New Land Myanmar Home Decoration & Construction Company Limited

  • Home
  • Myanmar
  • Yangon
  • New Land Myanmar Home Decoration & Construction Company Limited

New Land Myanmar Home Decoration & Construction Company Limited NEW LAND Myanmar Construction Co., Ltd. began the business with architectural designs, estimation,
(1)

NEW LAND Engineering Group was established in March 2006 and associate with Mid Land Shwe Pyi Company Limited. We have now registered as NEW LAND Myanmar Home Decoration and Construction Company Limited. We began the business with architectural designs, estimation, auto-cad drawing and interior decoration, and expanded for building construction and other construction related services. Our team of

construction professionals offers a single source solution for all of your construction related needs. Whether its restoration, site preparation, a new facility or facility renovation, we have the experience & personnel to provide the highest quality construction on schedule and within budget. We support our clients from project inception, to the commissioning of the fully operational facility.

27/11/2023
27/11/2023

💸💸💸၃ ထပ်ခွဲအဆောက်အဦး အိမ်သစ်တတ်ပွဲ ရွှေမိုး ငွေမိုးရွာ ..💸💸💸

✅နှစ်ဆန်းတစ်ရက်နေ့က ပန္နက်မင်္ဂလာ စခဲ့တဲ့ ဆိုဒ်

✅တန်ဆောင်မုန်းလပြည့်နေ့ မှာ အိမ်သစ်တတ် အိမ်ရှင်လက်ထဲ အပ်ခဲ့ပါပီ

✅ဆောက်လုပ်ချိန်ကာလ - ၇ လ

✅ ဆောက်လုပ်ချိန်ကာလအတွင်း

🌟အရည်အသွေးရော
🌟နည်းပညာပိုင်းပါ လှည့်ကြည့်စရာမလိုလို့

✅အိမ်ရှင်လည်း စိတ်တိုင်းကျ ပျော်ရွှင်ပီးနောက်ထပ် အဆောက်အဦးသစ် အပ်ဖို့တိုင်ပင်နေပီ

လူကြီးမင်းတို့၏ အဆောက်အဦးသစ်များ ဆောက်လုပ်ရန်အတွက် အသေးစိတ်တိုင်ပင်လိုပါက

New Land Myanmar မှ နွေးထွေးစွာ ကူညီပါရစေ ..

ဆက်သွယ်ရန်ဖုန်း - 094500 38837, 09 798370731

💥အမြန်ခန့်ထားလိုပါသည်💥New Land Myanmar တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်း ၁ ဦး အလိုရှိသည်။🟢 Chief Project Engineer 🟢...
09/11/2023

💥အမြန်ခန့်ထားလိုပါသည်💥

New Land Myanmar တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်း ၁ ဦး အလိုရှိသည်။

🟢 Chief Project Engineer 🟢

Salary - Negotiable

💥 Requirement 💥

✅ B.E (Civil)

✅Minimun 5 years of experience in similar position or 10 years of managing civil engineering projects

✅Complete knowledge of various engineering principles and techniques

✅Willingness to travel to different engineering sites

✅Strong analytical and problem solving skills

✅ Good Communication skill

💥Responsibilities💥

▪️Supervising and overseeing the completion of all engineering projects

▪️Analyzing and calculating the material and labor costs for various projects

▪️Reviewing and approving project designs

▪️Communicating the project objectives and delegating tasks to the team members

▪️Conducting staff meetings and training sessions

▪️Overseeing equipment installation processes

▪️Scheduling and performing quality control check
▪️Preparing and presenting product engineering reports

▪️Assigning long and short-term project goals

Evaluating engineering blueprints

▪️Interviewing and recruiting Engineers

▪️Ensuring that the projects are completed on time and within budget

▪️Negotiating project terms and conditions with contractors

▪️Analyzing and resolving any disputes amongst the team members

▪️Sourcing and supervision of project labors and contractors

*****************************************

Please send the application to

[email protected] or Viber 09798370731

22/10/2023

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Water Cement Ratio အကြောင်းပဲဖြစ်ပါတယ်။

Credit: Myan Box

အဆောက်အဦတစ်ခု တည်ဆောက်တဲ့နေရာမှာ ရေပါဝင်မှုနှုန်း Water Cement Ratio ကလည်း အရေးကြီးလှပါတယ်။ ရိုးရိုးကွန်ကရစ်ဖျော်တဲ့အခါမှာဆိုရင်တော့ သူရဲ့အချိုးက 0.4 to 0.6 ရှိရပါမယ်။ High Strength Concrete အတွက်ဆိုရင်တော့ 0.25 ရှိရပါမယ်။ Site ထဲမှာ ပြောနေကြတဲ့ 1:2:4၊ 1:3:6 စတာတွေက ဘိလပ်မြေ၊ သဲ၊ ကျောက် ရောစပ်ရမယ့် အချိုးတွေကိုပြောကြတာပါ။ Volume (ထုထည်) အနေနဲ့ ရောတာ မဟုတ်ပါဘူး။ အခု Water Cement Ratio 0.4 ကို တွက်ကြည့်ရအောင်နော်။

ဘိလပ်မြေ ၁ အိတ် က ပေါင် ၁၁၀ လေးပါတယ်။

water/cement = 0.4

water = 0.4 x 110 = 44 lb

lb (ပေါင်) ကိုကျတော့ မြန်မာနိုင်ငံမှာ သိပ်ပြီး သုံးလေ့ မရှိပါဘူး။ အများဆုံး သုံးစွဲတာက ဂါလံပဲ ဖြစ်ပါတယ်။ အဲတာကြောင့် ဂါလံ ပြောင်းကြည့်ရအောင်နော်။

ရေ ၁ ဂါလံ = ၁၀ ပေါင် ရှိပါတယ်။

Water (ဂါလံ) = 44 ÷ 10 = 4.4 gal

အဲတာကြောင့် ဘိလပ်မြေ တစ်အိတ်မှာ ရေ 4.4 gal လိုအပ်ပါတယ်။

ကိုယ်က ဘိလပ်မြေ ဘယ်နှစ်အိတ် သုံးမယ်ဆိုတာကို သေသေချာချာ တွက်ချက်ပြီးတော့ Water Cement Ratio ကို တွက်ချက်ပြီး အသုံးပြုနိုင်ပြီလို့ ယူဆပါတယ်။

SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ် 🇲🇲🇲🇲🇲🇲==================...
14/10/2023

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ် 🇲🇲🇲🇲🇲🇲
==================

ကွန်ကရစ် သွန်းလောင်းခြင်း၏ အ‌ခြေခံသဘောတရား ၁၂-ချက်ကို လေ့လာထားပါက concrete projects ကြီးကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အဆိုပါ အ‌ခြေခံသဘောတရား ၁၂ - ချက်မှာ
1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။

1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်းသကဲ့သို့ ကွန်ကရစ်လောင်းသည်ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပစ်ရပါမည်။ လမ်းခင်းတဲ့သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တွေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တို တွေ၊ ကွမ်းတံတွေး တွေ၊ သစ်တိုသစ်စ တွေ၊ binding wire တွေ၊ ချေ စာမှုန့် တေ၊ ရှိနေတပ်ပါတယ်။ formwork ပေါ်မှာ ဘယ်သောအခါမှ ထမင်းမစားရပါဘူး။

2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။
2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံအခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်းရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တခါတရံတွင်၊ မိမိကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်းကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေသည် subbase ပင် ဖြစ်ပါသည်။

2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်တာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)
အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်ချင်းတို့ ကွန်ကရစ်လမ်းတွေ ခုံးနေတာ ခွက်နေတာ ကျင်း တွေ ဂျိုင့်တွေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူ တွေက ကွန်ကရစ်လမ်းပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင်လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်းဝါးကိုးဗျ။)
ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်းဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေကြီးကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲရှိတယ်ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုလျင်၊ ကျောက်တုန်းတေအကြားကနေ ရေအလွယ်တကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ စျေးတော့ပိုကြီးပါတယ်။

2.3 how to lay subbase
Subgrade ပြီးတဲ့အခါsubbase ခင်းရပါ့မယ်။အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံးသိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတပ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။

3. Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာတည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တခုသည်) concrete သားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် လယ်ပယ်လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်၊ ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။ လူတေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 14/" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။

4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိသွန်းလောင်သော၊ ကွန်ကရစ်သည်၊ ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါက၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည်ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ အလေးဝန်ချိန် များပြားစွာ ထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန်မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့်အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါသည်။
Wire mesh သည်၊ ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။

5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာ၊ အားလုံးသိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို၊ 1:2:4, 1:3:6 စသဖြင့်၊ အချိုးကြပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။ ရေကို သတ်မှတ်ထားသော အတိုင်အတာအထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေဘို့ လိုပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။ ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။ ၄င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါသည်။

6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ_
ရွက်လုံးနဲ့လည်း ငဲ့ချလိုက်တပ်ပါတယ်။
Bucket နဲ့လည်းမယူလာပြီး ဖွင့်ချလိုက်တပ်ပါတယ်။
Truck မှာပါတဲ့ လျောဇလားနဲ့လည်း လျောကျလာတပ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။ ဘာနဲ့ဘဲလာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသောဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့်ရပါမယ်။ တံချူ ဆိုတာ spreader ပါဘဲ။ အကြမ်းအားဖြင့် ညီသွားပြီဆုပါလျင် စီးကမ်းနည်းလမ်းအတိုင်း vi****or မရပါ့မယ်၊

7. Screed the top of the concrete.
Screed လုပ်သည်ဆိုသည်မှာ၊ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းတို့ကို၊ အင်ဂျင်နီယာအားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက်ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်တာလည်း အားလုံးသိကြပါသည်။ သစ်သားချောင်းအစား aluminium square pipe တေ၊ hollow pipe တေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊ အလုပ်သမားများကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန်စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။

8. လက်ပွတ်နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တကျ ၊ compacted ကြမ်းချောရပါတယ်။ အဲဒီလယ်ပယ်တကျ ကြမ်းချောကို ချောညက်သွားအောင်ရယ် compaction ထပ်ရအောင်ရယ်တို့အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအချေအနေဟာ လက်ဝင် တပ်တဲ့အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့ လိုပါတယ်။
Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။ magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်၊ water bleeding ဖြစ်လာတဲ့အခါ၊ hand float - နဲ့ တံမျက်စီးလှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတေကို လိုချင်တဲ့နေရာရောက် အောင် ပွတ်ရမည် ဖြစ်ပါတယ်။

9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတပ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတေကတော့ အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျင် contraction joint တခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တခုစီ ထည့်ကြပါတယ်။ groover နဲ့ခွဲတဲ့အခါ ညီညီညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ်ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင်ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်စန့်ဘို့ ဖြစ်ပါတယ်။

10. Create traction -
တံမျက်စီးတချောင်းဖြင့်၊ ကွန်ကရစ်မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျငိးပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေ ချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါက၊ သိပ်အနက်ကြီးမဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတေပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တမျက်မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတေပါလာမယ်ဆိုရင် magnesium floater - လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။

11. Cure and seal the concrete.
curing အမျိုးမျိုးရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါက၊ကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့်အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျင်စွာ ဆောင် ရွက်သင့်ပါသည်။

12. Maintain your concrete.
‌ လောင်းထားသောကွန်ကရစ်သည်၊ ကောင်မွန်နေပါသည်ဆိုသော်ငြားလည်း၊ ပြု ပြင်ထိန်းသိမ်းဘို့ လိုအပ်ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

to
Original Uploader

02/10/2023
25/09/2023

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===========================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။

ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။

အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။

ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။

ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။

ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။

မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။

သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ

Credit : Phyo Pyae Kyaw BE (Civil) MDY

13/08/2023

❌"ရပါတယ်'' နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ ❌

❤️ # Special Credit - ဆရာ Than Htun Oo ❤️

📍 ခုတလော...
ဆောက်လက်စ အဆောက်အဦးတွေ ပြိုကျတာ၊ ငြမ်းပြိုကျတာ၊ ကြမ်းခင်းကျွံတာ၊ အဆောက်အဦးနိမ့်ကျသွားတာ၊ အဆောက်အဦးဟောင်း ဝရံတာပြုတ်ကျတာ၊ စသဖြင့် ဟိုကဒီက ကြားကြားနေရတယ်။
အဲ့ဒီအကြောင်းအရာတွေရဲ့ အဓိကတရားခံက 'ရပါတယ်' ဆိုတဲ့ စကားဗျ။
📍 မိတ်ဆွေတစ်ယောက် ဟိုတယ်ဆောက်နေလို့ သွားလည်ဖြစ်တယ်။
အင်ဂျင်နီယာ မပါဘူး၊ သူကိုယ်တိုင် စိတ်ကူးတည့်သလို စီစဉ်ညွန်ကြားပြီး ဆောက်နေတာ။
သူ့မေးကြည့်တယ်.. ...
"အင်ဂျင်နီယာ မငှားဘူးလား''
ဆိုတော့ သူက ဖြေတယ်လေ...
"ရပါတယ်ဗျ၊ ၄ ထပ်လောက်တော့ ဘယ်ပန်းရံဆရာနဲ့ဆောက်ဆောက် ရပါတယ်''... တဲ့။
📍 အကိုလိုခင်ရတဲ့ အင်ဂျင်နီယာကြီးရဲ့ site ထဲ ရောက်ဖြစ်တယ်။
ဆောက်လက်စတိုက်ရဲ့ တိုင်တွေ၊ ယက်မတွေကို ကြည့်ရတာ အားမရဘူး။
ဒါနဲ့ သူ့ကို မေးမိတယ်... ...
"အကို... structure design ဘယ်သူ လုပ်တာလဲ''
"ဘယ်သူမှ မလုပ်ဘူး ညီ၊ ၆ ထပ်လောက်ကတော့ ကိုယ့် အတွေ့အကြုံနဲ့ ဆောက်လို့ ရပါတယ်ကွ''... တဲ့။
📍 ကန်ထရိုက်တော်မင်းတစ်ယောက်နဲ့က ငယ်သူငယ်ချင်း။
သူ့ဆောက်လက်စ အဆောက်အဦးတွေစီ ခဏခဏ ရောက်ဖြစ်တယ်။
အမြင်မတော်တာတွေ့တော့ ပြောဖြစ်တာပေါ့...
"ဟကောင် တိုင်တွေက သေးလှချည်လား''
"ရပါတယ်ကွ''
"သံချောင်းလုံးက မနည်းလွန်းဘူးလား''
"ရပါတယ်ကွ''
"Footing ထုက ပါးတယ် မထင်ဘူးလား''
"ရပါတယ်ကွ''
"ကွန်ကရစ် ဂရိတ် ၃၀ လောက်နဲ့ လောင်းပါ့လား''
"ရပါတယ်ကွ၊ ၂၅ နဲ့လည်း''
ရပါတယ်
ရပါတယ်
ရပါတယ်
ဘာကို ရကြတာလဲ?
ဘာကြောင့် ရကြတာလဲ?
📍 အဆောက်အဦးတွေ ဆောက်နေဆဲ ပြိုကျတာ၊ ဆောက်ပြီးမှ ပြိုကျတာတွေမှာ အကြောင်းတွေ အများကြီး ရှိတာပေါ့။
အဓိကကတော့...
📍 Design တွက်ချက်မှု မှားယွင်းတာ
📍 တည်ဆောက်မှု မှားယွင်းတာ
📍 အသုံးပြုပစ္စည်း အရည်အသွေး မမှီတာ
📍 အင်ဂျင်နီယာ၊ ကြီးကြပ်သူ၊ လုပ်သားများ မကျွမ်းကျင်တာ
📍 သိသိနဲ့ ခိုတာ ခိုးတာ
📍 ကျွမ်းကျင်သူမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်တာ
📍 သဘာဝဘေးအန္တရာယ်နှင့် အခြား
အဲ့ဒီထဲက အကြောင်းတစ်ခုကြောင့်ဖြစ်စေ၊ တစ်ခုထက် ပိုတဲ့ အကြောင်းတွေကြောင့်ဖြစ်စေ ပြိုကျပျက်ကျမှာပါပဲ။
📍 ကြာပြီ...
တောင်ကိုရီးယားမှာ ကုန်တိုက်ကြီးတစ်ခု ပြိုကျ
တယ်။
လူတွေ သောက်သောက်လဲ သေတယ်။
အကြောင်းရင်း စစ်လိုက်တော့...
သူဌေးက လူမဆန်တာ။
မူလတွက်ချက်မှုမှာ မပါတဲ့ ထပ်တိုးတင်တယ်။
မူလတွက်ချက်မှုမှာ မပါတဲ့ အဲကွန်းချီလာတွေ အမိုးပြင်ပေါ် ထပ်တင်တယ်၊
သူ့အလိုကျ လိုက်လုပ်မပေးတဲ့ အင်ဂျင်နီယာကို အလုပ်ဖြုတ်ပြီး သူ့စကားနားထောင်တဲ့ အင်ဂျင်နီယာအသစ် ထပ်ခေါ်တယ်။
ခွင့်ပြုမိန့်ရအောင် အာဏာပိုင်ကို ငွေပေးတယ်။
ပြိုကျတယ်
လူတွေသေတယ်
သူအရေးယူခံရတော့ ပြစ်ဒဏ်နည်းနည်းလေး။
တောင်ကိုရီးယားကလည်း အဲ့အချိန်က ငွေရှိရင် အာဏာပိုင်ကို မျောက်က ကခိုင်းလို့ ရတဲ့ ခေတ်။

📍 ဒါမျိုး ကျနော်ကိုယ်တိုင် ဘဝမှာ ကြုံဖူးတယ်။
မီးလောင်သွားတဲ့ ရတနာပုံဈေးကြီးပေါ့။
အဲဒီမှာ... ကုမ္ပဏီတစ်ခုက မူလတွက်ချက်မထားတဲ့ အဲကွန်းချီလာတွေကို အမိုးပေါ်တင်တယ်။
(အမိုးပြင် roof slab ပေါ်မှာ ဝန်ရှင်ကို 20psf ပဲ အများအားဖြင့် တွက်ချက်ပါတယ်။ ဆိုလိုတာက တစ်ပေပတ်လည်မှာ ပေါင်ချိန် ၂၀ ပဲ ထမ်းနိုင်မှာပါ၊ ချီလာတွေဟာ တန်ချိန်နဲ့ချီပြီး ရှိပါတယ်၊ ပြီးတော့ ချီလာ အလုံးပေါင်း ဆယ်ဂဏန်းရှိပါတယ်)
ဒါကို
ကျနော်နဲ့ တခြား အင်ဂျင်နီယာတစ်ယောက် သွားစစ်တယ်။
အမိုးslab မှာ အက်ကြောင်းတွေ ပေါ်လာတယ်။
အထက်က အကြီးအကဲကို သတင်းပို့တယ်...
"ချီလာတွေ အကုန်ပြန်ချမှ ရမယ် ဆရာ''
ပြန်မချပါဘူး။
ဆက်တင်ပါတယ်။
အထက်က ဆရာက တစ်ခွန်းပဲပြောတယ်...
"ရပါတယ်ကွ၊ တင်ပစေ၊ ငါ ခွင့်ပြုတယ်''... တဲ့။
သူနဲ့ ကုမ္မဏီကြားက ဆက်ဆံရေးက ဘာလဲ ကျနော်မသိပါဘူး။
မကြာခင်မှာ အောက်က အာစီယက္မတွေ အက်လာပါတယ်။
အခြေအနေ တော်တော်ဆိုးပါတယ်။
အထက်အရာရှိကို အကြောင်းကြားတော့...
'အောက်က H section column တွေနဲ့ လိုက်ထောက်လိုက်''
ဆေးမီးတိုပေါ့
ကုတော့ ကုပေးလိုက်ခဲ့ရတယ်။
မကြာခင် အဲ့အဆောက်အဦးကြီး မီးလောင်သွားတယ်။
မီးမလောင်ရင်လည်း တချိန်ချိန်မှာ ပြိုကျမှာပါ။
မီးလောင်တော့ ပစ္စည်းတွေပဲ ဆုံးရှုံးတာ
ပြိုကျရင် လူထောင်ချီပြီး သေမယ်။
မပြောကောင်းပေမယ့် မီးလောင်သွားတာတောင် ခပ်ကောင်းကောင်းရယ်။
ခုနက အရာရှိလည်း လောကမှာ မရှိတော့ပါဘူး။
📍 ကျနော်ဒီဇိုင်းတွက်ပြီး ဆောက်ပေးခဲ့တဲ့ အဆောက်အဦး တစ်လုံးရှိတယ်။
အလုပ်ရုံအနေနဲ့ သုံးချင်သုံးမယ်... ဆိုလို့ ပုံမှန်လူနေအိမ်မှာ ဝန်ရှင်ကို 40psf ထားပေမယ့် သူ့အဆောက်အဦးကိုတော့ 120psf ထားပြီး ဒီဇိုင်းလုပ်ခဲ့တယ်။
ပြီးခါနီး စကားစပ်မိလို အိမ်ရှင်နဲ့ပြောတော့...
"ဂျုံအိတ်တွေ ထားမယ်''... တဲ့။
ဟမ်... လန့်တာပေါ့။
"ဂျုံအိတ်က ဘယ်လောက်လေးတာလဲ၊ ဘယ်အရွယ်လဲ၊ ဘယ်နှအိတ် ထားမှာလဲ'' လို့ အမောတကော မေးရတယ်။
သူက လိုက်ပြလို့ ဂျုံအိတ်ကြည့်တော့...
40kg လေးတယ်
1.5'x2.5' လောက် အရွယ်ရှိတယ်
ဆယ်လုံးလောက် ထပ်တင်မယ်တဲ့
မရပါဘူး အကိုရယ်
Slab ကျွံကျမှာပါ
၃ အိတ် အလွန်ဆုံးထပ်ပါ...လို့ ပြောတာကို ဈေးဆစ်လို့ ၄ အိတ်ထပ်ခွင့် ပြုခဲ့တယ်။
ပြောမယ့်သာ ပြောတာပါ
ကိုယ့်ကွယ်ရာကျ သူတို့ လုပ်ချင်ရာ လုပ်ကြမှာပါ။
ပြိုကျမှ ပြိုပြီပဲ ပြောမှာ။
📍 1986 ကထင်တယ်
စင်္ကာပူမှာ ဘဏ်တစ်ခု ပြိုကျတယ်။
၆ ထပ်အဆောက်အဦး
လူ ၃၀ ကျော် သေတယ်။
အကြောင်းရင်းက...
Structural design တွက်သူ မှားတာလို့ ဆိုတယ်။
အဆောက်အဦးမှာ ပါဝင်တဲ့ member တွေရဲ့ အလေးဝန်ကို ထည့်တွက်ဖို့ မေ့ကျန်ခဲ့လိုလို့ ဆိုပါတယ်၊
မူလက ဟော်တယ်လုပ်ထားရာကနေ ဘဏ်အဖြစ် ပြောင်းလိုက်တဲ့အခါ ဝန်ရှင်အလေးချိန်က ပိုများလာတယ်။
ဘဏ်ဆိုတော့... မီးခံသေတ္တာကြီးတွေ၊ စာအုပ်စာတမ်းထားတဲ့ စင်တွေ၊ လူအလေးချိန်တွေဟာ အဆများစွာ တိုးလာတယ်။
နဂိုကမှ own weight ကို ထည့်မတွက်ထားရတဲ့ကြားထဲ live load (ဝန်ရှင်) တွေ ထပ်တိုးလာတော့ ပြိုပြီပေါ့။
အဲ့ဒါဖြစ်ပြီးတဲ့နောက်တော့...
စင်္ကာပူအစိုးရဟာ အဆောက်အဦးမဆောက်ခင် design လုပ်ကတည်းက နင်းကန် စစ်တော့တာပဲ။
Consultant က စစ်တယ်
Accredit checker က ထပ်စစ်တယ်။
BCA က ထပ်စစ်တယ်။
တကယ်ဆောက်တော့လည်း site ထဲမှာ မျက်လုံးဒေါက်ထောက်ပြီး လိုက်ကြည့်တယ်။
📍 မြန်မာပြည်အကြောင်း သုံးသပ်ဆင်ခြင်ကြည့်ရအောင်။
ကျနော်တို့ ပြည်ကြီးမှာ...
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ အရည်အသွေး မမှီဘူး။
စစ်ဆေးပေးမယ့်သူ ကြီးကြပ်မယ့်သူ မရှိဘူး။
သံချောင်းလုံးဆို စက်မှုဇုံထဲတင် အရည်ကြိုပြီး နန်းဆွဲထားတာတွေ ဈေးကွက်မှာ ရောင်းနေတာ။
ဝယ်သုံးတဲ့သူလည်း ရှိနေတာကိုး။
အန္တရာယ် အရမ်းများတယ်။
အာစီအဆောက်အဦးတွေမှာ ကွန်ကရစ်နဲ့ သံချောင်းလုံးနဲ့က အသက်၊
ကွန်ကရစ်ပိုင်းက စိတ်ချရတယ်ထား
သံချောင်းလုံးက အရည်အသွေး မမှီတာတွေ သုံးရင် ပြိုကျပါမယ်။
ခုမပြို နောင်ပြိုမှာပါ။
သုံးလေးထပ်ပဲဆိုပြီး ပေါ့လို့ မရပါဘူး။
ကျွးမ်းကျင်သူနဲ့ ဆောက်ကြပါ
ကိုယ်နားမလည်တဲ့ကိစ္စမှာ တတ်ယောင်ကား မလုပ်ကြပါနဲ့။
ပညာရပ်တစ်ခုဟာ အဲ့လောက်လွယ်နေရင် ကျောင်းတွေတက်ပြီး ၁၅နှစ် အနှစ်၂၀ လောက် ဘာလို့ စာတွေသင်နေမှာလဲ။

📍 နောက်တစ်ခုက...
Structural steel နဲ့ ဆောက်တဲ့ အဆောက်အဦးတွေ။
အဲ့လောကမှာ တတ်ယောင်ကားတွေ ပိုများပါတယ်၊
ဝရိန်ပုံးလေး တစ်လုံး နဲ့ ဖြတ်ဘီးလေးတစ်ခုရှိရင်...
"ကျနော်က စတီးစထရာချာ လုပ်တတ်တယ်ဗျ'' လို့ အော်နေသူတွေ အများကြီး တွေ့ရပါတယ်။
သူတို့ပြောတဲ့ steel structure က ပိုခက်ပါတယ်၊ ပိုသတိထားရပါတယ်၊
အာစီအဆောက်အဦးနဲ့ မတူတဲ့ ပြသနာတွေ အများကြီး ရှိပါတယ်။ (ပြောရင် ရှည်မှာ)
ကြည့်လိုက်ရင် အလွန်လွယ်မယောင်ပါပဲ။
တိုင်လေးထောင် ယက္မလေးထိုး နတ်လေးကြပ် ဝရိန်လေးဆော်
ပြီးပြီ
ဘာမှ စနစ်တကျ တွက်ချက်ထားတာ၊ ဒီဇိုင်းလုပ်ထားတာ မရှိဘူးဆိုရင်...
တကယ်လည်း မိုးထဲလေထဲရောက်တော့ လောင်းနေတုန်း ပြိုကျတာတို့၊ လောင်းပြီးမှ အက်လာတာတို့၊ လှုပ်စိလှုပ်စိ ဖြစ်နေတာတို့ ကြုံလာရော။
အဲ့ခါကျမှ...
ပြန်ဖျက်ဆောက်မလား ဆေးမီးတိုနဲ့ ကုမလား
ခက်ကုန်ရော။
နောက်ပြီး...
အဲ့ဒီ structural steel တွေကို ဈေးကွက်မှာ ဝယ်ရနေတာ တရုတ်ထုတ်တွေက အများစု ဖြစ်နေတယ်။
စံချိန်စံညွှန်း ဘယ်လောက်ထိ ပြည့်မီမလဲဆိုတာ သံသယရှိမိတယ်။
📍 အိမ်ရှင်တွေဘက်ကလည်း ချတယ်
လေးထပ်ကို နှစ်ထပ် ထပ်တက်တာတို့၊
လူနေအိမ်ကို ကျူရှင်ခန်းလုပ်တာတို့
ဈေးဆိုင်ခန်းလုပ်မယ်ဆိုပြီး ပွဲရုံ လုပ်ပစ်တာတို့ကို မကြောက်မရွံ လုပ်ကြတယ်။
(အဲလိုပြောင်းလိုက်တဲ့အတွက် ဝန်ရှင် live load တွေ ပိုလာတယ်)
ဆောက်လက်စတိုက်ပေါ် အုတ်သဲကျောက်တွေ စုပုံတင်ထားတယ်။
သိပ်စိုးရိမ်စရာကောင်းပါတယ်။
နောက်ပြီး...
မူလက တွက်ချက်မထားတဲ့ ရေတိုင်ကီကြီးလည်း တင်ထည့်လိုက်တာပဲ။
ရေအလေးချိန်ကို ပေါ့သေးသေးမှတ်နေကြတာ။
တချို့များ အိမ်အမိုးပြင် roof slab ပေါ် ဖုန်းတာဝါတိုင်တွေ ဖမ်းတင်ထားတာ မြင်မကောင်းဘူး။
ခွင့်ပြုဝန်အားက 20psf
တင်ထားတာတွေတွက်ကြည့်တော့ တန်ချိန် ဆယ်ချီနေတာ။
အချိန်မရွေးပြိုကျနိုင်တာပါ။
သွားတားရင်လည်း 'ရပါတယ်' ပြောမှာပဲ။
ကိုယ်ဒီဇိုင်းလုပ်ပေးထားတဲ့ အိမ်ရှင်က အဲ့လိုများလုပ်လာရင် ည ည အိပ်မပျော်တော့ဘူး။
📍 ကျနော်ကတော့ စိုးရိမ်တတ်လို့လား မသိဘူး...
အဆောက်အဦးဆောက်ရင် ဖြစ်ဖြစ်၊ ဒီဇိုင်းလုပ်ရင် ဖြစ်ဖြစ် စိတ်တိုင်းကျမှ လုပ်ပါတယ်။
အဆောက်အဦးရဲ့ ခိုင်ခန့်မှုကို ထိခိုက်နိုင်တယ်ဆိုရင် ပိုင်ရှင်ကို အလိုမလိုက်ဘူး။
ဒီတော့...
ကျနော်က ဒီအလုပ်မှာ မကြီးပွားနိုင်ဘူးပေါ့ဗျာ။
အိမ်ပိုင်ရှင်ဆိုတာကလည်း မိန်းမနဲ့ အတူတူပဲ၊အလိုလိုက်တဲ့လူနောက် ပါသွားတာမျိုး
ဒီခေတ်မှာက...
"ရပါတယ်''... ပြောပြီး အလိုလိုက်တတ်တဲ့လူတွေ အဆင်ပြေနေကြတာ မဟုတ်လား

❤️ # Special Credit - ဆရာ Than Htun Oo ❤️
( ပြန်လည် ကူးယူ တင်ခြင်းဖြစ်ပါတယ် ခင်ဗျာ... )
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

🎯 ကျွန်တော့်ဆီ 3d Archi design လာအပ်သူမှန်သမျှကို structure design အပ်နှံဖို့ နဲ့ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေ နဲ့ တည်ဆောက်ဖို့ အမြဲအကြံပြု တိုက်တွန်း ဖြစ်ပါတယ်
🎯 ကျွန်တော်တို့ နေထိုင်မည့် အိမ်လေး ဟာ တစ်သက်လုံးခိုင်ခံ့စွာ နဲ့ နေနိုင်
ဖို့ဆိုတာ.... structure design က အရေးကြီးသလို..structure design အတိုင်း လိုက်နာပြီး တည်ဆောက်ဖို့ကလည်း အရေးကြီးပါတယ်
🎯 ဈေးသက်သာပြီး ကုန်ကျစရိတ်နည်း ဖို့ထက် တသက်လုံးအတွက် safe
ဖြစ်ဖို့ကလည်း လိုပါသေးတယ် ခင်ဗျာ

❤️ ကျွန်တော့် မိတ်ဆွေများ လှပ ပြီး ခိုင်ခံ့ တဲ့ အိမ်လေး များ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆု မွန်ကောင်းတောင်း ပေးလိုက်ရပါတယ် ခင်ဗျာ..

Frist Floor Slab Concrete work @ Ba Htoo Road, East Dagon for 3 and half storey Building17 April မှာ စတင်ပန္နက်ခဲ့တဲ့ si...
05/06/2023

Frist Floor Slab Concrete work @ Ba Htoo Road, East Dagon for 3 and half storey Building

17 April မှာ စတင်ပန္နက်ခဲ့တဲ့ site လေးပါ.

♥️ချစ်သော Customer များအတွက်♥️🍀ကိုယ့်ရဲ့အိမ်လေး အဆင့်မြင့်ဖို့ ရိုးမဘဏ်က ကူညီပေးသလို☘️New Land Myanmar ကလည်း အကောင်းဆုံး...
01/05/2023

♥️ချစ်သော Customer များအတွက်♥️

🍀ကိုယ့်ရဲ့အိမ်လေး အဆင့်မြင့်ဖို့ ရိုးမဘဏ်က ကူညီပေးသလို

☘️New Land Myanmar ကလည်း အကောင်းဆုံးအရည်အသွေးနဲ့ အလှဆုံး ဒီဇိုင်းဖြစ်ဖို့ ကူညီဆောင်ရွက်ပေးပါရစေ..

သင်ဟာ လက်ရှိနေထိုင်နေတဲ့ အိမ်လေးကို စိတ်ကူးထဲကအတိုင်း ပုံဖော်အဆင့်မြှင့် ပြုပြင်ချင်နေပြီလား။

ရိုးမဘဏ်ရဲ့ အိမ်ရာပိုင်ဆိုင်မှုပြချေးငွေ (Home Equity Loan) ဝန်ဆောင်မှုနဲ့ဆိုရင် သင့်ရဲ့ စိတ်ကူး အိမ်မက်တွေ အားလုံးကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီပေါ့။

ရိုးမဘဏ် အိမ်ရာပိုင်ဆိုင်မှုပြချေးငွေရဲ့ ပုံမှန် အတိုးနှုန်းကတော့ တစ်နှစ်လျှင် ၁ဝ% ဖြစ်ပြီး လစဉ်ဝင်ငွေ အနည်းဆုံး (၆) သိန်းကျပ်ရှိရုံနဲ့ စတင် လျှောက်ထားနိုင်တာဖြစ်လို့ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်စေမှာပါ။

ရိုးမဘဏ်ရဲ့ အိမ်ရာပိုင်ဆိုင်မှုပြချေးငွေ (Home Equity Loan) အကြောင်းသိရှိလိုရင်တော့ နီးစပ်ရာရိုးမဘဏ် ဘဏ်ခွဲများမှာ အသေးစိတ်သွားရောက်စုံစမ်းနိုင်ပါတယ်။

Home Equity Loan Details – https://bit.ly/3rn74tE

Yoma Bank 24/7 Customer Care Center - ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂
Yoma Bank ATMs & Branches - ymbank.co/locations

17/04/2023
မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် တည်ဆောက် မည့်  ၃ ထပ်အဆောက်အဦး ပန္နက်ချမင်္ဂလာ
17/04/2023

မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် တည်ဆောက် မည့် ၃ ထပ်အဆောက်အဦး ပန္နက်ချမင်္ဂလာ

Design Proposal for A Trading Company
20/02/2023

Design Proposal for A Trading Company

13/02/2023
13/02/2023
အိမ်ဆောက်နည်းအခြေခံသဘောတရားများ✅မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သ...
13/02/2023

အိမ်ဆောက်နည်းအခြေခံသဘောတရားများ
✅မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။
✅ အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။
✅အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
✅ အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။
✅ (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
✅Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
✅Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။
✅လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
✅အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။
✅ အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။
✅ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
✅သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။
(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။
(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။
(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)
✅တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
✅အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။
✅အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။
✅လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
✅ နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။
နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။
✅ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။
သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။
✅မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။
Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။
Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။
Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။
✅သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။
✅အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။
✅Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
✅ရေကိုဂါလံတွက်သည့်အခါ...
အလျား × အနံ × အမြင့် × 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။
ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။
✅(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်
✅သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '
✅1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"
8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"
10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km
✅တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
✅ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။
Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)
# Credit to original

Address

Yangon
11211

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959450038837

Website

Alerts

Be the first to know and let us send you an email when New Land Myanmar Home Decoration & Construction Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Land Myanmar Home Decoration & Construction Company Limited:

Videos

Share