16/03/2020
အမေရိကန်ပြည်ထောင်စုတွင် ကျောင်းလာတက်သည့်အခါ
ကျောင်းတွေရဲ့ ဈေးနှုန်းတွေကို သိချင်ရင် US News ဆိုတဲ့
ဆိုဒ်မှာကြည့်လို့ ရပါသည်။
ကျောင်းတွေရဲ့ အဆင့်အတန်းတွေ ၊ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကိုကြည့်လို့ ရပါသည်။
အမေရိကန်ပြည်ထောင်စုတွင် ကျောင်းလာတက်သည့်အခါ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကို သိချင်ရင် US News ဆိုတဲ့ဆိုဒ်မှာကြည့်လို့ ရပါသည်။
ကျောင်းတွေရဲ့ အဆင့်အတန်းတွေ ၊ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကိုကြည့်လို့ ရပါသည်။
Public University
https://www.usnews.com/best-colleges/rankings/national-universities/top-public
Private University
Ivy League
https://www.usnews.com/best-colleges/rankings/national-universities
သိထားရမှာက အမေရိကားမှာ ထိပ်တန်း private ကျောင်းတွေက ဈေးကြီးပါသည်။
အမေရိကားတွင် private and public university ဆိုပြီးခွဲထားပါသည်။
Private ဆိုတာကတော့ ကျောင်းကနေ ငွေတွေကို ကိုယ့်ပာာကိုယ် ဘယ်နေရာသုံးသင့်ရင်သုံး ၊ လွတ်လပ်ပါသည်။ ကုမ္ပဏီတစ်ခုလိုဖြစ်ပါသည်။ ကိုယ်လုပ်ချင်တာကိုယ် လုပ်လို့ ရသည်။
Public ဆိုတာကတော့ အစိုးရကနေ အခွန်တွေထောက်ပံ့ပေးထားတာဖြစ်ပါသည်။ ပြီးရင် ဆင်းရဲတဲ့ကျောင်းသား ၊ ကျောင်းသူတွေကို မဖြစ်မနေ လက်ခံရပါသည်။ City University of New York တွင် SEEK ဆိုတာရှိပါသည်။
https://www.ccny.cuny.edu/financialaid/seek
ဒီ ပရိုဂရမ်သည် ၀င်ငွေနည်းသောမိသားစုများက ကလေးများကို အမှတ်နည်းနည်းနှင့်လက်ခံတာဖြစ်ပါသည်။ မိသားစုကလည်းဆင်းရဲ ၊ ကလေးကလည်းအမှတ်နည်းရင် ဒီအတိုင်းထားရင် ဆင်းရဲတွင်းနက်မယ်ပုံစံမို့ လို့  ဆင်းရဲတဲ့မိသားစုက ကလေးတွေကိုအမှတ်နည်းလည်း လက်ခံတာဖြစ်ပါသည်။ ဒီနည်းနှင့် ကောလိပ်တွေကို ၀င်လာသောလူတွေရှိပါသည်။ ဒီလိုပရိုဂရမ်သည် public university တွေရှိတတ်ပါသည်။
Private ကျောင်းသည် တစ်ချို့ ကျောင်းတွေသည် Public University ထက် အင်မတန်သာပါသည်။
ဥပမာ အမေရိကားက Columbia University သည် အင်မတန်ကောင်းပါသည်။
Private ကျောင်းကိုလာတတ်သည့် ကလေးများသည် ချမ်းသာသောမိသားစုများက ပေါက်ဖွားလာသောကလေးတွေဖြစ်ပြီး စကားအပြောအဆို ၊ အကျင့်တွေ စတာတွေကလုံးဝကို ကွာပာပါသည်။
အမေရိကားတွင် ယဉ်ကျေးမှုတစ်ခုရှိပါသည်။
ချမ်းသာသောမိသားစုများက ပေါက်ဖွားလာသောကလေးများသည် Ivy League Universities ဆိုသည့် ထိပ်တန်း ကျောင်း ၈ ကျောင်း ( အကုန်လုံးကတစ်နှစ်ကို tuition လခ $50,000 ၀န်းကျင် ) တွင်တက်ကြပါသည်။
ထို သို့ ကျောင်းတွေကိုမတက်ခင် Prep School လို ခေါ်သည့် boarding school တွေတက်ကြပါသည်။
Prep School / Boarding School ဆိုသည့်မှာ ချမ်းသာသောမိသားစုက ကလေးတွေသည်ကောလိပ်မတက်ခင်မှာ
ကောလိပ်အတွက် ပြင်ဆင်ပေးသည့် အထက်တန်းကျောင်းတွေတက်ကြပါသည်။ သာမန်အစိုးရထက် ပိုပြီးတော့ ကောင်းတယ်လို့ ဆိုရမှာပေါ့။ ချမ်းသာသည့်လူတန်းစားက ကလေးတွေသည် ဒီလိုကျောင်းတွေကိုတက် ၊ ပြီးရင် ထိပ်တန်း ivy league တွေကိုတန်းသွားကြပါသည်။
Ivy League University များသည် ကမ္ဘာကြီးအသစ်တစ်ခုဖြစ်ပါသည်။ Public University တွေကထက် ပိုက်ဆံရှိသောလူတန်းစားကနေ လာတတ်သောကလေးများ အများအပြားရှိပါသည်။
ပါမောက္ခတွေကလည်း အမေရိကားက ထိပ်တန်း ၊ ပညာရှင်ကနေ quote ပေးသော ဘယ်သူဆီကရတယ် ဆိုတဲ့ စာတမ်းတွေမှာ အရေးအသားခံရတဲ့ ပါမောက္ခတွေ ၊ အခန်းတွေကလည်း စာသင်တဲ့သူနည်းတယ် ၊ စာကြည့်တိုက်တွေကလည်းမျိုးစုံ - ဘာသာရပ်စာကြည့်တိုက်တွေလည်းအများအပြားရှိပါသည်။
https://library.columbia.edu/
ဥပမာ Columbia University တွင် C.V Starr East Asian library သည် တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ ကိုရီးယားနိုင်ငံ ၊ တိဘက်နိုင်ငံ နှင့် ဗီယက်နမ် စတည့်နိုင်ငံတွေသမိုင်းစာအုပ်တွေကို တရုတ်လို ၊ ဂျပန်လို ၊ ကိုရီးယားလို ရေးထားသောစာအုပ်တွေပါရှိပါသည်။
Lehman Library သည် SIPA ( School of International and Public Affairs ) ဆိုတဲ့ကျောင်းရဲ့ စာကြည့်တိုက်ဖြစ်ပြီး နိုင်ငံတစ်ကာဆက်ဆံရေး စာအုပ်တွေသာထားပါသည်။
ဘာသာရပ်အလိုက် ကိုယ်ပိုင်စာကြည့်တိုက်ရှိကြပါသည်။
ပြီးရင် Columbia University တွင် အထွေထွေစာကြည့်တိုက် Butler library ဆိုတာရှိပါသည်။
အမေရိကားက တက္ကသိုလ်များတွင် Columbia University လောက် ဘာသာရပ်အလိုက် အင်မတန်များပြားသော စာအုပ်တွေ ၊ သီးသန့် စာကြည့်တိုက်တွေက ရှားပါသည်။
ကွာပါသည်။ Private University နှင့် Public University အတွေ့ အကြုံက တကယ့်ကိုကွာပါသည်။
ဒါသည်လူ့ သဘောဖြစ်မည်။ နာမည်ကြီးကျောင်းကဆိုရင် အလုပ်လျှောက်ရင် ပိုပြီးအလုပ်ရဖို့ လွယ်ကူပါသည်။
နာမည်ကြီးကျောင်း Private University , Ivy League University တက်ရင် ကိုယ့်သူငယ်ချင်းတွေက သာမန်လူတွေမှမပာုတ်တာ။ သူတို့ အသိုင်းအ၀ိုင်းသည် နယ်ပယ်အသီးသီးတွင် ထိပ်တန်းလူများ ၊ ပိုက်ဆံရှိသောသူများ ၊ အမေရိကားက နယ်ပယ်အသီးသီးက ထိပ်တန်းလူများနှင့် သိကျွမ်းသူများ တို့ ဖြစ်ပါသည်။ နိုင်ငံတစ်ကာက ချမ်းသာသည့် မိသားစုများရဲ့ ကလေးများသည်လည်း အမေရိကားက Ivy League University ကိုလာတက်ကြပါသည်။ အခုနောက်ပိုင်းတရုတ်ပြည်က ကျောင်းသား ၊ ကျောင်းသူများသည် Ivy League University များကို အစုလိုက်အပြုံလိုက်လာတတ်ကြပါသည်။
ထိုသို့ Private University, Ivy League University များကို တက်သည့်အခါ ကိုယ့်တရုတ်သူငယ်ချင်းတွေသည် တရုတ်ပြည်က အချမ်းသာဆုံးမိသားစုတွေထဲက ကလေးတွေ ၊ ထိပ်တန်းပါတီကလူတွေရဲ့ ကလေးတွေ ဖြစ်နိုင်ပါသည်။
တရုတ်သမ္မတ Xi Jinping ရဲ့ သမီးသည် Harvard တွင်တက်ခဲ့ပါသည်။
Huawei တည်ထောင်သူ ရဲ့ သမီးငယ်တစ်ယောက်သည် Harvard တွင် တက်ရောက်ပါသည်။
ရှင်းရှင်းပြောရင်
အမေရိကားက Ivy League University, Private University တွေသည် အမေရိကန်ပြည်ထောင်စုက ချမ်းသာသည့်မိသားစုများက ကလေးများ နှင့် ကမ္ဘာတစ်ဝှမ်းက ချမ်းသာသည့်မိသားစုများက ကလေးများ စုပြုံတက်သော နေရာဖြစ်သည်။
အရည်အချင်းရှိသော အရမ်းကို အရမ်းကို ဘက်စုံထူးချွန်သော အထက်တန်းကျောင်းသား ၊ ကျောင်းသူများသည်လည်း Ivy League University, Private University တွေတွင် တက်ကြပါသည်။
Ivy League
Harvard, Columbia, Dartmouth, Yale, University of Pennsylvania, Princeton, Brown, Cornell တို့ သည် ထိပ်တန်း Ivy League University ဖြစ်သည်။ Cornell သည် ပြည်နယ်အစိုးရဧ။် ငွေထောက်ပံ့မှုကိုရပါသည်။ ဒါကြောင့် Cornell ကို Private/ Public လို့ ခေါ်လို့ ရပါသည်။ Ivy League တွေတွင်လည်း federal အစိုးရဧ။်ငွေကိုတစ်ချို့ သုတေသနလုပ်သည့်နေရာတွင် ရပါသည်။ ပြည်နယ်အစိုးရကနေ အစိုးရကျောင်းတွေကိုငွေထောက်ပံ့သလို Ivy League တွေလည်း ဖယ်ဒရယ်အစိုးရကနေ ငွေထောက်ပံ့မှုရပါသည်။ အထူးသဖြင့် Harvard သည် အမေရိကန် ဖယ်ဒရယ်အစိုးရကနေ ထောက်ပံ့ငွေရတဲ့နေရာမှာ နာမည်ကြီးပါသည်။ ဒီလောက်ထောက်ပံ့ငွေတွေရတာ ဈေးနှုန်းက ဆက်မြင့်ဆဲဆိုတာကတော့ Harvard က အုပ်ချုပ်ရေးပိုင်းကပဲ ဖြေနိုင်ပါလိမ့်မယ်။
https://www.forbes.com/sites/workday/2019/01/03/how-were-helping-you-prepare-for-ifrs-17/
Ivy League
https://www.niche.com/blog/list-of-ivy-league-schools-ranked-and-reviewed/
အမေရိကားက ထိပ်တန်းပုဂ္ဂိုလ်များသည် ထိုကျောင်းများကနေ အောင်ကြသည်။
College dropout လို့ နာမည်ကြီးသည် Bill Gates, Mark Zuckerberg တို့ သည် သာမန်ကောလိပ်တွေကနေ တက်ရင်းနဲ့ ကျောင်းဆက်မတက်တော့မှာမပာုတ်တာ။ Bill Gates, Mark Zuckerberg တို့ အရင် ၀င်ခွင့်ရတဲ့ကောလိပ် Harvard College ကိုဝင်ခွင့်ရခဲ့တာ။ ထိပ်တန်းကောလိပ်ကို ၀င်ခွင့်ရခဲ့တာ။
ကောလိပ်တက်ရင်းနဲ့ ကောလိပ်ဆက်မတက်တော့ဘူး ကိုယ်ပိုင်စီးပွားရေးစမယ်ဆိုရင် Bill Gates, Mark Zuckerberg တို့ လိုလုပ်မယ်ဆိုရင် သူတို့ ဝင်ခွင့်ရခဲ့တဲ့ ကောလိပ်တွေကိုအရင်စဉ်းစားပါ။
ထိပ်တန်းကောလိပ်ဝင်ခွင့်ရခဲ့တဲ့လူတွေပာာ ၊ သာမန်လူတွေထက်ထူးခြားသူတွေဆိုတာ အင်မတန်တော်တဲ့လူ သတိထားပါ။ သူတို့ က ကောလိပ်ဆက်မတက်တော့ရင်လည်း သူတို့ မှာထူးခြားအရည်အချင်းတွေရှိတယ်ဆိုတာကို သတိပြုပါ။
Ivy League မပာုတ်ပေမဲ့ တစ်ခြားနာမည်ကြီး Private University တွေက
New York University ( NYU ), John Hopkin University, Duke University, MIT, Stanford university စတာတွေဖြစ်သည်.
https://www.usnews.com/education/best-colleges/articles/2017-06-01/top-20-private-universities-that-arent-ivy-league
Public University
Public University ဆိုတာ ပြည်နယ်အစိုးရကနေ အခွန်တွေနဲ့ ထောက်ပံ့ပေးထားသော ကောလိပ်ဖြစ်ပါသည်။
ဈေးနှုန်းက အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံသားတွေ ၊ ပြည်နယ်အတွင်းမှာ တစ်နှစ်လောက်နေပြီးသောသူတွေက ဈေးနှုန်းကို နိုင်ငံတစ်ကာကျောင်းသား ၊ ကျောင်းသူတွေနှင့် တစ်ခြားပြည်နယ်ကလာတတ်တဲ့သူတွေထက် ဈေးနှုန်းကို အင်မတန်ချိုသာစွာတက်နိုင်ပါသည်။
ပြည်နယ်တစ်ပြည်နယ်တွင် တစ်နှစ်လောက်နေမှ In-state tuition ဆိုတာရပါသည်။
ဥပမာ New York ပြည်နယ်တွင် တစ်နှစ်နေပြီးမှ State University of New York, City University of New York တို့ တွင် ကျောင်းလခကို In-state tuition ဆိုသည့် ပြည်နယ်အတွင်းနေထိုင်သူဈေးနှုန်း နှင့် တက်ရောက်နိုင်ပါသည်။
အမေရိကန်အစိုးရကနေ ပေးသော Financial Aid ရရင် ကျောင်းကိုအလကားတက်သည့်ပုံစံရောက်ပါသည်။
အမေရိကန်နိုင်ငံသားများ ၊ Permanent Resident ခေါ် Green Card ရသူများသည် Financial Aid ကိုလျှောက်နိုင်ပြီး ကျောင်းလခကို ကာမိပါသည်။
Public University တွေထဲမှာ ထိပ်တန်းကျောင်းတွေက
https://www.usnews.com/best-colleges/rankings/national-universities/top-public
UCLA, UCBerkeley, University of North Carolina- Chapel Hill, Georgia Institute of Technology တို့ သည် နာမည်ကြီးထပ်တန်း ပြည်နယ်အစိုးရကနေ ထောက်ပံ့ပေးထားသော Public University တို့ ဖြစ်ပါသည်။
အမေရိကားတွင် သာမန် ၊ ဆင်းရဲသောပြည်သူများကိုလည်း ကောလိပ်တက်လို့ ရအောင် ကောလိပ်ဝင်ခွင့်စံနှုန်းတွေကို နိမ့်ပေးထားခြင်း ၊ ကျောင်းတက်လို့ ရအောင် ၀င်ငွေခွန်ပေါ်မူတည်ပြီး financial aid ပေးခြင်း ၊ student loan လို့ ခေါ်သည့် ကျောင်းလခကို ငွေချေးပြီးပေးခြင်း စတာတွေကို လုပ်ပေးထားပါသည်။
ဆင်းရဲလို့  ဆိုပြီး ကျောင်းမတက်နိုင်ဘူးလို့ ဆင်ခြေမပေးပါနဲ့ ။
အကုန်လုပ်ပေးထားပါတယ်။
Financial aid တွင်လည်း work-study ဆိုတာလည်းရှိပါသည်။ ဒီစနစ်တွင် semester တစ်ခုအတွက် $1000 ပေးပါသည်။ ထိုငွေကို semester တစ်ခု ၄ လအတွင်း အလုပ်လုပ်သည့်အခါ ခွဲပြီးပေးခြင်းတို့ လုပ်ပေးပါသည်။ အလုပ်ကလည်း ကျောင်းအလုပ်ဖြစ်ပါသည်။ office assistant ပုံစံမျိုးဖြစ်ပါသည်။ ကျောင်းအလုပ်ဆိုတော့ ဇိမ်နဲ့ လုပ်ရတာဖြစ်ပါသည်။
အလုပ်လုပ်မှ ထိုငွေကိုရမှာဖြစ်ပါသည်။
မှတ်ချက်- financial aid, student loan တို့ သည် အမေရိကန်ပြည်ထောင်စုက green card – Permanent Residence သမားများ နှင့် နိုင်ငံသားများသာ ရကြပါသည်။
Financial aid
https://studentaid.ed.gov/sa/fafsa
Kyaw Tun