်)

မြတ်စွာဘုရားရဲ့ နီလ ဖြစ်သော ခန္ဓာကိုယ်
အစိတ်အပိုင်းများကနေ အစိတ်အပိုင်းရဲ့
အရောင်အသွေးအတိုင်း ထွက်တဲ့ ရောင်ခြည်
တော်ဟာ နီလ ကို အပြာရောင် ဖြစ်တယ်လို့
ယူသည် ဆိုပါစို့။ ယခု သာသနာ့ အလံတော်က
အရောင် အပြာရင့် ဖြစ်တယ်ဆိုပါစို့။
ကိုယ်တော်ရဲ့ ပုံပန်းသဏ္ဍာန်ကို မျက်စိထဲ
မြင်ကြည့်ရအောင်ပါ။
မြတ်စွာဘုရားဟာ ရွှေရောင်ကဲ့သို့ ဝါဝင်းသော
အရည်တော်နဲ့ နီမြန်းသော နှုတ်ခမ်းတော်ရှိပြီး၊
"ဆံတော် အပြာရောင်၊ မျက်ခုံးမွေး မျက်ခမ်းမွေး
အပြာရောင်၊ မျက်ဆံတော် အပြာရောင်၊ မုတ်ဆိတ်
ကျင်စွယ်ထွက်ရာအရပ် အပြာရောင်၊ နား နှာခေါင်း
တွင်း အမွေးအမျှင် အပြာရောင်၊ တစ်ကိုယ်လုံးက
မွေးညှင်းများ အပြာရောင်" နဲ့ စိတ်ကူးထဲ
ပုံဖော်ကြည့်လိုက်စမ်းပါ။
မရိုသေ့စကား။ အေဗာတာ ရုပ်ရှင်ကား ကြည့်ရသလို ဖြစ်နေမှာ အသေအချာပါပဲ။
ဆံပင်အပြာ၊ မျက်ခုံးမွေးအပြာ၊ မွေးညှင်းအပြာ၊ မုတ်ဆိတ်ကျင်စွယ်နေရာအပြာ နဲ့ လူသားမျိုးနွယ် ကမ္ဘာပေါ်မှာ ရှိပါသလား။
(မွေးညှင်းများပါ ပြာနေတဲ့ မြတ်စွာဘုရားဟာ
ရွှေတုံး ရွှေဆိုင် ရွှေခဲ ရွှေပုံ ရွှေတောင် ကဲ့သို့
မဟုတ်မူဘဲ ပြာပြာကြီး ဖြစ်နေဖို့ ရှိဖို့ရာပါ)

နီလ ရဲ့ အနက်သည် အထက်က ပြောသလို
ကွဲပြားမှု အမျိုးမျိုးရှိတာကြောင့် ကာဠုဒါယီရဲ့
ဂါထာထဲက နီလကို အပြာအဖြစ် မဖွင့်ဆိုဘဲ
စိမ်းစိမ်းညို့ညို့ အဖြစ် အနက်ယူသလို၊
ဆံပင်က စပြီး ခန္ဓာကိုယ် အမွေးအမျှင်များ မွေးညှင်းများ အပြာရောင်ဖြစ်နေပါတယ်လို့၊
နီလ ကို အပြာတစ်ခုထဲ အသေမယူဘဲ၊ မူရင်း အနက်ပြားတဲ့အတိုင်း ဌာနကို ကြည့်ပြီး ယူရမှာ
ဖြစ်ပါတယ်။

ဝါဝင်းစိုပြေသော အရည်တော်ပေါ်က
အထက်ကို လက်ယာရစ်ခွေလှည့်ပြီး တက်နေတဲ့
ခပ်ညိုညို မွေးညှင်းများဟာ ရှိန်းမြမြ စိမ်းဖန့်ဖန့်
ရှိနေကြမှာပါ။
မုတ်ဆိတ်ကျင်စွယ်နေရာတွေဟာလည်း
ရိတ်သင်ပြီးစ ကဲ့သို့ နက်မှောင်ညိုရောင် အပေါ်မှာ ရှိန်းမြမြ စိမ်းဖန့်ဖန့် အရောင်အသွေး ရှိနေမှာပါ။
ဆံတော်ဟာ နက်မှောင်နေပြီး၊
မျက်ခုံးတော်ဟာလည်း နက်မှောင်ညိုရောင်
အပေါ်မှာ ရှိန်းမြမြ စိမ်းဖန့်ဖန့် ရှိနေမှာပါ။

ဒါကြောင့် "နီလ" ဆိုတဲ့ ရောင်ခြည်တော်သည်
ညိုမှောင်သောအရောင်နဲ့ မြကျောက်ကဲ့သို့
မုတ်ဆိတ်ကျင်စွယ် မွေးညှင်းများမှာ
ထင်ဟပ်နေတဲ့ အစိမ်းပုတ်ရောင် ရှိန်းဖန့်ဖန့်
ယှက်သန်းနေမှာဖြစ်ပါတယ်။

နီလရဲ့ အနက်ကွဲပြားမှုကို ဂရုမပြုဘဲ၊ နီလ ကို အပြာပဲ ကွက်ယူ ထောက်ထားပြီး ပြာ လိုက်ရင်တော့ ရှေ့ကပြောခဲ့သလိုပါပဲ။
ဘုရားဖူးရတာ (မရိုသေ့စကား) အေဗာတာ
ရုပ်ရှင်ကြည့်ရသလို ဖြစ်နေမှာ အသေအချာပါပဲ။

ဒီ အထောက်အထားတွေက မဟာပုရိသလက္ခဏာ
တော်ကြီး ၃၂ ပါးမှာ ပါဝင်တဲ့ အဘိနီလနေတ္တ
လက္ခဏာကို နီလ ရောင်ခြည်တော်နဲ့ နှိုင်းယှဉ်
သုံးသပ်ပြတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဖြစ်ပါလျက် ဘုရားကို ဗြဟ္မဏထုံးတမ်း
ဖြစ်တဲ့ မဟာပုရိသလက္ခဏာနဲ့ ဆုံးဖြတ်တာ
ယုတ္တိမရှိ မဖြစ်နိုင်၊ ဒါကြောင့် အဘိနီလနေတ္တ
လက္ခဏာဆိုတာ နောက်မှ ပေါက်ကရရေးတာ
လိုလိုပြောနေကြသူတွေလည်း ရှိပါတယ်။

ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးတဲ့အခါ ရာမ၊ ဓဇ၊ လက္ခဏ၊ ဇောတိမန္တ၊ ယည၊ သုဗောဓ၊ သုယာမ ဆိုတဲ့ ပုဏ္ဏားခုနှစ်ဦးက ဤမင်းသားသည် စကြဝတေး
မင်းသော်လည်း ဖြစ်လတ္တံ့၊ ဘုရားသော်လည်း ဖြစ်လတ္တံ့ လို့ ဟောပါတယ်။
ကောဏ္ဍညအနွယ်ဖြစ်တဲ့ သုဒတ္ထပုဏ္ဏားငယ်
ကတော့ ဤ မင်းသားသည် ဘုရားဧကန် ဖြစ်လိမ့်မယ်လို့ နိမိတ်ဖတ်ပါတယ်။
အဲဒါ အဲဒီ မဟာပုရိသလက္ခဏာ ကိုကြည့်ပြီး
ဟောတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘုရားဟာ
မွေးကင်းစ ရှိသေးတာပါ။
ဒါကြောင့် အဲဒီ ဗြဟ္မဏများရဲ့ ပညာရပ်တွေဟာ
ဘုရားအလောင်းတော် မမွေးဖွားမီ ရှေးကာလ
အတီအတေကပင် ရှိခဲ့တဲ့ ပညာရပ်တွေ
ဖြစ်ပါတယ်။

လောကီမှာ အားလုံးဟာ ဗြဟ္မဏတို့ ထုံးအတိုင်း
ကျင့်သုံးကြတာပါပဲ။ ဒါကြောင့် ဗြဟ္မဏ၊ ခတ္တိယ၊
ဝဿ၊ သုဒ္ဓ ဆိုပြီး အမျိုးဇာတ်ပင် ခွဲထားခဲ့ကြတာ
ဖြစ်ပါတယ်။ အဲဒီ အမျိုးဇာတ်ခွဲခြားမှုဟာ
ဘုရားလက်ထက်တော်မှာလည်း ပျောက်ကွယ်
မသွားပါဘူး။ သာသနာအတွင်း သံဃအဖွဲ့အစည်း
ထဲမှာသာ အမျိုးဇာတ်ခွဲခြားမှု မရှိတာပါ။

ဒါကြောင့်လည်း ဝိဋဋူပဟာ သာကီဝင်တွေကို
အငြိုးနဲ့ စစ်ပြုတာ ဘုရားလက်ထက်မှာ
အထင်အရှား ဖြစ်ပါတယ်။
ဗြဟ္မဏထုံးတမ်းတွေဟာ ဘုရားမပွင့်မီ ပဝေသဏီ
ကာလကတည်းကရှိသလို၊ ဘုရားပွင့်ဆဲမှာလည်း
ရှိပြီး၊ အခုထိလည်း ရှိနေဆဲပါပဲ။
မြတ်စွာဘုရားဟာ အဲဒီ မဟာပုရိသလက္ခဏာ
ကို ဖတ်ကြားတဲ့ အတတ်များအပြင် အခြားသော
ဗေဒင် နက္ခတ်ဖြင့် ရှေ့ဖြစ်ဟောခြင်းများကို
လူတွေအတွက် တားမြစ်ပိတ်ပင်ခြင်း မရှိခဲ့သလို
ဗြဟ္မဏထုံးတမ်းနဲ့ နေထိုင်လို့ တရားမဟောဘူး
ဆိုတာလည်း မရှိ၊ သာသနာတော်ကို မကြည်ညို
ရဘူးလည်း မရှိ၊ ဗုဒ္ဓဘာသာဝင် မဖြစ်ရဘူးလို့လည်း
မရှိခဲ့ပါဘူး။ မည်သည့် ဓလေ့ထုံးတမ်းနဲ့ လောကီကို
နေထိုင်ဖြတ်သန်းသည် ဖြစ်စေ ဗုဒ္ဓရဲ့ ဓမ္မတွေကို
ကျင့်သုံးနိုင်တာ ဖြစ်ပါတယ်။

ဘုရားတားမြစ်ခဲ့တာက ရဟန်းတွေကိုသာ ဖြစ်ပါတယ်။ ရဟန်းဘဝခံယူပြီးခါမှ လူ့ဘဝက
အလုပ်တွေဖြစ်တဲ့ ဗေဒင် ယတြာစသဖြင့်
တွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ရဟန်းတွေကို
သံသရာက လွတ်မြောက်အောင် ရည်ရွယ်တဲ့
ရဟန်းဖြစ်ပါလျက် နိဗ္ဗာန်ရောက်ကြောင်းတရား အားမထုတ်ပါဘဲ ၎င်းအရာတွေ လုပ်နေလို့ ဒါတွေဟာ
နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်ဘူးလို့
ရဟန်းတွေအတွက် ဆုံးမ တားမြစ်ခဲ့တာပါ။
အဲဒီပညာရပ်တွေ မမှန်ပါဘူးလို့ ဘုရားမဟော
ခဲ့သလို လူတွေကို ဗုဒ္ဓဘာသာဝင်ဖြစ်ရင် အဲဒါတွေ
မလုပ်ရဘူးလို့ မတားမြစ်ခဲ့ပါဘူး။

ဒီတော့ နီလ ရောင်ခြည်တော်ဟာ ဆံတော်၊
မျက်ဆံတော်၊ မျက်ခုံးမွေးတော်၊ အမွေးအမျှင် ညိုမည်းသော အရပ်များက အရောင်အတိုင်း
ညိုမှောင်စွာထွက်ရှိပြီး မွေးညှင်း
ရှိန်းမြမြတို့ရဲ့ စိမ်းဖန့်မှုယှက်သန်းနေတာ
ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် နီလရောင်ခြည်တော်ရဲ့
သဘောသဘာဝကို မျက်စိထဲမြင်မိနိုင်ပြီဖြစ်ပြီး၊
မြတ်စွာဘုရားရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း
မြင်ယောင် ကြည်ညိုနိုင်ပြီဖြစ်ပါတယ်။

(မြတ်စွာဘုရားသည် အသားအဖြူရောင်၊
မျက်လုံးပြာပြာ နှာခေါင်းချွန်ချွန်နှင့်
အာရီယန်ဖြစ်သည်ဟု ဆိုရမ်းသူများအား
ရည်ရွယ်ပါသည်။)
……………………………………………………။
ပုံစာ - ဗုဒ္ဓ
(AD 11ရာစု မင်းမြတ် မဟာအနော်ရထာ ကာလပုဂံခေတ် လက်ရာ)

Address

Mayan Gone Township
Yangon

Telephone

+959256614244

Website

Alerts

Be the first to know and let us send you an email when Bagan Prince မြို့တွင်း နယ်ဝေး ကားစင်းလုံးငှား ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Yangon

Show All